ဟေမန္တအလွန်

By SuWei_Akii

210K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
အခန်း ၆ (Z + U)
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၈ (Z + U)

4.5K 555 5
By SuWei_Akii

[UNICODE]

"အား--‌ခြေထောက်ကို
တက်နင်းမိတော့မယ်လေ !"

"မနင်းမိပါဘူး... ပီအိုက်သာ သေသေချာချာရပ်ပါလေ။"

လေ့ကျင့်ရေးကွင်းထဲမှ ဓားရေးကျင့်နေသည်ဟုမထင်ရပဲ ပျော်ရွှင်စွာ ဆော့ကစားနေကြသည်ဟု ထင်စေသည့် လူနှစ်ယောက်၏ အသံများကိုကျယ်လောင်စွာ ကြားနေရသည်။ 

"ဒီလိုကိုင်ပြီး၊ ဒီလိုလွှဲ၊ ဒီလို ခုတ်--"

"ဘာလို့ ခါးက လက်သွားတဲ့နေရာကို လိုက်ကိုင်းနေရတာလဲ? ခါးက တစ်နေရာတည်းမှာ မတ်မတ်ထား။"

သုန္ဓက ပါးစပ်မှလည်း တတွတ်တွတ်ပြောနေလျက် လက်များကလည်း စောယွန်း၏
ခါးဘေးနှစ်ဖက်ကို ကိုင်ထားသည်။

"ခါးကို လိုက်မရွေ့စေနဲ့။"

စောယွန်းက စိတ်မရှည်တော့ဟန်ဖြင့် ဆိုသည်။

"ကြိုးစားနေတာပဲကို။"

"ပီအိုက်က အကြောမပျော့သင့်တဲ့နေရာမှာပျော့နေပြီး ပျော့သင့်တဲ့ နေရာမှာ မပျော့ပဲ
ဖြစ်နေတာပ။"

"ဒါအစား အပြေးပဲ လေ့ကျင့်ရင်ကောင်းမလား?"

"ဘယ်လို ?"

သုန္ဓက သစ်သားတုတ်များကို စင်ပေါ်သို့
တင်ရင်း မေးသည်။ စောယွန်းကမူ မြက်ခင်းပြင်ပေါ်တွင် ထိုင်လိုက်ပြီး ခြေထောက်အနီးမှ
မြက်များကို တစ်ပင်ချင်း လက်ဖြင့်
နုတ်နေသည်။

"ဘာပဲဖြစ်ဖြစ် နည်းနည်းလောက် ကြိုးစားကြည့်တာနဲ့ အဆင်ပြေရမှာကို၊ ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဒီတော့ ထွက်ပြေးဖို့ပဲ လေ့ကျင့်ရင်ကောင်းမလားလို့လေ။"

"ဟားဟား"

သုန္ဓက မအောင့်အီးထားနိုင်ပဲ အားပါးတရ ရယ်မိသည်။ ထို့နောက် ရယ်သံစွက်နေသော အသံဖြင့် ပြောသည်။

"ထွက်ပြေးစရာမလိုအောင် အခု လေ့ကျင့်နေတယ်မဟုတ်လား ? အခုမှ အစမို့ ပီအိုက်အဖို့ ခက်ခဲတာပ၊ ဘယ်အရာမဆို အစပိုင်းမှာ ခက်ခဲတာပဲ။"

စောယွန်းက သုန္ဓမြင်သည်အထိ လက်ကို
ထောင်ပြလိုက်သည်။

"နောက်ဆိုရင် လက်မှာ အသားမာတွေ တက်လာတော့မယ်။ လက်တွေကို လှလှလေးထားချင်ပါတယ်ဆိုကွာ။"

သုန္ဓက သူ၏ နံဘေးတွင် ထိုင်ပြီးနောက်
စောယွန်း ၏ လက်ကို ကြည့်သည်။

"ယောက်ျားပဲလေ၊ လက်မလှတော့ ဘာဖြစ်သလဲ ?"

စောယွန်းက ပြုံးသည်။

"လှချင်တာ မလှချင်တာ၊ ယောက်ျား မိန်းမရယ်နဲ့မှ မဆိုင်ပဲ။ ယောက်ျားဆိုပြီး မလှချင်ရဘူး၊ ယောက်ျားပီသမှ ဖြစ်မယ်ဆိုတာ ပီအိုက်တော့သဘောမကျဘူး။ မိန်းကလေးတွေလည်း အားကြီးနိုင်သလို ယောက်ျားလေးတွေလည်း အားပျော့နိုင်တာပဲ။ "

သုန္ဓက ခေါင်းအနည်းငယ် ညိတ်သည်။

"ကျွန်ုပ်တို့ အင်းဝမှာလည်း အမျိုးသမီး စစ်သူကြီး၊စစ်သည်တွေရှိတာပ။ အချို့က အမျိုးသားစစ်သည်တွေနဲ့ အင်အားချင်း ယှဉ်နိုင်ပြီး တိုက်ခိုက်စွမ်းရည်လည်း
ကောင်းကြလေရဲ့။"

မြောက်အရပ်မှ လေအေးတချို့က သူတို့နှစ်ဦးကြား တိုးခွေ့၍ဝင်လာသည်။ စောယွန်းက ကောင်းကင်ယံပေါ်မှ တိမ်များကို မော့ကြည့်ကာ ဆိုသည်။

"ဒါပေမယ့်  ယောက်ျား၊မိန်းမ မရွေး အန္တရာယ်ရှိနိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့
ကလည်း လိုသေးတယ်။ "

သုန္ဓက  ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ပြောသည်။

"ပီအိုက်က အရပ်ရှည်ပြီး လက်တွေ ခြေထောက်တွေက ပျော့ပျောင်းတယ်၊ အာရုံပျံ့လွယ်တဲ့
လူလည်းမဟုတ်ဘူး၊ ခွန်အားကို အနည်းဆုံးသုံးပြီး ခုခံကာကွယ်ရမယ်ဆိုရင်-- လေးနဲ့မြားက
ပိုအဆင်မပြေပေဘူးလား ? "

စောယွန်းက နဖူးပြင်မှ ချွေးများကို သုတ်လိုက်သည်။

"လေးနဲ့ မြား၊ ကြိုးစားကြည့်ရမှာပေါ့။"

သုန္ဓက ခေါင်းညိတ်သည်။

"အားနည်းနည်းပဲ သုံးရမယ်ဆိုပေမယ့် လေလမ်းကြောင်းနဲ့ ကိုယ်ဟန်အနေအထားကို သိဖို့လိုသေးတယ်။ နောက်တစ်နေ့ လေ့ကျင့်ရေးကွင်းမှာ လေးနဲ့ မြားကို လေ့ကျင့်ကြည့်ကြတာပေါ့။"

သုန္ဓ၏ စကားကို ကြားသည့်အခါ စောယွန်းက ကျေနပ်စွာပြုံးသည်။ 

နောက်တစ်နေ့တွင် စာသင်ချိန် မရှိပဲ တစ်ရက်တာ အနားရသည်။  စောယွန်းနှင့် သုန္ဓက
ရှမ်းအင်္ကျီနှင့် ဘောင်းဘီများကို ဝတ်ဆင်လျက် လေးပစ်ကွင်းသို့ ထွက်လာခဲ့သည်။

လေးပစ်ကွင်းတွင် ပစ်မှတ်အဖြစ် သစ်သားပစ်မှတ်၊ ကောက်ရိုးပစ်မှတ်ဟူ၍ ရှိသည်။  သစ်သားပစ်မှတ်ဟူသည်မှာ  တိရစ္ဆာန်သားရေနှင့် ပြုလုပ်ထားသည့် အဝိုင်းသဏ္ဍာန် သဲအိတ်များကို သစ်သားတန်းတစ်ခုတွင် ဘေးတိုက် တန်းစီ ချိတ်ဆွဲထားပြီး လေထဲတွင် တန်းလန်းဖြစ်နေသည့် ပစ်မှတ်ဖြစ်သည်။ သားရေသဲအိတ်အဝိုင်း၏ အလယ်တွင်မူ ဟင်္သာပြဒါးအနီဖြင့် ရေးဆွဲထားသော စက်ဝိုင်းများရှိနေသည်။ ကောက်ရိုးပစ်မှတ်ကမူ ကောက်ရိုးများကို ကျစ်လျစ်သည်အထိ စုစည်းကာ သစ်သားတိုင်တွင် ချည်ထားခြင်းဖြစ်သည်။ သစ်သားပစ်မှတ်ကား ပြိုင်ပွဲများ၊စာမေးပွဲများ ဖြေပါမှ အသုံးပြုခွင့်ရသောကြောင့် ကောက်ရိုးတိုင်များနှင့် လေ့ကျင့်ကြရမည်ဖြစ်သည်။

စောယွန်းက လေးတစ်လက်ကို ကောက်ယူလိုက်ပြီး သစ်သားသားရေပစ်မှတ်များကို လှမ်းကြည့်ကာ မေးသည်။ 

