ဟေမန္တအလွန်

By SuWei_Akii

209K 19.2K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၁၁ (Z+U)

4.2K 540 61
By SuWei_Akii

[UNICODE]

အချိန်ကသူ၏တာဝန်အရ ပုံမှန်လည်ပတ်ဆဲဖြစ်သည်။ ခုနစ်စင်ကြယ်အမြီးထောင်ချိန်ဖြစ်သော သန်းခေါင်ယံသို့ ရောက်ပြီဖြစ်ရာ အားလုံးလည်း အိပ်မောကျနေပြီဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်ကမူထိုအချိန်ကို မျှော်နေ
သည့်အလား နိုးထလာသည်။ ထိုသူက တစ်ဖက်ကုတင်ရှိ အိပ်မောကျနေသော အခန်းဖော်အား အကဲခတ်ရင်း ခြေသံကို ခပ်ဖွဖွနင်းရင်း မတ်တပ်ရပ်လိုက်သည်။ ထို့နောက် အခန်းတံခါးကို အသံမထွက်စေရန် ဂရုတစိုက်ဖွင့်ကာ အခန်းပြင်ကိုထွက်သည်။ အခန်းဖော်ဖြစ်သူကား အိပ်မောကျနေဆဲပင်။ 

ထိုသူက အခန်းပြင်ရောက်သည်နှင့် တစ်နေရာသို့ ဦးတည်ကာ ခြေသံလုံလုံဖြင့် ချဥ်းကပ်လေ
သည်။ ထိုသူမှာ ကျွမ်းကျင်သူပမာ လှုပ်ရှားမှုများက လျှင်မြန်ကာ သွက်လက်သည်။ 

ထို့နောက် အခန်းတစ်ခုအရှေ့တွင် ရပ်လိုက်ကာ တံခါးပေါ်တွင် နားကပ်၍ အခန်းတွင်းမှ အသံတစ်စုံတစ်ရာကို နားထောင်နေသည်။
အပ်ကျသံပင် ကြားနိုင်သည်အထိ တိတ်ဆိတ်နေပါမှ အလွန်ကျွမ်းကျင်စွာ အခန်းတံခါးကို
အသံစိုးစဉ်းမျှ မထွက်စေပဲ ဖွင့်လိုက်သည်။ 
အခန်းတွင်းမှ ချက်မချထားသောကြောင့် တံခါးက လွယ်လွယ်ကူကူ ပွင့်သွားပြီး ထိုလူက အခန်းတွင်းအခြေအနေကို အကဲခတ်သည်။ 

အပြင်ဘက်တွင် လျှပ်စီးများက မိုးရွာရန် အသင့်ပြင်နေကြသည့်အလား တစ်လက်လက်ဖြစ်နေသောကြောင့် ပြတင်းများကို ဖွင့်ထားသည့်
ထိုအခန်းက  အလွန်မမှောင်လှပေ။ အေးစိမ့်စိမ့်ရာသီဥတုကြောင့် ကုတင်နှစ်လုံးပေါ်တွင် လူနှစ်ယောက်က စောင်ကိုယ်စီခြုံကာ အိပ်မောကျနေကြသည်။

တစ်ဖက်ကုတင်တစ်လုံးပေါ်တွင် အိပ်စက်နေသည့်လူ၏ ခြေထောက်က အိပ်ယာထက် ရှည်နေသဖြင့် သူ၏ခြေကျင်းဝတ်က ကုတင်စွန်းတွင် ထွက်နေသည်။ အခြားကုတင်ပေါ်မှ လူကမူ ပုဇွန်ကွေးနှယ် စောင်အောက်တွင် ခေါင်းမြီးခြုံလျက် အိပ်ပျော်နေသည်။ 

ကျူးကျော်ဝင်ရောက်လာသူက ကုတင်တစ်လုံး
စီကို တစ်လှည့်စီကြည့်သည်။ ထို့နောက် ပုဇွန်ကွေးကဲ့သို့ အိပ်နေသည့်လူ၏ ကုတင်အနီးသို့ တိုးကပ်သွားပြီး ခေါင်းအုံးအောက်သို့ လက်နှိုက်လိုက်သည်။ 

သို့သော် စက္ကန့်ပိုင်းမျှ အတွင်း တစ်ဖက်ကုတင်တွင် အိပ်နေသော အရပ်ရှည်သည့်လူက အိပ်ယာပေါ်မှ ခုန်ချကာ ကျူးကျော်သူ၏ လက်နှစ်ဖက်ကို အမိအရ ဖမ်းချုပ်လိုက်သည်။ ထို့နောက်
ထိုလူ၏ လက်များကို ကျောနောက်တွင် ကပ်ထားစေကာ အိပ်ယာပေါ်တွင် ဖိထားသည်။ ထိုလူက ရုန်းမရပေ။

အခန်းထဲတွင် မီးအရောင်က လင်းလာသည်။

"ငါးမိပြီ။"

စောယွန်း၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။  

" ဆရာကြီးဆီ သွားရအောင်။ "

"..."

ထိုသူက သုန္ဓလက်ထဲမှ အနည်းငယ်ရုန်းသည်။ သုန္ဓက အနည်းငယ် မာရေကြောရေနိုင်သော လေသံဖြင့်ပြောသည်။

"ကြိုးနဲ့ တုပ်ပြီး ခေါ်သွားရမလား ? အသာတကြည်လိုက်မလား ? "

ထိုအခါမှ ထိုလူက မရုန်းတော့ပဲ ငြိမ်သွားသည်။

ညနက်သန်းခေါင် ဧည့်ခန်းထဲတွင် လူစုကြရ
သဖြင့် ကျောင်းသားများက အိပ်ရေးမဝပဲ
ထိုင်နေကြသည်။ ခဏအကြာတွင် ဆရာကြီးက ရောက်လာသဖြင့် တရိုတသေ မတ်တပ်ထရပ်ကြသည်။

"ထိုင်ကြပါ၊ ထိုင်ကြပါ။"

ဆရာကြီးကမူ အိပ်ရေးပျက်သည့်ဟန်မပေါ်ပဲ လန်းဆန်းနေသည်။

"ကျွန်ုပ်တို့ကို စုဝေးခိုင်းရတဲ့ အကြောင်းအရင်းက ဘာများလဲ  ?"

ကျောင်းသားတစ်ယောက်၏ စကားအဆုံးတွင် စောယွန်းက သုန္ဓကို ကြည့်သည်။ သုန္ဓက ဖမ်းမိထားသည့်လူ၏ ပုခုံးကို ဖိကိုင်ကာ ဆိုသည်။

"အစေခံတွေလည်း အိပ်နေကြတာမို့ အခုအချိန်မှာ ကျွန်ုပ်တို့ ကျောင်းသားတွေနဲ့ ဆရာကြီးသာ အဖြစ်မှန်ကို သိကြရမှာပါ။ ကျွန်ုပ်တို့ သူခိုးကို ဖမ်းမိပါပြီ။ သူကတော့ မောင်လင်းပါပဲ။"

ကျောင်းသားများက အိပ်ချင်စိတ်များပြေသွားကြပြီး မောင်လင်းကို တပြိုင်နက်တည်း ကြည့်ကြသည်။ မောင်လင်းက ခေါင်းကို ငိုက်ထားသည်။

"ဘယ်လို ? မောင်လင်းတဲ့လား ? ဘယ်လိုဖြစ်ပြီး မောင်လင်းက သူခိုးဖြစ်နေရတာလဲ ?"

သုန္ဓက စကားဆက်သည်။

"သိမ်းထားပြန်ရင် တန်ဖိုးမဲ့သွားနိုင်တာကြောင့် ခိုးရာပါ ပစ္စည်းကို ပြန်ရောင်းချပြီး ဖျောက်ဖျက်ကြတာ ထုံးစံပါပဲ။ ဟောဒီက ပီအိုက်က သူ့ရဲ့ အစေခံကို ဈေးထဲမှာ ပစ္စည်းအဟောင်း ပြန်လည်ရောင်းချသူ ရှိမရှိ စုံစမ်းခိုင်းခဲ့ပေမယ့် မရှိတာကြောင့် ကျွန်ုပ်နဲ့ ပီအိုက်တို့က သန္နီမြို့ဈေးထဲမှာ စုံစမ်းခဲ့ကြပါတယ်။  ဈေးထဲက ကြားရတာကတော့ မရှိဆင်းရဲသူတွေကို ပစ္စည်းတွေ ပေးကမ်းနေသူရှိတယ်လို့ ကြားရပြန်ပါတယ်။ သဒ္ဓါတရားထက်သန်ပေမယ့် မျက်နှာကို အမြဲအုပ်ထားလေ့ရှိတာကြောင့် ဘယ်သူဘယ်ဝါရယ်လို့ မသိရပြန်ပါဘူး။ သို့ပေမယ့် ပီအိုက်နဲ့ အရပ်အမောင်းချင်းတူပြီး အသားအရည်
ညိုတယ်လို့ သတင်းရခဲ့ပါတယ်။"

သုန္ဓက ခဏ နားပြီး စောယွန်းကို ကြည့်လိုက်သော်ငြား စောယွန်းက  ဆက်ပြောရန် မျက်လုံးများသာ မှိတ်ပြသည်။

"ဒီလူက သန္နီမြို့က မဟုတ်မှန်း သိရတဲ့အခါမှာတော့ ကျောင်းတော်ထဲက အပြင်လူတွေကို သံသယဖြစ်လာရပါတယ်။ ပစ္စည်းပျောက်တာက ကျောင်းတော်ထဲမှာပဲ ဖြစ်ပြီး ဆရာကြီး၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသားများရဲ့ အစေခံတွေနဲ့ကျောင်းတော်အစေခံသာ ဝင်ထွက်ခွင့်ရတာကြောင့်ပါပဲ။ အစေခံများက ခိုးလျှင် ငွေမှ အပ တခြားအကြောင်းအရာမရှိနိုင်ပါ။ ကျောင်းသားဆိုလျှင်တော့ အကြောင်းတစ်ခုခုရှိလိမ့်မယ်လို့ တွေးခဲ့ကြပါတယ်။ "

ဆရာကြီးက ဘာမှ မဆိုပဲ ခေါင်းသာ ငြိမ့်သည်။ နန္ဒက မေးသည်။

"မောင်လင်း-- သင့်မှာ ဘာအကြောင်းများရှိလို့ ခိုးရတာလဲ ?"

