I Have An Amnesia Don't Be No...

By chi__285

1.1M 182K 8.3K

Author - Lu Ye Qian He Translation site - Dew and Frost chapters status - completed (119 chapters+5 extras) I... More

Story description
Chapter 1:ပြန်ပေးဆွဲခံရခြင်း
Chapter 2:အတိတ်မေ့ခြင်း
Chapter 3: Zhong Yibinကိုလုကြမယ်
Chapter 4: Zhong Yibinကိုခေါ်သွားပြီ
Chapter 5: ယုံကြည်မှု
Chapter 6:ကောလဟာလ
Chapter 7: အတင်းအဖျင်း
Chapter 8: မှတ်ဉာဏ်တချို့
Chapter 9: backup
Chapter 10:ကိုယ်မင်းကို ကြိုက်လို့ပေါ့
Chapter 11: recording
Chapter 12: venue
Chapter 13:ကျေးဇူးတရား
Chapter 14 : ကျုံးအကိုကြီးနဲ့တွေ့ဆုံခြင်း
Chapter 16:ညစာစားပွဲ
Chapter 17: စတော်ဘယ်ရီ
Chapter 18 : စီးတော်ယာဉ်
Chapter 19: Friends
Chapter 20: Rage
Chapter 21: know
Chapter 22 : sneak shot
Chapter 23: water army
Chapter 24: company
Chapter 25 : conspiracy
Chapter 26: complaint
Chapter 27: crossing a line
Chapter 28:Big fish
Chapter 29: taking action
Chapter 30: shopping
Chapter 31: Notify(1)
Chapter 31: Notify(2)
Chapter 32: Evidence
Chapter 33: confusing
Chapter 34: Auction
Chapter 35: Completely
Chapter 36: make friends
Chapter 36: progress
Chapter 37: dinner
Chapter 38: လက်စားချေခြင်း
Chapter 39: incident
Chapter 41 : Invitation
Chapter 42: Transfer
Chapter 43: မတော်တဆတွေ့ဆုံမှု
Chapter 44: Rescue
Chapter 45: Breaking off ties
Chapter 46 : Script
Chapter 47: Program
Chapter 48 : Game
Chapter 49 : Topic
Chapter 50 : Dave
Chapter 51 : Infant
Chapter 52 : Recollections
Chapter 53 : Exposed
Chapter 54 : Routine
Chapter 55 : Eighth grader syndrome
Chapter 56 : Amusement park
Chapter 57 : High position
Chapter 58 : Sick
Chapter 59 : Contrast
Chapter 60 : Fanservice (Dog food)
Chapter 61 : Pie
Chapter 62 : Borrowing Authority
Chapter 63 : Korea
Chapter 64 : Father
Chapter 65 : Eating meat
Chapter 66 : Evening party
Chapter 67 : Situation
Chapter 68 : Promotion
Chapter 69 : Preparations
Chapter 70 : Conditions
Chapter 71 : Withdrawal
Chapter 72 : Entrance
Chapter 73 : Start of broadcast
Chapter 74 : Moneymaking
Chapter 75 : Lunch
Chapter 76 : Finishing line
Chapter 77 : Off the charts
Chapter 78 : House
Chapter 79 : Story
Chapter 80 : Breakfast
Chapter 81 : Frying eggs
Chapter 82 : Competition
Chapter 83 : Grand Ceremony(1)
Chapter 83 : Grand Ceremony (2)
Chapter 84 : Giving A Like
Chapter 85 : Senior High School
Chapter 86 : First Love
Chapter 87 : Reorganize
Chapter 88 : Signal
Chapter 89 : Night attack
Chapter 90 : Dreaming
Chapter 91 : Trash (1)
Chapter 92 : Leaking secrets
Chapter 93 : Cunterattack
Chapter 94 : Interview
Chapter 95 : Celebrating the New Year
Chapter 96 : House
Chapter 97 : Parents
Chapter 98 : Chu Family
Chapter 99 : Eve of Lunar New Year
Chapter 100 : Relative
Chapter 101 : Forthcoming
Chapter 102 : Coming out of the closet
Chapter 103 : Fifth day of the Lunar New Year
Chapter 104 : Fifteenth
Chapter 105 : Lantern Festival
Chapter 106 : Business trip
Chapter : 107 : Friends
Chapter 108 : Scuffle
Chapter 109 : Protect
Chapter 110 : Fighting for the best shot
Chapter 111 : Crisis
Chapter 113 : Beating Paparazzi
Chapter 112 : Recovery
Chapter 114 : Ramen
Chapter 115 : Drinking
Chapter 116 : Live broadcast
Chapter 117 : Golden Gong
Chapter 118 : Selection
Chapter 119 : Finale
Extra 1 : Renovation
Extra 2 : MuQiao
Extra 3 : Two
Extra 4 : Daily life
Extra 5 : Flight

Chapter 15 :အကိုကြီး

9.6K 1.6K 52
By chi__285

ဟင်းပွဲတွေက မြန်မြန်ပဲ ရောက်လာတယ်။
အခုက နွေရာသီအပူဆုံး အချိန်မို့ ကျောက်ပုစွန်တွေက အဖွံ့ဖြိုးဆုံးအချိန် မဟုတ်ပေမယ့် စားလို့တော့ရတဲ့အရွယ်ပဲ။
ပွက်ပွက်ဆူနေတဲ့ ဟင်းရည်နဲ့ ပုစွန်တွေကို လာချပြီး ဘေးက အရံဟင်းအနည်းငယ်ရော။
စားပွဲထိုးလေးက ဂျင်းလက်ဖက်ရည်ကို သူတို့သုံးယောက်အတွက် ငှဲ့ပေးတယ်။

အခွံခွာတဲ့ အကောင်းစား ညှပ်ကိရိယာ,ကပ်ကြေးနဲ့ ငွေရောင်ချိတ်လေးတွေ အစုံလိုက် သူတို့ရှေ့မှာချထားတယ်။

"စားကြရအောင်, စားရင်းပြောလို့ရတာပဲ"
ကျုံးအိမ်တော်ရဲ့သားအကြီးက သူ့ရဲ့လက်ကိုအနည်းငယ်မြှောက်ပြပြီး ချူးချင်ကိုစားဖို့ အမူအရာပြတယ်။

ဒီလို မိသားစုနဲ့ တွေ့ဆုံစားပွဲတွေမှာ image ကောင်းကောင်း ချန်ထားဖို့အတွက်ဆို အခွံခွာရတဲ့ အစားစာတွေကို တတ်နိုင်သလောက် နည်းနည်းပဲစားတာအကောင်းဆုံးပဲ၊
မဟုတ်ရင် သူ့ရဲ့ရှေ့မှာ အခွံတွေ အရိုးတွေနဲ့အပုံလိုက်ဖြစ်နေပြီး အရမ်းလောဘကြီးတယ်လို့ ထင်သွားမှာ။
ဒါပေမယ့် ချုးချင်ကတော့ ဒါတွေဂရုစိုက်မနေပါဘူး။
သူကျောက်ပုစွန်တစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး စပြီးအခွံခွာတော့တယ်။

ကျုံးယိပင်းကလည်း တစ်ခုယူလိုက်တယ်။
သူခနလောက်စဥ်းစားနေသေးတယ်၊
ပြီးမှ ခြေထောက်ကနေ ဖြုတ်လိုက်ပြီး အချဥ်နဲ့ တို့စားတော့တယ်။
ဖြုတ်လိုက်တဲ့ခြေထောက်နေရာက အသားတွေပေါ်လာပေမယ့် တခြားနေရာကတော့ အခွံတွေနဲ့ ဒါကြောင့် သူပါးစပ်ကိုဟ အခွံကိုကိုက်ချပြီး ဆက်စားတော့တယ်။

ကျုံးကျာပင်းက သူ့ညီရဲ့ အမူအရာကို ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်တယ် ။
ဒါပေမယ့် သူဘာမှမပြောပဲ ခေါင်းကိုငုံ့ပြီး အခွံဆက်ခွာနေလိုက်တယ်။
"ကိုယ်ကြားတာ မင်းလည်းပြန်ပေးဆွဲခံရတုန်းက ဒဏ်ရာရလို့ အရင်ပတ်က programမှာမလာနိုင်ဘူးဆို"

"ဟုတ်တယ်,ကျွန်တော်ပြင်ပဒဏ်ရာနည်းနည်းသွားတာ"
ချူးချင်က အခွံခွာရင်း သူ့ကိုပြန်ဖြေတယ်။
"မစ္စတာကျုံးလည်း ကျွန်တော့် programကို ကြည့်တယ်လား?"