"နောင့်စိုင်း၊ ပစ်မှတ်တွေကို ဘာလို့ စက္ကူတို့ ပိတ်စတို့ကို မသုံးကြတာလဲ? "

သုန္ဓက မြားတစ်စည်းထဲမှ မြားတစ်ချောင်းကို ယူလိုက်သည်။

"စက္ကူနဲ့ ပိတ်က ဈေးများတာက တစ်ချက်ပေါ့။ ကျွန်ုပ်တို့ သားရေကို အသုံးပြုတာက ကျွန်ုပ်တို့က လေးအတတ်ကို တတ်မြောက်ရင် သက်မဲ့တွေကို မြားနဲ့ ပစ်မှာ မဟုတ်ပဲ အသက်ရှိတဲ့ သတ္တဝါတွေကို ပစ်၇တော့မှာပ။ ကျွန်ုပ်တို့က ပစ်မှတ်ကို ထိအောင်ပစ်နိုင်ကြပြီဆိုပါစို့၊ ပစ်လွှတ်လိုက်တဲ့ မြားမှာ အားမပါရင် သေစေလိုတဲ့ သတ္တဝါက သေမှာမဟုတ်ဘူး။ ဒီတော့ သားရေကို ဖောက်ထွင်းနိုင်တဲ့အထိ လေ့ကျင့်ရမှာပ။"

စောယွန်းက မျက်မှောင်ကြုတ်သည်။

"ပစ်မှတ်ကို ထိပြီဆိုကတည်းက တစ်ဖက်က ဒဏ်ရာရပြီလေ။ ဒါဆို ရပြီမဟုတ်ဘူးလား?"

"စစ်မြေပြင်မှာ ရန်သူကို ကိုယ်က အရင်မသတ်ရင် ရန်သူက ကိုယ့်ကို သတ်လိမ့်မယ်။"

စောယွန်း၏ နှုတ်ခမ်းများက တင်းတင်းစေ့နေပြီး ပြန်ချေပရန် စကားမထွက်လာပေ။ ယနေ့တွင်မူ သူတို့ ကောက်ရိုးပစ်မှတ်များနှင့်သာ လေ့ကျင့်ကြရပေမည်။

စောယွန်းက လေးကို ဘယ်လက်နှင့်ကိုင်ကာ
မြားကို ညာလက်နှင့်ကိုင်လိုက်သည်။ ကြည့်ဖူးသည့် ရုပ်ရှင်များထဲကအတိုင်း လေးပေါ်ကို မြားတင်ကာ လေးညို့နှင့် မြားကို အတူဆွဲသည်။
ပေ ၁၀၀ ခန့်အကွာမှ ကောက်ရိုးတိုင်ကို ဦးတည်၍ ပစ်ရာ မြားက ကောက်ရိုးတိုင်ဆီသို့
မရောက်ပဲ လမ်းတစ်ဝက်မှ မြေကြီးကိုသာ စိုက်သွားသည်။ 

သုန္ဓက စောယွန်း၏ ခါးကို လက်ဝါးဖြင့်
အသာပုတ်ကာ ခါးမတ်စေသည်။ ထို့နောက်
စောယွန်း၏ မြားကိုင်ထားသော ညာလက်ဖျံကို အောက်မှ ပင့်ကိုင်လိုက်ပြီး စောယွန်း၏
ညာလက်က သူ၏ ပါးနှင့်ထိကပ်သည်အထိ မြောက်စေသည်။ ကွေးနေသည့် ဘယ်လက်ကို သုန္ဓက ကျန်လက်တစ်ဖက်ဖြင့် ဆန့်တန်းနေစေသည်။

"လက်နှစ်ဖက်က တစ်တန်းတည်း ဖြစ်နေရမယ်။ လေက ဘယ်အရပ်ကနေ လာနေတာလဲ ?"

ရုတ်တရက် နားအနီးတွင် ကြားလိုက်ရသော
သုန္ဓ၏ အသံကြောင့် စောယွန်း၏ လည်ပင်းက အနည်းငယ် ပုဝင်သွားသည်။ သုန္ဓ၏ ခန္ဓာကိုယ်က စောယွန်းနှင့် အလွန်နီးကပ်နေရာ စောယွန်းက သုန္ဓ၏ နှလုံးခုန်နှုန်းကိုပင် ခံစားမိလုနီးပါးပင်။ သို့သော် ဆရာဖြစ်သူ သုန္ဓက သူ၏ ခေါင်းဖြင့် စောယွန်း၏ နောက်စေ့ကို အသာတိုက်လိုက်သဖြင့် လည်ပင်းကို ပြန်မတ်လိုက်ရသည်။ 

"ညာ၊ ညာဘက်က။"

အရပ်မျက်နှာမသိတော့ သဖြင့် စောယွန်းက အရှေ့နှင့် အနောက်၊ ဘယ်နှင့်ညာကိုသာ အဓိက ထားကာ ဆုံးဖြတ်ရသည်။

"တိုက်ခတ်နေတဲ့ လေက မပြင်းလို့ ပစ်မှတ်ကို နည်းနည်းပဲ လွဲလိမ့်မယ်။  လေးညို့ကို အဆုံးအထိ ဆွဲပြီး -- ပစ်တော့။"

စောယွန်းက လေးညို့ကို လွှတ်လိုက်သည့်အချိန်တွင် မြားက ပစ်မှတ် ကောက်ရိုးတိုင်တွင် စိုက်ဝင်သွားသည်။ 

"ရက်စ် !!"

သုန္ဓက နောက်ထပ်မြားတစ်စင်း ကမ်းပေးပြီး အနည်းငယ် ခွာကာ ရပ်သည်။

စောယွန်းက မြားကို ယူကာ ပစ်လိုက်သော်ငြား မြားက ကောက်ရိုးတိုင်နှင့် ပွတ်ကာသီကာ လွဲချော်သွားသည်။

"လတ်စသတ်တော့ ပီအိုက်က လေး၊ မြားနဲ့ ပို အဆင်ပြေတာလား။"

စောယွန်းက စကားပြန်မပြောပဲ မြားတစ်စင်းကို ယူကာ လေးပေါ်တွင် တင်၍ ပစ်လွှတ်လိုက်ပြန်သည်။ သည်တစ်ကြိမ်တွင်မူ ကောက်ရိုးတိုင်ပေါ်တွင် မြားက စိုက်သွားပြန်သည်။

"ဝါး၊ ငါက တကယ်ပဲ လေးပစ်တာမှာ ပါရမီပါတာပဲ !" 

သုန္ဓက လက်ပိုက်လျက် ပြုံးနေသည်။ စောယွန်းက နောက်ထပ်မြားတစ်စင်းကို ပစ်လွှတ်သည့်အချိန်တွင် မြားက ဒုတိယမြားစိုက်ဝင်နေသည့်နေရာ၏ နံဘေးတွင် စိုက်ဝင်သွားသည်။ရုတ်တရက်  စောယွန်းက သုန္ဓကို ပွေ့ဖက်လိုက်သဖြင့် သုန္ဓက ဒယီးဒယိုင်ဖြစ်သွားသည်။

"ကျေးဇူးတင်ပါတယ် ! အခုတော့ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တော့မှာပဲ !! "

သုန္ဓက စောယွန်း၏ ကျောပြင်ကို လက်ဝါးဖြင့် အသာအယာ ပုတ်ပြီးနောက် သူက ဆိုသည်။

"ပီအိုက်ကို ကျွန်ုပ်က ကာကွယ်ပေးမယ်လို့ ပြောထားသားပဲ။ ဘာကြောင့်များ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တော့မယ်လို့ ပြောနေရတာလဲ ?"

စောယွန်းက ကိုယ်ချင်းခွာလိုက်ပြီး အနီးရှိ
ဘူးသီးခြောက်ရေဘူးထဲမှ ရေကို သောက်လိုက်သည်။ ရေသောက်ပြီးမှ သူက ပစ်မှတ်သို့ လှမ်းကြည့်ရင်း ဆိုသည်။

"အင်းဝနေပြည်တော်ပြန်ရောက်ရင် နောင့်စိုင်းက နန်းတော်ထဲကို ပြန်ရမယ်လေ။ ပီအိုက်က နန်းတော်အပြင်မှာ နေရမှာ။ အန္တရာယ်ဆိုတာ ကြိုသိနိုင်တာမဟုတ်လို့ ကိုယ့်ကိုယ်ကိုယ်
ကာကွယ်ရမှာကိုး။"

သုန္ဓက ခဏမျှ တစ်စုံတစ်ခုကို တွေးနေပြီး စကားမပြောပဲနေနေသည်။  ထို့နောက် သူက ရုတ်ခြည်း ပြောသည်။

"ဒါဖြင့် ပီအိုက်ကို နန်းတော်တွင်းထဲ ခေါ်ထားမယ်လေ။"

ဖလူး ဟူသည့်အသံနှင့်အတူ ရေသီးသွားရှာသည့် စောယွန်းက မျက်လုံးအဝိုင်းသားနှင့် သုန္ဓကို ကြည့်သည်။

"ဘုရားသိကြားမလို့ မြန်မာဘုရင်တွေမှာ မိန်းမစိုးမရှိဘူးပဲ။ ဒါထက် နန်းတော်ထဲမှာ ပီအိုက်က
ဘာအလုပ်လုပ်ရမှာတုန်း ? လူပျိူတော်လား ၊ နန်းတွင်းပန်းချီပညာရှင်လား --- ဒါမှမဟုတ် ?"

