အသက်နှင့်လဲ၍ (Completed)

By EmmaXing95

193K 11K 86

1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd. More

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19
Ep 20
Ep 21
Ep 22
Ep 23
Ep 24
Ep 25
Ep 26
Ep 27
Ep 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
Ep 40
Ep 41
Ep 42
Ep 43
Ep 44 final

Ep 10

4.6K 283 4
By EmmaXing95


Unicode

"ရိပေါ်! မင်း...."

"ကော ဒီမှာဘာလုပ်နေတာလဲ!"

"အမ် သူကငါနဲ့ပြောစရာရှိတယ်ဆိုလို့.."

"ဘာပြောစရာလဲ!"

ကျင်းဇီရွှမ်းကိုမေးလိုက်ခြင်းဖြစ်သည်။ ဝမ်နင်ကတော့ ဘေးကနေ အသာရပ်နေသည်။

"ကျွန်တော်ပြောပြီးသားလေ ဒီအမှုကိုကျွန်တော်လိုက်မယ်ဆိုရင် အမှုနဲ့ပတ်သက်ပြီး သိထားရမှာပေါ့ ဒီကဒေါက်တာက တရားခံကိုမြင်လိုက်တယ်ဆိုလို့ လာမေးတာ"

"ကျွန်တော် အဖွဲ့မှူးကိုပြောပြီးသား ဒီအမှုကို ခင်ဗျားဝင်ပါစရာမလိုဘူး"

"အထက်က ငါ့ကို ဒီအမှုကိုင်ခိုင်းထားတာ"

"ခင်ဗျားအထက်ကိုပြန်ပြောလိုက် ဒီအမှုကို ကျွန်တော်တို့ပဲလိုက်မယ်လို့"

"အမိန့်ကိုနာမခံချင်တာလား"

"......."

"မင်းသိပြီးသားဖြစ်မှာပါ ငါနဲ့တွဲလုပ်ချင်လုပ် မလုပ်ချင် အမှုကို ငါ့ကိုပေးရမယ်"

"ဘယ်သူ့သဘောနဲ့လဲ ဒါကျွန်တော်တို့အမှုဗျ!"

ဝမ်နင်ပြောလိုက်ခြင်းဖြစ်သည်။

"မင်းတို့အမှုဆိုပေမဲ့ လိုက်နေတာနှစ်လလောက်ရှိနေပြီ တရားခံမမိသေးဘူးမလား"

"........"

"ငါအခုပြန်သွားရင် အထက်ကိုတင်ပြလိုက်မယ် ဒီအမှု ငါ့ကိုလွှဲပေးဖို့"

"ကျွန်တော်ခွင့်ပြုမယ်ထင်နေလား"

"မင်းခွင့်ပြုချက်မလိုပါဘူး"

"ဟက် ခင်ဗျားကျွန်တော့်ကို အထင်မသေးနဲ့ ဒီကိုလာတဲ့အကြောင်းအရင်းကိုကျွန်တော်သိတယ်"

"မျက်မြင်သက်သေကို စုံထောက်က လာမေးမြန်းတာလေ"

"မဟုတ်ဘူး ခင်ဗျား ဘယ်လိုပတ်သက်နေလဲတော့မသိပေမဲ့ တစ်ခုတော့သေချာပြောနိုင်တယ် ဒီကော်ဖီထဲအဆိပ်ရှိတယ်မလား"

"ဟမ်!"

ရှောင်းကျန့် လန့်သွားသည်။

*အဆိပ်တဲ့လား*

"ဝမ်ရိပေါ်! ဟက် မင်းကတော်တော်လေးကို
ရဲတာပဲ ငါ့ကိုဘယ်‌ေလာက်ပဲ သံသယဝင်‌ေနပါစေ လူမြင်ကွင်းမှာအဆိပ်ခတ်သတ်ရလောက်အောင် ငါကရူးနေလို့လား"

"အဲ့တာဆို ‌ေသာက်ပြလေ"

ဝမ်နင်က ပြောတော့ ကျင်းဇီရွှမ်းက

*ဒီကောင်လေးနှစ်ယောက် ငါ့ကိုတကယ်ကြီးသံသယဝင်နေတာပဲ ဒီခွက်ထဲအဆိပ်ပါတောင် ငါလုပ်တာမဟုတ်ဘူး ပါတော့လည်းဘာဖြစ်လဲ ဆေးရုံရှေ့မှာပဲကို*

"ဟက် ကောင်းပြီ"

ရှောင်းကျန့် ရှေ့ကခွက်ကိုတုံ့ဆိုင်းခြင်းမရှိ မော့သောက်လိုက်သည်။ သောက်ပြီး ၁၀ မိနစ်လောက်ကြာသည်အထိ ဘာမှမဖြစ်တော့မှ ဘေးက
ရှောင်းကျန့် သက်ပြင်းချနိုင်သည်။

ရိပေါ်ကတော့ ဘာမှမပြောတော့ပဲ ရှောင်းကျန့် လက်ကိုဆွဲပြီး ထွက်လာတော့သည်။
ဝမ်နင်ကတော့ ကျန်ခဲ့သည်။

"ဘာလဲ မင်းက ထပ်စောင့်ကြည့်ချင်သေးလို့လား"

"မဟုတ်ဘူး ခင်ဗျားပြောတဲ့ အဲ့အထက်ကဆိုတာ ဘယ်သူလဲမေးချင်လို့"
.............