ကျုံးကျာပင်းက ဘာမှပြန်မဖြေဘဲငြိမ်နေတယ်။

ဒီအခြေနေက နဲနဲတော့ရှက်ဖို့ကောင်းတယ်။
Groupရဲ့ အထွေထွေ ဥက္ကဌတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်သူ့ရဲ့ ရသစုံရှိုးကိုကြည့်ဖို့ အချိန်ရှိမှာလဲ..
ချူးချင်ကလည်း အဲဒါကို ဟာသအနေနဲ့ပဲ ပြောလိုက်တာ။
သူမထင်ထားတာက ကျုံးအကိုကြီးက သူ့ရဲ့ဟာသကိုတောင် မသိ‌လောက်အောင် တည်ကြည်လေးနက်နေတာပဲ။
ဒါပေမယ့် အဲဒါက ချုးချင်ကို မရပ်တန့်နိုင်ပါဘူး၊
ဘယ်သူမှ သူ့ကို အရေးမလုပ်ရင်တောင် သူကသုံးရက်သုံးညလောက်ထိ တစ်ယောက်တည်း ဟာသထုတ်နိုင်သေးတယ်။

''အရင်က ကျွန်တော် မစ္စတာကျုံးကို အဝေးကနေပဲ မြင်ဖူးခဲ့တာ, ဒီတစ်ခေါက်တော့ ကျွန်တော်အကိုတို့ အိမ်ထဲကျူးကျော်ခဲ့တာကြောင့် ကံကောင်းစွာနဲ့ပဲ စကားပြောခွင့်ရခဲ့တာ,မနေ့က ကျွန်တော် stationကိုသွားတုန်းက ဥက္ကဌနဲ့ တွေ့ခွင့်ရခဲ့တာကို တကယ် ပတ်ကြွားချင်နေခဲ့တာ ဒါပေမယ့် ကျွန်တော်အဲ့လိုလုပ်မရလို့ ကိုယ်ကိုယ်ကို ပြန်ထိန်းခဲ့ရတာပေါ့"
ချူးချင်က အပြုံးလေးနဲ့ပြောတယ်။
သူပြုံးလိုက်တိုင်း ပါးချိုင့်လေးနှစ်ခုကပေါ်လာရော၊
ယောကျ်ားလေးမျက်နှာပေါ်မှာ ပါးချိုင့်ရှိတာက မိန်းမဆန်စေတယ်ဆိုပေမယ့် ချူးချင်ရဲ့မျက်နှာပေါ်ကျတော့ မမျှော်လင့်စွာပဲ ကြည့်ကောင်းပြီး ချစ်ဖို့ကောင်းနေတယ်။

ကျုံးကျာပင်းက အနည်းငယ်ပြုံးလိုက်ပြီး တစ်သျှူးစိုကိုယူကာ သူ့ရဲ့ လက်ချောင်းထိပ်တွေကိုသုပ်လိုက်တယ်။
သူအခွံခွာထားတဲ့ အသား(ကျောက်ပုစွန်အသား) ပန်းကန်ကိုတော့ သူ့ညီရှေ့တွန်းပေးလိုက်တယ်၊
တစ်ချိန်တည်းမှာပဲ ချူးချင်ကလည်း အခွံခွာပြီးသားပုစွန်တွေကို ကျုံးယိပင်း ပန်းကန်ထဲထည့်ပေးလာတယ်၊
ပန်းကန်နဲ့ လက်နဲ့က လေထဲမှာပဲ ခေါင်းချင်းဆိုင်သွားတော့တယ်။

ကျုံးယိပင်းကတော့ အခွံမခွာရသေးတဲ့ ခြေထောက်ကို ကိုင်ရင်းပဲ ပါးစပ်ထဲမှာကိုက်နေတုန်း ၊
သူ ငုံ့ကြည့်လိုက်တော့ သူ့ရှေ့မှာချထားတဲ့ ပုစွန်အသားပန်းကန်နှစ်ခု။
"........."

ချူးချင်ရဲ့ အသားက လက်နဲ့ခွာထားပြီး ကျုံးယိပင်းပန်းကန်ထဲကို တိုက်ရိုက်ထည့်ထားတဲ့ အသားအပိုင်းအစလေးတွေ၊
နဲနဲရှုပ်ပွနေပြီး သပ်သပ်ရပ်ရပ်မရှိလှပေမယ့် အရသာရှိမယ့်ပုံပဲ၊
တစ်ချိန်တည်းမှာပဲ အကိုကြီးရဲ့ အသားကကျ ပြည့်ပြည့်စုံစုံပုံစံနဲ့၊
ခြေထာက်တွေ တက်မတွေကိုတောင် သူ့နေရာနဲ့သူ ပြန်စီထားသေးတယ်၊
ကြည့်ရတာ အ၀တ်မပါတဲ့ ပုစွန်ကျနေတာပဲ။

အခွံခွာထားတဲ့ ပုစွန်တွေ ချပေးတဲ့လူနှစ်ယောက်က ခနရပ်တန့်သွားတယ်။
တစ်ယောက်နဲ့ တစ်ယောက်ကြည့်လိုက်ကြပြီး ရုတ်တရက်ရယ်မိကြတော့တယ်။

ချူးချင် ကျုံးမိသားစုရဲ့အကိုကြီးက အဲ့လောက်ကြောက်စရာမကောင်းတော့ဘူးလို့ ခံစားရတယ်။

ကျုံးကျာပင်း ဘာမှမပြောတော့ပဲ သူ့ဘေးကဖိုင်ကို ချူးချင်ဆီတွန်းပေးလိုက်တယ် ။
ဖိုင်ထဲမှာက ကျုံးယိပင်းရဲ့ ဆေးမှတ်တမ်းတွေ။

ချူးချင်က သားရေဖိုင်လေးကို ယူလိုက်ပြီး သူ့လက်ကိုသုတ်ကာ တန်းဖွင့်ကြည့်လိုက်တယ်။
ဆရာ၀န်ရဲ့ မှတ်ချက်က ကျုံးယိပင်းအရင်က ပြောပြထားတဲ့ အတိုင်းပဲ၊
အတိတ်ကမှတ်ဉာဏ်တွေက ပျက်ဆီးသွားပေမယ့် အနာဂတ်ကိုတော့ ထိခိုက်မှာမဟုတ်ဘဲ တခြားနေရာတွေမှာလည်း ပျက်စီးမှုမရှိဘူး၊
ချူးချင် ခုမှသက်သာရာရပြီး သက်ပြင်းချနိုင်တယ်ဖ တခြားနေရာတွေ မထိခိုက်တာ တကယ်ကို တော်သေးတယ်။

"ဆရာ၀န်က ဘာသောက်ဆေးမှ မရေးပေးဘူးလား?''
ချူးချင် အကုန်လုံးကိုလှန်ကြည့်ပေမယ့် ဘာဆေးစာမှရေးထားတာမတွေ့ဘူး။