မောင်လင်းက အငြိမ်မနေ၊ ခြေထောက်ကို လှုပ်နေသည်။ သူ့ထံမှ အဖြေမထွက်လာသဖြင့် သုန္ဓကသာ ဆက်ပြောသည်။

"ဒါတွေအားလုံးက ပီအိုက်ရဲ့ ဉာဏ်ကြီးမှုပါပဲ။
ပီအိုက်နဲ့ အရပ်တူတဲ့ ကျောင်းသားက
သုံးယောက်တည်းရှိပါတယ်။ ကျောင်းသားတွေရဲ့ အချက်အလက်ကို ကြည့်တဲ့အခါမှာ ပီအိုက်က ထူးဆန်းတာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။
ပီအိုက်ပဲ ပြောပြလိုက်ပါ။"

စောယွန်းက နှာခေါင်းကို လက်ညိုးဖြင့်အနည်းငယ် ပွတ်လိုက်သည်။ 

"မောင်လင်းက သူခိုးနက္ခတ်-- စောရနက္ခတ်နဲ့ ယှဉ်ပြီးမွေးလာတဲ့သူပါ။"

ကျောင်းသားများက ပါးစပ်အဟောင်းသားနှင့် မောင်လင်းကို ကြည့်ကြသည်။ အဌာရသ ၁၈ ရပ်တွင် နက္ခတ်ဗေဒင်ပညာသည်လည်း အပါအဝင်ဖြစ်သည်။ လူတစ်ဦး မွေးဖွားချိန်တွင် နက္ခတ်များ ၊ ဂြိုဟ်များ၏ တည်နေရာများကြောင့် ယသူခိုးဇာတာ၊ သူခိုးနက္ခတ်နှင့် ယှဉ်ကာ မွေးဖွားခဲ့ပါက ခိုးချင်စိတ်များ အလိုလိုပေါက်ဖွားတတ်သည်ဟု ယေဘုယျသိထားကြသည်။
ထိုနက္ခတ်နှင့် ယှဉ်မွေးလျှင် ပင်ကိုယ်က မည်မျှပင် စိတ်ထားကောင်းသည်ဖြစ်စေ ခိုး၀ှက်လိုမြဲဖြစ်သည်။ 

စာသင်ကာလ ပထမ ၂ လ ၃ လ အတွင်း
မောင်လင်းက စိတ်ကို အတော်ချုပ်တည်းခဲ့ရရှာပုံရပြီး နောက်ဆုံးတွင် မတတ်နိုင်တော့ပဲ ခိုး၀ှက်ရခြင်းဖြစ်လိမ့်မည်။ နံနက်လင်းသည့်အခါ မိမိခိုးထားခဲ့သော ပစ္စည်းများကို ပိုင်ရှင်အား ပြန်အပ်ချင်သော်ငြား စောရနက္ခတ်နှင့် ယှဉ်မွေးသော မိမိကို နှိမ်မည်အထင်နှင့် ပစ္စည်းများကိုဝေပေးခြင်းဖြင့် ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

စောယွန်းအဖို့ ကံကောင်းသည်မှာ ဆရာကြီးက မောင်လင်း၏ဇာတာတွင် သူခိုးနက္ခတ်နှင့် ယှဉ်၍ မွေးကြောင်းကို သိသာစေရန် အမှတ်အသားအချို့ ရေးမှတ်ထားခဲ့သည်။ တစ်နည်းဆိုရလျှင် ဆရာကြီးက သိနှင့်ပြီးသားဖြစ်သည်။

စောယွန်းက ဆရာကြီးအား အရိုအသေပြုချိန်တွင် ဆရာကြီးက ပြန်လည်ပြုံးပြသည်။ 

"ဒါဆိုရင် နောင်ကြီး စောယွန်းက ဖြေရှင်းခဲ့တာပေါ့။"

သီဟက ဝမ်းသာအားရ ပြောသည်။

သို့သော် စောယွန်းက သုန္ဓ၏ လက်ကို ကိုင်ကာ မြောက်ပြသည်။

"ကျွန်တော်နဲ့ သုန္ဓ အတူဖြေရှင်းခဲ့တာပါ။"

ကျောင်းသားအားလုံးထံမှ ချီးမွမ်းသံများက ထွက်လာသည်။ နန္ဒကမူ စောယွန်း၏ တွေးခေါ်နိုင်စွမ်းကို လေးစားမိသည်။ မောင်လင်းကိစ္စကို ဆရာကြီးက မနက်ရောက်မှ စီစဉ်သင့်သည်ကို စီစဉ်မည်ဟု ပြောကြားပြီးနောက် ဆရာကြီးက အခန်းသို့ ပြန်သွားသည်။ ကျန်လူများက စုရုံးစုရုံးနှင့် အခန်းများသို့ မပြန်နိုင်ကြသေးပဲ စကားပြောနေကြသေးသည်။ ထိုအချိန်တွင် စောယွန်းနှင့် သုန္ဓတို၏ အနီးသို့ နန္ဒနှင့် သီဟကရောက်လာသည်။

"နောင်ကြီး စောယွန်းက တကယ့်ကို ဉာဏ်ကောင်းလွန်းတာပ။ ကျွန်ုပ်ဖြင့် မအံ့သြပဲ
မနေနိုင်ဘူး။ ဟုတ်တယ်မဟုတ်လား
နောင်တော် နန္ဒ?"

သီဟက တံတောင်ဖြင့် တွတ်လိုက်သဖြင့် နန္ဒက တအင်းအင်းတအဲအဲနှင့် ဖြစ်သွားသည်။ 

"နောင်တော် သုန္ဓလည်း-- ဉာဏ်ကောင်းတာပါပဲ။" 

နန္ဒက လေသံတိုးတိုးနှင့်ပြောသည်။ သုန္ဓက
ပြောမည့်ဟန်ပြင်သည့်အချိန်တွင် စောယွန်းက ဖြတ်ပြောလိုက်သည်။

"ဒါပေါ့-- နောင့်စိုင်း သုန္ဓရဲ့ အကူအညီမပါရင် သူခိုးဖမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ "

နန္ဒက မသိမသာ အောက်နှုတ်ခမ်းအဖျားကို သွားစွယ်ဖြင့် ဖိကိုက်လိုက်သည်။ စောယွန်းက ရုတ်တရက် သမ်းဝေပြီးနောက် ဆိုသည်။

"ဝှားးး-- အိပ်ချင်လာပြီ၊ အခုတော့ အခန်းကို mပြန်ကြတာပေါ့၊ နန္ဒနဲ့သီဟတို့၊ ညနေကျရင်
တို့တွေဆုံကြရအောင်၊ ပြောစရာလည်းရှိတယ်။"

သီဟက ပျော်ရွှင်စွာခေါင်းညိတ်လိုက်သော်ငြား နန္ဒကမူ တောင့်တင်းစွာ ခေါင်းညိတ်သည်။

ထို့နောက် အားလုံးက အခန်းသို့ ကိုယ်စီပြန်ခဲ့ကြသည်။ စောယွန်းနှင့်သုန္ဓကို နားရက်တစ်ရက်ကို အပိုဆုအဖြစ် ဆရာကြီးက ပေးခဲ့သည်။
ဆုအစစ်ကိုမူ သူတို့မသိရသေးပေ။

အခန်းသို့ ပြန်ရောက်ချိန်တွင် မိုးက တဖြည်းဖြည်းကျလာသည်။ စောယွန်းက
အိပ်ယာမဝင်သေးပဲ ပြတင်းအနီးတွင် ထိုင်သည်။ သုန္ဓကလည်း အနားတွင်
လာထိုင်သည်။ လေမပါသဖြင့် အခန်းထဲသို့
မိုးမပက်ပေ။ စောယွန်းက လက်တစ်ဖက်ကို
ဆန့်ထုတ်ကာ မိုးရေစက်များကို လက်ဖြင့်
ခံနေမိသည်။

"ပီအိုက်--။"

"ဟင်?"

သုန္ဓကလည်း စောယွန်းနှင့်အတူ လက်ဖြင့် မိုးရေစက်များကို ခံထားသည်။ သူတို့နှစ်ဦး၏ လက်များက ပြတင်းပေါက်အပြင်တွင် လှုပ်ရှားနေသည့် မိုးရေစက်များအကြား  ငြိမ်သက်နေကြသည်။

"ပီအိုက်က လူတွေကို မယုံဘူးလား ?"

စောယွန်းက သုန္ဓအား ခေါင်းငဲ့၍ ကြည့်သည်။

"ဘာဖြစ်လို့လဲ ?"

သုန္ဓက မိုးရေစက်များအကြားမှ လက်များကိုသာ ကြည့်နေသည်။

"မနက်က ပြောခဲ့တဲ့ စကားကြောင့်ပါ။ လူတွေကို မယုံဖို့ပြောတဲ့စကားလေ။"

စောယွန်းက ပြုံးသည်။

"ဒီက ပီအိုက်ပြောတာနားထောင်ပေးမလား ?"

သုန္ဓက ခေါင်းတစ်ချက်ညိတ်ပြသည်။ စောယွန်းက သက်ပြင်းရှည်ချပြီးနောက် မိုးရေများကို ကြည့်ကာ ပြောသည်။

"ပီအိုက် ဆယ်ကျော်သက်အရွယ်ကပေါ့-- ပီအိုက် အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ သူနဲ့ ပီအိုက်က သွားအတူ ၊ လာအတူ ၊ ကစားလည်းအတူပဲ။ နေဦး၊ သူနဲ့ခင်ခဲ့တာ
ပီအိုက်ရဲ့ အသက် တစ်ဝက်ကျော် အချိန်ကြာခဲ့တယ်။ တစ်ရက်မှာ ပီအိုက်က သူ့ကို လျှို့ဝှက်ချက် တစ်ခုကို ပေးသိခဲ့တယ်။ ဒါပေမယ့်-- သူက ပီအိုက်အပေါ် ဆက်ဆံရေးပြောင်းလဲသွားခဲ့ပြီး
ပီအိုက်ရဲ့ လျှို့ဝှက်ချက်ကို တခြားလူတွေကို ပြောခဲ့တယ်။  "

စောယွန်းက ကျောင်းနေဘက် ငယ်သူငယ်ချင်းအား သူ၏ လိင်စိတ်တိမ်းညွတ်မှုအကြောင်း ပြောပြခဲ့မိသည်။ ရင်ဖွင့်ရာမှ မိမိအကြောင်းကို ပြောပြခဲ့မိပြီး အခြားမည်သူ့ကိုမှ မပြောရန် ကတိတောင်းခဲ့သည်။ ရလဒ်ကား ဆယ်နှစ်ကျော် သူငယ်ချင်းသံယောဇဉ်က အလွန်လွယ်ကူစွာ တစ်ဖက်သတ်ဖြတ်တောက်ခံခဲ့ရပြီး မိမိ၏ လျှို့ဝှက်ချက်ကို တစ်ကျောင်းလုံးက သိသွားခဲ့သည်။ သူခင်ရသော လူများက သူ့ကို ကျောခိုင်းခဲ့ကြသည်။ ကျောင်းပင် ပြောင်းခဲ့ရသည်အထိ စိတ်အနှောင့်အယှက်အပေးခံခဲ့ရသည်။ ထိုအချိန်မှစကာ မည်သူ့ကိုမှ အယုံမလွယ်ရန် မိမိကိုယ်ကို သတိပေးနေခဲ့မိသည်။ စောယွန်းက စိတ်ပျက်စွာဖြင့် စုတ်တစ်ချက်သပ်လိုက်သည်။ သို့သော် သူက ထိုကျက်သရေတုံးကို အံသွားကျွတ်စေသည်အထိ ထိုးခဲ့သဖြင့် ကျေနပ်မိသည်။ မထိုးခဲ့မိပါက ပို၍ တနုံ့နုံ့ခံစားနေရဦးမည်လေ။

သုန္ဓက ခဏကြာသည်အထိ ငြိမ်နေသည်။ ထို့နောက် မိုးရေထဲမှ စောယွန်း၏ လက်ကို လက်ဝါးစောင်းဖြင့် အသာအယာ တိုက်လိုက်သည်။

"ဟေ့၊ ဘာလုပ်တာလဲ ?"

