{Uni}
ဝမ်ရိပေါ် ကားတောင်စက်မသတ်နိုင်တော့ဘဲ ရဲစခန်းထဲအပြေးအလွှားဝင်သွားတော့
အမှုစစ်ရဲရှေ့မှာ ကျုံ့ကျုံ့လေးထိုင်နေတဲ့လူနှစ်ယောက်ထဲကမှ တစ်ယောက်ကသူ့ရဲ့ ချစ်ရသူ။
"ကျန့်!"
ဝမ်ရိပေါ်အသံကြားတော့ ရှောင်းကျန့်ဝမ်းသာအားရ နောက်လှည့်ကြည့်ကာစတင်ငိုတော့သည်။ မျက်ရည်မထွက်ပေမယ့်လည်း ဝမ်ရိပေါ်ကတော့ ငိုတယ်ဟုသာယူဆသည်။
"ဝမ်! အီး!!ဟီး!!!"
ရှောင်းကျန့်ငိုတော့ ဝမ်ရိပေါ်လည်းထိုင်နေတဲ့ ရှောင်းကျန့်နားသွားကာ ရင်ခွင်ထဲထည့်လိုက်တော့ တအင့်အင့်နဲ့ရှိုက်နေသေးသည်။
အမှုစစ်ကတော့ သူ့ကိုမြင်ပြီးအနည်းငယ် တုန်လှုပ်သွားသည်။ သေချာကြည့်တော့မားတို့ အပေးအကမ်းနဲ့မလွတ်တဲ့လူကြီး။ ထိုလူကသူ့ကို နှုတ်ဆက်ချင်နေသည့်ပုံဖြစ်နေသော်လည်း
သူ့ရဲ့မျက်ထောင့်နီနဲ့ကြည့်တဲ့ အကြည့်ကြောင့်
ပါးစပ်ပိတ်နေသည်။
ဘေးကိုကြည့်လိုက်တော့ မျက်လုံးတစ်ဖက်ကနီရဲကာဖောင်းနေပြီး နှာခေါင်းကလည်းဂွမ်းဆို့ထားသေးသည်။ ထိုင်နေတဲ့ပုံစံကလည်း အောက်ပိုင်းကို ပိုကျုံ့ထားကာထိုင်နေသည်။ မသိလျှင် ဟိုဟာအကန်ခံထားရသည့်ပုံစံနှင့်။
ထိုလူရဲ့ဒဏ်ရာတွေမြင်တော့မှ ရင်ခွင်ထဲကရှောင်းကျန့်ကိုပြန်ထုတ်ကာ မျက်နှာတွေလက်တွေတစ်ကိုယ်လုံးဒဏ်ရာလိုက်ရှာတော့ တအင့်အင့်ရှိုက်နေသည်ကလွဲလို့ ဘာဒဏ်ရာမှမတွေ့သည်ကြောင့် စိတ်အေးသွားရသည်။
"ဘယ်လိုဖြစ်ကြတာလဲ!"
ဝမ်ရိပေါ်ရဲ့ အကြည့်စူးစူးနဲ့လေသံမာမာကြောင့် အမှုစစ်က သူ့ကိုပြေပြေလည်လည်လေးပြန်ပြောသည်။
"ဒီက သူဌေးလေးရိပေါ်ရဲ့ ညီလေးက ဒီအရှေ့ကစျေးရုံမှူးကို စက်ဘီးခိုးတယ်ထင်ပြီး ထုရိုက်တာပါ"
"မဖြစ်နိုင်ဘူး ကျန့်က.."
သူပြောနေတုန်း သူ့ကိုလက်လေးကုပ်ကာ မျက်နှာငယ်လေးနဲ့မော့ကြည့်တဲ့ရှောင်းကျန့်ကြောင့် သဘောပေါက်ကာပြောမယ့်စကားပါ ပျောက်သည်။
အမွှေစိန်ပါလား ကျန့်ရယ်။
"ထားပါတော့။ ကျန့်ကခိုးတယ်ထင်ရလောက်အောင် စက်ဘီးကဒီလူ့ဆီဘယ်လိုရောက်သွားလို့လဲ"
"ဖြစ်စဥ်ကဒီလိုပါ။ ဒီက သူဌေးလေးရိပေါ်ရဲ့ ညီလေး.."
