Cherry Blossom

By pauksa93

6K 334 4

Love Story Between Two Young men ~ ဆောင်ကြာမြိုင်မှာ ရောင်းစားခံလိုက်ရတဲ့ ကလေးလေးတယောက် သူကိုမြတ်နိုးမိတဲ့ သူ... More

Cherry Blossom Part 1

Cherry Blossom Part 2

2.5K 159 3
By pauksa93

သူကာကွယ်ချင်ခဲ့တဲ့ကလေးလေး သူ့ရင်ခွင်ထဲတသက်လုံးထည့်ထားချင်တဲ့ကလေးလေး.. တဘဝလုံးစာ စောင့်ရှောက်ချင်တဲ့ကလေးလေး.. သူ့စိတ်ကူးတွေ တစစီပျက်စီးကုန်တာ အဖေ လေလံပွဲကို ဝင်ပြိုင်မယ်ပြောကတည်းက.. သူ ဘာတတ်နိုင်မှာလဲ အခုမှ စီးပွားရေးလောကထဲဝင်ပြီး ကြိုးစားနေတဲ့လူငယ်တယောက်အနေနဲ့ လေလံအောင်တဲ့အထိစွမ်းဆောင်နိုင်မှာ မဟုတ်မှန်းသူသိနေတယ်.. အဖေ့ကို အကူအညီတောင်းရင်ရပေမယ့် သူ့အစွမ်းအစနဲ့ပဲ သူကြိုးစားချင်ခဲ့တာ..

Junmyeon အနားကပ်သွားပြီး Kyungsooရဲ့ကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး နဖူးကိုဖွဖွလေးနမ်းလိုက်တယ် "ကံကောင်းပါစေ.. "

ပြီးတော့ ချက်ချင်းပဲ Junmyeonလှည့်ထွက်လာလိုက်တယ် သူ့ကိုမုန်းလက်စနဲ့မုန်းပါစေ.. သူ့မျက်ရည်တွေကိုလည်း Kyungsooကို မမြင်စေချင်ဘူး..

Kyungsooကတော့ အံသြရင်း မတ်တပ်ရပ်ပြီး ကျန်ခဲ့တယ်..

"Kyungsoo..  လေလံပွဲပြီးပြီ.. အိပ်ရာဝင်ဖို့ပြင်ရတော့မယ် " အထိန်းတော်လာခေါ်မှ သတိပြန်ဝင်လာပြီး အထိန်းတော်နောက်ကို လိုက်သွားလို်က်တယ်.. လေလံနိုင်တဲ့သူက လူကောင်းတယောက်ဖြစ်ပါစေလို့ ဆုတောင်းရင်းနဲ့..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Kyungsoo အခန်းတံခါးကို ညင်ညင်သာသာလေး ခေါက်လိုက်တယ်.. စိတ်လှုပ်ရှားနေတာမှန်ပေမယ့် Junmyeonမဟုတ်ဘူးဆိုတာ သိနေတော့လည်း စိတ်ထဲက လှိုက်လှိုတ်လှဲလှဲတော့မရှိ.. ဒါပေမယ့်လည်း သူ့ဘဝရဲ့ဘဝအစမှာ ပထမဆုံးတယောက်ကို စိတ်ပျက်စရာတွေတော့ မပေးချင်..

"Kyungsoo...??" အခန်းထဲက သူလားဆိုပြီး လှမ်းမေးတယ်.. အသံပိုင်ရှင်က ဘယ်လိုရုပ်ရည်လည်းတော့ သူမသိ ဒါပေမယ့် အသံကြားရုံနဲ့ယောက်ျားပီသမှန်းတော့ သိသာသည်..

"ဟုတ်.. ဟုတ်ပါတယ်.. "

"ဝင်ခဲ့လေ.. "

သူဝင်သွားတော့ အခန်းက မီးရောင် မှိန်ပြပြပဲထွန်းထားတယ် အိပ်ရာကိုတော့ လှလှပပလေးပြင်ထားပြီး အမွှေးနံ့သာအနံ့တွေလည်း ရနေတယ်.. ရုတ်တရက်ကြီး ချောက်ကမ်းပါးမှာရပ်နေရတယ်ဆိုတဲ့ ခံစားချက်.. Junmyeonမှ မဟုတ်တာ .. သူကိုယ့်သူစိတ်ထိန်းဖို့ဆက်တိုက်သတိပေးနေပေမယ့်လည်း နှလုံးသားက လက်မခံ.. Junmyeonမဟုတ်ဘူးဆိုတဲ့ အသိနဲ့တင် သူ့ခြေထောက်တွေ အားမရှိတော့.. အခန်းတံခါးပိတ်ပြီး အိပ်ရာဆီသွားဖို့လည်း အာရုံမရ.. တံခါးရှေ့မှာ မတ်တပ်ရပ်ပဲရပ်နေမိတယ်..

"လာလေ Kyungsoo.. " တဖက်က လှမ်းခေါ်ပေမယ့် Kyungsooကတော့ ဘာမှ မတုံ့ပြန်..

ထိုင်နေတဲ့ ပုဂ္ဂိုလ်.. သူ့ရဲ့ပထမဆုံးညကို ရမယ့်သူက ထလာပြီး သူ့ဆီလျှောက်လာတယ် မီးရောင်မှိန်နေတာကြောင့် သဲသဲကွဲကွဲတော့ မမြင်ရပေမယ့် အရပ်အတော်ရှည်ပြီး ယောက်ျားပီသတဲ့ခန္ဓာကိုယ်ရှိတာတော့ အမှန်ပဲ.. ပြီးတော့ ဒီနိုင်ငံသား ဖြစ်ဟန်မတူ..

Kyungsooရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး "ကိုယ်က Wu Yi Fanပါ တရုတ်ပြည်က ကုန်သည်ပေါ့" ကိုရီးယားစကားပြောပေမယ့် သိပ်တော့ မပီ..