သုန္ဓက စကားနားမထောင်ပဲ လက်ပေါ်မှ မိုးရေစက်အနည်းငယ်နှင့် စောယွန်း၏ မျက်နှာဘက်သို့ ပက်လိုက်သည်။

"ဟာ-- ဒီကောင်လေး၊ ဘာလုပ်တာလဲ ?"

စောယွန်းက လက်ချောင်းများကို လေထဲ တောက်သည့်ဟန်လုပ်သည့်အခါတွင် ရေစက်များက သုန္ဓ၏ မျက်နှာကို စင်သွားသည်။

သုန္ဓက ဘာမှမပြောပဲမိုးရေစက်များကို လက်ဖြင့်ခံကာ စောယွန်းအား ပက်လိုက်ပြန်သည်။
စောယွန်းကလည်း သူ့အတိုင်း ပြန်ပက်သည်။ နောက်ဆုံးတွင် ရေတိုက်ပွဲက ပြင်းထန်လာသဖြင့် သုန္ဓက ရေဖြင့်မပက်တော့ပဲ စောယွန်းကို ခါးမှ ပွေ့ချီလိုက်သည်။

"အ- ဘာလုပ်တာလဲ ?"

သုန္ဓက စောယွန်းအား ချီထားလျက် အခန်း၏
ဝရံတာဆီသို့ လျှောက်သွားသည်။ စောယွန်းက လက်များဖြင့် သုန္ဓ၏ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်ကာ တားသည်။

"မနက်က ကိုရီးယားကား၊ ညကျတော့
ဘောလိဝုဒ်ကားလား--- မသွားနဲ့နော်--
မသွားးး--အမေရေ !!!"

သုန္ဓက စောယွန်းကို ချီလျက် ဝရံတာတံခါးကို
ဖွင့်ကာ ဝရံတာ​တွင် ရပ်သည်။ ဝရံတာက
အမိုးမရှိသောကြောင့် မိုးရေများက သူတို့၏ ကိုယ်ပေါ်သို့ အဆက်မပြတ်ကျလာသည်။ 

စောယွန်းက ခဏအကြာတွင် ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သုန္ဓက မိုးရေကြားမှ သူ့အား မော့ကြည့်ကာ မေးသည်။ 

"ဘာဖြစ်လို့လဲ ?"

စောယွန်းက သူ့ကို ငုံ့ကြည့်သည်။

"ဘာမှမဟုတ်ဘူး။ ဒီအတိုင်း ရယ်ချင်လို့။"

သုန္ဓက စောယွန်းကို ကြမ်းပြင်ပေါ်ချပေးသည်။

"ဘာကို ရယ်ချင်တာလဲ ?"

စောယွန်းက သူ၏ ရင်ဘတ်ကို ပုတ်ပြသည်။

"ဒီလူရဲ့ ဘဝကို ရယ်ချင်တာပေါ့။ အချိန်ခရီးသွားတဲ့ ဇာတ်လမ်းထဲကရှေးခေတ်ဇာတ်လမ်း၊ ဒီရှေးခေတ်ဇာတ်လမ်းထဲက
ကိုရီးယားဇာတ်လမ်းနဲ့ ဘောလီးဝုဒ်ဇာတ်လမ်းလေး။ ဒီဘဝအကြောင်းသာ စာအုပ်ထုတ်ရင် BEST SELLER စာရေးဆရာဖြစ်ပြီပဲ။ အဟားဟား။"

သုန္ဓက ခေါင်းခါသည်။

"တကယ်ပဲ ပီအိုက်ပြောတဲ့စကားတွေကို ကျွန်ုပ်လိုက်မမီဘူး။ "

သူတို့က မျက်နှာများကို မော့လျက် မိုးရေစက်များကို မျက်နှာပေါ်တိုက်ရိုက်ကျစေသည်။
ထိုစဉ် သုန္ဓက ပြောသည်။

"ပီအိုက်၊ တကယ်ပဲ အင်းဝကို ပြန်ရောက်တဲ့အခါ နန်းတော်တွင်းထဲမှာ အမှုမထမ်းချင်ဘူးလား ?"

စောယွန်းက  ခဏမျှ ပိတ်ထားသော  မျက်လုံးများကို ဖွင့်ကာ သုန္ဓကို ကြည့်သည်။

"ဘာဖြစ်လို့လဲ ?"

လျပ်စီးလက်သွားသဖြင့် သုန္ဓ၏ မျက်နှာထားကို စောယွန်းက စက္ကန့်ပိုင်းမျှ ပို၍ ကြည်လင်စွာ ကြည့်လိုက်နိုင်သည်။ 

"ပီအိုက်ရဲ့ အရည်အချင်းကောင်းတွေကို နှမြောမိပြီး--- ကျွန်ုပ်က ပီအိုက်နဲ့ အတူရှိနေရတာကို
နေသားကျနေပြီလေ။"

'၄လပဲရှိသေးတာကို' ဟူသောစကားက စောယွန်းက လည်ချောင်းထဲမှ မထွက်လာပေ။ သူသည်လည်း ၄လအတွင်း သုန္ဓနှင့် အတူ နေ့ရက်တိုင်းကို ဖြတ်သန်းနေရခြင်းအား အသားကျလာပြီဖြစ်သည်။ သုန္ဓ၏ မျက်နှာထားက မကောင်းတော့သဖြင့် စောယွန်းက ငြင်းရန်စကားလုံးများပျောက်ဆုံးသွားသည်။ သို့သော် ခဏအကြာတွင် စောယွန်းက ရေရွတ်သည်။

"၁၈၀၀-- ဒီအချိန် တခြားနိုင်ငံတွေမှာ သိပ္ပံပညာရှင်တွေအများကြီး ရှိနေပြီ။ ငါတို့နိုင်ငံမှာ
မရှိသေးတာ တစ်ခုခုကို လုပ်လိုက်ရင် ငါက
မြန်မာ့ပထမဆုံးဖြစ်လာနိုင်မလား --- ဟုတ်ပြီ။ ငါဒီမှာ နေတဲ့ အချိန်အတွင်း ငါတို့နိုင်ငံကို တိုးတက်အောင် အများကြီး ထွင်လို့ရတာပဲ !!!! ဟုတ်ပြီ !! အကြံပေးလုပ်မယ် ! သုန္ဓ-- နောင့်စိုင်း ပြောတဲ့အတိုင်း အကြံပေးလုပ်မယ် !"

သုန္ဓ၏ မျက်နှာတွင် အပြုံးတစ်ခုက လျင်မြန်စွာရောက်လာသည်။ သူက ဝမ်းသာအားရအော်ဟစ်သည်။

"တကယ်လား ပီအိုက် ! တကယ်ပြောနေတာလား ?"

စောယွန်းက ခေါင်းညိတ်သည်။

"တကယ်ပေါ့ ! အများကြီး တီထွင်ပစ်မယ် ! !
ငါဟာ အင်းဝကို ပိုပြီး တိုးတက်အောင် ကူညီမယ့် စူပါဟီးရိုးပဲ!"

သုန္ဓက စောယွန်းကို တဖန်ပြန်ချီကာ ဝရံတာတွင် အောင်ပွဲခံလေသည်။ စောယွန်းကလည်း လက်များကို သုန္ဓ၏ ပုခုံးပေါ်တွင် မထောက်ပဲ သုန္ဓ၏ လည်ပင်းကို သိုင်းဖက်ကာ ပြုံးပျော်နေသည်။ သည်တစ်ညတော့ စောယွန်းက ပင်ပန်းနေသည့် စိတ်ကို လွှတ်ပေးမိခဲ့သည်။

"ဒီနှစ်ယောက်က--တစ်မျိုးပဲနော့။ "

သူတို့၏ ဘေးခန်းမှ ကျောင်းသားနှစ်ယောက်ကား ဘေးခန်း၏ ဝရံတာတွင် ခေါင်းပြူလျက် သူတို့အား မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ကြည့်နေကြသည်။

"သူခိုးဖမ်းမိလို့ ပျော်နေကြတာထင်ပ၊
သူတို့နှစ်ယောက်ရဲ့ မိတ်ဆွေ သံယောဇဉ်က အတော်ကောင်းတာပဲ၊ ဝါးး-- ကိုယ်တော့
အိပ်တော့မယ်။"

"ရာသီဥတုက အေးကအေးနဲ့ ကျွန်ုပ်တို့
တစ်ကုတင်တည်း အိပ်ကြမလား ? စောင်နှစ်ထပ်ခြုံရရင် ပိုနွေးမှာပ။"

" ကျုပ်တို့ကလည်း မိတ်ဆွေတွေပဲ။
နှစ်ယောက်လုံး နွေးနွေးထွေးထွေးနဲ့  အိပ်ရတော့ ကောင်းတာပ။"

"မိတ်ဆွေစစ် မိတ်ဆွေမှန်တွေက တစ်ယောက်ကောင်းစားဖို့ တစ်ယောက်က မျှော်လင့်ကြတာပါပဲလေ၊ အိပ်ကြရအောင် အဆွေရေ။"

[Editor’s note - Just bros being bros ]
[Author's note - Ha Ha Ha]

ဒုဌဝတီမြစ်၏ ကမ်းနံဘေးတွင် လက်များကို အနောက်တွင် ပစ်ထားလျက် ညနေဆည်းဆာသို့  မျှော်ကြည့်နေသူတစ်ဦးရှိနေသည်။ သည်မြစ်အတွင်းသို့ ခုန်ဆင်းကာ ကူးခတ်၍ မြစ်၏ မြစ်ဖျားခံရာဒေသအထိ ကူးခတ်သွားချင်မိသည်ဟု ထိုလူက တွေးနေသည်။ သူက လက်ထဲတွင် ဘီးတစ်ချောင်းကို ကိုင်ထားပြီး လက်မနှင့် ဘီးသွားများကို ဖိနေသည်။ 

"တစ်ရက် ၊တစ်ရက်က အချိန်တွေကြာလွန်းသလိုပဲ။"

ထိုသူ၊ ဟန်စစ်မင်း၏ ဘေးနားတွင် ရှိနေသည့် မြင်းညိုက ရုတ်တရက် ဟီလိုက်သည်။
ဟန်စစ်မင်းက မြင်းကို ကြည့်သည့်အချိန်တွင် နေဝန်းမှာ ဖြာကျနေသည့် လိမ္မော်ရောင်များက သူ၏ မျက်လုံးများကို အရောင်လက်သွားစေသည်။ 

"မင်းလည်းပဲ မင်းရဲ့ သူငယ်ချင်းကို သတိရနေတယ်မဟုတ်လား ?" 