"ကျွန်တော့ ညီမဟုတ်ဘူး ကျွန်တော့ ချစ်သူ!စကားကိုပြန်ပြင်ပြော"
"အာ..ဒီက သူဌေးလေးရိပေါ်ရဲ့ ချစ်သူက အသီးနှံတွေဝယ်ဖို့သွားပါတယ်။ ဒီဘက်ကစျေးရုံမှူးက သူခိုးတွေရှိတယ်ဆိုတဲ့ သတင်းတွေကြားတော့ လှည့်လည်ကြည်းကြပ်နေတာပေါ့ဗျာ။
အဲ့ချိန်မှာ သူဌေးရဲ့ချစ်သူစက်ဘီးကို စျေးထဲမှာခိုးလို့အမြဲအဖမ်းခံနေရတဲ့ ကလေးသာသာသူခိုးလေးက တွန်းပြေးသွားတာတွေ့တော့ လိုက်ဖမ်းပြီး မိတော့ဆူပူကြိမ်းမောင်းနေတဲ့အချိန် သူဌေးလေးရဲ့ချစ်သူက အနောက်ကနေသူ့ပေါ်တက်ခွပြီးဆော်ထည့်လိုက်တာပါ။ သူခိုးလေးကတော့ သူတို့ရန်ဖြစ်နေတဲ့အချိန် ထွက်ပြေးသွားပါတယ်"
ဝမ်ရိပေါ် ဆွံ့အသွားသည်။ အခုသူမြင်နေတဲ့သူရဲ့မျက်နှာကဒဏ်ရာတွေသည် သူ့အသည်းသက်လေးရဲ့လက်ချက်တဲ့လား။
"အဟမ်း! ပိုပိုလိုလိုတွေတော့ မပြောချင်တော့ဘူး။ ဆေးခန်းပြပြီးပြီလား"
"ရဲစခန်းကနေပဲ ဒဏ်ရာအနည်းငယ်သက်သာအောင်လုပ်ပေးထားပါတယ်"
"ဒါဆို ဆေးခန်းအရင်သွားပြလိုက်။ ဆေးဖိုးထက်၁၀ဆပြန်ပေးမယ်။ နောက်ပြီး ဟိုဟာကိုလည်းသွားစစ်ကြည့်လိုက်ဦး ပြဿနာတစ်ခုခုဖြစ်နေရင် လိုသလောက်ပေးမယ်။ ဘာမှမဖြစ်လည်းပေးမယ်"
သူ့စကားကြားတော့ တစ်ချိန်လုံးငြိမ်ပြီး ဘာစကားမှဝင်မပြောတဲ့ ဒဏ်ရာဗလပွနဲ့စျေးရုံမှူးဆိုတဲ့လူက မော့ကြည့်လာသည်။ ဝမ်ရိပေါ်လည်းထိုလူကိုပြန်စိုက်ကြည့်ကာ မျက်လုံးတစ်ဖက်ပင့်ပြလိုက်သည်။
သူ့စကားထဲတွင် ဟိုဟာထက် ကြေအေးခ ပေးလိုက်တာကို ဒီလူသဘောပေါက်သား။ ရဲမှူးကြီးလည်း သဘောပေါက်သည်။
"ဒါဆို ဆေးခန်းသွားပြီးလို့ စစ်ဆေးမှုတွေပြီးရင် အကြောင်းပြန်ပေးပါ့မယ်"
"ခွင့်ပြုပါဦး"
ရင်ခွင်ထဲ မျက်နှာအပ်ကာရှိုက်နေသေးတဲ့ ချစ်ရသူကို ဝမ်ရိပေါ်မင်းသမီးလေးလိုပွေ့ချီသွားလိုက်သည်။ နည်းနည်းလေးပေမယ့် သူနိုင်ပါသည်။
"အဆင်ပြေရဲ့လား ကျန့်"
"အင်း..သူတို့တွေ တကယ်ကြီးအခုလိုကြေအေးပေးလိုက်တာလား။ ဆေးဖိုးပေးလိုက်လို့လား"
"အဲတာတွေ အာရုံထဲမထားနဲ့တော့။ အခုအားလုံးပြီးသွားပြီ"
"ဟို..စက်ဘီး"
"ထားလိုက်။ တစ်ပုံစံတည်းတူတဲ့ဟာ ကိုယ်အသစ်ပြန်ဝယ်ပေးမယ်"
"အဲတာဆိုခန!"