"ဟုတ် " တုန်နေတဲ့အသံကို ထိန်းပြီး ပြောနေပေမယ့် Mr.Wu ကတော့ ရိပ်မိသလိုပဲ.. Kyungsooရဲ့ဆံပင်တွေကို သာသာလေးသပ်ပေးရင်း သူ့ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တယ်..

"ကိုယ် ကြင်ကြင်နာနာလေး ဆက်ဆံပါ့မယ်.. မကြောက်ပါနဲ့.. "

Kyungsooကို အိပ်ရာပေါ်မှာ ချပေးပြီး Mr.Wuက သူ့ကိုယ်မှာရှိတဲ့ ဝတ်ရုံတွေကို စပြီးဖယ်နေတာကို Kyungsooတွေ့လိုက်ရတယ်.. အဝတ်အစားချွတ်နေတဲ့Wu Yi Fanသာ Junmyeonဖြစ်ရင်ဆိုတဲ့အတွေးတွေ Kyungsooတွေးနေမိတုန်း.. ခဏနေတော့ Mr.Wu ကို အတွင်းအင်္ကျီတထပ်နဲ့ပဲ Kyungsooတွေ့လိုက်ရတယ်.. ပြီးတော့ သူ့ကိုယ်ပေါ်မိုးပြီးကျလာတဲ့အရိပ်တခု..

"ကိုယ်တို့ စကြတော့မလား" Wu Yi Fanက ညင်ညင်သာသာလေးမေးပေမယ့် Kyungsooအတွက်တော့ နာကျင်စရာတွေကြီးပဲလို့ ခံစားနေရတယ်.. ခေါင်းငြိမ့်ပြရုံကလွဲပြီး Kyungsoo ဘာစကားမှ ထွက်မလာ.. Mr.Wu ရဲ့မျက်နှာကို အနီးကပ်မြင်ရတော့ ရုပ်ရည်ချောမောတဲ့ သူတယောက်လို့ ခံစားရပေမယ့် Junmyeonမှမဟုတ်တာဆိုတဲ့အမှန်တရားက သူ့နှလုံးသားကို ဓားနဲ့ထိုးနေသလိုပဲ..

Mr.Wu က တထပ်ထဲပဲ ဝတ်ထားတဲ့ Kyungsooရဲ့အင်္ကျီအဖြူရောင်လေးကို ဖြည်းဖြည်းချင်းစချွတ်တယ်.. Kyungsooကတော့ အရုပ်ကြိုးပြတ်ချထားတဲ့ရုပ်သေးရုပ်အတိုင်းပဲ.. ဘာတုံ့ပြန်မှုမှမရှိ.. ခဏနေတော့ သူ့ခန္ဓာကိုယ်မှာ Wu Yi Fanရဲ့ အနမ်းတွေကို Kyungsoo ခံစားမိတယ်.. သူနဲ့Junmyeonရဲ့ပထမဆုံးအနမ်းလေးကို ပြန်သတိရလာပြီး မျက်ရည်ကျတော့မှာသိနေလို့ မျက်လုံးအလျင်အမြန်မှိတ်လိုက်တယ်..

တခါမှ မခံစားဖူးတဲ့ နာကျင်မှု တခု.. အဲ့နာကျင်မှုရဲ့နောက်မှာ တခါတည်းပါလာတဲ့ သာယာမှုတွေ.. Kyungsooကံကောင်းတယ်ပဲပြောရမလား Mr.Wuက သူ့အပေါ် မကြမ်းတမ်းဘူး..

သူ့ရဲ့ပထမဆုံးညက Junmyeonနဲ့မဟုတ်ခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ Junmyeonနဲ့အတူရှိနေဖို့ စိတ်ကူးယဉ်နေမိတုန်းပဲ.. သူ့မျက်ခွံတွေလေးလာပြီး ပင်ပန်းလာတယ်တို့ သူခံစားလိုက်ရတယ်..

"ကောင်းသောညပါ Kyungsoo" Kyungsooရဲ့နဖူးကိုဖွဖွလေးနမ်းပြီး နှုတ်ဆက်လိုက်တဲ့Wu Yi Fanရဲ့အသံ.. ခဏကြာတော့ Wu Yi Fanရဲ့ ရင်ခွင်ထဲမှာပဲ Kyungsoo ကလေးလေးတယောက်လို အိပ်ပျော်သွားတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နေ့မနက် Kyungsoo နိုးလာတော့ ဘေးနားမှာ Wu Yi Fan မရှိတော့.. သူ့ကိုတော့ စောင်ခြုံပေးထားပြီး နွေးနွေးထွေးထွေးနဲ့ထားခဲ့ပုံပဲ.. သူထဖို့ကြိုးစားလိုက်တော့ ခါးအောက်ပိုင်းက နာနေပြီး မတ်တပ်ရပ်လို့မရ.. မနေ့ညက အရှိန်ကြောင့်ပဲ နေမှာပါဆိုပြီး သူစောင်ထဲပြန်ဝင်ပြီး တကိုယ်လုံးကို ပတ်ထားလိုက်တယ်.. စောင်အောက်က သူ့ကိုယ်မှာတော့ အင်္ကျီမရှိသေး..

သူ အရှေ့ဧည့်ခန်းမှာလူ၂ယောက် စကားပြောသံတွေကို ကြားနေရတယ်.. သေသေချာချာတော့ မသဲကွဲ.. သူထပြီးတော့ ကိုယ်လက်သန့်စင်ရဦးမယ်.. အိပ်ရာဘေးမှာ ပြန့်ကျဲနေတဲ့သူ့အဝတ်အစားတွေကို ကောက်ရင်း အသင့်ချထားတဲ့ ဝတ်စုံအသစ်ကို အားယူပြီး ဝတ်လိုက်တယ်.. ပြီးတော့ ဘေးက ဘီရိုကိုကိုင်ပြီး သူမတ်တပ်ရပ် အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်တော့.. ဧည့်ခန်းမှာထိုင်နေတဲ့လူ၂ယောက်က တပြိုင်နက်လှည့်ကြည့်ကြတယ်..