"ဆေးက အသုံးမ၀င်ဘူး"
ကျုံးကျာပင်း နှုတ်ခမ်းတွေကွေးသွားတယ် ။
တကယ်တော့ ဆရာ၀န်ပြောတာက ဟော်မုန်းကိုသုံးပြီးစမ်းကြည့်ဖို့၊
အဲဒါက သူ့ရဲ့ မှတ်ဉာဏ်ပြန်ရလာဖို့ကို လှုံ့ဆော်ပေးနိုင်လောက်တယ်၊
ဒါပေမယ့် သူငြင်းဆန်ခဲ့တာ ဟော်မုန်းတွေကကောင်းတဲ့အရာမှ မဟုတ်တာကို။

ချုးချင်က ခေါင်းငြိမ့်ပြပြီး ဖိုင်ကို စေ့စေ့စပ်စပ်ဖတ်ရင်း သူမသေချာတာတွေကို မေးတယ်။

ကျုံးမိသားစုအကိုကြီးက စိတ်မရှည်သလို နဲနဲမှမပြဘူး၊
ချူးချင်က ဖိုင်ကို သေသေချာချာသိမ်းသွားတာကိုကြည့်ရင်း သူခနငြိမ်သွားတယ်၊
ပြီးမှ ရုတ်တရက်ပြောတယ်။
"ပြန်ပေးဆွဲတဲ့ကိစ္စကို ကိုယ်ကိုင်တွယ်လိုက်မယ်"

"En?"
ချူးချင်က သူ့ကိုမော့ကြည့်လာတယ်။

ပြန်ပေးဆွဲတဲ့ ကိစ္စက ထင်သလောက် မရိုးရှင်းဘူး။
သူကခံရတဲ့သူအနေနဲ့ ချူးချင်အဲ့ဒါကိုကောင်းကောင်းသိတယ် ၊
အဲဒီလူတွေက ငွေလိုချင်တာမဟုတ်ဘူး၊ ဓါတ်ပုံရိုက်ချင်တာလို့ပြောခဲ့တယ်။
သူအဲ့ချိန်တုန်းကတော့ မသိခဲ့ပေမယ့် သေသေချာချာပြန်စဥ်းစားကြည့်မှ အဲဒါက လုံး၀ကို မဟုတ်သေးဘူး၊
သူက နာမည်ကြီးတစ်ယောက်ဖြစ်နေရင်တောင်မှ ယောက်ျားလေးတစ်ယောက်ဖြစ်တာကြောင့် သူရဲ့ အ၀တ်စလစ်ပုံတွေ internetပေါ်တင်လိုက်တောင် ကြီးကြီးမားမားရိုက်ခတ်မှုဖြစ်မှာ မဟုတ်လို့
အဲဒီ ဓါတ်ပုံတွေနဲ့ သူ့ကို အချိန်အကြာကြီး ချိန်းခြောက်ငွေညှစ်မယ့်နည်းလမ်းကလည်း လုံး၀မဖြစ်နိုင်ဘူး။

ဒါပေမယ့် သူတို့ ၀န်ခံမှပဲ ရဲတွေက သိနိုင်မှာ၊
အမှုက ငွေညှစ်တဲ့အ‌ခြေနေထိလဲမရောက်သေးတာကြောင့် ဒီအမှုက တရားမ၀င်ဖမ်းဆီးခေါ်ဆောင်တဲ့အမှုလောက်ပဲ သတ်မှတ်ဖို့များတယ်။
ပြစ်ဒဏ်ကလည်း လျော့သွားမှာ၊
ကျုံးမိသားစုအကိုကြီးလည်း ၀င်စွပ်ဖက်သင့်ပါတယ်၊
ဘာလို့ဆို သူလဲ သူ့ညီအတွက် လက်စားပြန်ချေချင်လို့ဖြစ်မှာပေါ့။

ချူးချင်အတွက်ကတော့ ဒီကိစ္စက ခေါင်းပေါ်မှာရွယ်ထားတဲ့ ဓားမြောင်အတိုင်းပဲ၊
ဒီရက်တွေမှာ သူကျုံးယိပင်းကို ဂရုစိုက်နေရတာကြောင့် ဒါကိုတွေးဖို့ အချိန်မရှိသေးတာ။
ဒါပေမယ့် ဘာမှမလုပ်ရပဲ အားလုံးငြိမ်သက်သွားလို့ သူ‌ေတွးမိတဲ့ချိန်မှာတော့ သူကြောက်လွန်းလို့ ချွေး‌စေးတွေပြန်လာတယ်။
အဲ့ဒီလူတွေရဲ့ ရည်ရွယ်ချက်က ဓါတ်ပုံရိုက်ဖို့ပဲမဟုတ်လောက်ဘူး၊
သူသာ အဲ့ဒီချိန်တုန်းက မထွက်နိုင်ခဲ့ရင် ဒီ့ထက်ပိုကြောက်ဖို့ကောင်းတဲ့အရာကရှိနေဦးမယ်ဆိုတာ သေချာတယ်။

"အကိုကူညီနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့"
ချူးချင် ကျုံးအကိုကြီးကိုသာ အကူညီတောင်းလိုက်တော့တယ်။
hostလေးတစ်ယောက်အနေနဲ့ သူ့မှာ ဒီလိုကိစ္စတွေကိုင်တွယ်ဖို့ ဘယ်လိုနည်းလမ်းမှမရှိဘူး။

ကျုံးယိပင်းက စကားပြောဖို့မပြင်ခင် ပုစွန်နှစ်ပန်းကန်ကို အပြောင်စားပစ်လိုက်တယ်၊
ပြီးမှ သူစကားပြောမလို့ မော့ကြည့်ချိန်မှာပဲ လူနှစ်ယောက်ကစကားပြောပြီးလို့ သူ့ပန်းကန်သူစားဖို့ ခေါင်းငုံ့နေကြပြီ...။

သူတို့စားသောက်ပြီးလို့ ပြန်ဖို့ထတဲ့အချိန်မှပဲ ကျုံးယိပင်းက tv dramaရဲ့ ငွေကြေးကိစ္စ နဲ့ပက်သက်ပြီး သူ့အကိုကိုမေးမလို့လုပ်တာ သတိရတယ်။
groupရဲ့ ငွေကြေးထိန်းချုပ်မှုကြောင့် ရှန်းရှီရဲ့ နန်းတွင်း drama projectက ဆက်မသွားနိုင်ပဲ အကုန်အကျနည်းတဲ့ သည်းထိပ်ရင်ဖို tv series တွေကိုပဲ ပိုပြီးရိုက်ဖြစ်လာကြတယ်။

"ရုံးချုပ်ကို ငါနဲ့လိုက်ခဲ့"
ကျုံးကျာပင်းကသူ့ရဲ့ မေးခွန်းကို နားထောင်ပြီး သူ့နောက်ကို လိုက်ခဲ့ဖို့ ပြောတယ်။

ချူးချင်နဲနဲ အဆင်မပြေဖြစ်နေပေမယ့် သူလိုက်သွားဖို့ကျလဲ မသင့်တော်ပြန်ဘူး။

ကျုံးယိပင်းက ချူးချင်ဆီကနေမခွဲချင်ဘူး။
သူ့ရဲ့အကိုဆီက 'ချူးချင်အိမ်ကိုပြန်ပို့ပေးမယ်'ဆိုတဲ့ အာမခံချက်ရမှသာ ခြေတစ်လှမ်းလှမ်းတိုင်း နောက်ကိုသုံးခါပြန်လှည့်ကြည့်ရင်း ပါသွားတော့တယ်။

ပိတ်ရက်ရဲ့ မနက်ခင်းမှာ ကျုံးယိပင်းက သူ့ဖုန်းသံကြောင့်နိုးလာတယ်။
caller IDက ပေါ်နေတာ 'ငါးသောင်း'တဲ့၊
အဲ့ချိန်မှပဲ သူသတိရတာ-ဟိုနေ့က ဝူ၀မ်ကိုဖုန်းပြန်မခေါ်လိုက်ရဘူးဆိုတာ။