ပြောပြီး ကားပေါ်ကပြေးဆင်းကာ ရဲစခန်းရှေ့မှာရပ်ထားတဲ့ ဆေးတွေပွန်းပဲ့နေတဲ့ သူ့ရဲ့ စက်ဘီးဖင်ထိုင်ခုံအောက်က လိပ်ပုံနဲ့သော့ချိတ်ကို သွားဖြုတ်လာပြီးပြန်တက်လာသည်။
"အဲ့တာက..."
"ဒီပစ္စည်းက ကျန့်အတွက်အဖိုးတန်တယ်။အသစ်တစ်ခုထပ်မလုပ်ချင်ဘူး"
"အင်း..အင်း ကျန့်သဘော"
"ကျန့်ကြောင့် ဝမ် ဆိုင်မသွားရတော့ဘူး"
"ကိစ္စမရှိဘူး ဆိုင်ပိတ်ခိုင်းလိုက်တယ်။ ဒီနေ့ ယောက္ခထီးကြီးလာမယ်လို့မားပြောတယ်လေ"
"အင်း"
စက်မသတ်ရသေးတဲ့ကားလေးကတော့ စက်နှိုးစရာမလိုတော့ဘဲ သူ့တို့ခိုနားရာအိမ်ဆီ တလှိမ့်လှိမ့်နှင့်။
အိမ်ရောက်တာနဲ့ ရှေ့မှာထွက်စောင့်နေတဲ့ ဝမ်မားနဲ့ဝမ်ပါးနဲ့ အားရီ။
ရှောင်းကျန့်ကားပေါ်ကဆင်းတာနဲ့ တစ်ဖက်ဆီလာပြီး လက်ကလေးတွေကိုင်ကာ ဒဏ်ရာရှာသူကရှာ အဆင်ပြေရဲ့လားမေးသူကမေးနဲ့ အလုပ်ရှုပ်နေသည်။
"အဟမ်း!"
ဝမ်ရိပေါ်ရဲ့ ချောင်းဟန့်သံနဲ့ မျက်နှာတည်တည်ကြောင့် သုံးယောက်လုံးငြိမ်သွားသည်။
ကိုယ်မွေးတဲ့သား ကိုယ်ပြန်ကြောက်နေရ၏။
//////
ဆိုဖာအရှည်တစ်ခုပေါ်တွင် ကျုံ့ကျုံ့လေးထိုင်နေတဲ့သုံးယောက်နဲ့ ထိုဆိုဖာဘေးက တစ်ယောက်ထိုင်ဆိုဖာမာ ထိုင်နေတဲ့ရှောင်းကျန့်။
မျက်နှာချင်းဆိုင်က ဆိုဖာမှာတော့ လက်နှစ်ဖက်ကိုယှက်ကာ တတောင်ကိုပေါင်ပေါ်တင်ပြီး ခါးအနည်းငယ်ကိုင်းကာ ထိုင်နေတဲ့ဝမ်ရိပေါ်။ ညာဘက်ထိပ်ဆုံးမှာထိုင်နေတဲ့ ဝမ်ပါးကို ဝမ်ရိပေါ် စကားစလိုက်သည်။
"ပါး....ဒီကိစ္စ..."
"ပါးမသိဘူး။ ကျန့်သွားတော့ ပါးမနိုးသေးဘူး"
ရှောင်းကျန့်ရဲ့ကာကွယ်ပေးသံကြားတော့ ဝမ်ရိပေါ် ဝမ်ပါးကိုဆက်မပြောတော့ဘဲ ဝမ်မားဆီလှည့်လိုက်သည်။
"မား..ဘယ်လိုဖြစ်ဖြစ် ကျန့်ကို တစ်ယောက်တည်း..."
"မားက ခွင့်မပြုပါဘူး။ ကျန့်ဘာသာအတင်းသွားတာ"
"ထားပါတော့။ ဒါဆို အားရီ ဘာလို့..."
"အားရီးလည်း ခွင့်မပြုပါဘူး။ ကျန့်စက်ဘီးစီးချင်လို့ထွက်သွားတာ"
"ဒါဆို..ကျန့်"
"........"