"ကလေးလေး နိုးပြီလား အိပ်ရေးရော ဝရဲ့လား.. " Wu Yi Fanက Kyungsooကို ပြုံးပြရင်း လှမ်းမေးတယ်..

ထုံးစံအတိုင်း သူခေါင်းငြိမ့်ရုံငြိမ့်ပြပြီး Wu Yi Fan ရှေ့မှာထိုင်နေတဲ့သူဆီ အာရုံရောက်သွားတယ်..

"Jun.. Junmyeon Hyung.. " သူတကိုယ်တည်းကြားအောင် ရေရွတ်လိုက်မိတယ်.. သူရဲ့ပျော့ညံ့ပြီး စိတ်ဓာတ်တွေမြေကြီးအောက်ရောက်နေတဲ့ပုံကို Junmyeonကို လုံးဝမမြင်စေချင်ခဲ့ဘူး.. ဒါပေမယ့်လည်း အရမ်းအားနည်းနေတဲ့ သူ့ခန္ဓာကိုယ်က အဲ့နေရာကနေ အလျင်အမြန်ထွက်နိုင်  ဖို့ အားမပေးဘူး..

"ကလေးလေး လမ်းလျှောက်နိုင်ရဲ့လား ကိုယ်လိုက်ပို့ပေးရမလား.. အော်ဒါနဲ့ ဒါ Mr.Kim.. Kim Junmyeonတဲ့ ကိုယ်နဲ့ညီအကိုလိုခင်တဲ့ မိတ်ဆွေတွေလေ.. "

ကမ္ဘာကြီးက ကျဉ်းတယ်ဆိုတာ Kyungsoo လက်ခံလိုက်တယ် တခြားသူမဟုတ်ဘဲ ဘာလို့Junmyeonဖြစ်နေရတာလဲ.. အဲ့ဒီ ဖြစ်ရဲ့လားဆိုပြီး သနားတဲ့မျက်လုံးတွေနဲ့ကြည့်နေတဲ့ Kim Junmyeonကို သူသတ်ပစ်ချင်နေတယ်.. Junmyeonရဲ့အကြည့်တွေကို မသိချင်ယောင်ဆောင်ရင်း Wu Yi Fanကို သူနှုတ်ဆက်လိုက်တယ်..

"ကျွန်တော့်ကို သွားခွင့်ပြုပါဦး"

ပြေးသွားမတတ်သွားတဲ့ Kyungsooရဲ့ ကျောပြင်ကိုကြည့်ရင်း Junmyeon နှလုံးသားတွေ တစစီ ကြေကွဲသွားသလို ခံစားရတယ် သူ့ကိုတောင် မျက်နှာချင်း မဆိုင်တော့ဘူးလေ..

"အဲ့ကလေး ချစ်ဖို့ကောင်းတယ်ဟုတ်.. မနေ့ညက တကယ့်ကို သာယာတာ"

Wu Yi Fanရဲ့ မနေ့ညက အတွေ့အကြုံတွေကို ခေါင်းငြိမ့်ရုံကလွဲပြီး သူဘာမှ ပြန်မပြောနိင်..

"ငါသူ့Master လုပ်ရင် ကောင်းမလားလို့"

Wi Yi Fanစကားက Junmyeonနှလုံးသားကို ဓားနဲ့တည့်တည့်ထိုးလိုက်သလိုပဲ..

"ဒါပေမယ့် အရမ်းငယ်သေးတယ် မနေ့ညက သူ့ကြည့်ရတာ စိတ်လည်းမပါသလိုပဲ.. စဉ်းစားဦးမှာပါ"

"အင်း.. ငါပြန်တော့မယ် ဂျပန်သွားဖို့ကိစ္စ စီစဉ်ရဦးမယ်"

"အေး အေး နောက်မှ တွေ့ကြမယ်"

Junmyeon အခန်းထဲက ထွက်လာတော့ ဘာကြောင့်မှန်းမသိ.. Kyungsooသွားနေကျ ပန်းခြံလေးဆီ စိတ်ရောက်နေတယ်..

"သူငိုနေမလား မသိဘူး"

သူရောက်သွားတော့.. ပန်းခြံထဲက ရေကန်လေးဘေးမှာ ငိုနေတဲ့ Kyungsoo..

"Kyungsoo.. " သူချက်ချင်းပဲ ပြေးသွားပြီး လဲကျတော့မလို ဖြစ်နေတဲ့ Kyungsooကို ဖက်လိုက်တယ်..

"ကျွန်နော့်ကို လွှတ်ပါ.. Hyungနဲ့ ကျွန်တော်နဲ့ဘဝတွေ မတူပါဘူး "

Kyungsooပြောလိုက်တဲ့စကားက Junmyeonနှလုံးသားကို တစစီကျေကွဲသွားစေတယ်..