"အားပင်း,မင်းအသက်ရှိနေသေးတယ်နော်?"
ဟိုဘက်က နဲနဲ ဆူဆူညံညံဖြစ်နေတာကို ကြားနေရတယ်။

"ဘာလဲ?"
အားပင်းက ပုံမှန်အတိုင်းမေးတယ်။

"F**k!,မင်းနှစ်ပတ်လောက်‌ပေါ်မလာတာလေ ,မင်းရဲ့အမေက မင်းကိုနိုင်ငံခြားသွားတယ်ပြောတယ်,ချူးချင်က မင်းကိုတစ်ကမ္ဘာလုံးပတ်ရှာနေတာ"
ဝူ၀မ်က ဖုန်းထဲကနေ အော်နေတယ်။

ကျုံးယိပင်း ခေါင်းကိုငုံ့ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသေးတဲ့ချူးချင်ကိုကြည့်လိုက်ပြီး ဧည့်ခန်းထဲကို သွားလိုက်တယ်။
သူလိုက်ကာတွေကို ဆွဲဖွင့်လိုက်တယ်၊
ကောင်းကင်က နဲနဲမှောင်နေတယ်၊ ကြည့်ရတာ ဒီနေ့မိုးရွာမယ့်ပုံပဲ၊
ဒီလိုရာသီဥတုက အိမ်မှာအိပ်ဖို့အကောင်းဆုံးပဲ။

"ဒီနေ့ မုန်မုန်ရဲ့မွေးနေ့,သူမရဲ့အိမ်ကရေပူစမ်းမှာ မင်းလာမှာလား?"
ဝူ၀မ်က သေလောက်အောင်ကို သန်းနေတာ
သူမနေညကတည်းက မအိပ်ရသေးပဲ စောစောစီးစီးဖုန်းခေါ်တဲ့ပုံပဲ။
(မုန်မုန်လို့ပဲရေးလိုက်တယ်
2haက မုန်မုန်နဲ့တခြားစီနော် အဲ့ဒီ 2ha မုန်မုန်ကို တို့အချစ်လေး
ဒီမုန်မုန်ကတော့ ဗီလိန်မလေးပေါ့)

"ဘယ်သူ?"
ကျုံးယိပင်းမျက်မှောင်ကြုတ်လိုက်တယ်။
မုန်မုန်ဆိုတာက ဘယ်သူလဲ,ချူးချင် သူ့ကိုတခါမှ သူမအကြောင်းမပြောဖူးဘူး။

"ကျိုးဇယ့်မုန်!"
ဝူ၀မ်က ကျုံးယိပင်း သေချာ မကြားလိုက်ဘူးထင်ပြီး နာမည်ကို ထပ်ပြောတယ်။

"ငါမလာတော့ဘူး,ချူးချင်ကနေသိပ်မကောင်းလို့ သူအိမ်မှာနားရမယ်"
ကျုံးယိပင်းက မထူးမခြားပဲပြောတယ်။
သူ့သူငယ်ချင်းတွေကို သွားတွေ့မယ်ဆိုရင် ချူးချင်ပါမှရမှာ၊ မဟုတ်ရင် သူတစ်ယောက်မှမှတ်မိမှာမဟုတ်ဘူး။
ချူးချင်ရဲ့နံရိုးတွေက မပျောက်သေးဘူး။
သူအရင်နှစ်ရက်လောက်ကတည်းက အိပ်ယာထဲမှာပဲ အနားယူနေတာ၊
သူဒီလို အပျော်လေးနဲနဲအတွက် ချူးချင်ကို မခံစားစေမှာ မဟုတ်ဘူး(ဒဏ်ရာ)။

ဝူ၀မ်ကတော့ ဖုန်းချပြီးတဲ့ထိ ကြောင်တောင်တောင်နဲ့ အတွေးထဲမျောနေတုန်းပဲ။
ဒီကျုံးအာပင်း,သူဘယ်တုန်းက ချူးချင်စကားကို နာနာခံခံရှိသွားတာလဲ?

ဘေးမှာပဲ ခုမှမိတ်ကပ်ပြင်ပြီးတဲ့ ကျိုးဇယ်ံ့မုန်က သူ့ကိုလှည့်လာပြီး မေးတယ်။
"သူဘာပြောလဲ?"

"သူမလာတော့ဘူးတဲ့ သူက ချူးချင်ကို အိမ်မှာအဖော်ပြုပေးမလို့တဲ့"
ဝူ၀မ်က ဆိုဖာပေါ်ခုန်တက်လိုက်ပြီး ပျင်းပျင်းရိရိ အကြောဆန့်လိုက်တယ်။
ဘေးမှာဟို‌လျှောက်ဒီလျှောက်လုပ်နေတဲ့ကောင်လေးက ဒီအခြေနေကို အခွင့်ကောင်းယူပြီး သူ့ကိုယ်ပေါ်အိပ်ဖို့ ခုန်ပြီး တိုးလာတယ်။

"ချူးချင်က ဗိုက်ကြီး‌နေလို့လား?အသည်းအသန်ဖျားနေလို့လား? မဆီလျော်လိုက်တာ"
ကျိုးဇယ့်မုန်ရဲ့ မိတ်ကပ်ပြင်ထားတဲ့မျက်နှာက အရုပ်ဆိုးနေပြီ ။
သူမ မပျော်တော့ဘူး။

"အိုး,ဒါ‌တွေ မင်းနားမလည်ပါဘူး"
ဝူ၀မ် သူ့ကိုယ်ပေါ်က ကိုယ်ကို‌တွန်းထုတ်ရင်း
မျက်ခုံးတွေကိုတွန့်ပြပြီး တဏှာမျက်နှာနဲ့
"ချူးချင် မနက်စောစော‌စီးစီးနေမကောင်းဖြစ်နေတာ မနေ့ညက ကျုံးအာပင်း မဆီလျော်လို့ပဲနေမှာ,ဟီးဟီး"

ဒါကိုကြားတော့ ကျိုးဇယ့်မုန်မျက်နှာက ပိုတောင်ရုပ်ဆိုးသွားတယ်။
သူမက အေးစက်စက်ရီရင်း
"နင်ပဲ ကောင်းကောင်းသိလိမ့်မယ်"

လူဆိုးလေးတွေပြန်သွားတော့ ကျိုးဇယ့်မုန် အိမ်ကိုပြန်လာတယ်။
သူမရဲ့အဖေက မနက်ဖြန်ည dinnerအတွက် အတွင်းရေးမှူးနဲ့တိုင်ပင်နေတုန်းရှိသေးတယ်။
ခုတလောမှာ ကျိုးမိသားစုက projectကြီးတစ်ခုကို ကြေညာချင်တာကြောင့် ရေပူစမ်းမှာ group တချို့ဖိတ်ထားတယ်။

"Big fish groupက ရှန်းရှီနဲ့ပေါင်းလိုက်တယ်ကြားတယ်,အဖေ ဘာလို့ချူးချင်ကို hostအနေနဲ့ မဖိတ်တာလဲ"
ကျိုးဇယ့်မုန် ဘေးကနေ ခနနားထောင်ပြီး မေးလိုက်တယ်။

--------------------------------------------------------------

The author has something to say:

Small theater:<အားပင်းကအလိမ်ခံရတော့မှာလား>

အကိုကြီး : လာ,ငါ့မှာပုစွန်အကြီးကြီးရှိတယ်

အားပင်း : (⊙v⊙)မစားဘူး

ကျုံးအမေ : လာ,ငါ့မှာ အလှလေးတစ်ယောက်ရှိတယ်

အားပင်း : (V__V)မလိုချင်ဘူး

ဝူ၀မ် : လာ,ဒီမှာ သူငယ်ချင်းတွေရှိတယ်

အားပင်း : __( : 3 <) __မရွှေ့ချင်ဘူး

ချူးချင် : လာ,ဒီမှာငါရှိတယ်

အားပင်း : ~ ( RQ ) / ~ လာပြီ~

_________________________________________________

(ကျောက်ပုစွန်လို့ရေးထားတာ သူတို့စားနေတာကြည့်ရတာ crabဟုတ်မယ်မထင်ဘူး lobsterပဲဖြစ်လောက်မယ်ထင်တယ် အကိုကြီးစီတာကြည့်ရတာ lobsterလို့ထင်လို့)

မှားရင်လဲပြောပေးကြပါဦးနော်🙆

[Zawgyi]

ဟင္းပြဲေတြက ျမန္ျမန္ပဲ ေရာက္လာတယ္။
အခုက ေႏြရာသီအပူဆုံး အခ်ိန္မို႔ ေက်ာက္ပုစြန္ေတြက အဖြံ့ၿဖိဳးဆုံးအခ်ိန္ မဟုတ္ေပမယ့္ စားလို႔ေတာ့ရတဲ့အရြယ္ပဲ။
ပြက္ပြက္ဆူေနတဲ့ ဟင္းရည္နဲ႔ ပုစြန္ေတြကို လာခ်ၿပီး ေဘးက အရံဟင္းအနည္းငယ္ေရာ။
စားပြဲထိုးေလးက ဂ်င္းလက္ဖက္ရည္ကို သူတို႔သုံးေယာက္အတြက္ ငွဲ႕ေပးတယ္။

အခြံခြာတဲ့ အေကာင္းစား ညႇပ္ကိရိယာ,ကပ္ေၾကးနဲ႔ ေငြေရာင္ခ်ိတ္ေလးေတြ အစုံလိုက္ သူတို႔ေရွ႕မွာခ်ထားတယ္။

"စားၾကရေအာင္, စားရင္းေျပာလို႔ရတာပဲ"
က်ဳံးအိမ္ေတာ္ရဲ့သားအႀကီးက သူ႔ရဲ့လက္ကိုအနည္းငယ္ေျမႇာက္ျပၿပီး ခ်ဴးခ်င္ကိုစားဖို႔ အမူအရာျပတယ္။

ဒီလို မိသားစုနဲ႔ ေတြ႕ဆုံစားပြဲေတြမွာ image ေကာင္းေကာင္း ခ်န္ထားဖို႔အတြက္ဆို အခြံခြာရတဲ့ အစားစာေတြကို တတ္နိုင္သေလာက္ နည္းနည္းပဲစားတာအေကာင္းဆုံးပဲ၊
မဟုတ္ရင္ သူ႔ရဲ့ေရွ႕မွာ အခြံေတြ အရိုးေတြနဲ႔အပုံလိုက္ျဖစ္ေနၿပီး အရမ္းေလာဘႀကီးတယ္လို႔ ထင္သြားမွာ။
ဒါေပမယ့္ ခ်ဳးခ်င္ကေတာ့ ဒါေတြဂ႐ုစိုက္မေနပါဘူး။
သူေက်ာက္ပုစြန္တစ္ေကာင္ကို ေကာက္ကိုင္လိုက္ၿပီး စၿပီးအခြံခြာေတာ့တယ္။

က်ဳံးယိပင္းကလည္း တစ္ခုယူလိုက္တယ္။
သူခနေလာက္စဥ္းစားေနေသးတယ္၊
ၿပီးမွ ေျခေထာက္ကေန ျဖဳတ္လိုက္ၿပီး အခ်ဥ္နဲ႔ တို႔စားေတာ့တယ္။
ျဖဳတ္လိုက္တဲ့ေျခေထာက္ေနရာက အသားေတြေပၚလာေပမယ့္ တျခားေနရာကေတာ့ အခြံေတြနဲ႔ ဒါေၾကာင့္ သူပါးစပ္ကိုဟ အခြံကိုကိုက္ခ်ၿပီး ဆက္စားေတာ့တယ္။

က်ဳံးက်ာပင္းက သူ႔ညီရဲ့ အမူအရာကို ၾကည့္ၿပီး မ်က္ေမွာင္အနည္းငယ္ၾကဳတ္တယ္ ။
ဒါေပမယ့္ သူဘာမွမေျပာပဲ ေခါင္းကိုငုံ႔ၿပီး အခြံဆက္ခြာေနလိုက္တယ္။
"ကိုယ္ၾကားတာ မင္းလည္းျပန္ေပးဆြဲခံရတုန္းက ဒဏ္ရာရလို႔ အရင္ပတ္က programမွာမလာနိုင္ဘူးဆို"

"ဟုတ္တယ္,ကၽြန္ေတာ္ျပင္ပဒဏ္ရာနည္းနည္းသြားတာ"
ခ်ဴးခ်င္က အခြံခြာရင္း သူ႔ကိုျပန္ေျဖတယ္။
"မစၥတာက်ဳံးလည္း ကၽြန္ေတာ့္ programကို ၾကည့္တယ္လား?"

က်ဳံးက်ာပင္းက ဘာမွျပန္မေျဖဘဲၿငိမ္ေနတယ္။

ဒီအေျခေနက နဲနဲေတာ့ရွက္ဖို႔ေကာင္းတယ္။
Groupရဲ့ အေထြေထြ ဥကၠဌတစ္ေယာက္အေနနဲ႔ ဘယ္လိုလုပ္သူ႔ရဲ့ ရသစုံရွိုးကိုၾကည့္ဖို႔ အခ်ိန္ရွိမွာလဲ..
ခ်ဴးခ်င္ကလည္း အဲဒါကို ဟာသအေနနဲ႔ပဲ ေျပာလိုက္တာ။
သူမထင္ထားတာက က်ဳံးအကိုႀကီးက သူ႔ရဲ့ဟာသကိုေတာင္ မသိ‌ေလာက္ေအာင္ တည္ၾကည္ေလးနက္ေနတာပဲ။
ဒါေပမယ့္ အဲဒါက ခ်ဳးခ်င္ကို မရပ္တန္႔နိုင္ပါဘူး၊
ဘယ္သူမွ သူ႔ကို အေရးမလုပ္ရင္ေတာင္ သူကသုံးရက္သုံးညေလာက္ထိ တစ္ေယာက္တည္း ဟာသထုတ္နိုင္ေသးတယ္။

''အရင္က ကၽြန္ေတာ္ မစၥတာက်ဳံးကို အေဝးကေနပဲ ျမင္ဖူးခဲ့တာ, ဒီတစ္ေခါက္ေတာ့ ကၽြန္ေတာ္အကိုတို႔ အိမ္ထဲက်ဴးေက်ာ္ခဲ့တာေၾကာင့္ ကံေကာင္းစြာနဲ႔ပဲ စကားေျပာခြင့္ရခဲ့တာ,မေန႔က ကၽြန္ေတာ္ stationကိုသြားတုန္းက ဥကၠဌနဲ႔ ေတြ႕ခြင့္ရခဲ့တာကို တကယ္ ပတ္ႂကြားခ်င္ေနခဲ့တာ ဒါေပမယ့္ ကၽြန္ေတာ္အဲ့လိုလုပ္မရလို႔ ကိုယ္ကိုယ္ကို ျပန္ထိန္းခဲ့ရတာေပါ့"
ခ်ဴးခ်င္က အျပဳံးေလးနဲ႔ေျပာတယ္။
သူျပဳံးလိုက္တိုင္း ပါးခ်ိဳင့္ေလးႏွစ္ခုကေပၚလာေရာ၊
ေယာက်္ားေလးမ်က္ႏွာေပၚမွာ ပါးခ်ိဳင့္ရွိတာက မိန္းမဆန္ေစတယ္ဆိုေပမယ့္ ခ်ဴးခ်င္ရဲ့မ်က္ႏွာေပၚက်ေတာ့ မေမၽွာ္လင့္စြာပဲ ၾကည့္ေကာင္းၿပီး ခ်စ္ဖို႔ေကာင္းေနတယ္။