"ရိပေါ်ရေ ခဏ လက်ကိုလွှတ်ဦး"

ရပ်ပြီး လက်ကိုလွှတ်ပေးလိုက်သည်။ ပြီးတာနဲ့ အော်တော့တာပဲ

"ရှောင်းကျန့်! ခင်ဗျားက သူစကားပြောချင်တယ်ဆိုတိုင်း လိုက်သွားရလား"

"သူကမင်းနဲ့သိတယ် သူလည်းစုံထောက်ပဲဆိုလို့လေ"

"ကျွန်တော့်ကိုတော့ပြောသင့်တာပေါ့"

"ဘာလို့လဲ"

"ဘာလို့ဆို.....ကျန့်ကောတစ်ခုခုဖြစ်သွားရင် ကျွန်တော့်မှာ တာဝန်ရှိတယ်လေ ကျွန်တော်က ကောကို မျက်မြင်သက်သေလို့ပြောထားတာဆိုတော့"

"ငါကဘယ်သူနဲ့တွေ့ပြီး ဘာလုပ်တယ်ဆိုတာအထိ မင်းကိုပြောနေရမှာလား"

"အင်း"

ရုပ်တည်ကြီးနဲ့ အင်းဆိုဖြေချလိုက်တဲ့ ဝမ်ရိပေါ်ကြောင့် ပြောစရာစကားပျောက်သွားသည်။

"အဲ့ဒါကတော့ နည်းနည်းများမနေဘူးလား"

"မများဘူး"

ရှောင်းကျန့် စိတ်တိုလာသည်။

"ဘာလို့ ငါကအဲ့လိုလုပ်ရမှာလဲ"

"........"

"မင်းကြောင့်ဘာလို့ ငါ့ဘဝက တစ်ယောက်ယောက်လာသတ်မှာကိုကြောက်နေရမှာလဲလို့"

"......."

"မင်းအဲ့လိုလုပ်တာ တရားခံကိုဖမ်းချင်လို့မှန်းငါသိပါတယ် မင်းတို့စုံထောက်တွေအတွက်တရားခံက အရေးကြီးတာကို"

"........"

"မင်းငါ့အတွက်ကို မတွေးပဲအဲ့လိုလုပ်ခဲ့တာ"

"........."

"ငါအသတ်ခံလိုက်ရမှာကို မင်းမတွေးခဲ့ဘူးမလား"

"......."

"ငါ့ကို ငါးစာအဖြစ် အသုံးချချင်ခဲ့တာလေ"

"........"

"ဘယ်လောက်ပဲ တရားခံကိုမိချင်ပါစေဦးတော့ ငါ့ကိုအသုံးချရလား မင်းအကိုကို ကယ်ပေးတဲ့သူကိုလေ"

"မဟုတ်..."

"ဘာလဲ! အသုံးချတာမဟုတ်ဘူးလို့ ပြောမလို့လား ဒါကအသုံးချတာပဲကို"

"ကျွန်တော်..."

"အခုတော့ ငါကသေရတော့မယ် အခုထိ
အရေးပေါ်ခန်းကမထွက်နိုင်သေးဘူး"

"မသေရပါဘူးဆို!"

"မင်းဘယ်လောက်အာမခံနိုင်လို့လဲ"

"ကျွန်တော့် အသက်နဲ့လဲပြီး အာမခံနိုင်တယ်!"

"......"

"ကျန့်ကောကိုလန့်အောင်လုပ်မိသွားရင်တောင်းပန်ပါတယ်။ ဘယ်နေရာမှာဘာလုပ်တယ်ဆိုတာ ကျွန်တော့်ကို မပြောပြလည်းရတယ် တစ်ယောက်တည်းတော့မသွားနဲ့"

"......."

"တစ်ခုခုဆို ကျွန်တော်ရှိတယ် ဖုန်းလှမ်းဆက်လိုက် ‌ေကာလုံးဝမသေစေရဘူး"

"........"

"မတိုင်ပင်ဘဲ လုပ်ခဲ့တာလည်းတောင်းပန်တယ် ကျွန်တော်အခုသွားတော့မှာမို့ ထမင်းကိုသေချာစား ခေါက်ဆွဲကြီးစားမနေနဲ့"

"....."