"ကိုယ်တောင်းပန်ပါတယ် Sooရယ် မစောင့်ရှောက်ပေးနိုင်လို့ ကိုယ်တောင်းပန်ပါတယ် အနားမှာမနေနိုင်လို့လည်း တောင်းပန်ပါတယ်.. "

"မလိုပါဘူး Hyung မှန်ပါတယ် ကျွန်တော့လိုလူအတွက် Hyung စိတ်ရှုပ်မခံပါနဲ့.. ကျွန်တော့်လို နိမ့်ကျတဲ့ လူတယောက်အတွက်နဲ့တော့.. "

Kyungsoo စကားဆက်ပြောခွင့်မရတော့.. Junmyeonက သူ့လည်ပင်းကို လှမ်းဆွဲလိုက်ပြီး သူ့နှုတ်ခမ်းထူထူလေးကို အနမ်းမိုးတွေရွလိုက်လို့.. Kyungsoo ရုန်းနေပေမယ့် Junmyeonကတော့ ဖက်ထားတဲ့လက်ကို မလွှတ်ပေးတဲ့ အပြင် ဖက်ထားတာကိုပါ ပိုတင်းကြပ်လိုက်တယ်.. Kyungsooရဲ့ခါးလေးကို တင်းတင်းလေးဖက်ထားရင်း Junmyeonရဲ့လျှာက Kyungsooပါးစပ်ထဲကို ဝင်ခွင့်ရဖို့တောင်းခံနေလေရဲ့.. Junmyeonရဲ့ဆွဲဆောင်မှုကို ဘယ်တုန်းကမှ Kyungsooခံနိုင်ရည်မရှိ.. နောက်ဆုံးတော့ သူခွင့်ုပြုလိုက်တယ်.. သူတို့၂ယောက် အနမ်းပြိုင်ပွဲလေးပြိုင်လိုက်ကြတယ်.. Kyungsoo ဘယ်လိုမှ Junmyeonကို မနိုင်.. ပန်းခြံထဲမှာ သူတို့၂ယောက်ရဲ့ ရီသံလေးတွေနဲ့ ဖုံးလွှမ်းသွားတယ်..

"ကိုယ်နဲ့ Japan လိုက်ခဲ့.. "

Junmyeonအပြောကြောင့် Kyungsooဘာဖြေရမှန်းမသိ.. ဒါက သူဆုံးဖြတ်လို့ရတဲ့ကိစ္စမဟုတ်..

"Eunhyuk Hyungကို မေးကြည့်ရဦးမယ်.. "

"လိုက်သွားလိုက်ပါ.. "

သူတို့၂ယောက်လုံး အသံလာရာကို လှည့်ကြည့်မိတော့ Eunhyukနဲ့Donghae..

"ဒီလောက် ချစ်ကြတဲ့သူတွေကို မခွဲပါနဲ့ Hyukရယ် လွှတ်ပေးလိုက်ပါ" Donghaeက Eunhyukရဲ့ပါးလေးကိုဆွဲရင်း Kyungsooတို့ဘက်က လိုက်ပြောပေးတယ်..

"အင်းပါ နောက်တခါ ငါ့ပန်းခြံမှာသာ လာပြီး မချစ်ပြကြနဲ့.. မျက်စိနောက်တယ်.. Do Kyungsoo.. Mr.Kimကို ပြောလိုက် တခါတည်းသာ Masterလုပ်ပေးပါတော့လို့ (Masterဆိုတာ ဖျော်ဖြေသူတယောက်ကို သီးသည့်ဝယ်ယူထားတဲ့ သူဌေးပုံစံမျိုးပါ.. ကျော်ကြားတဲ့ဖျော်ဖြေသူဖြစ်လေ ပိုပြီးချမ်းသာတဲ့Masterမျိုးရလေ.. Masterတွေက ဖျော်ဖြေသူတွေကို အပြီးတိုင်တာဝန်ယူတယ်ဆိုပေမယ့် ဆောင်ကြာမြိုင်လက်အောက်ကတော့ မလွတ်ပါ..)

"ကျွန်တော် ကြိုးစားပါ့မယ်" Junmyeonက ပြုံးပြီးပြန်ဖြေပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွတ်လှေကြီးတစင်းက ကိုရီးယားကျွန်းဆွယ်ကနေ ဂျပန်ကျွန်းစုကို ဦးတည်ပြီး ခုတ်မောင်းနေလေရဲ့.. လှေပေါ်မှာတော့ Junmyeon နဲ့ Kyungsoo ၂ယောက်ထဲ.. Junmyeonရဲ့အဖေက လှေကို သူတာဝန်ယူတယ်ဆိုပြီး ဒီခရီးကို လွှတ်ပေးလိုက်တာ.. သူ့သားက Kyungsooကို သဘောကျနေတယ်ဆိုတာလည်း သိနေလို့..

"တလှေလုံးမှာ အလုပ်သမားတွေကလွဲရင် ကျွန်တော့်တို့၂ယောက်ထဲရယ်"

ပင်လယ်ကြီးကို ငေးကြည့်ရင်း Kyungsoo က Junmyeonကို ပြောတယ်.. Junmyeonလည်း Kyungsooရဲ့ခါးသေးသေးလေးကို အနောက်က လှမ်းဖက်ရင်း Kyungsooပခုံးပေါ်မေးစေ့တင်လိုက်တယ်..

"အဲ့တော့ ပိုမကောင်းဘူးလား "

"Hyung နော်.. "

ပန်းနုရောင်သမ်းသွားတဲ့ Kyungsooရဲ့မျက်နှာလေးကိုကြည့်ရင်း Junmyeonအားရပါးရရီလိုက်တယ်.. ဒီခရီး၁ခုလုံးက သူတို့၂ယောက်အတွက် ကံကောင်းခြင်းတွေ ယူလာပါစေလို့ ဆုတောင်းရင်း Kyungsooကို ရင်ခွင်ထဲထည့်ုပြီး တင်းတင်းကြပ်ကြပ်လေးဖက်ထားလိုက်တယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Junmyeon က Japan ရောက်တာ ခဏခဏရှိပြီဆိုတော့ မထူးဆန်းတော့ပေမယ့် အခုမှရောက်ဖူးတဲ့Kyungsooအတွက်တော့ အရာအားလုံးက အထူးအဆန်းတွေကြီးပဲ.. ကလေးလေးတယောက်လို ပျော်နေတဲ့Kyungsooကိုကြည့်ရင်း Junmyeonလည်း အလိုလိုနေရင်း လိုက်ပြုံးမိတယ်..