ဟန်စစ်မင်း၏ မြင်းညို၏ လည်ဆံရှည်များကို လက်ထဲမှ ဘီးနှင့် ဖြီးသင်ပေးသည်။ မြင်းက သဘောကျစွာဖြင့် သူ၏ လည်ပင်းကို
ဟန်စစ်မင်းဘက်သို့ တိုးပေးသည်။

"ငါလည်း သတိရပါတယ်။ အခုအချိန်ဆိုရင် ဒုတိယလဆန်း စာမေးပွဲဖြေပြီးပြီထင်တယ်...
သူ ဘာတွေများ လုပ်နေလိမ့်မလဲ? "

ထိုစဉ် မြစ်ရေပြင်ကျယ်ပေါ်တွင် ရှပ်ပြေး၍ တိုက်ခတ်လာသည့် လေအေးများကြောင့်
ဟန်စစ်မင်းက မြင်းကို ဖီးသင်ပေးနေမှုအား ခဏမျှ ရပ်ကာ လေကို တဝရှုရှိုက်မိသည်။ နှာခေါင်းအတွင်းမှ ဝင်လာသော လေများက အဆုတ်များထဲအထိ ရောက်သွားပြီး အေးချမ်းမှုက
တစ်ကိုယ်လုံးအား ပျံ့နှံ့သွားသည်။ ထိုအချိန်တွင် အနောက်မှ ခြေလှမ်းစိတ်စိတ်နှင့် ပျာယီးပျာယာ ပြေးလာသည့် ခြေသံတစ်သံကြောင့် သက်ပြင်းချလိုက်ပြီး အနောက်သို့ လှည့်လိုက်သည်။

အစေခံက အရိုအသေပြုပြီးနောက် အလျင်အမြန် ပြောသည်။

"စစ်သူကြီးမင်း! ! !
ဘဝရှင်မင်းတရားကြီးက ယခုချက်ချင်း နန်းတော်ကို အခစားဝင်ရောက်ပါရန် မိန့်ကြားတော်မူပါတယ်။"

ဟန်စစ်မင်းသည် မိမိစိတ်ထင့်နေသည့် အရာ
မဖြစ်ပါစေနှင့်ဟုသာ ဆုတောင်းရင်း မြင်းညိုပေါ်သို့ ခုန်လွှားတက်ကာ ဇက်ကြိုးကို ဆွဲလိုက်ပြီး
တဟုန်ထိုး ပြေးထွက်သွားသည်။


သိန္နီမြို့ရှိ စားသောက်ဆိုင် တစ်ခုတွင်ဖြစ်သည်။ လူငယ်လေးယောက်က စားပွဲဝိုင်းတစ်ခုတွင်ထိုင်နေကြပြီး တစ်ယောက်ကတော့ မျက်နှာမကောင်း ဖြစ်နေပြီး တစ်ယောက်က စပ်ဖြီးဖြီး မျက်နှာထားဖြင့် ဖြစ်သည်။ 

"ညီငယ် အကို ခိုင်းတာ အကုန်လုပ်မှာ ဟုတ်!"

"ယောက်ျားဆိုတာ ပြောတဲ့စကားတည်ပြီးသား !"

နန္ဒက လက်ခမောင်းခတ်ကာ မအော်ရုံတမယ် အသံကျယ်ကျယ်နှင့် ဆိုသည်။ 

"ကောင်းပြီ ၊ အကို ခိုင်းမှာက လွယ်ပါတယ်။ 
အရင်ဆုံး ဒီည စားတာသောက်တာတွေကို
ညီငယ် ကျွေးရမယ်။ နောက်တစ်ခုကတော့
အကိုနဲ့ ညီငယ် ဆက်ဆံရေးအဆင်ပြေချင်တယ်။ အကို သိပါတယ် ညီငယ်အနေနဲ့ အကို့အပေါ်
မကျေနပ်တာလေးတွေရှိတယ်ဆိုတာ--
ဒါပေမယ့်လည်း အကိုတို့က ကလေးတွေမဟုတ်ကြတော့ဘူးမို့လား။ တစ်ယောက် နဲ့တစ်ယောက် ဆက်ဆံရေးအဆင်ပြေကြတော့ ပိုမကောင်းဘူးလား"

"လက်ခုပ်က နှစ်ဖက်တီးမှ မြည်တာပ။ ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေး အဆင်ပြေမပြေက နောင်ကြီး အပေါ်မှာလည်း မူတည်တယ်။  "

နန္ဒ၏ စကားကြားသည့်အခါ စောယွန်းက
ရယ်သည်။ 

"ဟုတ်ပါပြီ ၊ ဒါဆိုရင် အကိုနဲ့ညီငယ်က အခုအချိန်ကစလို့ တစ်ဖက်လူ အဆင်ပြေအောင် ပြုမူပြောဆိုကြမယ်။  "

"ကောင်းပြီ ။"

"ဒါဆို တစ်ခွက်! "

စောယွန်းက ခွက်ကို အလည်မြှောက်ရင်းပြောသည်။ ကျန်သူများက ကြောင်အမ်းအမ်း။ နောက်မှ စောယွန်းက ခေတ်ကို သတိရသွားဟန်ဖြင့်….. ။

"ခွက်အချင်းချင်း ထိကြမယ်၊ လာလာ။ "

စောယွန်းပြောမှ အကုန်လုံးက ကျန်သုံးယောက်က သူပြောသည့်အတိုင်း လုပ်ကြသည်။  
ခွက်တွေအားလုံး ထိပြီးတော့မှ စောယွန်းက စကားဆက်သည်။ 

"စောယွန်း၊ သုန္ဓ၊ နန္ဒနဲ့ သီဟ၊ ကျွန်ုပ်တို့က ဒီနေ့ကစပြီး မိတ်ဆွေအရင်းအချာတွေဖြစ်သွားပြီ။ တစ်ယောက်နဲ့တစ်ယောက် သစ္စာဖောက်တာ၊ နောက်ကျောကို ဓားနဲ့ထိုးတာ-- ဒါက အဆိုးဆုံးလုပ်ရပ်ပဲ -- ပြီးတော့ တစ်ယောက်ကို တစ်ယောက် မကောင်းကြံတာမျိုး လုပ်လို့မဖြစ်ဘူး။ ဟုတ်ပြီလား၊ တစ်၊နှစ်၊သုံး Cheers !  "

ကျန်သုံးယောက်က ကြားသည့်စကားအတိုင်းလိုက်ပြောကြပြီးနောက် တပြိုင်တည်း ရယ်မောကြသည်။ သူတို့နှင့် မျက်စောင်းထိုးစားပွဲတွင် ထိုင်နေသည့် တိုင်းတပါးသားအချို့က သူတို့အား ကြည့်နေကြသည်ကိုမူ သူတို့မသိကြပေ။


[ZAWGYI]

အခ်ိန္ကသူ၏တာဝန္အရ ပုံမွန္လည္ပတ္ဆဲျဖစ္သည္။ ခုနစ္စင္ၾကယ္အၿမီးေထာင္ခ်ိန္ျဖစ္ေသာ သန္းေခါင္ယံသို႔ ေရာက္ၿပီျဖစ္ရာ အားလုံးလည္း အိပ္ေမာက်ေနၿပီျဖစ္သည္။ သို႔ေသာ္ တစ္စုံတစ္ေယာက္ကမူထိုအခ်ိန္ကို ေမွ်ာ္ေန
သည့္အလား နိုးထလာသည္။ ထိုသူက တစ္ဖက္ကုတင္ရွိ အိပ္ေမာက်ေနေသာ အခန္းေဖာ္အား အကဲခတ္ရင္း ေျခသံကို ခပ္ဖြဖြနင္းရင္း မတ္တပ္ရပ္လိုက္သည္။ ထို႔ေနာက္ အခန္းတံခါးကို အသံမထြက္ေစရန္ ဂ႐ုတစိုက္ဖြင့္ကာ အခန္းျပင္ကိုထြက္သည္။ အခန္းေဖာ္ျဖစ္သူကား အိပ္ေမာက်ေနဆဲပင္။

ထိုသူက အခန္းျပင္ေရာက္သည္ႏွင့္ တစ္ေနရာသို႔ ဦးတည္ကာ ေျခသံလုံလုံျဖင့္ ခ်ဥ္းကပ္ေလ
သည္။ထိုသူမွာ ကြၽမ္းက်င္သူပမာ လႈပ္ရွားမႈမ်ားက လွ်င္ျမန္ကာ သြက္လက္သည္။

ထို႔ေနာက္ အခန္းတစ္ခုအေရွ႕တြင္ ရပ္လိုက္ကာ တံခါးေပၚတြင္ နားကပ္၍ အခန္းတြင္းမွ အသံတစ္စုံတစ္ရာကို နားေထာင္ေနသည္။
အပ္က်သံပင္ ၾကားနိုင္သည္အထိ တိတ္ဆိတ္ေနပါမွ အလြန္ကြၽမ္းက်င္စြာ အခန္းတံခါးကို
အသံစိုးစဥ္းမွ် မထြက္ေစပဲ ဖြင့္လိုက္သည္။
အခန္းတြင္းမွ ခ်က္မခ်ထားေသာေၾကာင့္ တံခါးက လြယ္လြယ္ကူကူ ပြင့္သြားၿပီး ထိုလူက အခန္းတြင္းအေျခအေနကို အကဲခတ္သည္။