"ကျွန်ုပ်ရဲ့ အနားမှာ ခစားရမယ့် အလုပ်တစ်ခုခုပေါ့။ ပီအိုက်က ကျွန်ုပ်ရဲ့ မျက်စိအောက်ကနေ
မပျောက်တော့ဘူးပ။ "

စောယွန်းက သုန္ဓကို မျက်စောင်းထိုးကြည့်သည်။

"အရင်ကတည်းက ဒီအကြံရှိနေတာမဟုတ်လား ? ဒီလူက ငါ့ကို သာမန်ညီအကိုလို ပြောဆိုဆက်ဆံနေတာကြာပြီ။ နန်းတော်ပြန်ရောက်တာနဲ့ ပြန်ခိုင်းစားမှဖြစ်မယ်ဆိုပြီး !"

သုန္ဓက ရယ်မောကာ လက်ကာပြသည်။

"မဟုတ်တာ၊ ကျွန်ုပ်ပြောတဲ့ အနားမှာ ခစားရမယ့် အလုပ်ဆိုတာ ကျွန်ုပ်ရဲ့ အနီးကပ်အကြံပေးအလုပ်ကို ဆိုလိုတာပါ။ မင်းသားတွေအတွက် အကြံပေးမရှိရိုးမှန်ပေမယ့် ဖခမည်းတော်က ကျွန်ုပ်ကို နှစ်ခြိုက်တာကြောင့် ဖခမည်းတော်ကို အကူအညီတောင်းရင် ရမှာပ။ "

စောယွန်းက ခေါင်းခါသည်။

"ဝါး-- ငါတို့ရဲ့ အိမ်ရှေ့စံအလောင်းအလျာက ကြွားလည်းကြွားတတ်သေးတာပဲ... တကယ်မထင်ရဘူး။"

"ဘာရယ် ?"

စောယွန်းက တစ်ခုခုကို စဉ်းစားဟန်ဖြင့် ပြောသည်။

"နေပါဦး။ အကြွားထူရင် ဗိုက်ပူတတ်တယ်ဆိုလား ။ "

သုန္ဓက စောယွန်း၏ လက်ကို ဖမ်းဆွဲလိုက်သော်ငြား စောယွန်းက ငါးရှဉ့်နှယ် လွတ်သွားသည်။ နှစ်ယောက်သား လေ့ကျင့်ရေးကွင်းထဲတွင် ပြေးတမ်းဖမ်းတိုင်းကစားရင်း နေဝင်သည်အထိ မရပ်မနား ပြုံးရယ်နေခဲ့ကြသည်။  

ပထမလဆန်းစာမေးပွဲများ ဖြေပြီးနောက်
စောယွန်း နှင့် သုန္ဓနှစ်ဦးလုံးအောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ကြသော်ငြား ဘာသာရပ်ခွဲဝေသည့်အချိန်တွင် စိတ်ဝင်စားသည့် ဘာသာရပ်များက မတူခဲ့ပေ။ ကိုယ်ခံပညာလေ့ကျင့်ချိန်၊ အနားယူချိန်၊ ထမင်းစားချိန်နှင့် အခြားအချိန်များမှ အပ
စောယွန်း နှင့် သုန္ဓအဖို့ နီးနီးကပ်ကပ် မနေအားခဲ့ကြပေ။

ဒုတိယလဆန်းစာမေးပွဲ ပြီးဆုံးကာ စာသင်ကာလ ၄ လကြာမြင့်ချိန်တွင် ကျောင်းတော်၌ 
ပြဿနာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ယနေ့ စာသင်ချိန်ပြီးဆုံးချိန်တွင် ကျောင်းသားအဆောင်၏ ဧည့်ခန်း၌ စုဝေးကြရသည်။ ဆရာကြီးက အလွန် တည်ငြိမ်သည့် မျက်နှာထားဖြင့် သူတို့အား ကြည့်၍ မေးသည်။

"လူလေးတို့ ဒီရက်ပိုင်း ပစ္စည်းဥစ္စာတွေ ပျောက်တယ်လို့ ကြားသိရတယ်။ တန်ဖိုးကြီး ပစ္စည်းတွေများ ပါသလားကွဲ့?"

ဆရာကြီး၏ အမေးကို အားလုံးက ခေါင်းခါကာ တူညီစွာ တုန့်ပြန်ကြသည်။ 

"အင်း ။ ဒါပေမယ့်လည်း ခိုးတယ်ဆိုတာ အပြစ်ရှိတာပဲမို့ တရားခံကိုတော့ ဖော်ထုတ်ရမယ်ပ။ လူလေးတို့က နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် အမှုထမ်းကြမယ့် သူတွေ ဖြစ်တာမို့
ဒီကိစ္စကို ကျော်မသွားပဲ ဖော်ထုတ်စေချင်တယ်။ ဒါက လူလေးတို့ရဲ့ အကဲခတ်နိုင်စွမ်း ကိစ္စတစ်ခုအပေါ် စဥ်းစား တွေးခေါ်နိုင်စွမ်းတွေကို ဖော်ပြနိုင်မယ့် အခွင့်အရေး ဖြစ်တယ်ပ။ "

တစ်ခုခုကို တွေးမိနေပြီး သူ၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းနေသည်။  သုန္ဓက စောယွန်း၏ စက္ကန့်ပိုင်းမျှသာကြာသည့် အမူအရာကို ဖမ်းမိလိုက်ပြီး မေးရန်ဆုံးဖြတ်လိုက်သည်။ 

"နောင့်စိုင်း တစ်ခုခုစားဦးမလား ?"

စောယွန်းက သူမမေးခင်တွင် ကြိုမေးသည်။

"ပီအိုက် ဘယ်သွားမလို့လဲ ? အတူတူသွားကြမယ်။"

သုန္ဓစကားကြောင့် စောယွန်းမျက်နှာဝယ် ကျေနပ်သည့် အပြုံးက နေရာယူသည်။ သုန္ဓက မိမိသွားရာနောက် အမြဲလိုက်မည့် သဘောရှိသည်။

"ဝေးဝေးလံလံမဟုတ်ပါဘူး။ လှထွန်းလေးဆီ သွားမလို့ ။ စျေးထဲ မုန့်ဝယ်ခိုင်းမလို့၊ ဦးနှောက်ကို အလုပ်ပေးရမှာမို့ ချိုတာတစ်ခုခုစားမှဖြစ်မယ်ထင်တယ်။"

"ဪ ။  ပီအိုက် စားချင်တာကိုသာ မှာကြရအောင်။"

 "ဒါဖြင့် နောင့်စိုင်း နေခဲ့ဦး။ ပီအိုက် မှာပြီး ချက်ချင်းပြန်လာခဲ့မယ်။"

စောယွန်းက လှထွန်းလေးထံ သွားကာ မိမိလိုချင်သည်များကို သေချာမှာပြီး အဆောင်ပြန်လာခဲ့သည်။ လှထွန်းလေးက အလုပ်လုပ်လျှင်တိကျသည်။ စောယွန်းခိုင်းလျှင် ခိုင်းသည့်အတိုင်း တသွေမတိမ်းဆောင်ရွက်တတ်သူမို့ စိတ်ချရသည်။

စောယွန်း အိမ်ထဲဝင်သည့်အခါ သုန္ဓက ဧည့်ခန်းတွင် အခြားသူများနှင့်အတူ ထိုင်ကာ စကားပြောနေကြသည်။ စောယွန်းလည်း ထိုစကားဝိုင်းတွင် ဝင်ပါလိုက်သည်။ စောယွန်းကို မြင်သည်နှင့် သုန္ဓက တစ်ဖက်သို့ရွှေ့ကာ နေရာပေးသည်။
စောယွန်းကလည်း အလိုက်သင့်ဝင်ထိုင်လိုက်ရင်း စကားစသည်။

"ပစ္စည်းပျောက်တဲ့အကြောင်း ပြောနေကြသလား အဆွေတို့"

"ဟုတ်တယ်ပ ၊ ကျုပ်တို့လည်း သူခိုးဘယ်သူလဲ တွေးနေကြတာ။ "

စကားဝိုင်းထဲမှ ကျောင်းသားတစ်ယောက်က ပြန်လည်ပြောဆိုသည်။ 

"ဒါနဲ့ အဆွေတို့  ဘာတွေ ပျောက်ကြလဲ
သိလို့ရမလား ?"