Junmyeonက သူတည်းနေကျ တည်းခိုခန်းကို Kyungsooကို ခေါ်လာတယ်.. လူချမ်းသာအသိုင်းအဝိုင်းတွေပဲတည်းတဲ့ တည်းခိုခန်းဆိုတော့ Kyungsooအတွက်က နန်းတော်ကြီးအတိုင်းပဲ.. အခန်းတိုင်းမှာလည်း ရေပူစမ်းထည့်ပေးထားတယ်..အပြင်ကိုသပ်သပ်ရေထွက်ချိုးစရာမလိုအောင်..

"အေးဆေးနားနေဦးနော် Soo.. ကိုယ် အလုပ်ကိစ္စတခုလုပ်စရာရှိသေးတယ် ညကျ လျှောက်လည်ကြတာပေါ့.. တရေးအိပ်ရင်လည်း အိပ်လိုက်"

Junmyeonထွက်သွားတော့ Kyungsooအခန်းကို စပ်စုဖို့ဆုံးဖြတ်လိုက်တယ်.. မှန်တွေနဲ့ကာထားတဲ့အခန်းကို အရင်ဖွင့်ကြည့်လိုက်တော့ ရေချိုးဖို့လုပ်ပေးထားတဲ့ ရေနွေးကန်လေး.. သဘာဝအတိုင်း ကျောက်သားတွေနဲ့စီထားပြီး ဝါးပင်တွေလည်း စိုက်ထားပေးသေးတယ်..

"ဝါး.. မိုက်တယ်ကွာ.. တရေးအိပ်ပြီး ရေချိုးရမယ်..

၂ယောက်ခုတင်ပေါ် Kyungsoo လဲချလိုက်တယ်.. ခုတင်နဲ့အခုမှအိပ်ဖူးလို့လားမသိ.. ပင်ပန်းတာတွေပျောက်သွားပြီး မျက်လုံးတွေစင်းလာတယ်.. ခဏနေတော့ သူအိပ်ပျော်သွားတယ်..

သူနိုးလာတော့ Junmyeonပြန်မရောက်သေး..

"ရေချိုးဦးမယ်" သူ့အဝတ်အစားတွေကို အပြင်မှာပဲထားခဲ့ပြီး တဘက်ပဲ ယူလာလိုက်တယ်.. ရေနွေးကန်ထဲဝင်လိုက်တာနဲ့ လှေစီးရလို့ညောင်းနေတာတွေအကုန်လုံး ပြေပျောက်သွားသလိုပဲ... Kyungsoo မျက်လုံးမှိတ်ထားပြီး စိတ်တွေအကုန်လုံး ဖြေလျော့ထားလိုက်တယ်..

ခဏနေတော့ ရေကန်ထဲကို တစုံတယောက် ဝင်လာတဲ့အသံကို Kyungsooကြားလိုက်ရတယ်.. သူမျက်လုံးဖွင့်ကြည့်လိုက်တော့ Junmyeon.. Junkyeonက သူ့ကိုအပေါ်ကနေမိုးပြီးတော့တောင် ကြည့်နေပြီ..

ရုတ်တရက် သူ့ကိုယ်သူဘာမှမဝတ်ထားမှန်းမသိထားမိသွားပြီး Kyungsoo နေမရ ထိုင်မရ ဖြစ်သွားတယ်.. ဘေးနားမှာ တင်ထားတဲ့ သဘက်ကို လှမ်းယူဖို့ကြိုးစားပေမယ့် Junmyeonက သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားပြီး ချုပ်လိုက်တယ်.. ပြီးတော့ Kyungsooရဲ့မျက်နှာအနှံ့နမ်းလိုက်ရင်း..

"ဘာလို့ကိုယ့်ကို မစောင့်တာလဲ.. "

"ရေချိုးတာကို.. စောင့်.. စောင့်ရမှာလား"

"အင်း ပိုတောင် စောင့်သင့်သေးတယ်"

Junmyeonက ပြောရင်းနဲ့ သူတို့၂ယောက်ရဲ့ခန္ဓာကိုယ်ကို ထိကပ်လိုက်တယ်.. အသားချင်းထိတဲ့အာရုံရတော့မှ Kyungsooသတိထားမိတာ Junmyeonလည်း ဘာမှ မဝတ်ထားဘူးဆိုတာ..

"ကျွန်တာ် ပြီးပြီ.. ပြန်တက်တော့မယ်.. " Kyungsooပြန်တက်ဖို့ကြိုးစားပေမယ့် Junmyeonက သူဖက်ထားတဲ့ လက်တွေကို မလွှတ်ပေးတဲ့အပြင် Kyungsooရဲ့ နှုတ်ခမ်းကို စပြီး အနမ်းတွေပေးတော့တယ်.. Junmyeonရဲ့လက်ဖက်က Kyungsooရဲ့နောက်ကျောကို ဖြည်းဖြည်းလေးပွတ်ပြီး ဆော့ကစားနေရင်းက Kyungsooတင်ပါးဆီရောက်ပြီး ဖွဖွလေးညှစ်လိုက်တယ်.. Kyungsooအသဲံ့သဲ့ထွက်ပြီး နှုတ်ခမ်းလေးဟသွားတာကို အခွင့်ကောင်းယူပြီး Junmyeonက အနမ်းတွေကို ပိုပြီး နက်ရှိုင်းစေလိုက်တယ်.. Kyungsoo ခြေထောက်တွေစပြီး အားပျော့လာတာကို ခံစားလိုက်ရတယ်.. ရင်ဘတ်ထဲမှာလည်း တခါမှ မခံစားဖူးတဲ့ ခံစားမှုပေါင်းစုံနဲ့..