အျပင္ဘက္တြင္ လွ်ပ္စီးမ်ားက မိုး႐ြာရန္ အသင့္ျပင္ေနၾကသည့္အလား တစ္လက္လက္ျဖစ္ေနေသာေၾကာင့္ ျပတင္းမ်ားကို ဖြင့္ထားသည့္
ထိုအခန္းက အလြန္မေမွာင္လွေပ။ ေအးစိမ့္စိမ့္ရာသီဥတုေၾကာင့္ ကုတင္ႏွစ္လုံးေပၚတြင္ လူႏွစ္ေယာက္က ေစာင္ကိုယ္စီၿခဳံကာ အိပ္ေမာက်ေနၾကသည္။

တစ္ဖက္ကုတင္တစ္လုံးေပၚတြင္ အိပ္စက္ေနသည့္လူ၏ ေျခေထာက္က အိပ္ယာထက္ ရွည္ေနသျဖင့္ သူ၏ေျခက်င္းဝတ္က ကုတင္စြန္းတြင္ ထြက္ေနသည္။ အျခားကုတင္ေပၚမွ လူကမူ ပုဇြန္ေကြးႏွယ္ ေစာင္ေအာက္တြင္ ေခါင္းၿမီးၿခဳံလ်က္ အိပ္ေပ်ာ္ေနသည္။

က်ဴးေက်ာ္ဝင္ေရာက္လာသူက ကုတင္တစ္လုံး
စီကို တစ္လွည့္စီၾကည့္သည္။ ထို႔ေနာက္ ပုဇြန္ေကြးကဲ့သို႔ အိပ္ေနသည့္လူ၏ ကုတင္အနီးသို႔ တိုးကပ္သြားၿပီး ေခါင္းအုံးေအာက္သို႔ လက္ႏွိုက္လိုက္သည္။

သို႔ေသာ္ စကၠန႔္ပိုင္းမွ် အတြင္း တစ္ဖက္ကုတင္တြင္ အိပ္ေနေသာ အရပ္ရွည္သည့္လူက အိပ္ယာေပၚမွ ခုန္ခ်ကာ က်ဴးေက်ာ္သူ၏ လက္ႏွစ္ဖက္ကို အမိအရ ဖမ္းခ်ဳပ္လိုက္သည္။ ထို႔ေနာက္
ထိုလူ၏ လက္မ်ားကို ေက်ာေနာက္တြင္ ကပ္ထားေစကာ အိပ္ယာေပၚတြင္ ဖိထားသည္။ ထိုလူက ႐ုန္းမရေပ။

အခန္းထဲတြင္ မီးအေရာင္က လင္းလာသည္။

"ငါးမိၿပီ။"

ေစာယြန္း၏ အသံက တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သည္။

" ဆရာႀကီးဆီ သြားရေအာင္။ "

"..."

ထိုသူက သုႏၶလက္ထဲမွ အနည္းငယ္႐ုန္းသည္။ သုႏၶက အနည္းငယ္ မာေရေၾကာေရနိုင္ေသာ ေလသံျဖင့္ေျပာသည္။

"ႀကိဳးနဲ႕ တုပ္ၿပီး ေခၚသြားရမလား ? အသာတၾကည္လိုက္မလား ? "

ထိုအခါမွ ထိုလူက မ႐ုန္းေတာ့ပဲ ၿငိမ္သြားသည္။

ညနက္သန္းေခါင္ ဧည့္ခန္းထဲတြင္ လူစုၾကရ
သျဖင့္ ေက်ာင္းသားမ်ားက အိပ္ေရးမဝပဲ
ထိုင္ေနၾကသည္။ ခဏအၾကာတြင္ ဆရာႀကီးက ေရာက္လာသျဖင့္ တရိုတေသ မတ္တပ္ထရပ္ၾကသည္။

"ထိုင္ၾကပါ၊ ထိုင္ၾကပါ။"

ဆရာႀကီးကမူ အိပ္ေရးပ်က္သည့္ဟန္မေပၚပဲ လန္းဆန္းေနသည္။

"ကျွန်ုပ်တို့ကို စုေဝးခိုင္းရတဲ့ အေၾကာင္းအရင္းက ဘာမ်ားလဲ ?"

ေက်ာင္းသားတစ္ေယာက္၏ စကားအဆုံးတြင္ ေစာယြန္းက သုႏၶကို ၾကည့္သည္။ သုႏၶက ဖမ္းမိထားသည့္လူ၏ ပုခုံးကို ဖိကိုင္ကာ ဆိုသည္။

"အေစခံေတြလည္း အိပ္ေနၾကတာမို႔ အခုအခ်ိန္မွာ ကျွန်ုပ်တို့ ေက်ာင္းသားေတြနဲ႕ ဆရာႀကီးသာ အျဖစ္မွန္ကို သိၾကရမွာပါ။ ကျွန်ုပ်တို့ သူခိုးကို ဖမ္းမိပါၿပီ။ သူကေတာ့ ေမာင္လင္းပါပဲ။"

ေက်ာင္းသားမ်ားက အိပ္ခ်င္စိတ္မ်ားေျပသြားၾကၿပီး ေမာင္လင္းကို တၿပိဳင္နက္တည္း ၾကည့္ၾကသည္။ ေမာင္လင္းက ေခါင္းကို ငိုက္ထားသည္။

"ဘယ္လို ? ေမာင္လင္းတဲ့လား ? ဘယ္လိုျဖစ္ၿပီး ေမာင္လင္းက သူခိုးျဖစ္ေနရတာလဲ ?"

သုႏၶက စကားဆက္သည္။

"သိမ္းထားျပန္ရင္ တန္ဖိုးမဲ့သြားနိုင္တာေၾကာင့္ ခိုးရာပါ ပစၥည္းကို ျပန္ေရာင္းခ်ၿပီး ေဖ်ာက္ဖ်က္ၾကတာ ထုံးစံပါပဲ။ ေဟာဒီက ပီအိုက္က သူ႕ရဲ႕ အေစခံကို ေဈးထဲမွာ ပစၥည္းအေဟာင္း ျပန္လည္ေရာင္းခ်သဴ ရွိမရွိ စုံစမ္းခိုင္းခဲ့ေပမယ့္ မရွိတာေၾကာင့္ ကျွန်ုပ်နဲ့ ပီအိုက္တို႔က သႏၷီၿမိဳ႕ေဈးထဲမွာ စုံစမ္းခဲ့ၾကပါတယ္။ ေဈးထဲက ၾကားရတာကေတာ့ မရွိဆင္းရဲသူေတြကို ပစၥည္းေတြ ေပးကမ္းေနသူရွိတယ္လို႔ ၾကားရျပန္ပါတယ္။ သဒ္ဓါတရားထက်သန်ပေမယ့် မ်က္ႏွာကို အၿမဲအုပ္ထားေလ့ရွိတာေၾကာင့္ ဘယ္သူဘယ္ဝါရယ္လို႔ မသိရျပန္ပါဘူး။ သို႔ေပမယ့္ ပီအိုက္နဲ႕ အရပ္အေမာင္းခ်င္းတူၿပီး အသားအရည္
ညိုတယ္လို႔ သတင္းရခဲ့ပါတယ္။"

သုႏၶက ခဏ နားၿပီး ေစာယြန္းကို ၾကည့္လိုက္ေသာ္ျငား ေစာယြန္းက ဆက္ေျပာရန္ မ်က္လုံးမ်ားသာ မွိတ္ျပသည္။

"ဒီလူက သႏၷီၿမိဳ႕က မဟုတ္မွန္း သိရတဲ့အခါမွာေတာ့ ေက်ာင္းေတာ္ထဲက အျပင္လူေတြကို သံသယျဖစ္လာရပါတယ္။ ပစၥည္းေပ်ာက္တာက ေက်ာင္းေတာ္ထဲမွာပဲ ျဖစ္ၿပီး ဆရာႀကီး၊ ဆရာမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသားမ်ားရဲ႕ အေစခံေတြနဲ႕ေက်ာင္းေတာ္အေစခံသာ ဝင္ထြက္ခြင့္ရတာေၾကာင့္ပါပဲ။ အေစခံမ်ားက ခိုးလွ်င္ ေငြမွ အပ တျခားအေၾကာင္းအရာမရွိနိုင္ပါ။ ေက်ာင္းသားဆိုလွ်င္ေတာ့ အေၾကာင္းတစ္ခုခုရွိလိမ့္မယ္လို႔ ေတြးခဲ့ၾကပါတယ္။ "

ဆရာႀကီးက ဘာမွ မဆိုပဲ ေခါင္းသာ ၿငိမ့္သည္။ နႏၵက ေမးသည္။

"ေမာင္လင္း-- သင့္မွာ ဘာအေၾကာင္းမ်ားရွိလို႔ ခိုးရတာလဲ ?"

ေမာင္လင္းက အၿငိမ္မေန၊ ေျခေထာက္ကို လႈပ္ေနသည္။ သူ႕ထံမွ အေျဖမထြက္လာသျဖင့္ သုႏၶကသာ ဆက္ေျပာသည္။

"ဒါေတြအားလုံးက ပီအိုက္ရဲ႕ ဉာဏ္ႀကီးမႈပါပဲ။
ပီအိုက္နဲ႕ အရပ္တူတဲ့ ေက်ာင္းသားက
သုံးေယာက္တည္းရွိပါတယ္။ ေက်ာင္းသားေတြရဲ႕ အခ်က္အလက္ကို ၾကည့္တဲ့အခါမွာ ပီအိုက္က ထူးဆန္းတာတစ္ခုကို ရွာေတြ႕ခဲ့ပါတယ္။
ပီအိုက္ပဲ ေျပာျပလိုက္ပါ။"

ေစာယြန္းက ႏွာေခါင္းကို လက္ညိုးျဖင့္အနည္းငယ္ ပြတ္လိုက္သည္။

"ေမာင္လင္းက သူခိုးနကၡတ္-- ေစာရနကၡတ္နဲ႕ ယွဥ္ၿပီးေမြးလာတဲ့သူပါ။"

ေက်ာင္းသားမ်ားက ပါးစပ္အေဟာင္းသားႏွင့္ ေမာင္လင္းကို ၾကည့္ၾကသည္။ အဌာရသ ၁၈ ရပ္တြင္ နကၡတ္ေဗဒင္ပညာသည္လည္း အပါအဝင္ျဖစ္သည္။ လူတစ္ဦး ေမြးဖြားခ်ိန္တြင္ နကၡတ္မ်ား ၊ ၿဂိဳဟ္မ်ား၏ တည္ေနရာမ်ားေၾကာင့္ ယသူခိုးဇာတာ၊ သူခိုးနကၡတ္ႏွင့္ ယွဥ္ကာ ေမြးဖြားခဲ့ပါက ခိုးခ်င္စိတ္မ်ား အလိုလိုေပါက္ဖြားတတ္သည္ဟု ေယဘုယ်သိထားၾကသည္။
ထိုနကၡတ္ႏွင့္ ယွဥ္ေမြးလွ်င္ ပင္ကိုယ္က မည္မွ်ပင္ စိတ္ထားေကာင္းသည္ျဖစ္ေစ ခိုး၀ှက်လိုမြဲဖြစ်သည်။