"ကျုပ်က လုံချည်။"

"ကျုပ်ကတော့ အပေါ်ခြုံပုဝါပ။ "

"ကျုပ်က အမေပေးလိုက်တဲ့ ဘီးလေး ၊ တန်ဖိုးမကြီးပေမယ့် ကျုပ်အတွက်တော့ အမေပေးထားတာလေးမို့ တန်ဖိုးရှိတယ်။"

ထိုသူ၏ ပြောလက်စ စကားက အသံတိမ်ဝင်သွားသည်။

ခိုးသူမှာ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်းမဟုတ်။ အသေးအမွှား ပစ္စည်းများကိုသာ
ယူခြင်းကြောင့် တွေးစရာဖြစ်နေသည်။ ငွေလို၍ ခိုးယူခြင်းဟူ၍လည်း ကောက်ချက်မချနိုင်ပေ။  အပျော်သဘော ခိုးယူနေခြင်းပေလော။ သို့သော် ခိုးရာပါ ပစ္စည်းကို သိမ်းသည့်နေရာတော့ ရှိရမည်။ ထိုနေရာကို ခြေရာခံနိုင်ပါက ခိုးသူကိုသိနိုင်မည်။ ကျောင်းသားတွေထဲမှာ ခိုးသူရှိနိုင်မလား ဆိုသည့်အချက်ကလည်း အတပ်မပြောနိုင်သေးပေ။ အားလုံးက ငွေကြေးပြည့်စုံကြသူချည်း ဖြစ်သည်။ သူတစ်ပါး ပစ္စည်း ခိုးယူရလောက်သည်အထိတော့ မဟုတ်သေးပေ။ ပျောက်သည့် ပစ္စည်းများသည် အခန်းအတွင်းမှပစ္စည်းများ မဟုတ်။ အများသူငါ ထိတွေ့နိုင်သော နေရာများတွင် ရှိသည့် ပစ္စည်းများပင် ​ဖြစ်သည်။ စောယွန်းက အတွေးကိုရပ်ရင်း စကားဆက်သည်။ 

"ဘီးက အခန်းထဲမှာ ထားတာလား။ အခန်းထဲအထိ ဝင်ခိုးတာများလား?"

စောယွန်းမေးတော့ ထိုကျောင်းသားက ခေါင်းခါလျှက် ပြန်ဖြေသည်။ 

"မဟုတ်ဖူး ။ ကျုပ် ရေချိုးတဲ့နေရာကို ယူသွားလေ့ရှိတယ်"

"ဪ။"

"ဒါဆိုရင် သူခိုးက အခန်းအတွင်း၊အပြင်ကို
ရွေးမနေပဲ အဆင်သင့်တွေ့တာကို ခိုးသလိုဖြစ်နေတာပဲ။"

"ဟုတ်တယ်။"

သုန္ဓက စောယွန်းစကားကို ထောက်ခံသည်။ 

"ဒါဆို အစေခံတွေထဲက မဖြစ်နိုင်ဘူးလား?"

သုန္ဓ၏ ညီငယ်တစ်ယောက်ဖြစ်သော သီဟက စကားဝိုင်းထဲ ဝင်ပြောသည်။ 

"အဲ့လိုတော့ ကောက်ချက်ချလို့မရဘူး သီဟ။ သက်သေလိုသေးတယ်။"

နန္ဒက တည်ငြိမ်စွာပြောသည်။

"အဆွေနန္ဒ ပြောတာမှန်တယ်။ သက်သေမရှိပဲ စိတ်ခံစားမှုနဲ့တော့ စွပ်စွဲလို့မရဘူး။ ပျောက်တဲ့ ပစ္စည်းတွေက တန်ဖိုးကြီးတာမဟုတ်တာမို့ ငွေကြေးမတတ်နိုင်တဲ့ သူလို့လည်း ကောက်ချက်ချလို့မရဘူး ။ ငွေလိုလို့ ခိုးတယ်ဆို တန်ဖိုးကြီးပြီး ပြန်ရောင်းလို့ရတာမျိုးကိုပဲ ခိုးမှာပေါ့။"

နန္ဒက ခေါင်းငြိမ့်သည်။ စောယွန်းကို သည်တစ်ခါတော့ သူအမြင်ကြည်သွားသည်။ စောယွန်းက အကိုတော်ကို ဆက်ဆံပုံရဲတင်းလွန်း၍သာ မျက်စိထဲ ကန့်လန့်ဖြစ်နေသာ်ငြား တွေးခေါ်နိုင်စွမ်းရှိသူဖြစ်ကြောင်း သုံးသပ်မိသည်။ 

"ဒါဖြင့် နောင်ကြီးက ဘယ်လိုလုပ်ဖို့
တွေးထားလဲ။"

နန္ဒက စောယွန်းကို ပြန်မေးခွန်းထုတ်သည်။ 

"ခိုးရာပါ ပစ္စည်းကို ရှာရမှာပေါ့၊ ခိုးတဲ့သူက
ခိုးပြီးရင် ပစ္စည်းကို တစ်နေရာမှာတော့ ဖွက်မှာပဲ။ ဒါမှမဟုတ် ဖျောက်ဖျက်ပစ်တာမျိုးလည်း လုပ်နိုင်တယ်။ ဒါပေမယ့် အဲ့သက်သေအစအနကို ရှာနိုင်ရင် သူခိုးကိုလည်း ခြေရာခံမိမှာပဲ။ "

သုန္ဓက ထိုအချက်ကို လက်ခံသည်။ 

"ဒါဆို ခိုးရာပါ ပစ္စည်းကို ဘယ်လိုရှာကြမလဲ?"

သီဟက မေးခွန်းဆက်သည်။ 

"ဒါက  ကျွန်တော်တို့ အားလုံး ဦးနှောက်ကို အလုပ်ပေးကြရလိမ့်မယ်။ အတူတူအဖြေရှာတော့ ပိုပြီး မြန်မြန် လက်သည်ပေါ်မယ်မဟုတ်လား ?"

နန္ဒက ပြုံးသည်။ စောယွန်းက တကိုယ်ကောင်းဆန်ကာ သူတစ်ယောက်တည်း ဖြေရှင်းမည့်လူမဟုတ်ပေ။ ဦးဆောင်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းရှိကြောင်း စကားအနည်းအကျဉ်းနှင့် ဖော်ပြသွားခဲ့သည်။ မိတ်ဆွေအပေါင်းအသင်းနည်းသော အကိုတော် သုန္ဓပင် သူ့အား မိတ်ဆွေညီအကိုအဖြစ် အသိအမှတ်ပြုထားရကား ဤသို့သော ကောင်းချက်များကို မြင်ခဲ့ခြင်းကြောင့် ဖြစ်ရပေမည်။ 

"ဒါပေမယ့် ကျွန်တော်တို့အားလုံးက အမြဲတမ်း
ဒီလို စုဝေးပြီး တိုင်ပင်နေမယ်ဆိုရင် သူခိုးက ရိပ်မိပြီး လွတ်ပြေးသွားနိုင်တယ်။ အခုတောင် သူခိုးက ရိပ်မိနေလောက်ပြီ။ ဒီတော့ ကျွန်တော်တို့ ကိုယ့်အခန်းဖော်တွေနဲ့ပဲ အရင်ဆုံး တိုင်ပင်ကြမယ်လေ။ ထမင်းစားချိန်တိုင်းအားလုံးက အတူစားသောက်ကြတာမို့ နောက်နောင် အဲဒီအခါမှ ကျွန်တော်တို့ရတဲ့ သဲလွန်စတွေအကြောင်း ဆက်ပြောကြတာပေါ့။”

စောယွန်း၏ စကားကို အားလုံးက သဘောတူကြသည်။ နန္ဒက သုန္ဓကို လှမ်းကြည့်ချိန်တွင်
စောယွန်း နှင့် သုန္ဓတို့က အချင်းချင်း ခေါင်းညိတ်ကာ သဘောတူကြောင်းပြနေသည်ကို မြင်လိုက်ရသည်။

သုန္ဓက စောယွန်းအား ပြုံးပြနေသည်ကို
မြင်သည့်အခါ နန္ဒကော သီဟပါ မျက်လုံးများ ပြူးသွားကြသည်။ ထိုလူနှစ်ယောက်၏ အရှိန်အဝါကား တော်ရုံမဟုတ်ပေ။ မျက်လုံးများပင် ကျိန်းစပ်ရကား နန္ဒကော သီဟပါ အကြည့် လွှဲလိုက်ကြသည်။

အားလုံးက နေရာမှ အလျိုလျို ထသွားကြပြီး စောယွန်းနှင့် သုန္ဓက စကားတပြောပြောနှင့်
သူတို့၏ အခန်းထဲသို့ ၍ဝင်သွားကြသည်။ နန္ဒက သုန္ဓကို မျက်စိတဆုံးအထိ တောက်လျှောက် ကြည့်နေမိသည်။ 