Kyungsoo.. သူ့ကိုယ်သူတောင် သတိမထားမိတဲ့အချိန်မှာပဲ သူ့လက်တွေက Junmyeonလည်ပင်းကို သေချာဖက်ပြီး ခြေထောက်တွေက Junmyeonရဲ့ခါးကို ခွထားတယ်..

Junmyeonက Kyungsooရဲ့မေးရိုးတလျှောက် အနမ်းတွေပေးရင်း လည်တံနားရောက်လာတယ်.. ပြီးတော့ Kyungsooရဲ့ရင်ဘတ်နားရောက်လာပြီး အမှတ်အသားတွေ ပေးနေလေရဲ့..

"ကိုယ်တို့ အခုနေမှ အပေါ်မတက်ရင် ၂ယောက်လုံး ရေနစ်တော့မယ်" Junmyeonကရီပြီး ပြောလိုက်တယ်.. Kyungsooကတော့ ဘာမှပြန်မပြော သူ့မျက်နှာကို Junmyeonလည်ပင်းမှာ ဖွက်ထားတယ်..

Junmyeon ဘေးနားမှာတင်ထားတဲ့တဘက်လေးကို ယူပြီး Kyungsooခါးကို ပတ်ပေးလိုက်တယ်.. ပြီးတော့ ကလေးတွေကို ချီတဲ့ပုံစံအတိုင်းပဲ Kyungsooကို ချီပြီး အိပ်ရာပေါ်တင်ပေးလိုက်တယ်..

"Kyungsoo.. "

Kyungsoo ဘာမှ ပြန်မဖြေ.. မျက်နှာတခုလုံးကတော့ ပန်းနုရောင်သမ်းလို့..

"ရှက်နေတုန်းပဲလားကွ.. " Junmyeonက Kyungsooရဲ့မျက်နှာကို လက်၂ဖက်နဲ့ကိုင်လိုက်ရင်း Kyungsooကို သူနဲ့မျက်နှာချင်းဆိုင်စေလိုက်တယ်..

"ကိုယ်နဲ့အတူလိုက်လာလို့ ကျေးဇူးတင်ပါတယ်လို့.. ပြီးတော့.. Kyungsoo.. Sooကို အရမ်းချစ်တယ်"

ရုတ်တရက် ပြောလာတဲ့ Junmyeonကြောင့် သူဘာမှမပြောနိင်.. ဒါပေမယ့် Junmyeonလည်ပင်းကိုကို်င်ပြီး သူ့မျက်နှာနား ပိုနီးကပ်နေစေလိုက်တယ်.. ပြီးတော့ ပထမဆုံးအကြိမ် သူ့ဘက်က စပြီး အရင်နမ်းလိုက်တယ်..

"အဲ့ဒါ အဖြေပဲလို့ ကိုယ်ယူဆလိုက်ပြီနော်"

Junmyeonက Kyungsooရဲ့ခြေထောက်၂ဖက်ကြားမှာ နေရာယူလိုက်တယ်..

"Kyungsoo.. ကိုယ့်ကို လက်ခံတာ သေချာတယ်နော်.. "

Kyungsoo ခေါင်းငြိမ့်ပြလိုက်ပြီး ဆက်သွားပါဆိုတဲ့အမူအရာနဲ့ ပြုံးပြလိုက်တယ်..

ပထမဆုံးအကြိမ်ထက် ပိုပြီးနာကျင်မှုကို ပိုခံစားလိုက်ရသလိုပဲ, ဒါပေမယ့် Junmyeonရဲ့အနမ်းတွေက နာကျင်မှုတွေကို ချက်ချင်းယူသွားသလိုပါပဲ..

"Hyung.. အဲ့နား.. အင်း.. မြန်မြန်လေး.. "

Kyungsooတောင်းဆိုမှုကြောင့် Junmyeonက နားလည်ပြီဆိုတဲ့ သဘောနဲ့ ပြုံးပြလိုက်တယ်.. ပြီးတော့ Kyungsooရဲ့ တင်ပါးကို ခပ်တင်းတင်းလေး ဆွဲလိုက်ပြီး သူ့လှုပ်ရှားမှုတွေကို ပိုမြန်လိုက်တယ်.. Kyungsooရဲ့ညည်းသံတွေ.. သူတို့အသားချင်းရိုက်သံတွေကလွဲပြီး ပတ်ဝန်းကျင်တခုလုံးက တိတ်ဆိတ်နေသလိုပါပဲ..

"Hyung.. " Junmyeonရင်ခွင်ထဲကနေပြီးခေါ်လိုက်တယ်..

အသက်ကိုပုံမှန် ပြန်ဖြစ်အောင် ရှူနေရတော့ သိပ်အသံမထွက်..

"ပြောလေ Soo.. "

"Hyung.. Hyungကို ချစ်.. ချစ်တယ်လို့"

"ကိုယ်လည်း အတူတူပဲလို့.. ပင်ပန်းနေပြီ.. နောက်နေ့မှ လျှောက်လည်ရအောင်နော် .. "

Kyungsooဆီက အသံပြန်မလာ.. Junmyeonငုံ့ကြည့်လိုက်တော့ ကလေးလေးလိုပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီလေ..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂျပန်မှာ Junmyeonရဲ့ အလုပ်ကိစ္စက အောင်မြင်တယ်ပဲပြောရမလား.. ဂျပန်ကုန်သည်တွေက ကုန်လဲလှယ်ဖို့ သဘောတူလိုက်တယ်.. ကျန်တဲ့နေ့တွေအကုန်လုံး Kyungsooနဲ့ Junmyeon တိုကျိုတမြို့လုံး လျှောက်လည်ရင်း အချိန်ကုန်ဆုံးခဲ့ကြတယ်..