က်ဳံးက်ာပင္းက အနည္းငယ္ျပဳံးလိုက္ၿပီး တစ္သၽွဴးစိုကိုယူကာ သူ႔ရဲ့ လက္ေခ်ာင္းထိပ္ေတြကိုသုပ္လိုက္တယ္။
သူအခြံခြာထားတဲ့ အသား(ေက်ာက္ပုစြန္အသား) ပန္းကန္ကိုေတာ့ သူ႔ညီေရွ႕တြန္းေပးလိုက္တယ္၊
တစ္ခ်ိန္တည္းမွာပဲ ခ်ဴးခ်င္ကလည္း အခြံခြာၿပီးသားပုစြန္ေတြကို က်ဳံးယိပင္း ပန္းကန္ထဲထည့္ေပးလာတယ္၊
ပန္းကန္နဲ႔ လက္နဲ႔က ေလထဲမွာပဲ ေခါင္းခ်င္းဆိုင္သြားေတာ့တယ္။

က်ဳံးယိပင္းကေတာ့ အခြံမခြာရေသးတဲ့ ေျခေထာက္ကို ကိုင္ရင္းပဲ ပါးစပ္ထဲမွာကိုက္ေနတုန္း ၊
သူ ငုံ႔ၾကည့္လိုက္ေတာ့ သူ႔ေရွ႕မွာခ်ထားတဲ့ ပုစြန္အသားပန္းကန္ႏွစ္ခု။
"........."

ခ်ဴးခ်င္ရဲ့ အသားက လက္နဲ႔ခြာထားၿပီး က်ဳံးယိပင္းပန္းကန္ထဲကို တိုက္ရိုက္ထည့္ထားတဲ့ အသားအပိုင္းအစေလးေတြ၊
နဲနဲရွုပ္ပြေနၿပီး သပ္သပ္ရပ္ရပ္မရွိလွေပမယ့္ အရသာရွိမယ့္ပုံပဲ၊
တစ္ခ်ိန္တည္းမွာပဲ အကိုႀကီးရဲ့ အသားကက် ျပည့္ျပည့္စုံစုံပုံစံနဲ႔၊
ေျခထာက္ေတြ တက္မေတြကိုေတာင္ သူ႔ေနရာနဲ႔သူ ျပန္စီထားေသးတယ္၊
ၾကည့္ရတာ အ၀တ္မပါတဲ့ ပုစြန္က်ေနတာပဲ။

အခြံခြာထားတဲ့ ပုစြန္ေတြ ခ်ေပးတဲ့လူႏွစ္ေယာက္က ခနရပ္တန္႔သြားတယ္။
တစ္ေယာက္နဲ႔ တစ္ေယာက္ၾကည့္လိုက္ၾကၿပီး ႐ုတ္တရက္ရယ္မိၾကေတာ့တယ္။

ခ်ဴးခ်င္ က်ဳံးမိသားစုရဲ့အကိုႀကီးက အဲ့ေလာက္ေၾကာက္စရာမေကာင္းေတာ့ဘူးလို႔ ခံစားရတယ္။

က်ဳံးက်ာပင္း ဘာမွမေျပာေတာ့ပဲ သူ႔ေဘးကဖိုင္ကို ခ်ဴးခ်င္ဆီတြန္းေပးလိုက္တယ္ ။
ဖိုင္ထဲမွာက က်ဳံးယိပင္းရဲ့ ေဆးမွတ္တမ္းေတြ။

ခ်ဴးခ်င္က သားေရဖိုင္ေလးကို ယူလိုက္ၿပီး သူ႔လက္ကိုသုတ္ကာ တန္းဖြင့္ၾကည့္လိုက္တယ္။
ဆရာ၀န္ရဲ့ မွတ္ခ်က္က က်ဳံးယိပင္းအရင္က ေျပာျပထားတဲ့ အတိုင္းပဲ၊
အတိတ္ကမွတ္ဉာဏ္ေတြက ပ်က္ဆီးသြားေပမယ့္ အနာဂတ္ကိုေတာ့ ထိခိုက္မွာမဟုတ္ဘဲ တျခားေနရာေတြမွာလည္း ပ်က္စီးမွုမရွိဘူး၊
ခ်ဴးခ်င္ ခုမွသက္သာရာရၿပီး သက္ျပင္းခ်နိုင္တယ္ဖ တျခားေနရာေတြ မထိခိုက္တာ တကယ္ကို ေတာ္ေသးတယ္။

"ဆရာ၀န္က ဘာေသာက္ေဆးမွ မေရးေပးဘူးလား?''
ခ်ဴးခ်င္ အကုန္လုံးကိုလွန္ၾကည့္ေပမယ့္ ဘာေဆးစာမွေရးထားတာမေတြ႕ဘူး။

"ေဆးက အသုံးမ၀င္ဘူး"
က်ဳံးက်ာပင္း ႏွုတ္ခမ္းေတြေကြးသြားတယ္ ။
တကယ္ေတာ့ ဆရာ၀န္ေျပာတာက ေဟာ္မုန္းကိုသုံးၿပီးစမ္းၾကည့္ဖို႔၊
အဲဒါက သူ႔ရဲ့ မွတ္ဉာဏ္ျပန္ရလာဖို႔ကို လွုံ႔ေဆာ္ေပးနိုင္ေလာက္တယ္၊
ဒါေပမယ့္ သူျငင္းဆန္ခဲ့တာ ေဟာ္မုန္းေတြကေကာင္းတဲ့အရာမွ မဟုတ္တာကို။

ခ်ဳးခ်င္က ေခါင္းၿငိမ့္ျပၿပီး ဖိုင္ကို ေစ့ေစ့စပ္စပ္ဖတ္ရင္း သူမေသခ်ာတာေတြကို ေမးတယ္။

က်ဳံးမိသားစုအကိုႀကီးက စိတ္မရွည္သလို နဲနဲမွမျပဘူး၊
ခ်ဴးခ်င္က ဖိုင္ကို ေသေသခ်ာခ်ာသိမ္းသြားတာကိုၾကည့္ရင္း သူခနၿငိမ္သြားတယ္၊
ၿပီးမွ ႐ုတ္တရက္ေျပာတယ္။
"ျပန္ေပးဆြဲတဲ့ကိစၥကို ကိုယ္ကိုင္တြယ္လိုက္မယ္"

"En?"
ခ်ဴးခ်င္က သူ႔ကိုေမာ့ၾကည့္လာတယ္။

ျပန္ေပးဆြဲတဲ့ ကိစၥက ထင္သေလာက္ မရိုးရွင္းဘူး။
သူကခံရတဲ့သူအေနနဲ႔ ခ်ဴးခ်င္အဲ့ဒါကိုေကာင္းေကာင္းသိတယ္ ၊
အဲဒီလူေတြက ေငြလိုခ်င္တာမဟုတ္ဘူး၊ ဓါတ္ပုံရိုက္ခ်င္တာလို႔ေျပာခဲ့တယ္။
သူအဲ့ခ်ိန္တုန္းကေတာ့ မသိခဲ့ေပမယ့္ ေသေသခ်ာခ်ာျပန္စဥ္းစားၾကည့္မွ အဲဒါက လုံး၀ကို မဟုတ္ေသးဘူး၊
သူက နာမည္ႀကီးတစ္ေယာက္ျဖစ္ေနရင္ေတာင္မွ ေယာက္်ားေလးတစ္ေယာက္ျဖစ္တာေၾကာင့္ သူရဲ့ အ၀တ္စလစ္ပုံေတြ internetေပၚတင္လိုက္ေတာင္ ႀကီးႀကီးမားမားရိုက္ခတ္မွုျဖစ္မွာ မဟုတ္လို႔
အဲဒီ ဓါတ္ပုံေတြနဲ႔ သူ႔ကို အခ်ိန္အၾကာႀကီး ခ်ိန္းေျခာက္ေငြညႇစ္မယ့္နည္းလမ္းကလည္း လုံး၀မျဖစ္နိုင္ဘူး။