အကိုတော်ကား လအနည်းငယ်အတွင်း အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲနေပြီဖြစ်သည်။ မဟုတ်။ အကိုတော်၏ မူလသရုပ်မှန် ပေါ်လာခဲ့သည်။ ငယ်စဉ်က မျက်နှာတော် အမြဲ ရွှင်ပျနေပြီး ညီတော်၊ညီမတော်များ ပျော်ရွှင်စေရန်
စနောက်တတ်သည့် အကိုတော် သုန္ဓက အရွယ်ရောက်လာချိန်တွင် တည်တံ့လာခဲ့သည်။ အရယ်အပြုံးလည်း နည်းလာခဲ့ပြီး သူတို့နှင့် တွေ့ဆုံရန်ပင် အချိန်မရှိတော့ပေ။

နေ့နေ့ညည စာပေများ၊ စစ်ဗျူဟာများအထိ လေ့လာဖတ်ရှုနေရပြီး နိုင်ငံရေးရာများတွင်လည်း ဖခမည်းတော်ကို ကူညီရပြန်သည်။ ယခုကဲ့သို့ ပေါ့ပါးလွတ်လပ်သည့် အသွင်မရှိခဲ့ပဲ  ပင်ပန်းမှုကို ဖုံးကွယ်ထားရသော လှောင်ချိုင့်ထဲမှ ငှက်ငယ်နှင့် တူနေခဲ့သည်။ ယခုတွင်မူ နံဘေးမှ စောယွန်းကြောင့် လွတ်လပ်စွာ ပျံသန်းနေချေပြီ။ 
နန္ဒက စောယွန်းအပေါ်တွင် မာရေကြောရေ ဆက်ဆံရန် မသင့်တော့ကြောင်းတွေးမိပြီး အခန်းထဲသို့ ဝင်သွားသည်။


[ZAWGYI]

"အား--‌ေျခေထာက္ကို
တက္နင္းမိေတာ့မယ္ေလ !"

"မနင္းမိပါဘူး... ပီအိုက္သာ ေသေသခ်ာခ်ာရပ္ပါေလ။"

ေလ့က်င့္ေရးကြင္းထဲမွ ဓားေရးက်င့္ေနသည္ဟုမထင္ရပဲ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနၾကသည္ဟု ထင္ေစသည့္ လူႏွစ္ေယာက္၏ အသံမ်ားကိုက်ယ္ေလာင္စြာ ၾကားေနရသည္။ 

"ဒီလိုကိုင္ၿပီး၊ ဒီလိုလႊဲ၊ ဒီလို ခုတ္--"

"ဘာလို႔ ခါးက လက္သြားတဲ့ေနရာကို လိုက္ကိုင္းေနရတာလဲ? ခါးက တစ္ေနရာတည္းမွာ မတ္မတ္ထား။"

သုႏၶက ပါးစပ္မွလည္း တတြတ္တြတ္ေျပာေနလ်က္ လက္မ်ားကလည္း ေစာယြန္း၏
ခါးေဘးႏွစ္ဖက္ကို ကိုင္ထားသည္။

"ခါးကို လိုက္မေ႐ြ႕ေစနဲ႔။"

ေစာယြန္းက စိတ္မ႐ွည္ေတာ့ဟန္ျဖင့္ ဆိုသည္။

"ႀကိဳးစားေနတာပဲကို။"

"ပီအိုက္က အေၾကာမေပ်ာ့သင့္တဲ့ေနရာမွာေပ်ာ့ေနၿပီး ေပ်ာ့သင့္တဲ့ ေနရာမွာ မေပ်ာ့ပဲ
ျဖစ္ေနတာပ။"

"ဒါအစား အေျပးပဲ ေလ့က်င့္ရင္ေကာင္းမလား?"

"ဘယ္လို ?"

သုႏၶက သစ္သားတုတ္မ်ားကို စင္ေပၚသို႔
တင္ရင္း ေမးသည္။ ေစာယြန္းကမူ ျမက္ခင္းျပင္ေပၚတြင္ ထိုင္လိုက္ၿပီး ေျခေထာက္အနီးမွ
ျမက္မ်ားကို တစ္ပင္ခ်င္း လက္ျဖင့္
ႏုတ္ေနသည္။

"ဘာပဲျဖစ္ျဖစ္ နည္းနည္းေလာက္ ႀကိဳးစားၾကည့္တာနဲ႔ အဆင္ေျပရမွာကို၊ ဘယ္လိုမွ အဆင္မေျပဘူးေလ။ ဒီေတာ့ ထြက္ေျပးဖို႔ပဲ ေလ့က်င့္ရင္ေကာင္းမလားလို႔ေလ။"

"ဟားဟား"

သုႏၶက မေအာင့္အီးထားႏိုင္ပဲ အားပါးတရ ရယ္မိသည္။ ထို႔ေနာက္ ရယ္သံစြက္ေနေသာ အသံျဖင့္ ေျပာသည္။

"ထြက္ေျပးစရာမလိုေအာင္ အခု ေလ့က်င့္ေနတယ္မဟုတ္လား ? အခုမွ အစမို႔ ပီအိုက္အဖို႔ ခက္ခဲတာပ၊ ဘယ္အရာမဆို အစပိုင္းမွာ ခက္ခဲတာပဲ။"

ေစာယြန္းက သုႏၶျမင္သည္အထိ လက္ကို
ေထာင္ျပလိုက္သည္။

"ေနာက္ဆိုရင္ လက္မွာ အသားမာေတြ တက္လာေတာ့မယ္။ လက္ေတြကို လွလွေလးထားခ်င္ပါတယ္ဆိုကြာ။"

သုႏၶက သူ၏ နံေဘးတြင္ ထိုင္ၿပီးေနာက္
ေစာယြန္း ၏ လက္ကို ၾကည့္သည္။

"ေယာက်္ားပဲေလ၊ လက္မလွေတာ့ ဘာျဖစ္သလဲ ?"

ေစာယြန္းက ျပဳံးသည္။

"လွခ်င္တာ မလွခ်င္တာ၊ ေယာက်္ား မိန္းမရယ္နဲ႔မွ မဆိုင္ပဲ။ ေယာက်္ားဆိုၿပီး မလွခ်င္ရဘူး၊ ေယာက်္ားပီသမွ ျဖစ္မယ္ဆိုတာ ပီအိုက္ေတာ့သေဘာမက်ဘူး။ မိန္းကေလးေတြလည္း အားႀကီးႏိုင္သလို ေယာက်္ားေလးေတြလည္း အားေပ်ာ့ႏိုင္တာပဲ။ "

သုႏၶက ေခါင္းအနည္းငယ္ ညိတ္သည္။

"ကြၽႏ္ုပ္တို႔ အင္းဝမွာလည္း အမ်ိဳးသမီး စစ္သူႀကီး၊စစ္သည္ေတြ႐ွိတာပ။ အခ်ိဳ႕က အမ်ိဳးသားစစ္သည္ေတြနဲ႔ အင္အားခ်င္း ယွဥ္ႏိုင္ၿပီး တိုက္ခိုက္စြမ္းရည္လည္း
ေကာင္းၾကေလရဲ႕။"

ေျမာက္အရပ္မွ ေလေအးတခ်ိဳ႕က သူတို႔ႏွစ္ဦးၾကား တိုးေခြ႕၍ဝင္လာသည္။ ေစာယြန္းက ေကာင္းကင္ယံေပၚမွ တိမ္မ်ားကို ေမာ့ၾကည့္ကာ ဆိုသည္။

"ဒါေပမယ့္  ေယာက်္ား၊မိန္းမ မေ႐ြး အႏၲရာယ္႐ွိႏိုင္တာမို႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ဖို႔
ကလည္း လိုေသးတယ္။ "

သုႏၶက  ေဘးဘီဝဲယာကို ၾကည့္ၿပီးေနာက္ ေျပာသည္။

"ပီအိုက္က အရပ္႐ွည္ၿပီး လက္ေတြ ေျခေထာက္ေတြက ေပ်ာ့ေပ်ာင္းတယ္၊ အာ႐ုံပ်ံ႕လြယ္တဲ့
လူလည္းမဟုတ္ဘူး၊ ခြန္အားကို အနည္းဆုံးသုံးၿပီး ခုခံကာကြယ္ရမယ္ဆိုရင္-- ေလးနဲ႔ျမားက
ပိုအဆင္မေျပေပဘူးလား ? "

ေစာယြန္းက နဖူးျပင္မွ ေခြၽးမ်ားကို သုတ္လိုက္သည္။

"ေလးနဲ႔ ျမား၊ ႀကိဳးစားၾကည့္ရမွာေပါ့။"