စာသင္ကာလ ပထမ ၂ လ ၃ လ အတြင္း
ေမာင္လင္းက စိတ္ကို အေတာ္ခ်ဳပ္တည္းခဲ့ရရွာပုံရၿပီး ေနာက္ဆုံးတြင္ မတတ္နိုင္ေတာ့ပဲ ခိုး၀ှက်ရခြင်းဖြစ်လိမ့်မည်။ နံနက္လင္းသည့္အခါ မိမိခိုးထားခဲ့ေသာ ပစၥည္းမ်ားကို ပိုင္ရွင္အား ျပန္အပ္ခ်င္ေသာ္ျငား ေစာရနကၡတ္ႏွင့္ ယွဥ္ေမြးေသာ မိမိကို ႏွိမ္မည္အထင္ႏွင့္ ပစၥည္းမ်ားကိုေဝေပးျခင္းျဖင့္ ေျဖရွင္းခဲ့ျခင္းျဖစ္သည္။

ေစာယြန္းအဖို႔ ကံေကာင္းသည္မွာ ဆရာႀကီးက ေမာင္လင္း၏ဇာတာတြင္ သူခိုးနကၡတ္ႏွင့္ ယွဥ္၍ ေမြးေၾကာင္းကို သိသာေစရန္ အမွတ္အသားအခ်ိဳ႕ ေရးမွတ္ထားခဲ့သည္။ တစ္နည္းဆိုရလွ်င္ ဆရာႀကီးက သိႏွင့္ၿပီးသားျဖစ္သည္။

ေစာယြန္းက ဆရာႀကီးအား အရိုအေသျပဳခ်ိန္တြင္ ဆရာႀကီးက ျပန္လည္ၿပဳံးျပသည္။

"ဒါဆိုရင္ ေနာင္ႀကီး ေစာယြန္းက ေျဖရွင္းခဲ့တာေပါ့။"

သီဟက ဝမ္းသာအားရ ေျပာသည္။

သို႔ေသာ္ ေစာယြန္းက သုႏၶ၏ လက္ကို ကိုင္ကာ ေျမာက္ျပသည္။

"ကြၽန္ေတာ္နဲ႕ သုႏၶ အတူေျဖရွင္းခဲ့တာပါ။"

ေက်ာင္းသားအားလုံးထံမွ ခ်ီးမြမ္းသံမ်ားက ထြက္လာသည္။ နႏၵကမူ ေစာယြန္း၏ ေတြးေခၚနိုင္စြမ္းကို ေလးစားမိသည္။ ေမာင္လင္းကိစၥကို ဆရာႀကီးက မနက္ေရာက္မွ စီစဥ္သင့္သည္ကို စီစဥ္မည္ဟု ေျပာၾကားၿပီးေနာက္ ဆရာႀကီးက အခန္းသို႔ ျပန္သြားသည္။ က်န္လူမ်ားက စု႐ုံးစု႐ုံးႏွင့္ အခန္းမ်ားသို႔ မျပန္နိုင္ၾကေသးပဲ စကားေျပာေနၾကေသးသည္။ ထိုအခ်ိန္တြင္ ေစာယြန္းႏွင့္ သုႏၶတို၏ အနီးသို႔ နႏၵႏွင့္ သီဟကေရာက္လာသည္။

"ေနာင္ႀကီး ေစာယြန္းက တကယ့္ကို ဉာဏ္ေကာင္းလြန္းတာပ။ ကျွန်ုပ်ဖြင့် မအံ့ၾသပဲ
မေနနိုင္ဘူး။ ဟုတ္တယ္မဟုတ္လား
ေနာင္ေတာ္ နႏၵ?"

သီဟက တံေတာင္ျဖင့္ တြတ္လိုက္သျဖင့္ နႏၵက တအင္းအင္းတအဲအဲႏွင့္ ျဖစ္သြားသည္။

"ေနာင္ေတာ္ သုႏၶလည္း-- ဉာဏ္ေကာင္းတာပါပဲ။"

နႏၵက ေလသံတိုးတိုးႏွင့္ေျပာသည္။ သုႏၶက
ေျပာမည့္ဟန္ျပင္သည့္အခ်ိန္တြင္ ေစာယြန္းက ျဖတ္ေျပာလိုက္သည္။

"ဒါေပါ့-- ေနာင့္စိုင္း သုႏၶရဲ႕ အကူအညီမပါရင္ သူခိုးဖမ္းဖို႔ဆိုတာ မျဖစ္နိုင္ဘူး။ "

နႏၵက မသိမသာ ေအာက္ႏႈတ္ခမ္းအဖ်ားကို သြားစြယ္ျဖင့္ ဖိကိုက္လိုက္သည္။ ေစာယြန္းက ႐ုတ္တရက္ သမ္းေဝၿပီးေနာက္ ဆိုသည္။

"ဝွားးး-- အိပ္ခ်င္လာၿပီ၊ အခုေတာ့ အခန္းကို mျပန္ၾကတာေပါ့၊ နႏၵနဲ႕သီဟတို႔၊ ညေနက်ရင္
တို႔ေတြဆုံၾကရေအာင္၊ ေျပာစရာလည္းရွိတယ္။"

သီဟက ေပ်ာ္႐ႊင္စြာေခါင္းညိတ္လိုက္ေသာ္ျငား နႏၵကမူ ေတာင့္တင္းစြာ ေခါင္းညိတ္သည္။

ထို႔ေနာက္ အားလုံးက အခန္းသို႔ ကိုယ္စီျပန္ခဲ့ၾကသည္။ ေစာယြန္းႏွင့္သုႏၶကို နားရက္တစ္ရက္ကို အပိုဆုအျဖစ္ ဆရာႀကီးက ေပးခဲ့သည္။
ဆုအစစ္ကိုမူ သူတို႔မသိရေသးေပ။

အခန္းသို႔ ျပန္ေရာက္ခ်ိန္တြင္ မိုးက တျဖည္းျဖည္းက်လာသည္။ ေစာယြန္းက
အိပ္ယာမဝင္ေသးပဲ ျပတင္းအနီးတြင္ ထိုင္သည္။ သုႏၶကလည္း အနားတြင္
လာထိုင္သည္။ ေလမပါသျဖင့္ အခန္းထဲသို႔
မိုးမပက္ေပ။ ေစာယြန္းက လက္တစ္ဖက္ကို
ဆန႔္ထုတ္ကာ မိုးေရစက္မ်ားကို လက္ျဖင့္
ခံေနမိသည္။

"ပီအိုက္--။"

"ဟင္?"

သုႏၶကလည္း ေစာယြန္းႏွင့္အတူ လက္ျဖင့္ မိုးေရစက္မ်ားကို ခံထားသည္။ သူတို႔ႏွစ္ဦး၏ လက္မ်ားက ျပတင္းေပါက္အျပင္တြင္ လႈပ္ရွားေနသည့္ မိုးေရစက္မ်ားအၾကား ၿငိမ္သက္ေနၾကသည္။

"ပီအိုက္က လူေတြကို မယုံဘူးလား ?"

ေစာယြန္းက သုႏၶအား ေခါင္းငဲ့၍ ၾကည့္သည္။

"ဘာျဖစ္လို႔လဲ ?"

သုႏၶက မိုးေရစက္မ်ားအၾကားမွ လက္မ်ားကိုသာ ၾကည့္ေနသည္။

"မနက္က ေျပာခဲ့တဲ့ စကားေၾကာင့္ပါ။ လူေတြကို မယုံဖို႔ေျပာတဲ့စကားေလ။"

ေစာယြန္းက ၿပဳံးသည္။

"ဒီက ပီအိုက္ေျပာတာနားေထာင္ေပးမလား ?"

သုႏၶက ေခါင္းတစ္ခ်က္ညိတ္ျပသည္။ ေစာယြန္းက သက္ျပင္းရွည္ခ်ၿပီးေနာက္ မိုးေရမ်ားကို ၾကည့္ကာ ေျပာသည္။

"ပီအိုက္ ဆယ္ေက်ာ္သက္အ႐ြယ္ကေပါ့-- ပီအိုက္ အရမ္းခင္ရတဲ့ သူငယ္ခ်င္းတစ္ေယာက္ရွိခဲ့တယ္။ သူနဲ႕ ပီအိုက္က သြားအတူ ၊ လာအတူ ၊ ကစားလည္းအတူပဲ။ ေနဦး၊ သူနဲ႕ခင္ခဲ့တာ
ပီအိုက္ရဲ႕ အသက္ တစ္ဝက္ေက်ာ္ အခ်ိန္ၾကာခဲ့တယ္။ တစ္ရက္မွာ ပီအိုက္က သူ႕ကို လွ်ို႔ဝွက္ခ်က္ တစ္ခုကို ေပးသိခဲ့တယ္။ ဒါေပမယ့္-- သူက ပီအိုက္အေပၚ ဆက္ဆံေရးေျပာင္းလဲသြားခဲ့ၿပီး
ပီအိုက္ရဲ႕ လွ်ို႔ဝွက္ခ်က္ကို တျခားလူေတြကို ေျပာခဲ့တယ္။ "

ေစာယြန္းက ေက်ာင္းေနဘက္ ငယ္သူငယ္ခ်င္းအား သူ၏ လိင္စိတ္တိမ္းၫြတ္မႈအေၾကာင္း ေျပာျပခဲ့မိသည္။ ရင္ဖြင့္ရာမွ မိမိအေၾကာင္းကို ေျပာျပခဲ့မိၿပီး အျခားမည္သူ႕ကိုမွ မေျပာရန္ ကတိေတာင္းခဲ့သည္။ ရလဒ္ကား ဆယ္ႏွစ္ေက်ာ္ သူငယ္ခ်င္းသံေယာဇဥ္က အလြန္လြယ္ကူစြာ တစ္ဖက္သတ္ျဖတ္ေတာက္ခံခဲ့ရၿပီး မိမိ၏ လွ်ို႔ဝွက္ခ်က္ကို တစ္ေက်ာင္းလုံးက သိသြားခဲ့သည္။ သူခင္ရေသာ လူမ်ားက သူ႕ကို ေက်ာခိုင္းခဲ့ၾကသည္။ ေက်ာင္းပင္ ေျပာင္းခဲ့ရသည္အထိ စိတ္အႏွောင့္အယွက္အေပးခံခဲ့ရသည္။ ထိုအခ်ိန္မွစကာ မည္သူ႕ကိုမွ အယုံမလြယ္ရန္ မိမိကိုယ္ကို သတိေပးေနခဲ့မိသည္။ ေစာယြန္းက စိတ္ပ်က္စြာျဖင့္ စုတ္တစ္ခ်က္သပ္လိုက္သည္။ သို႔ေသာ္ သူက ထိုက်က္သေရတုံးကို အံသြားကြၽတ္ေစသည္အထိ ထိုးခဲ့သျဖင့္ ေက်နပ္မိသည္။ မထိုးခဲ့မိပါက ပို၍ တႏုံ႕ႏုံ႕ခံစားေနရဦးမည္ေလ။

သုႏၶက ခဏၾကာသည္အထိ ၿငိမ္ေနသည္။ ထို႔ေနာက္ မိုးေရထဲမွ ေစာယြန္း၏ လက္ကို လက္ဝါးေစာင္းျဖင့္ အသာအယာ တိုက္လိုက္သည္။

"ေဟ့၊ ဘာလုပ္တာလဲ ?"