"Hyung.. "

"ပြောလေ Soo.. "

"တကယ် ကျွန်တော့်ရဲ့Masterလုပ်မှာလား "

"အင်း အခုပြန်ရောက်တာနဲ့ Eunhyuk hyungကို ပြောမယ်လေ"

"ဒါပေမယ့် ပိုက်ဆံအများကြီး ကုန်မယ်ထင်တယ်.. "

"ကိုယ့်ကလေးလေးက ဈေးကြီးတာကိုး"

Junmyeonပြောလိုက်တဲ့စကားကြောင့် Kyungsooမျက်နှာလေးငယ်သွားတယ်.. ချစ်ဖို့ကောင်းပြီးတော်လို့တန်ဖိုးကြီးနေတာထက် သူတို့မိသားစုတင်နေတဲ့အကြွေးတွေကြောင့်လည်း ပါတယ်လေ.. Kyungsoo မျက်နှာညှိးသွားတာကို Junmyeon တွေ့လိုက်တော့

"ကိုယ်တောင်းပန်ပါတယ်.. အတိတ်ကို ပြန်ဆွချင်လို့ မဟုတ်ပါဘူး.. ကိုယ်က စနောက်တဲ့သဘောနဲ့ပဲ ပြောလိုက်တာပါ.. " Kyungsooကို ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်လိုက်တယ်..

Kyungsooလည်း Junmyeonရဲ့ခါးကို တင်းတင်းလေးဖက်ရင်း.. "ရပါတယ် Hyungရယ်.. "

သူတို့ကိုရီးယားပြန်ရောက်တော့ Junmyeonက Kyungsooကို ဆောင်ကြာမြိုင်အရင် လိုက်ပို့တယ်.. သူတို့အထဲရောက်တာနဲ့ ဧည့်ခန်းမကြီးမှာထိုင်နေတဲ့ Wu Yi Fanနဲ့ Eunhyuk ကို တွေ့လိုက်ရတယ်..

"Kyungsoo ပျော်ခဲ့ရဲ့လား" Eunhyukက Kyungsooကို လှမ်းမေးပေမယ့် Wu Yi Fanကိုမြင်လိုက်ရတဲ့ Kyungsoo.. Eunhyuk အမေးတောင် မဖြေနိင်ဘဲ Junmyeonရဲ့အနောက်မှာနေပြီး တကိုယ်လုံးတုန်နေတယ်..

"Kyungsoo ရေ Mr.Wuက နင့်အကြွေးတွေ အကုန်ဆပ်ပေးမယ်တဲ့..နှမြောပေမယ့် နင် ငါတို့ဆီမှာ ထပ်နေစရာမလိုတော့ဘူး Mr.Wuနဲ့ပဲ တရုတ်ကို လိုက်သွားရတော့မှာ.. "

Kyungsoo အံ့သြလွန်းလို့ ဘာမှ မပြောနိုင်..

Junmyeon ကတော့ ပြန်လိုက်ပါဦးမယ်လို့ နှုတ်ဆက်ပြီး ထွက်သွားတယ်..

"Hyung.. " Kyungsoo အနောက်က ပြေးလိုက်သွားပြီး Junmyeon လက်ကို ဆွဲလိုက်တယ်

"Hyung ဘာလို့ ဘာမှ မပြောတာလဲ.. တခုခုတော့ ပြောသင့်တယ်မလား.. "

"Wu Yi Fan က Soo အပေါ် ကောင်းမှာပါ"

"Mr. Wu က Hyungမှ မဟုတ်တာ.. "

Junmyeon ဘာမှထပ်မပြောဘဲ အဝေးကိုသာ ငေးကြည့်နေတယ်..

"Hyung.. ဂျပန်မှာ ပြောထားခဲ့တာတွေက အလကားသက်သက်ပဲလား.. "

"Kyungsoo.. Yi Fan အဖေက ကိုယ့်အဖေရဲ့ ကျေးဇူးရှင်ဆိုလည်း မမှားဘူး .. အခုချိန်ထိလည်း တရုတ်က လုပ်ငန်းတွေ အကုန်လုံးက သူတို့ကူညီလို့ အဆင်ပြေနေတာ.. "

"ပြောချင်တာက ကိုယ်ချစ်တဲ့သူကို ကျေးဇူးရှင်လက်ထဲ ကြည်ကြည်ဖြူဖြူထည့်နိုင်မယ်ပေါ့"

"Yi Fanက လူကောင်းတယောက်ပါ သူ လေလံပွဲကိုတောင် ဝင်ပြိုင်မယ်လို့ မထင်ခဲ့ဘူး Kyungsooကို တွေ့ပြီး သဘောကျသွားတဲ့ပုံပါပဲ.. "

"Mr.Kim.. ခင်ဗျား စိတ်ချမ်းသာတယ်လား.. ရတယ်လေ Mr.Wuက ကျွန်တော့ Masterတင် မကဘူး အကြွေးတွေအကုန်ဆပ်ပေးပြီး တရုတ်ခေါ်သွားမှာဆိုတော့ ကျွန်တော်လွတ်လပ်သွားပြီပေါ့.. အခုလို အကျိုးအကြောင်းရှင်းပြတာ ကျေးဇူးပါ"

Kyungsoo ပါးပေါ်က ကျလာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်ရင်း Junmyeonကို ကျောခိုင်းပြီး လှည့်ထွက်လာလိုက်တယ်..

"Mr.Wu.. "

"Junmyeonနဲ့ မင်းနဲ့သိတယ်ဆိုတာ ငါမသိရပါလား ကလေးလေးရဲ့"

Kyungsoo ဘာပြောရမှန်းမသိ.. ခုနက သူတို့ပြောနေတာတွေလည်း Wu Yi Fan ကြားသွားလောက်ပြီ..