ဒါေပမယ့္ သူတို႔ ၀န္ခံမွပဲ ရဲေတြက သိနိုင္မွာ၊
အမွုက ေငြညႇစ္တဲ့အ‌ေျခေနထိလဲမေရာက္ေသးတာေၾကာင့္ ဒီအမွုက တရားမ၀င္ဖမ္းဆီးေခၚေဆာင္တဲ့အမွုေလာက္ပဲ သတ္မွတ္ဖို႔မ်ားတယ္။
ျပစ္ဒဏ္ကလည္း ေလ်ာ့သြားမွာ၊
က်ဳံးမိသားစုအကိုႀကီးလည္း ၀င္စြပ္ဖက္သင့္ပါတယ္၊
ဘာလို႔ဆို သူလဲ သူ႔ညီအတြက္ လက္စားျပန္ေခ်ခ်င္လို႔ျဖစ္မွာေပါ့။

ခ်ဴးခ်င္အတြက္ကေတာ့ ဒီကိစၥက ေခါင္းေပၚမွာရြယ္ထားတဲ့ ဓားေျမာင္အတိုင္းပဲ၊
ဒီရက္ေတြမွာ သူက်ဳံးယိပင္းကို ဂ႐ုစိုက္ေနရတာေၾကာင့္ ဒါကိုေတြးဖို႔ အခ်ိန္မရွိေသးတာ။
ဒါေပမယ့္ ဘာမွမလုပ္ရပဲ အားလုံးၿငိမ္သက္သြားလို႔ သူ‌ေတြးမိတဲ့ခ်ိန္မွာေတာ့ သူေၾကာက္လြန္းလို႔ ေခၽြး‌ေစးေတြျပန္လာတယ္။
အဲ့ဒီလူေတြရဲ့ ရည္ရြယ္ခ်က္က ဓါတ္ပုံရိုက္ဖို႔ပဲမဟုတ္ေလာက္ဘူး၊
သူသာ အဲ့ဒီခ်ိန္တုန္းက မထြက္နိုင္ခဲ့ရင္ ဒီ့ထက္ပိုေၾကာက္ဖို႔ေကာင္းတဲ့အရာကရွိေနဦးမယ္ဆိုတာ ေသခ်ာတယ္။

"အကိုကူညီနိုင္ရင္ေတာ့ အေကာင္းဆုံးျဖစ္မွာေပါ့"
ခ်ဴးခ်င္ က်ဳံးအကိုႀကီးကိုသာ အကူညီေတာင္းလိုက္ေတာ့တယ္။
hostေလးတစ္ေယာက္အေနနဲ႔ သူ႔မွာ ဒီလိုကိစၥေတြကိုင္တြယ္ဖို႔ ဘယ္လိုနည္းလမ္းမွမရွိဘူး။

က်ဳံးယိပင္းက စကားေျပာဖို႔မျပင္ခင္ ပုစြန္ႏွစ္ပန္းကန္ကို အေျပာင္စားပစ္လိုက္တယ္၊
ၿပီးမွ သူစကားေျပာမလို႔ ေမာ့ၾကည့္ခ်ိန္မွာပဲ လူႏွစ္ေယာက္ကစကားေျပာၿပီးလို႔ သူ႔ပန္းကန္သူစားဖို႔ ေခါင္းငုံ႔ေနၾကၿပီ...။

သူတို႔စားေသာက္ၿပီးလို႔ ျပန္ဖို႔ထတဲ့အခ်ိန္မွပဲ က်ဳံးယိပင္းက tv dramaရဲ့ ေငြေၾကးကိစၥ နဲ႔ပက္သက္ၿပီး သူ႔အကိုကိုေမးမလို႔လုပ္တာ သတိရတယ္။
groupရဲ့ ေငြေၾကးထိန္းခ်ဳပ္မွုေၾကာင့္ ရွန္းရွီရဲ့ နန္းတြင္း drama projectက ဆက္မသြားနိုင္ပဲ အကုန္အက်နည္းတဲ့ သည္းထိပ္ရင္ဖို tv series ေတြကိုပဲ ပိုၿပီးရိုက္ျဖစ္လာၾကတယ္။

"႐ုံးခ်ဳပ္ကို ငါနဲ႔လိုက္ခဲ့"
က်ဳံးက်ာပင္းကသူ႔ရဲ့ ေမးခြန္းကို နားေထာင္ၿပီး သူ႔ေနာက္ကို လိုက္ခဲ့ဖို႔ ေျပာတယ္။

ခ်ဴးခ်င္နဲနဲ အဆင္မေျပျဖစ္ေနေပမယ့္ သူလိုက္သြားဖို႔က်လဲ မသင့္ေတာ္ျပန္ဘူး။

က်ဳံးယိပင္းက ခ်ဴးခ်င္ဆီကေနမခြဲခ်င္ဘူး။
သူ႔ရဲ့အကိုဆီက 'ခ်ဴးခ်င္အိမ္ကိုျပန္ပို႔ေပးမယ္'ဆိုတဲ့ အာမခံခ်က္ရမွသာ ေျခတစ္လွမ္းလွမ္းတိုင္း ေနာက္ကိုသုံးခါျပန္လွည့္ၾကည့္ရင္း ပါသြားေတာ့တယ္။

ပိတ္ရက္ရဲ့ မနက္ခင္းမွာ က်ဳံးယိပင္းက သူ႔ဖုန္းသံေၾကာင့္နိုးလာတယ္။
caller IDက ေပၚေနတာ 'ငါးေသာင္း'တဲ့၊
အဲ့ခ်ိန္မွပဲ သူသတိရတာ-ဟိုေန႔က ဝူ၀မ္ကိုဖုန္းျပန္မေခၚလိုက္ရဘူးဆိုတာ။

"အားပင္း,မင္းအသက္ရွိေနေသးတယ္ေနာ္?"
ဟိုဘက္က နဲနဲ ဆူဆူညံညံျဖစ္ေနတာကို ၾကားေနရတယ္။

"ဘာလဲ?"
အားပင္းက ပုံမွန္အတိုင္းေမးတယ္။

"F**k!,မင္းႏွစ္ပတ္ေလာက္‌ေပၚမလာတာေလ ,မင္းရဲ့အေမက မင္းကိုနိုင္ငံျခားသြားတယ္ေျပာတယ္,ခ်ဴးခ်င္က မင္းကိုတစ္ကမၻာလုံးပတ္ရွာေနတာ"
ဝူ၀မ္က ဖုန္းထဲကေန ေအာ္ေနတယ္။

က်ဳံးယိပင္း ေခါင္းကိုငုံ႔ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသးတဲ့ခ်ဴးခ်င္ကိုၾကည့္လိုက္ၿပီး ဧည့္ခန္းထဲကို သြားလိုက္တယ္။
သူလိုက္ကာေတြကို ဆြဲဖြင့္လိုက္တယ္၊
ေကာင္းကင္က နဲနဲေမွာင္ေနတယ္၊ ၾကည့္ရတာ ဒီေန႔မိုးရြာမယ့္ပုံပဲ၊
ဒီလိုရာသီဥတုက အိမ္မွာအိပ္ဖို႔အေကာင္းဆုံးပဲ။