သုႏၶက စကားနားမေထာင္ပဲ လက္ေပၚမွ မိုးေရစက္အနည္းငယ္ႏွင့္ ေစာယြန္း၏ မ်က္ႏွာဘက္သို႔ ပက္လိုက္သည္။

"ဟာ-- ဒီေကာင္ေလး၊ ဘာလုပ္တာလဲ ?"

ေစာယြန္းက လက္ေခ်ာင္းမ်ားကို ေလထဲ ေတာက္သည့္ဟန္လုပ္သည့္အခါတြင္ ေရစက္မ်ားက သုႏၶ၏ မ်က္ႏွာကို စင္သြားသည္။

သုႏၶက ဘာမွမေျပာပဲမိုးေရစက္မ်ားကို လက္ျဖင့္ခံကာ ေစာယြန္းအား ပက္လိုက္ျပန္သည္။
ေစာယြန္းကလည္း သူ႕အတိုင္း ျပန္ပက္သည္။ ေနာက္ဆုံးတြင္ ေရတိုက္ပြဲက ျပင္းထန္လာသျဖင့္ သုႏၶက ေရျဖင့္မပက္ေတာ့ပဲ ေစာယြန္းကို ခါးမွ ေပြ႕ခ်ီလိုက္သည္။

"အ- ဘာလုပ္တာလဲ ?"

သုႏၶက ေစာယြန္းအား ခ်ီထားလ်က္ အခန္း၏
ဝရံတာဆီသို႔ ေလွ်ာက္သြားသည္။ ေစာယြန္းက လက္မ်ားျဖင့္ သုႏၶ၏ပုခုံးႏွစ္ဖက္ကို ကိုင္လႈပ္ကာ တားသည္။

"မနက္က ကိုရီးယားကား၊ ညက်ေတာ့
ေဘာလိဝုဒ္ကားလား--- မသြားနဲ႕ေနာ္--
မသြားးး--အေမေရ !!!"

သုႏၶက ေစာယြန္းကို ခ်ီလ်က္ ဝရံတာတံခါးကို
ဖြင့္ကာ ဝရံတာတြင္ ရပ္သည္။ ဝရံတာက
အမိုးမရွိေသာေၾကာင့္ မိုးေရမ်ားက သူတို႔၏ ကိုယ္ေပၚသို႔ အဆက္မျပတ္က်လာသည္။

ေစာယြန္းက ခဏအၾကာတြင္ ႐ုတ္တရက္ ဟက္ဟက္ပက္ပက္ ရယ္လိုက္သည္။ သုႏၶက မိုးေရၾကားမွ သူ႕အား ေမာ့ၾကည့္ကာ ေမးသည္။

"ဘာျဖစ္လို႔လဲ ?"

ေစာယြန္းက သူ႕ကို ငုံ႕ၾကည့္သည္။

"ဘာမွမဟုတ္ဘူး။ ဒီအတိုင္း ရယ္ခ်င္လို႔။"

သုႏၶက ေစာယြန္းကို ၾကမ္းျပင္ေပၚခ်ေပးသည္။

"ဘာကို ရယ္ခ်င္တာလဲ ?"

ေစာယြန္းက သူ၏ ရင္ဘတ္ကို ပုတ္ျပသည္။

"ဒီလူရဲ႕ ဘဝကို ရယ္ခ်င္တာေပါ့။ အခ်ိန္ခရီးသြားတဲ့ ဇာတ္လမ္းထဲကေရွးေခတ္ဇာတ္လမ္း၊ ဒီေရွးေခတ္ဇာတ္လမ္းထဲက
ကိုရီးယားဇာတ္လမ္းနဲ႕ ေဘာလီးဝုဒ္ဇာတ္လမ္းေလး။ ဒီဘဝအေၾကာင္းသာ စာအုပ္ထုတ္ရင္ BEST SELLER စာေရးဆရာျဖစ္ၿပီပဲ။ အဟားဟား။"

သုႏၶက ေခါင္းခါသည္။

"တကယ္ပဲ ပီအိုက္ေျပာတဲ့စကားေတြကို ကျွန်ုပ်လိုက်မမီဘူး။ "

သူတို႔က မ်က္ႏွာမ်ားကို ေမာ့လ်က္ မိုးေရစက္မ်ားကို မ်က္ႏွာေပၚတိုက္ရိုက္က်ေစသည္။
ထိုစဥ္ သုႏၶက ေျပာသည္။

"ပီအိုက္၊ တကယ္ပဲ အင္းဝကို ျပန္ေရာက္တဲ့အခါ နန္းေတာ္တြင္းထဲမွာ အမႈမထမ္းခ်င္ဘူးလား ?"

ေစာယြန္းက ခဏမွ် ပိတ္ထားေသာ မ်က္လုံးမ်ားကို ဖြင့္ကာ သုႏၶကို ၾကည့္သည္။

"ဘာျဖစ္လို႔လဲ ?"

လ်ပ္စီးလက္သြားသျဖင့္ သုႏၶ၏ မ်က္ႏွာထားကို ေစာယြန္းက စကၠန႔္ပိုင္းမွ် ပို၍ ၾကည္လင္စြာ ၾကည့္လိုက္နိုင္သည္။

"ပီအိုက္ရဲ႕ အရည္အခ်င္းေကာင္းေတြကို ႏွေျမာမိၿပီး--- ကျွန်ုပ်က ပီအိုက္နဲ႕ အတူရွိေနရတာကို
ေနသားက်ေနၿပီေလ။"

'၄လပဲရွိေသးတာကို' ဟူေသာစကားက ေစာယြန္းက လည္ေခ်ာင္းထဲမွ မထြက္လာေပ။ သူသည္လည္း ၄လအတြင္း သုႏၶႏွင့္ အတူ ေန႕ရက္တိုင္းကို ျဖတ္သန္းေနရျခင္းအား အသားက်လာၿပီျဖစ္သည္။ သုႏၶ၏ မ်က္ႏွာထားက မေကာင္းေတာ့သျဖင့္ ေစာယြန္းက ျငင္းရန္စကားလုံးမ်ားေပ်ာက္ဆုံးသြားသည္။ သို႔ေသာ္ ခဏအၾကာတြင္ ေစာယြန္းက ေရ႐ြတ္သည္။

"၁၈၀၀-- ဒီအခ်ိန္ တျခားနိုင္ငံေတြမွာ သိပၸံပညာရွင္ေတြအမ်ားႀကီး ရွိေနၿပီ။ ငါတို႔နိုင္ငံမွာ
မရွိေသးတာ တစ္ခုခုကို လုပ္လိုက္ရင္ ငါက
ျမန္မာ့ပထမဆုံးျဖစ္လာနိုင္မလား --- ဟုတ္ၿပီ။ ငါဒီမွာ ေနတဲ့ အခ်ိန္အတြင္း ငါတို႔နိုင္ငံကို တိုးတက္ေအာင္ အမ်ားႀကီး ထြင္လို႔ရတာပဲ !!!! ဟုတ္ၿပီ !! အႀကံေပးလုပ္မယ္ ! သုႏၶ-- ေနာင့္စိုင္း ေျပာတဲ့အတိုင္း အႀကံေပးလုပ္မယ္ !"

သုႏၶ၏ မ်က္ႏွာတြင္ အၿပဳံးတစ္ခုက လ်င္ျမန္စြာေရာက္လာသည္။ သူက ဝမ္းသာအားရေအာ္ဟစ္သည္။

"တကယ္လား ပီအိုက္ ! တကယ္ေျပာေနတာလား ?"

ေစာယြန္းက ေခါင္းညိတ္သည္။

"တကယ္ေပါ့ ! အမ်ားႀကီး တီထြင္ပစ္မယ္ ! !
ငါဟာ အင္းဝကို ပိုၿပီး တိုးတက္ေအာင္ ကူညီမယ့္ စူပါဟီးရိုးပဲ!"

သုႏၶက ေစာယြန္းကို တဖန္ျပန္ခ်ီကာ ဝရံတာတြင္ ေအာင္ပြဲခံေလသည္။ ေစာယြန္းကလည္း လက္မ်ားကို သုႏၶ၏ ပုခုံးေပၚတြင္ မေထာက္ပဲ သုႏၶ၏ လည္ပင္းကို သိုင္းဖက္ကာ ၿပဳံးေပ်ာ္ေနသည္။ သည္တစ္ညေတာ့ ေစာယြန္းက ပင္ပန္းေနသည့္ စိတ္ကို လႊတ္ေပးမိခဲ့သည္။

"ဒီႏွစ္ေယာက္က--တစ္မ်ိဳးပဲေနာ့။ "

သူတို႔၏ ေဘးခန္းမွ ေက်ာင္းသားႏွစ္ေယာက္ကား ေဘးခန္း၏ ဝရံတာတြင္ ေခါင္းျပဴလ်က္ သူတို႔အား မ်က္လုံးျပဴး မ်က္ဆန္ျပဴးႏွင့္ ၾကည့္ေနၾကသည္။

"သူခိုးဖမ္းမိလို႔ ေပ်ာ္ေနၾကတာထင္ပ၊
သူတို႔ႏွစ္ေယာက္ရဲ႕ မိတ္ေဆြ သံေယာဇဥ္က အေတာ္ေကာင္းတာပဲ၊ ဝါးး-- ကိုယ္ေတာ့
အိပ္ေတာ့မယ္။"

"ရာသီဥတုက ေအးကေအးနဲ႕ ကျွန်ုပ်တို့
တစ္ကုတင္တည္း အိပ္ၾကမလား ? ေစာင္ႏွစ္ထပ္ၿခဳံရရင္ ပိုႏြေးမွာပ။"