ကာကွယ်ရှင်လေးလုပ်နေတဲ့ရှောင်းကျန့်က သူ့အလှည့်ရောက်မှန်းသိတော့ ဘာဖြေရှင်းချက်မှမပေးတော့ပေ။
"ကျန့် နောက်တစ်ခါအဲ့လိုတစ်ယောက်တည်းမသွားနဲ့နော်။ သွားချင်ရင် ကိုယ့်ကိုပြော။ ကိုယ်လိုက်ပို့ပေးမယ်။ ကျန့်ကိုချုပ်ခြယ်နေတာမဟုတ်ဘူး စိတ်မချလို့ပါ နော်...ကျန့်"
"အင်း..."
ရှေ့ကသုံးယောက်ကတော့ ဝမ်ရိပေါ်ကိုမယုံနိုင်တဲ့မျက်လုံးတွေနဲ့ပြူးကြည့်နေသည်။ သူတို့ကိုတော့ အပီပြင်ပြောတော့မယ့်ရုပ်နဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကိုတော့ လေသံပြေပြေလေးနဲ့ချော့မော့ပြီးပြောနေသည်လေ။
မွေးရကျိုးနပ်ပါ၏။ အရည်ကြိုပြီးဗိုက်ထဲပြန်ထည့်လို့ရရင်ကောင်းမည်။
________________________
{ZAWGYI}
ဝမ္ရိေပၚ ကားေတာင္စက္မသတ္ႏိုင္ေတာ့ဘဲ ရဲစခန္းထဲအေျပးအလႊားဝင္သြားေတာ့
အမႈစစ္ရဲေ႐ွ႕မွာ က်ံဳ႕က်ံဳ႕ေလးထိုင္ေနတဲ့လူႏွစ္ေယာက္ထဲကမွ တစ္ေယာက္ကသူ႕ရဲ႕ ခ်စ္ရသူ။
"က်န္႔!"
ဝမ္ရိေပၚအသံၾကားေတာ့ ေ႐ွာင္းက်န္႔ဝမ္းသာအားရ ေနာက္လွည့္ၾကည့္ကာစတင္ငိုေတာ့သည္။ မ်က္ရည္မထြက္ေပမယ့္လည္း ဝမ္ရိေပၚကေတာ့ ငိုတယ္ဟုသာယူဆသည္။
"ဝမ္! အီး!!ဟီး!!!"
ေ႐ွာင္းက်န္႔ငိုေတာ့ ဝမ္ရိေပၚလည္းထိုင္ေနတဲ့ ေ႐ွာင္းက်န္႔နားသြားကာ ရင္ခြင္ထဲထည့္လိုက္ေတာ့ တအင့္အင့္နဲ႔႐ိႈက္ေနေသးသည္။
အမႈစစ္ကေတာ့ သူ႕ကိုျမင္ၿပီးအနည္းငယ္ တုန္လႈပ္သြားသည္။ ေသခ်ာၾကည့္ေတာ့မားတို႔ အေပးအကမ္းနဲ႔မလြတ္တဲ့လူႀကီး။ ထိုလူကသူ႕ကို ႏႈတ္ဆက္ခ်င္ေနသည့္ပုံျဖစ္ေနေသာ္လည္း
သူ႕ရဲ႕မ်က္ေထာင့္နီနဲ႔ၾကည့္တဲ့ အၾကည့္ေၾကာင့္
ပါးစပ္ပိတ္ေနသည္။
ေဘးကိုၾကည့္လိုက္ေတာ့ မ်က္လုံးတစ္ဖက္ကနီရဲကာေဖာင္းေနၿပီး ႏွာေခါင္းကလည္းဂြမ္းဆို႔ထားေသးသည္။ ထိုင္ေနတဲ့ပုံစံကလည္း ေအာက္ပိုင္းကို ပိုက်ံဳ႕ထားကာထိုင္ေနသည္။ မသိလွ်င္ ဟိုဟာအကန္ခံထားရသည့္ပုံစံႏွင့္။
ထိုလူရဲ႕ဒဏ္ရာေတြျမင္ေတာ့မွ ရင္ခြင္ထဲကေ႐ွာင္းက်န္႔ကိုျပန္ထုတ္ကာ မ်က္ႏွာေတြလက္ေတြတစ္ကိုယ္လုံးဒဏ္ရာလိုက္႐ွာေတာ့ တအင့္အင့္႐ိႈက္ေနသည္ကလြဲလို႔ ဘာဒဏ္ရာမွမေတြ႕သည္ေၾကာင့္ စိတ္ေအးသြားရသည္။
"ဘယ္လိုျဖစ္ၾကတာလဲ!"