"ဒီေန႔ မုန္မုန္ရဲ့ေမြးေန႔,သူမရဲ့အိမ္ကေရပူစမ္းမွာ မင္းလာမွာလား?"
ဝူ၀မ္က ေသေလာက္ေအာင္ကို သန္းေနတာ
သူမေနညကတည္းက မအိပ္ရေသးပဲ ေစာေစာစီးစီးဖုန္းေခၚတဲ့ပုံပဲ။
(မုန္မုန္လို႔ပဲေရးလိုက္တယ္
2haက မုန္မုန္နဲ႔တျခားစီေနာ္ အဲ့ဒီ 2ha မုန္မုန္ကို တို႔အခ်စ္ေလး
ဒီမုန္မုန္ကေတာ့ ဗီလိန္မေလးေပါ့)

"ဘယ္သူ?"
က်ဳံးယိပင္းမ်က္ေမွာင္ၾကဳတ္လိုက္တယ္။
မုန္မုန္ဆိုတာက ဘယ္သူလဲ,ခ်ဴးခ်င္ သူ႔ကိုတခါမွ သူမအေၾကာင္းမေျပာဖူးဘူး။

"က်ိဳးဇယ့္မုန္!"
ဝူ၀မ္က က်ဳံးယိပင္း ေသခ်ာ မၾကားလိုက္ဘူးထင္ၿပီး နာမည္ကို ထပ္ေျပာတယ္။

"ငါမလာေတာ့ဘူး,ခ်ဴးခ်င္ကေနသိပ္မေကာင္းလို႔ သူအိမ္မွာနားရမယ္"
က်ဳံးယိပင္းက မထူးမျခားပဲေျပာတယ္။
သူ႔သူငယ္ခ်င္းေတြကို သြားေတြ႕မယ္ဆိုရင္ ခ်ဴးခ်င္ပါမွရမွာ၊ မဟုတ္ရင္ သူတစ္ေယာက္မွမွတ္မိမွာမဟုတ္ဘူး။
ခ်ဴးခ်င္ရဲ့နံရိုးေတြက မေပ်ာက္ေသးဘူး။
သူအရင္ႏွစ္ရက္ေလာက္ကတည္းက အိပ္ယာထဲမွာပဲ အနားယူေနတာ၊
သူဒီလို အေပ်ာ္ေလးနဲနဲအတြက္ ခ်ဴးခ်င္ကို မခံစားေစမွာ မဟုတ္ဘူး(ဒဏ္ရာ)။

ဝူ၀မ္ကေတာ့ ဖုန္းခ်ၿပီးတဲ့ထိ ေၾကာင္ေတာင္ေတာင္နဲ႔ အေတြးထဲေမ်ာေနတုန္းပဲ။
ဒီက်ဳံးအာပင္း,သူဘယ္တုန္းက ခ်ဴးခ်င္စကားကို နာနာခံခံရွိသြားတာလဲ?

ေဘးမွာပဲ ခုမွမိတ္ကပ္ျပင္ၿပီးတဲ့ က်ိဳးဇယ္ံ့မုန္က သူ႔ကိုလွည့္လာၿပီး ေမးတယ္။
"သူဘာေျပာလဲ?"

"သူမလာေတာ့ဘူးတဲ့ သူက ခ်ဴးခ်င္ကို အိမ္မွာအေဖာ္ျပဳေပးမလို႔တဲ့"
ဝူ၀မ္က ဆိုဖာေပၚခုန္တက္လိုက္ၿပီး ပ်င္းပ်င္းရိရိ အေၾကာဆန႔္လိုက္တယ္။
ေဘးမွာဟို‌ေလၽွာက္ဒီေလၽွာက္လုပ္ေနတဲ့ေကာင္ေလးက ဒီအေျခေနကို အခြင့္ေကာင္းယူၿပီး သူ႔ကိုယ္ေပၚအိပ္ဖို႔ ခုန္ၿပီး တိုးလာတယ္။

"ခ်ဴးခ်င္က ဗိုက္ႀကီး‌ေနလို႔လား?အသည္းအသန္ဖ်ားေနလို႔လား? မဆီေလ်ာ္လိုက္တာ"
က်ိဳးဇယ့္မုန္ရဲ့ မိတ္ကပ္ျပင္ထားတဲ့မ်က္ႏွာက အ႐ုပ္ဆိုးေနၿပီ ။
သူမ မေပ်ာ္ေတာ့ဘူး။

"အိုး,ဒါ‌ေတြ မင္းနားမလည္ပါဘူး"
ဝူ၀မ္ သူ႔ကိုယ္ေပၚက ကိုယ္ကို‌တြန္းထုတ္ရင္း
မ်က္ခုံးေတြကိုတြန႔္ျပၿပီး တဏွာမ်က္ႏွာနဲ႔
"ခ်ဴးခ်င္ မနက္ေစာေစာ‌စီးစီးေနမေကာင္းျဖစ္ေနတာ မေန႔ညက က်ဳံးအာပင္း မဆီေလ်ာ္လို႔ပဲေနမွာ,ဟီးဟီး"

ဒါကိုၾကားေတာ့ က်ိဳးဇယ့္မုန္မ်က္ႏွာက ပိုေတာင္႐ုပ္ဆိုးသြားတယ္။
သူမက ေအးစက္စက္ရီရင္း
"နင္ပဲ ေကာင္းေကာင္းသိလိမ့္မယ္"

လူဆိုးေလးေတြျပန္သြားေတာ့ က်ိဳးဇယ့္မုန္ အိမ္ကိုျပန္လာတယ္။
သူမရဲ့အေဖက မနက္ျဖန္ည dinnerအတြက္ အတြင္းေရးမွူးနဲ႔တိုင္ပင္ေနတုန္းရွိေသးတယ္။
ခုတေလာမွာ က်ိဳးမိသားစုက projectႀကီးတစ္ခုကို ေၾကညာခ်င္တာေၾကာင့္ ေရပူစမ္းမွာ group တခ်ိဳ႕ဖိတ္ထားတယ္။

"Big fish groupက ရွန္းရွီနဲ႔ေပါင္းလိုက္တယ္ၾကားတယ္,အေဖ ဘာလို႔ခ်ဴးခ်င္ကို hostအေနနဲ႔ မဖိတ္တာလဲ"
က်ိဳးဇယ့္မုန္ ေဘးကေန ခနနားေထာင္ၿပီး ေမးလိုက္တယ္။

--------------------------------------------------------------

The author has something to say:

Small theater:<အားပင္းကအလိမ္ခံရေတာ့မွာလား>

အကိုႀကီး : လာ,ငါ့မွာပုစြန္အႀကီးႀကီးရွိတယ္

အားပင္း : (⊙v⊙)မစားဘူး

က်ဳံးအေမ : လာ,ငါ့မွာ အလွေလးတစ္ေယာက္ရွိတယ္

အားပင္း : (V__V)မလိုခ်င္ဘူး

ဝူ၀မ္ : လာ,ဒီမွာ သူငယ္ခ်င္းေတြရွိတယ္

အားပင္း : __( : 3 <) __မေရႊ႕ခ်င္ဘူး

ခ်ဴးခ်င္ : လာ,ဒီမွာငါရွိတယ္

အားပင္း : ~ ( RQ ) / ~ လာၿပီ~

_________________________________________________

(ေက်ာက္ပုစြန္လို႔ေရးထားတာ သူတို႔စားေနတာၾကည့္ရတာ crabဟုတ္မယ္မထင္ဘူး lobsterပဲျဖစ္ေလာက္မယ္ထင္တယ္ အကိုႀကီးစီတာၾကည့္ရတာ lobsterလို႔ထင္လို႔)

မွားရင္လဲေျပာေပးၾကပါဦးေနာ္🙆

Continue Reading

You'll Also Like

1M 56.6K 47
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
235K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
1.8M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...