" က်ဳပ္တို႔ကလည္း မိတ္ေဆြေတြပဲ။
ႏွစ္ေယာက္လုံး ႏြေးႏြေးေထြးေထြးနဲ႕ အိပ္ရေတာ့ ေကာင္းတာပ။"

"မိတ္ေဆြစစ္ မိတ္ေဆြမွန္ေတြက တစ္ေယာက္ေကာင္းစားဖို႔ တစ္ေယာက္က ေမွ်ာ္လင့္ၾကတာပါပဲေလ၊ အိပ္ၾကရေအာင္ အေဆြေရ။"

[Editors note - Just bros being bros ]
[Author's note - Ha Ha Ha]

ဒုဌဝတီျမစ္၏ ကမ္းနံေဘးတြင္ လက္မ်ားကို အေနာက္တြင္ ပစ္ထားလ်က္ ညေနဆည္းဆာသို႔ ေမွ်ာ္ၾကည့္ေနသူတစ္ဦးရွိေနသည္။ သည္ျမစ္အတြင္းသို႔ ခုန္ဆင္းကာ ကူးခတ္၍ ျမစ္၏ ျမစ္ဖ်ားခံရာေဒသအထိ ကူးခတ္သြားခ်င္မိသည္ဟု ထိုလူက ေတြးေနသည္။ သူက လက္ထဲတြင္ ဘီးတစ္ေခ်ာင္းကို ကိုင္ထားၿပီး လက္မႏွင့္ ဘီးသြားမ်ားကို ဖိေနသည္။

"တစ္ရက္ ၊တစ္ရက္က အခ်ိန္ေတြၾကာလြန္းသလိုပဲ။"

ထိုသူ၊ ဟန္စစ္မင္း၏ ေဘးနားတြင္ ရွိေနသည့္ ျမင္းညိုက ႐ုတ္တရက္ ဟီလိုက္သည္။
ဟန္စစ္မင္းက ျမင္းကို ၾကည့္သည့္အခ်ိန္တြင္ ေနဝန္းမွာ ျဖာက်ေနသည့္ လိေမၼာ္ေရာင္မ်ားက သူ၏ မ်က္လုံးမ်ားကို အေရာင္လက္သြားေစသည္။

"မင္းလည္းပဲ မင္းရဲ႕ သူငယ္ခ်င္းကို သတိရေနတယ္မဟုတ္လား ?"

ဟန္စစ္မင္း၏ ျမင္းညို၏ လည္ဆံရွည္မ်ားကို လက္ထဲမွ ဘီးႏွင့္ ၿဖီးသင္ေပးသည္။ ျမင္းက သေဘာက်စြာျဖင့္ သူ၏ လည္ပင္းကို
ဟန္စစ္မင္းဘက္သို႔ တိုးေပးသည္။

"ငါလည္း သတိရပါတယ္။ အခုအခ်ိန္ဆိုရင္ ဒုတိယလဆန္း စာေမးပြဲေျဖၿပီးၿပီထင္တယ္...
သူ ဘာေတြမ်ား လုပ္ေနလိမ့္မလဲ? "

ထိုစဥ္ ျမစ္ေရျပင္က်ယ္ေပၚတြင္ ရွပ္ေျပး၍ တိုက္ခတ္လာသည့္ ေလေအးမ်ားေၾကာင့္
ဟန္စစ္မင္းက ျမင္းကို ဖီးသင္ေပးေနမႈအား ခဏမွ် ရပ္ကာ ေလကို တဝရႈရွိုက္မိသည္။ ႏွာေခါင္းအတြင္းမွ ဝင္လာေသာ ေလမ်ားက အဆုတ္မ်ားထဲအထိ ေရာက္သြားၿပီး ေအးခ်မ္းမႈက
တစ္ကိုယ္လုံးအား ပ်ံ့ႏွံ႕သြားသည္။ ထိုအခ်ိန္တြင္ အေနာက္မွ ေျခလွမ္းစိတ္စိတ္ႏွင့္ ပ်ာယီးပ်ာယာ ေျပးလာသည့္ ေျခသံတစ္သံေၾကာင့္ သက္ျပင္းခ်လိဳက္ၿပီး အေနာက္သို႔ လွည့္လိုက္သည္။

အေစခံက အရိုအေသျပဳၿပီးေနာက္ အလ်င္အျမန္ ေျပာသည္။

"စစ္သူႀကီးမင္း! ! !
ဘဝရွင္မင္းတရားႀကီးက ယခုခ်က္ခ်င္း နန္းေတာ္ကို အခစားဝင္ေရာက္ပါရန္ မိန႔္ၾကားေတာ္မူပါတယ္။"

ဟန္စစ္မင္းသည္ မိမိစိတ္ထင့္ေနသည့္ အရာ
မျဖစ္ပါေစႏွင့္ဟုသာ ဆုေတာင္းရင္း ျမင္းညိုေပၚသို႔ ခုန္လႊားတက္ကာ ဇက္ႀကိဳးကို ဆြဲလိုက္ၿပီး
တဟုန္ထိုး ေျပးထြက္သြားသည္။


သိႏၷီၿမိဳ႕ရွိ စားေသာက္ဆိုင္ တစ္ခုတြင္ျဖစ္သည္။ လူငယ္ေလးေယာက္က စားပြဲဝိုင္းတစ္ခုတြင္ထိုင္ေနၾကၿပီး တစ္ေယာက္ကေတာ့ မ်က္ႏွာမေကာင္း ျဖစ္ေနၿပီး တစ္ေယာက္က စပ္ၿဖီးၿဖီး မ်က္ႏွာထားျဖင့္ ျဖစ္သည္။

"ညီငယ္ အကို ခိုင္းတာ အကုန္လုပ္မွာ ဟုတ္!"

"ေယာက္်ားဆိုတာ ေျပာတဲ့စကားတည္ၿပီးသား !"

နႏၵက လက္ခေမာင္းခတ္ကာ မေအာ္႐ုံတမယ္ အသံက်ယ္က်ယ္ႏွင့္ ဆိုသည္။

"ေကာင္းၿပီ ၊ အကို ခိုင္းမွာက လြယ္ပါတယ္။
အရင္ဆုံး ဒီည စားတာေသာက္တာေတြကို
ညီငယ္ ေကြၽးရမယ္။ ေနာက္တစ္ခုကေတာ့
အကိုနဲ႕ ညီငယ္ ဆက္ဆံေရးအဆင္ေျပခ်င္တယ္။ အကို သိပါတယ္ညီငယ္အေနနဲ႕ အကို႔အေပၚ
မေက်နပ္တာေလးေတြရွိတယ္ဆိုတာ--
ဒါေပမယ့္လည္း အကိုတို႔က ကေလးေတြမဟုတ္ၾကေတာ့ဘူးမို႔လား။ တစ္ေယာက္ နဲ႕တစ္ေယာက္ ဆက္ဆံေရးအဆင္ေျပၾကေတာ့ ပိုမေကာင္းဘူးလား"

"လက္ခုပ္က ႏွစ္ဖက္တီးမွ ျမည္တာပ။ ကျွန်ုပ်တို့ရဲ့ ဆက္ဆံေရး အဆင္ေျပမေျပက ေနာင္ႀကီး အေပၚမွာလည္း မူတည္တယ္။ "

နႏၵ၏ စကားၾကားသည့္အခါ ေစာယြန္းက
ရယ္သည္။

"ဟုတ္ပါၿပီ ၊ ဒါဆိုရင္ အကိုနဲ႕ညီငယ္က အခုအခ်ိန္ကစလို႔ တစ္ဖက္လူ အဆင္ေျပေအာင္ ျပဳမူေျပာဆိုၾကမယ္။ "

"ေကာင္းၿပီ ။"

"ဒါဆို တစ္ခြက္! "

ေစာယြန္းက ခြက္ကို အလည္ျမႇောက္ရင္းေျပာသည္။ က်န္သူမ်ားက ေၾကာင္အမ္းအမ္း။ ေနာက္မွ ေစာယြန္းက ေခတ္ကို သတိရသြားဟန္ျဖင့္.. ။

"ခြက္အခ်င္းခ်င္း ထိၾကမယ္၊ လာလာ။ "

ေစာယြန္းေျပာမွ အကုန္လုံးက က်န္သုံးေယာက္က သူေျပာသည့္အတိုင္း လုပ္ၾကသည္။
ခြက္ေတြအားလုံး ထိၿပီးေတာ့မွ ေစာယြန္းက စကားဆက္သည္။

"ေစာယြန္း၊ သုႏၶ၊ နႏၵနဲ႕ သီဟ၊ ကျွန်ုပ်တို့က ဒီေန႕ကစၿပီး မိတ္ေဆြအရင္းအခ်ာေတြျဖစ္သြားၿပီ။ တစ္ေယာက္နဲ႕တစ္ေယာက္ သစၥာေဖာက္တာ၊ ေနာက္ေက်ာကို ဓားနဲ႕ထိုးတာ-- ဒါက အဆိုးဆုံးလုပ္ရပ္ပဲ -- ၿပီးေတာ့ တစ္ေယာက္ကို တစ္ေယာက္ မေကာင္းႀကံတာမ်ိဳး လုပ္လို႔မျဖစ္ဘူး။ ဟုတ္ၿပီလား၊ တစ္၊ႏွစ္၊သုံး Cheers ! "

က်န္သုံးေယာက္က ၾကားသည့္စကားအတိုင္းလိုက္ေျပာၾကၿပီးေနာက္ တၿပိဳင္တည္း ရယ္ေမာၾကသည္။သူတို႔ႏွင့္ မ်က္ေစာင္းထိုးစားပြဲတြင္ ထိုင္ေနသည့္ တိုင္းတပါးသားအခ်ိဳ႕က သူတို႔အား ၾကည့္ေနၾကသည္ကိုမူ သူတို႔မသိၾကေပ။

Continue Reading

You'll Also Like

56.7K 4.1K 8
zaw gyi version Shuu~~~ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ရဲ႕ခ်စ္ရသူ ပိစိေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဖတ္ေပးၾကမယ္ ဟုတ္? အခုမွ fic စေရးမွာဆိုေတာ့ အားေပးၾကပါခင္ဗ်...
578K 67.2K 187
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
166K 23.9K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
489K 23.1K 50
Seme က Uke ကို ဘယ္​​ေလာက္​ခ်စ္​သလဲ? ငံုထားမတတ္​ခ်စ္​ပါတယ္​။ 😁😁😁 ကိုယ္​့အႀကိဳက္​ angst ​ေတြ drama ​ေတြ​ေရးၿပီး​ေတာ့ စာဖတ္​သူအႀကိဳက္​​ေလး​ေရးျဖစ္​တာ...