သုႏၶက ေခါင္းညိတ္သည္။

"အားနည္းနည္းပဲ သုံးရမယ္ဆိုေပမယ့္ ေလလမ္းေၾကာင္းနဲ႔ ကိုယ္ဟန္အေနအထားကို သိဖို႔လိုေသးတယ္။ ေနာက္တစ္ေန႔ ေလ့က်င့္ေရးကြင္းမွာ ေလးနဲ႔ ျမားကို ေလ့က်င့္ၾကည့္ၾကတာေပါ့။"

သုႏၶ၏ စကားကို ၾကားသည့္အခါ ေစာယြန္းက ေက်နပ္စြာျပဳံးသည္။ 

ေနာက္တစ္ေန႔တြင္ စာသင္ခ်ိန္ မ႐ွိပဲ တစ္ရက္တာ အနားရသည္။  ေစာယြန္းႏွင့္ သုႏၶက
႐ွမ္းအက်ႌႏွင့္ ေဘာင္းဘီမ်ားကို ဝတ္ဆင္လ်က္ ေလးပစ္ကြင္းသို႔ ထြက္လာခဲ့သည္။

ေလးပစ္ကြင္းတြင္ ပစ္မွတ္အျဖစ္ သစ္သားပစ္မွတ္၊ ေကာက္႐ိုးပစ္မွတ္ဟူ၍ ႐ွိသည္။  သစ္သားပစ္မွတ္ဟူသည္မွာ  တိရစၧာန္သားေရႏွင့္ ျပဳလုပ္ထားသည့္ အဝိုင္းသ႑ာန္ သဲအိတ္မ်ားကို သစ္သားတန္းတစ္ခုတြင္ ေဘးတိုက္ တန္းစီ ခ်ိတ္ဆြဲထားၿပီး ေလထဲတြင္ တန္းလန္းျဖစ္ေနသည့္ ပစ္မွတ္ျဖစ္သည္။ သားေရသဲအိတ္အဝိုင္း၏ အလယ္တြင္မူ ဟသၤာျပဒါးအနီျဖင့္ ေရးဆြဲထားေသာ စက္ဝိုင္းမ်ား႐ွိေနသည္။ ေကာက္႐ိုးပစ္မွတ္ကမူ ေကာက္႐ိုးမ်ားကို က်စ္လ်စ္သည္အထိ စုစည္းကာ သစ္သားတိုင္တြင္ ခ်ည္ထားျခင္းျဖစ္သည္။ သစ္သားပစ္မွတ္ကား ၿပိဳင္ပြဲမ်ား၊စာေမးပြဲမ်ား ေျဖပါမွ အသုံးျပဳခြင့္ရေသာေၾကာင့္ ေကာက္႐ိုးတိုင္မ်ားႏွင့္ ေလ့က်င့္ၾကရမည္ျဖစ္သည္။

ေစာယြန္းက ေလးတစ္လက္ကို ေကာက္ယူလိုက္ၿပီး သစ္သားသားေရပစ္မွတ္မ်ားကို လွမ္းၾကည့္ကာ ေမးသည္။ 

"ေနာင့္စိုင္း၊ ပစ္မွတ္ေတြကို ဘာလို႔ စကၠဴတို႔ ပိတ္စတို႔ကို မသုံးၾကတာလဲ? "

သုႏၶက ျမားတစ္စည္းထဲမွ ျမားတစ္ေခ်ာင္းကို ယူလိုက္သည္။

"စကၠဴနဲ႔ ပိတ္က ေဈးမ်ားတာက တစ္ခ်က္ေပါ့။ ကြၽႏ္ုပ္တို႔ သားေရကို အသုံးျပဳတာက ကြၽႏ္ုပ္တို႔က ေလးအတတ္ကို တတ္ေျမာက္ရင္ သက္မဲ့ေတြကို ျမားနဲ႔ ပစ္မွာ မဟုတ္ပဲ အသက္႐ွိတဲ့ သတၱဝါေတြကို ပစ္၇ေတာ့မွာပ။ ကြၽႏ္ုပ္တို႔က ပစ္မွတ္ကို ထိေအာင္ပစ္ႏိုင္ၾကၿပီဆိုပါစို႔၊ ပစ္လႊတ္လိုက္တဲ့ ျမားမွာ အားမပါရင္ ေသေစလိုတဲ့ သတၱဝါက ေသမွာမဟုတ္ဘူး။ ဒီေတာ့ သားေရကို ေဖာက္ထြင္းႏိုင္တဲ့အထိ ေလ့က်င့္ရမွာပ။"

ေစာယြန္းက မ်က္ေမွာင္ၾကဳတ္သည္။

"ပစ္မွတ္ကို ထိၿပီဆိုကတည္းက တစ္ဖက္က ဒဏ္ရာရၿပီေလ။ ဒါဆို ရၿပီမဟုတ္ဘူးလား?"

"စစ္ေျမျပင္မွာ ရန္သူကို ကိုယ္က အရင္မသတ္ရင္ ရန္သူက ကိုယ့္ကို သတ္လိမ့္မယ္။"

ေစာယြန္း၏ ႏႈတ္ခမ္းမ်ားက တင္းတင္းေစ့ေနၿပီး ျပန္ေခ်ပရန္ စကားမထြက္လာေပ။ ယေန႔တြင္မူ သူတို႔ ေကာက္႐ိုးပစ္မွတ္မ်ားႏွင့္သာ ေလ့က်င့္ၾကရေပမည္။

ေစာယြန္းက ေလးကို ဘယ္လက္ႏွင့္ကိုင္ကာ
ျမားကို ညာလက္ႏွင့္ကိုင္လိုက္သည္။ ၾကည့္ဖူးသည့္ ႐ုပ္႐ွင္မ်ားထဲကအတိုင္း ေလးေပၚကို ျမားတင္ကာ ေလးညိဳ႕ႏွင့္ ျမားကို အတူဆြဲသည္။
ေပ ၁၀၀ ခန္႔အကြာမွ ေကာက္႐ိုးတိုင္ကို ဦးတည္၍ ပစ္ရာ ျမားက ေကာက္႐ိုးတိုင္ဆီသို႔
မေရာက္ပဲ လမ္းတစ္ဝက္မွ ေျမႀကီးကိုသာ စိုက္သြားသည္။ 

သုႏၶက ေစာယြန္း၏ ခါးကို လက္ဝါးျဖင့္
အသာပုတ္ကာ ခါးမတ္ေစသည္။ ထို႔ေနာက္
ေစာယြန္း၏ ျမားကိုင္ထားေသာ ညာလက္ဖ်ံကို ေအာက္မွ ပင့္ကိုင္လိုက္ၿပီး ေစာယြန္း၏
ညာလက္က သူ၏ ပါးႏွင့္ထိကပ္သည္အထိ ေျမာက္ေစသည္။ ေကြးေနသည့္ ဘယ္လက္ကို သုႏၶက က်န္လက္တစ္ဖက္ျဖင့္ ဆန္႔တန္းေနေစသည္။

"လက္ႏွစ္ဖက္က တစ္တန္းတည္း ျဖစ္ေနရမယ္။ ေလက ဘယ္အရပ္ကေန လာေနတာလဲ ?"

႐ုတ္တရက္ နားအနီးတြင္ ၾကားလိုက္ရေသာ
သုႏၶ၏ အသံေၾကာင့္ ေစာယြန္း၏ လည္ပင္းက အနည္းငယ္ ပုဝင္သြားသည္။ သုႏၶ၏ ခႏၶာကိုယ္က ေစာယြန္းႏွင့္ အလြန္နီးကပ္ေနရာ ေစာယြန္းက သုႏၶ၏ ႏွလုံးခုန္ႏႈန္းကိုပင္ ခံစားမိလုနီးပါးပင္။ သို႔ေသာ္ ဆရာျဖစ္သူ သုႏၶက သူ၏ ေခါင္းျဖင့္ ေစာယြန္း၏ ေနာက္ေစ့ကို အသာတိုက္လိုက္သျဖင့္ လည္ပင္းကို ျပန္မတ္လိုက္ရသည္။ 

"ညာ၊ ညာဘက္က။"

အရပ္မ်က္ႏွာမသိေတာ့ သျဖင့္ ေစာယြန္းက အေ႐ွ႕ႏွင့္ အေနာက္၊ ဘယ္ႏွင့္ညာကိုသာ အဓိက ထားကာ ဆုံးျဖတ္ရသည္။

"တိုက္ခတ္ေနတဲ့ ေလက မျပင္းလို႔ ပစ္မွတ္ကို နည္းနည္းပဲ လြဲလိမ့္မယ္။  ေလးညိဳ႕ကို အဆုံးအထိ ဆြဲၿပီး -- ပစ္ေတာ့။"

ေစာယြန္းက ေလးညိဳ႕ကို လႊတ္လိုက္သည့္အခ်ိန္တြင္ ျမားက ပစ္မွတ္ ေကာက္႐ိုးတိုင္တြင္ စိုက္ဝင္သြားသည္။ 

"ရက္စ္ !!"