ဝမ္ရိေပၚရဲ႕ အၾကည့္စူးစူးနဲ႔ေလသံမာမာေၾကာင့္ အမႈစစ္က သူ႕ကိုေျပေျပလည္လည္ေလးျပန္ေျပာသည္။
"ဒီက သူေဌးေလးရိေပၚရဲ႕ ညီေလးက ဒီအေ႐ွ႕ကေစ်း႐ုံမႉးကို စက္ဘီးခိုးတယ္ထင္ၿပီး ထု႐ိုက္တာပါ"
"မျဖစ္ႏိုင္ဘူး က်န္႔က.."
သူေျပာေနတုန္း သူ႕ကိုလက္ေလးကုပ္ကာ မ်က္ႏွာငယ္ေလးနဲ႔ေမာ့ၾကည့္တဲ့ေ႐ွာင္းက်န္႔ေၾကာင့္ သေဘာေပါက္ကာေျပာမယ့္စကားပါ ေပ်ာက္သည္။
အေမႊစိန္ပါလား က်န္႔ရယ္။
"ထားပါေတာ့။ က်န္႔ကခိုးတယ္ထင္ရေလာက္ေအာင္ စက္ဘီးကဒီလူ႕ဆီဘယ္လိုေရာက္သြားလို႔လဲ"
"ျဖစ္စဥ္ကဒီလိုပါ။ ဒီက သူေဌးေလးရိေပၚရဲ႕ ညီေလး.."
"ကြၽန္ေတာ့ ညီမဟုတ္ဘူး ကြၽန္ေတာ့ ခ်စ္သူ!စကားကိုျပန္ျပင္ေျပာ"
"အာ..ဒီက သူေဌးေလးရိေပၚရဲ႕ ခ်စ္သူက အသီးႏွံေတြဝယ္ဖို႔သြားပါတယ္။ ဒီဘက္ကေစ်း႐ုံမႉးက သူခိုးေတြ႐ွိတယ္ဆိုတဲ့ သတင္းေတြၾကားေတာ့ လွည့္လည္ၾကည္းၾကပ္ေနတာေပါ့ဗ်ာ။
အဲ့ခ်ိန္မွာ သူေဌးရဲ႕ခ်စ္သူစက္ဘီးကို ေစ်းထဲမွာခိုးလို႔အၿမဲအဖမ္းခံေနရတဲ့ ကေလးသာသာသူခိုးေလးက တြန္းေျပးသြားတာေတြ႕ေတာ့ လိုက္ဖမ္းၿပီး မိေတာ့ဆူပူႀကိမ္းေမာင္းေနတဲ့အခ်ိန္ သူေဌးေလးရဲ႕ခ်စ္သူက အေနာက္ကေနသူ႕ေပၚတက္ခြၿပီးေဆာ္ထည့္လိုက္တာပါ။ သူခိုးေလးကေတာ့ သူတို႔ရန္ျဖစ္ေနတဲ့အခ်ိန္ ထြက္ေျပးသြားပါတယ္"
ဝမ္ရိေပၚ ဆြံ႕အသြားသည္။ အခုသူျမင္ေနတဲ့သူရဲ႕မ်က္ႏွာကဒဏ္ရာေတြသည္ သူ႕အသည္းသက္ေလးရဲ႕လက္ခ်က္တဲ့လား။
"အဟမ္း! ပိုပိုလိုလိုေတြေတာ့ မေျပာခ်င္ေတာ့ဘူး။ ေဆးခန္းျပၿပီးၿပီလား"
"ရဲစခန္းကေနပဲ ဒဏ္ရာအနည္းငယ္သက္သာေအာင္လုပ္ေပးထားပါတယ္"
"ဒါဆို ေဆးခန္းအရင္သြားျပလိုက္။ ေဆးဖိုးထက္၁၀ဆျပန္ေပးမယ္။ ေနာက္ၿပီး ဟိုဟာကိုလည္းသြားစစ္ၾကည့္လိုက္ဦး ျပႆနာတစ္ခုခုျဖစ္ေနရင္ လိုသေလာက္ေပးမယ္။ ဘာမွမျဖစ္လည္းေပးမယ္"