"အစကတည်းက ပြောခဲ့ရောပေါ့ Junmyeonရာ မင်းကြိုက်နေတဲ့တယောက်က Kyungsoo မှန်း.. အခုတော့ အားနာစရာတွေ ဖြစ်ကုန်ပြီ"

"Yi Fan.. "

"ဒီလောက်ချစ်နေတဲ့လူ၂ယောက်ကို ငါဘာလို့ခွဲရမှာလဲ.. Kyungsooကို သဘောကျပေမယ့် Junmyeon.. မင်းလောက်တော့ ငါမချစ်သေးဘူး ထင်တာပဲ.. " Wu Yi Fanက ရီပြီး ပြောနေပေမယ့် Kyungsooနဲ့ Junmyeonကတော့ မရီနိုင်..

"ကလေးလေး အကြွေးတွေအကုန် ငါပေးမှာပါ.. မင်းတို့၂ယောက်အတွက် အကြိုမင်္ဂလာလက်ဖွဲ့ပေါ့.. အခု သူလွတ်လပ်သွားပြီဆိုတော့ မင်းတို့အေးဆေးနေလို့ရပြီ.. မင်္ဂလာဆောင်ရင်သာ ငါ့ကိုဖိတ်ဖို့မမေ့နဲ့.. "

"မင်းကတော့ နောက်ပြီ ကျေးဇူးဘယ်လိုတင်ရမှန်းတောင် မသိတော့ဘူး.. "

Wu Yi Fan သူတို့၂ယောက်ကို နှုတ်ဆက်ရင်း တရုတ်ပြန်တော့မယ်ဆိုတာ ပြောတယ်

"ပထမဆုံးညအတွက် ကျေးဇူးပါ Kyungsoo.. နောက်မှ တွေ့ကြတာပေါ့"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တနှစ်ကြာပြီးနောက်...

ချယ်ရီပင်တွေ တောက်လျှောက်စီတန်းနေတဲ့ မြေနီလမ်းလေး.. ချယ်ရီတွေပွင့်ချိန်ရောက်ပြီဆိုတော့ မြေနီလမ်းတလျှောက် ချယ်ရီပွင့်ဖတ်တွေ ပြန့်လို့.. မြေနီလမ်းက နှစ်စဉ်နှစ်တိုင်း ဒီလို အချိန်ဆို လူတွေနဲ့ ပြည့်နေကျ.. တနှစ်မှာ တကြိမ်သာ ပွင့်တဲ့ ချယ်ရီပန်းကို လာကြည့်ကြတာ.. လူအုပ်တွေကြားထဲမှာ လက်ချင်းတွဲပြီး လမ်းလျှောက်နေတဲ့လူငယ်လေး ၂ယောက်..

"Hyung.. မနှစ်က ဒီလို အချိန် ကျွန်တော်တို့စတွေ့ခဲ့တာနော်.. " Kyungsoo ပြောတာကို Junmyeonက ခေါင်းငြိမ့်ရင်း Kyungsooပခုံးကို ဖက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်တယ်.. လူအုပ်တွေကြားထဲဆိုတော့ Kyungsoo မနေတတ်ဘဲ ပြန်ရုန်းဖို့ ကြိုးစားတော့..

"လူတွေကို ဂရုမစိုက်ပါနဲ့ဆို.. "

"Hyung.. ကျွန်တော် Hyungကို စစချင်းတွေ့ကတည်းက သဘောကျခဲ့တာ သိလား.. အဲ့ကတည်းက တွေးခဲ့တာ တနေ့နေ့တော့ ကျွန်တော်တို့ အတူရှိနိုင်မှာပါဆိုပြီး.. အိပ်မက်တွေ အခုတကယ်ဖြစ်လာပြီ"

"ဟားဟား ကြိတ်ကြွေခဲ့တာပေါ့ ကိုယ့်ကို.. " Junmyeonစကားကြောင့် သူ Junmyeonရင်ဘတ်ကို ဖွဖွလေးထုရင်း

"ဂုဏ်ယူပြမနေနဲ့.. အဲ့ကတည်းက ချယ်ရီပန်းလေးတွေ ဒီရာသီရောက်တိုင်း သစ္စာရှိပွင့်ကြသလို ကျွန်တော်လည်း အဲ့လို သစ္စာရှိတဲ့ အချစ်မျိုးနဲ့ ချစ်ချင်တယ်လို့.. "

"ကဗျာဆန်လိုက်တာ ကိုယ့်ကလေးလေးရယ်.. ဒါနဲ့ တနှစ်မှ တခါတည်းက မနည်းဘူးလား.. တနေ့တခါတောင် သိပ်ကျေနပ်ချင်တာ မဟုတ်ဘူး.. "

"Mr.Kim.. ညစ်ညစ်ပတ်ပတ်တွေ အရမ်းတွေးတာပဲ.. ကျွန်တော့်ကို လမ်းမလျှောက်နိုင်အောင်တော့ မလုပ်ပါနဲ့ဗျာ.. အခုတောင် ခါးနာနေတယ်"

ပြီးတော့ သူတို့၂ယောက် ပေါ့ပေါ့ပါးပါး ရီလိုက်ကြတယ်..

ဘယ်လို အခက်အခဲတွေပဲ ရှိခဲ့ပါစေ အခုအချိန်မှာတော့ တယောက်နားမှာ တယောက် အတူတူ ရှိနေနိုင်ပြီလေ.. ချယ်ရီပင်တွေအောက်မှာ စတွေ့ခဲ့ကြတဲ့ ချစ်သူ၂ဦး.. အခုတော့ တသက်လုံးပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ကြမယ်ထင်ပါတယ်..

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

275K 56.6K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
668K 50.6K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတု့ိ သိကြလားကျွန်တော်ကအတ္...
1.6M 101K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...
44.3K 8.1K 43
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් ..! රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by...