သုႏၶက ေနာက္ထပ္ျမားတစ္စင္း ကမ္းေပးၿပီး အနည္းငယ္ ခြာကာ ရပ္သည္။

ေစာယြန္းက ျမားကို ယူကာ ပစ္လိုက္ေသာ္ျငား ျမားက ေကာက္႐ိုးတိုင္ႏွင့္ ပြတ္ကာသီကာ လြဲေခ်ာ္သြားသည္။

"လတ္စသတ္ေတာ့ ပီအိုက္က ေလး၊ ျမားနဲ႔ ပို အဆင္ေျပတာလား။"

ေစာယြန္းက စကားျပန္မေျပာပဲ ျမားတစ္စင္းကို ယူကာ ေလးေပၚတြင္ တင္၍ ပစ္လႊတ္လိုက္ျပန္သည္။ သည္တစ္ႀကိမ္တြင္မူ ေကာက္႐ိုးတိုင္ေပၚတြင္ ျမားက စိုက္သြားျပန္သည္။

"ဝါး၊ ငါက တကယ္ပဲ ေလးပစ္တာမွာ ပါရမီပါတာပဲ !" 

သုႏၶက လက္ပိုက္လ်က္ ျပဳံးေနသည္။ ေစာယြန္းက ေနာက္ထပ္ျမားတစ္စင္းကို ပစ္လႊတ္သည့္အခ်ိန္တြင္ ျမားက ဒုတိယျမားစိုက္ဝင္ေနသည့္ေနရာ၏ နံေဘးတြင္ စိုက္ဝင္သြားသည္။႐ုတ္တရက္  ေစာယြန္းက သုႏၶကို ေပြ႕ဖက္လိုက္သျဖင့္ သုႏၶက ဒယီးဒယိုင္ျဖစ္သြားသည္။

"ေက်းဇူးတင္ပါတယ္ ! အခုေတာ့ တကယ္ပဲ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ေတာ့မွာပဲ !! "

သုႏၶက ေစာယြန္း၏ ေက်ာျပင္ကို လက္ဝါးျဖင့္ အသာအယာ ပုတ္ၿပီးေနာက္ သူက ဆိုသည္။

"ပီအိုက္ကို ကြၽႏ္ုပ္က ကာကြယ္ေပးမယ္လို႔ ေျပာထားသားပဲ။ ဘာေၾကာင့္မ်ား ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏိုင္ေတာ့မယ္လို႔ ေျပာေနရတာလဲ ?"

ေစာယြန္းက ကိုယ္ခ်င္းခြာလိုက္ၿပီး အနီး႐ွိ
ဘူးသီးေျခာက္ေရဘူးထဲမွ ေရကို ေသာက္လိုက္သည္။ ေရေသာက္ၿပီးမွ သူက ပစ္မွတ္သို႔ လွမ္းၾကည့္ရင္း ဆိုသည္။

"အင္းဝေနျပည္ေတာ္ျပန္ေရာက္ရင္ ေနာင့္စိုင္းက နန္းေတာ္ထဲကို ျပန္ရမယ္ေလ။ ပီအိုက္က နန္းေတာ္အျပင္မွာ ေနရမွာ။ အႏၲရာယ္ဆိုတာ ႀကိဳသိႏိုင္တာမဟုတ္လို႔ ကိုယ့္ကိုယ္ကိုယ္
ကာကြယ္ရမွာကိုး။"

သုႏၶက ခဏမွ် တစ္စုံတစ္ခုကို ေတြးေနၿပီး စကားမေျပာပဲေနေနသည္။  ထို႔ေနာက္ သူက ႐ုတ္ျခည္း ေျပာသည္။

"ဒါျဖင့္ ပီအိုက္ကို နန္းေတာ္တြင္းထဲ ေခၚထားမယ္ေလ။"

ဖလူး ဟူသည့္အသံႏွင့္အတူ ေရသီးသြား႐ွာသည့္ ေစာယြန္းက မ်က္လုံးအဝိုင္းသားႏွင့္ သုႏၶကို ၾကည့္သည္။

"ဘုရားသိၾကားမလို႔ ျမန္မာဘုရင္ေတြမွာ မိန္းမစိုးမ႐ွိဘူးပဲ။ ဒါထက္ နန္းေတာ္ထဲမွာ ပီအိုက္က
ဘာအလုပ္လုပ္ရမွာတုန္း ? လူပ်ိဴေတာ္လား ၊ နန္းတြင္းပန္းခ်ီပညာ႐ွင္လား --- ဒါမွမဟုတ္ ?"

"ကြၽႏ္ုပ္ရဲ႕ အနားမွာ ခစားရမယ့္ အလုပ္တစ္ခုခုေပါ့။ ပီအိုက္က ကြၽႏ္ုပ္ရဲ႕ မ်က္စိေအာက္ကေန
မေပ်ာက္ေတာ့ဘူးပ။ "

ေစာယြန္းက သုႏၶကို မ်က္ေစာင္းထိုးၾကည့္သည္။

"အရင္ကတည္းက ဒီအၾကံ႐ွိေနတာမဟုတ္လား ? ဒီလူက ငါ့ကို သာမန္ညီအကိုလို ေျပာဆိုဆက္ဆံေနတာၾကာၿပီ။ နန္းေတာ္ျပန္ေရာက္တာနဲ႔ ျပန္ခိုင္းစားမွျဖစ္မယ္ဆိုၿပီး !"

သုႏၶက ရယ္ေမာကာ လက္ကာျပသည္။

"မဟုတ္တာ၊ ကြၽႏ္ုပ္ေျပာတဲ့ အနားမွာ ခစားရမယ့္ အလုပ္ဆိုတာ ကြၽႏ္ုပ္ရဲ႕ အနီးကပ္အၾကံေပးအလုပ္ကို ဆိုလိုတာပါ။ မင္းသားေတြအတြက္ အၾကံေပးမ႐ွိ႐ိုးမွန္ေပမယ့္ ဖခမည္းေတာ္က ကြၽႏ္ုပ္ကို ႏွစ္ၿခိဳက္တာေၾကာင့္ ဖခမည္းေတာ္ကို အကူအညီေတာင္းရင္ ရမွာပ။ "

ေစာယြန္းက ေခါင္းခါသည္။

"ဝါး-- ငါတို႔ရဲ႕ အိမ္ေ႐ွ႕စံအေလာင္းအလ်ာက ႂကြားလည္းႂကြားတတ္ေသးတာပဲ... တကယ္မထင္ရဘူး။"

"ဘာရယ္ ?"

ေစာယြန္းက တစ္ခုခုကို စဥ္းစားဟန္ျဖင့္ ေျပာသည္။

"ေနပါဦး။ အႂကြားထူရင္ ဗိုက္ပူတတ္တယ္ဆိုလား ။ "

သုႏၶက ေစာယြန္း၏ လက္ကို ဖမ္းဆြဲလိုက္ေသာ္ျငား ေစာယြန္းက ငါး႐ွဥ့္ႏွယ္ လြတ္သြားသည္။ ႏွစ္ေယာက္သား ေလ့က်င့္ေရးကြင္းထဲတြင္ ေျပးတမ္းဖမ္းတိုင္းကစားရင္း ေနဝင္သည္အထိ မရပ္မနား ျပဳံးရယ္ေနခဲ့ၾကသည္။  

ပထမလဆန္းစာေမးပြဲမ်ား ေျဖၿပီးေနာက္
ေစာယြန္း ႏွင့္ သုႏၶႏွစ္ဦးလုံးေအာင္ျမင္စြာ ေျဖဆိုႏိုင္ခဲ့ၾကေသာ္ျငား ဘာသာရပ္ခြဲေဝသည့္အခ်ိန္တြင္ စိတ္ဝင္စားသည့္ ဘာသာရပ္မ်ားက မတူခဲ့ေပ။ ကိုယ္ခံပညာေလ့က်င့္ခ်ိန္၊ အနားယူခ်ိန္၊ ထမင္းစားခ်ိန္ႏွင့္ အျခားအခ်ိန္မ်ားမွ အပ
ေစာယြန္း ႏွင့္ သုႏၶအဖို႔ နီးနီးကပ္ကပ္ မေနအားခဲ့ၾကေပ။

ဒုတိယလဆန္းစာေမးပြဲ ၿပီးဆုံးကာ စာသင္ကာလ ၄ လၾကာျမင့္ခ်ိန္တြင္ ေက်ာင္းေတာ္၌ 
ျပႆနာတစ္ခု ျဖစ္ေပၚလာခဲ့သည္။

ယေန႔ စာသင္ခ်ိန္ၿပီးဆုံးခ်ိန္တြင္ ေက်ာင္းသားအေဆာင္၏ ဧည့္ခန္း၌ စုေဝးၾကရသည္။ ဆရာႀကီးက အလြန္ တည္ၿငိမ္သည့္ မ်က္ႏွာထားျဖင့္ သူတို႔အား ၾကည့္၍ ေမးသည္။

"လူေလးတို႔ ဒီရက္ပိုင္း ပစၥည္းဥစၥာေတြ ေပ်ာက္တယ္လို႔ ၾကားသိရတယ္။ တန္ဖိုးႀကီး ပစၥည္းေတြမ်ား ပါသလားကြဲ႕?"