သူ႕စကားၾကားေတာ့ တစ္ခ်ိန္လုံးၿငိမ္ၿပီး ဘာစကားမွဝင္မေျပာတဲ့ ဒဏ္ရာဗလပြနဲ႔ေစ်း႐ုံမႉးဆိုတဲ့လူက ေမာ့ၾကည့္လာသည္။ ဝမ္ရိေပၚလည္းထိုလူကိုျပန္စိုက္ၾကည့္ကာ မ်က္လုံးတစ္ဖက္ပင့္ျပလိုက္သည္။
သူ႕စကားထဲတြင္ ဟိုဟာထက္ ေၾကေအးခ ေပးလိုက္တာကို ဒီလူသေဘာေပါက္သား။ ရဲမႉးႀကီးလည္း သေဘာေပါက္သည္။
"ဒါဆို ေဆးခန္းသြားၿပီးလို႔ စစ္ေဆးမႈေတြၿပီးရင္ အေၾကာင္းျပန္ေပးပါ့မယ္"
"ခြင့္ျပဳပါဦး"
ရင္ခြင္ထဲ မ်က္ႏွာအပ္ကာ႐ိႈက္ေနေသးတဲ့ ခ်စ္ရသူကို ဝမ္ရိေပၚမင္းသမီးေလးလိုေပြ႕ခ်ီသြားလိုက္သည္။ နည္းနည္းေလးေပမယ့္ သူႏိုင္ပါသည္။
"အဆင္ေျပရဲ႕လား က်န္႔"
"အင္း..သူတို႔ေတြ တကယ္ႀကီးအခုလိုေၾကေအးေပးလိုက္တာလား။ ေဆးဖိုးေပးလိုက္လို႔လား"
"အဲတာေတြ အာ႐ုံထဲမထားနဲ႔ေတာ့။ အခုအားလုံးၿပီးသြားၿပီ"
"ဟို..စက္ဘီး"
"ထားလိုက္။ တစ္ပုံစံတည္းတူတဲ့ဟာ ကိုယ္အသစ္ျပန္ဝယ္ေပးမယ္"
"အဲတာဆိုခန!"
ေျပာၿပီး ကားေပၚကေျပးဆင္းကာ ရဲစခန္းေ႐ွ႕မွာရပ္ထားတဲ့ ေဆးေတြပြန္းပဲ့ေနတဲ့ သူ႕ရဲ႕ စက္ဘီးဖင္ထိုင္ခုံေအာက္က လိပ္ပုံနဲ႔ေသာ့ခ်ိတ္ကို သြားျဖဳတ္လာၿပီးျပန္တက္လာသည္။
"အဲ့တာက..."
"ဒီပစၥည္းက က်န္႔အတြက္အဖိုးတန္တယ္။အသစ္တစ္ခုထပ္မလုပ္ခ်င္ဘူး"
"အင္း..အင္း က်န္႔သေဘာ"
"က်န္႔ေၾကာင့္ ဝမ္ ဆိုင္မသြားရေတာ့ဘူး"
"ကိစၥမ႐ွိဘူး ဆိုင္ပိတ္ခိုင္းလိုက္တယ္။ ဒီေန႔ ေယာကၡထီးႀကီးလာမယ္လို႔မားေျပာတယ္ေလ"
"အင္း"
စက္မသတ္ရေသးတဲ့ကားေလးကေတာ့ စက္ႏိႈးစရာမလိုေတာ့ဘဲ သူ႕တို႔ခိုနားရာအိမ္ဆီ တလွိမ့္လွိမ့္ႏွင့္။
အိမ္ေရာက္တာနဲ႔ ေ႐ွ႕မွာထြက္ေစာင့္ေနတဲ့ ဝမ္မားနဲ႔ဝမ္ပါးနဲ႔ အားရီ။
ေ႐ွာင္းက်န္႔ကားေပၚကဆင္းတာနဲ႔ တစ္ဖက္ဆီလာၿပီး လက္ကေလးေတြကိုင္ကာ ဒဏ္ရာ႐ွာသူက႐ွာ အဆင္ေျပရဲ႕လားေမးသူကေမးနဲ႔ အလုပ္႐ႈပ္ေနသည္။
"အဟမ္း!"