"ကျွန်တော်သွားပြီ"

ထွက်သွားတဲ့နောက် ရှောင်းကျန့်ကတော့ သူ့ကို အကြိမ်ကြိမ်တောင်းပန်သွားတာမို့ စိတ်တော့မကောင်း သူပြောတာလွန်များသွားလား။ မဟုတ်ပါဘူး ငါပြောတာအကုန်မှန်တယ်။
ဒါနဲ့သူက သူ့အသက်နဲ့လဲပြီး အာမခံတယ်တဲ့
လူတစ်ယောက်က လူတစ်ယောက်ကို အသက်နဲ့လဲပြီးကာကွယ်တာမျိုးတွေသူတွေ့ဖူးတယ် အချစ်ကြောင့် ကိုယ်ရဲ့နှလုံးကိုပေးပြီး ချစ်ရတဲ့သူကို အသက်ရှင်စေပြီး ကိုယ့်အသက်ကို မနှမြောခဲ့တဲ့လူတွေပေါ့။

ဒါပေမဲ့သူက ဘာလို့ငါ့ကို အသက်နဲ့လဲပြီး အာမခံတယ်လို့ပြောတာလဲ။ သူ့အစ်ကိုကို ကယ်ခဲ့လို့လား အစ်ကိုကို အရမ်းချစ်တယ်ထင်ပါရဲ့။
................

"ဘာ!"

ဝမ်ချင်အော်လိုက်ခြင်းဖြစ်သည်။

"ကျဲ အာပြဲချက်က နိုင်းပလပ်စ် ပဲ"

"ဝမ်နင် နင်အသာနေစမ်း နင်ရဲလုပ်နေပြီး ဒီလောက်အားနေလား သွားပြန်တော့"

"ကျဲတို့ကလည်း ထစ်ခနဲရှိမောင်းပဲထုတ်နေတာ"

"ကဲပါ အစ်မရယ် ဒေါက်တာရှောင်းပြောတာ ဆက်နားထောင်ရအောင်"

မျန်မျန်ကပြောတော့

"အေး ဟုတ်တယ် အဲ့တော့ဘာဆက်ဖြစ်လဲ ရှောင်းကျန့်"

"ဘာဆက်ဖြစ်ရမှာလဲ ရိပေါ်နဲ့ အချေအတင်ပြောနေပြီးတော့ အဆိပ်မရှိကြောင်း သောက်ပြလိုက်တယ်လေ သူက အဲ့မှာပြီးသွားတာပဲ"

"အဲ့မှာ ရိပေါ်က အစ်ကိုရှောင်းလက်ကိုဆွဲပြီးထွက်သွားတာ ဆိုင်ထဲကကောင်မလေးတွေ လိုက်ကြည့်နေတာ နှာခေါင်းသွေးတောင်လျှံတယ်"

"ဟုတ်လား"
"ဟုတ်လား"

ဝမ်ချင်ရော မျန်မျန်ရော နှစ်ယောက်လုံး မမြင်လိုက်ရတဲ့ ဇာတ်ကို ရှနေကြသတည်း။

ရှောင်းကျန့် စိတ်ထဲတွင်တော့ မပျော်ပါ။

"ကျိုးချန် ဒီနေ့ မင်းပဲဂျူတီဝင်လိုက်ပါလား ငါနေသိပ်မကောင်းလို့"

"ဘယ်နားဘာဖြစ်လို့လဲ"

"ဒီအတိုင်း အအေးမိတာပါ မနက်ဖြန်တစ်ရက်လည်းနားချင်လို့"

"အေး နေမကောင်းဘူးဆိုတော့လည်း နားပေါ့"

ရှားရှားပါးပါး ရှောင်းကျန့် ပါးစပ်က ခွင့်ယူဖို့ပြောလာတာမို့ ကျိုးချန် အံ့ြသနေသည်။ ဆေးရုံနဲ့အိမ် မှားနေတဲ့ကောင်က ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာတုန်း။

##########

💞Mei Xing💞

တိုသွားပြီထင်တယ်
ဖတ်ပေးကြတဲ့သူတွေအားလုံးကျေးဇူးပါ😘
ညနေကျရင် တစ်ပိုင်း up ပေးပါ့မယ်‌ေနာ်

Zawgyi

Continue Reading

You'll Also Like

299K 14.6K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
362K 8.1K 22
I was broken and betrayed, made to feel like a freak when I wasn't. In fact i am far from it and it took a bad situation to take me to the future i w...
2.1M 57.7K 95
On the twelfth hour of October 1st, 1989, 43 women gave birth. It was unusual as none of them had been pregnant since the first day they started. Sir...
151K 8.5K 17
CHANYEOL × SEHUN [CHANHUN] (Zawgyi-Unicode) cover present by @Y94Carolyn