ဝမ္ရိေပၚရဲ႕ ေခ်ာင္းဟန္႔သံနဲ႔ မ်က္ႏွာတည္တည္ေၾကာင့္ သုံးေယာက္လုံးၿငိမ္သြားသည္။
ကိုယ္ေမြးတဲ့သား ကိုယ္ျပန္ေၾကာက္ေနရ၏။
//////
ဆိုဖာအ႐ွည္တစ္ခုေပၚတြင္ က်ံဳ႕က်ံဳ႕ေလးထိုင္ေနတဲ့သုံးေယာက္နဲ႔ ထိုဆိုဖာေဘးက တစ္ေယာက္ထိုင္ဆိုဖာမာ ထိုင္ေနတဲ့ေ႐ွာင္းက်န္႔။
မ်က္ႏွာခ်င္းဆိုင္က ဆိုဖာမွာေတာ့ လက္ႏွစ္ဖက္ကိုယွက္ကာ တေတာင္ကိုေပါင္ေပၚတင္ၿပီး ခါးအနည္းငယ္ကိုင္းကာ ထိုင္ေနတဲ့ဝမ္ရိေပၚ။ ညာဘက္ထိပ္ဆုံးမွာထိုင္ေနတဲ့ ဝမ္ပါးကို ဝမ္ရိေပၚ စကားစလိုက္သည္။
"ပါး....ဒီကိစၥ..."
"ပါးမသိဘူး။ က်န္႔သြားေတာ့ ပါးမႏိုးေသးဘူး"
ေ႐ွာင္းက်န္႔ရဲ႕ကာကြယ္ေပးသံၾကားေတာ့ ဝမ္ရိေပၚ ဝမ္ပါးကိုဆက္မေျပာေတာ့ဘဲ ဝမ္မားဆီလွည့္လိုက္သည္။
"မား..ဘယ္လိုျဖစ္ျဖစ္ က်န္႔ကို တစ္ေယာက္တည္း..."
"မားက ခြင့္မျပဳပါဘူး။ က်န္႔ဘာသာအတင္းသြားတာ"
"ထားပါေတာ့။ ဒါဆို အားရီ ဘာလို႔..."
"အားရီးလည္း ခြင့္မျပဳပါဘူး။ က်န္႔စက္ဘီးစီးခ်င္လို႔ထြက္သြားတာ"
"ဒါဆို..က်န္႔"
"........"
ကာကြယ္႐ွင္ေလးလုပ္ေနတဲ့ေ႐ွာင္းက်န္႔က သူ႕အလွည့္ေရာက္မွန္းသိေတာ့ ဘာေျဖ႐ွင္းခ်က္မွမေပးေတာ့ေပ။
"က်န္႔ ေနာက္တစ္ခါအဲ့လိုတစ္ေယာက္တည္းမသြားနဲ႔ေနာ္။ သြားခ်င္ရင္ ကိုယ့္ကိုေျပာ။ ကိုယ္လိုက္ပို႔ေပးမယ္။ က်န္႔ကိုခ်ဳပ္ျခယ္ေနတာမဟုတ္ဘူး စိတ္မခ်လို႔ပါ ေနာ္...က်န္႔"
"အင္း..."
ေ႐ွ႕ကသုံးေယာက္ကေတာ့ ဝမ္ရိေပၚကိုမယုံႏိုင္တဲ့မ်က္လုံးေတြနဲ႔ျပဴးၾကည့္ေနသည္။ သူတို႔ကိုေတာ့ အပီျပင္ေျပာေတာ့မယ့္႐ုပ္နဲ႔ ဝမ္ရိေပၚက ေ႐ွာင္းက်န္႔ကိုေတာ့ ေလသံေျပေျပေလးနဲ႔ေခ်ာ့ေမာ့ၿပီးေျပာေနသည္ေလ။
ေမြးရက်ိဳးနပ္ပါ၏။ အရည္ႀကိဳၿပီးဗိုက္ထဲျပန္ထည့္လို႔ရရင္ေကာင္းမည္။
________________________