ဆရာႀကီး၏ အေမးကို အားလုံးက ေခါင္းခါကာ တူညီစြာ တုန္႔ျပန္ၾကသည္။ 

"အင္း ။ ဒါေပမယ့္လည္း ခိုးတယ္ဆိုတာ အျပစ္႐ွိတာပဲမို႔ တရားခံကိုေတာ့ ေဖာ္ထုတ္ရမယ္ပ။ လူေလးတို႔က ေနာင္တစ္ခ်ိန္မွာ တိုင္းျပည္အတြက္ အမႈထမ္းၾကမယ့္ သူေတြ ျဖစ္တာမို႔
ဒီကိစၥကို ေက်ာ္မသြားပဲ ေဖာ္ထုတ္ေစခ်င္တယ္။ ဒါက လူေလးတို႔ရဲ႕ အကဲခတ္ႏိုင္စြမ္း ကိစၥတစ္ခုအေပၚ စဥ္းစား ေတြးေခၚႏိုင္စြမ္းေတြကို ေဖာ္ျပႏိုင္မယ့္ အခြင့္အေရး ျဖစ္တယ္ပ။ "

တစ္ခုခုကို ေတြးမိေနၿပီး သူ၏ မ်က္ႏွာေပၚတြင္ ျပဳံးေယာင္သန္းေနသည္။  သုႏၶက ေစာယြန္း၏ စကၠန္႔ပိုင္းမွ်သာၾကာသည့္ အမူအရာကို ဖမ္းမိလိုက္ၿပီး ေမးရန္ဆုံးျဖတ္လိုက္သည္။ 

"ေနာင့္စိုင္း တစ္ခုခုစားဦးမလား ?"

ေစာယြန္းက သူမေမးခင္တြင္ ႀကိဳေမးသည္။

"ပီအိုက္ ဘယ္သြားမလို႔လဲ ? အတူတူသြားၾကမယ္။"

သုႏၶစကားေၾကာင့္ ေစာယြန္းမ်က္ႏွာဝယ္ ေက်နပ္သည့္ အျပဳံးက ေနရာယူသည္။ သုႏၶက မိမိသြားရာေနာက္ အၿမဲလိုက္မည့္ သေဘာ႐ွိသည္။

"ေဝးေဝးလံလံမဟုတ္ပါဘူး။ လွထြန္းေလးဆီ သြားမလို႔ ။ ေစ်းထဲ မုန္႔ဝယ္ခိုင္းမလို႔၊ ဦးေႏွာက္ကို အလုပ္ေပးရမွာမို႔ ခ်ိဳတာတစ္ခုခုစားမွျဖစ္မယ္ထင္တယ္။"

"ဪ ။  ပီအိုက္ စားခ်င္တာကိုသာ မွာၾကရေအာင္။"

 "ဒါျဖင့္ ေနာင့္စိုင္း ေနခဲ့ဦး။ ပီအိုက္ မွာၿပီး ခ်က္ခ်င္းျပန္လာခဲ့မယ္။"

ေစာယြန္းက လွထြန္းေလးထံ သြားကာ မိမိလိုခ်င္သည္မ်ားကို ေသခ်ာမွာၿပီး အေဆာင္ျပန္လာခဲ့သည္။ လွထြန္းေလးက အလုပ္လုပ္လွ်င္တိက်သည္။ ေစာယြန္းခိုင္းလွ်င္ ခိုင္းသည့္အတိုင္း တေသြမတိမ္းေဆာင္႐ြက္တတ္သူမို႔ စိတ္ခ်ရသည္။

ေစာယြန္း အိမ္ထဲဝင္သည့္အခါ သုႏၶက ဧည့္ခန္းတြင္ အျခားသူမ်ားႏွင့္အတူ ထိုင္ကာ စကားေျပာေနၾကသည္။ ေစာယြန္းလည္း ထိုစကားဝိုင္းတြင္ ဝင္ပါလိုက္သည္။ ေစာယြန္းကို ျမင္သည္ႏွင့္ သုႏၶက တစ္ဖက္သို႔ေ႐ႊ႕ကာ ေနရာေပးသည္။
ေစာယြန္းကလည္း အလိုက္သင့္ဝင္ထိုင္လိုက္ရင္း စကားစသည္။

"ပစၥည္းေပ်ာက္တဲ့အေၾကာင္း ေျပာေနၾကသလား အေဆြတို႔"

"ဟုတ္တယ္ပ ၊ က်ဳပ္တို႔လည္း သူခိုးဘယ္သူလဲ ေတြးေနၾကတာ။ "

စကားဝိုင္းထဲမွ ေက်ာင္းသားတစ္ေယာက္က ျပန္လည္ေျပာဆိုသည္။ 

"ဒါနဲ႔ အေဆြတို႔  ဘာေတြ ေပ်ာက္ၾကလဲ
သိလို႔ရမလား ?"

"က်ဳပ္က လုံခ်ည္။"

"က်ဳပ္ကေတာ့ အေပၚျခဳံပုဝါပ။ "

"က်ဳပ္က အေမေပးလိုက္တဲ့ ဘီးေလး ၊ တန္ဖိုးမႀကီးေပမယ့္ က်ဳပ္အတြက္ေတာ့ အေမေပးထားတာေလးမို႔ တန္ဖိုး႐ွိတယ္။"

ထိုသူ၏ ေျပာလက္စ စကားက အသံတိမ္ဝင္သြားသည္။

ခိုးသူမွာ တန္ဖိုးႀကီး ပစၥည္းမ်ားကို ခိုးယူျခင္းမဟုတ္။ အေသးအမႊား ပစၥည္းမ်ားကိုသာ
ယူျခင္းေၾကာင့္ ေတြးစရာျဖစ္ေနသည္။ ေငြလို၍ ခိုးယူျခင္းဟူ၍လည္း ေကာက္ခ်က္မခ်ႏိုင္ေပ။  အေပ်ာ္သေဘာ ခိုးယူေနျခင္းေပေလာ။ သို႔ေသာ္ ခိုးရာပါ ပစၥည္းကို သိမ္းသည့္ေနရာေတာ့ ႐ွိရမည္။ ထိုေနရာကို ေျခရာခံႏိုင္ပါက ခိုးသူကိုသိႏိုင္မည္။ ေက်ာင္းသားေတြထဲမွာ ခိုးသူ႐ွိႏိုင္မလား ဆိုသည့္အခ်က္ကလည္း အတပ္မေျပာႏိုင္ေသးေပ။ အားလုံးက ေငြေၾကးျပည့္စုံၾကသူခ်ည္း ျဖစ္သည္။ သူတစ္ပါး ပစၥည္း ခိုးယူရေလာက္သည္အထိေတာ့ မဟုတ္ေသးေပ။ ေပ်ာက္သည့္ ပစၥည္းမ်ားသည္ အခန္းအတြင္းမွပစၥည္းမ်ား မဟုတ္။ အမ်ားသူငါ ထိေတြ႕ႏိုင္ေသာ ေနရာမ်ားတြင္ ႐ွိသည့္ ပစၥည္းမ်ားပင္ ​ျဖစ္သည္။ ေစာယြန္းက အေတြးကိုရပ္ရင္း စကားဆက္သည္။ 

"ဘီးက အခန္းထဲမွာ ထားတာလား။ အခန္းထဲအထိ ဝင္ခိုးတာမ်ားလား?"

ေစာယြန္းေမးေတာ့ ထိုေက်ာင္းသားက ေခါင္းခါလွ်က္ ျပန္ေျဖသည္။ 

"မဟုတ္ဖူး ။ က်ဳပ္ ေရခ်ိဳးတဲ့ေနရာကို ယူသြားေလ့႐ွိတယ္"

"ဪ။"

"ဒါဆိုရင္ သူခိုးက အခန္းအတြင္း၊အျပင္ကို
ေ႐ြးမေနပဲ အဆင္သင့္ေတြ႕တာကို ခိုးသလိုျဖစ္ေနတာပဲ။"

"ဟုတ္တယ္။"

သုႏၶက ေစာယြန္းစကားကို ေထာက္ခံသည္။ 

"ဒါဆို အေစခံေတြထဲက မျဖစ္ႏိုင္ဘူးလား?"

သုႏၶ၏ ညီငယ္တစ္ေယာက္ျဖစ္ေသာ သီဟက စကားဝိုင္းထဲ ဝင္ေျပာသည္။ 

"အဲ့လိုေတာ့ ေကာက္ခ်က္ခ်လို႔မရဘူး သီဟ။ သက္ေသလိုေသးတယ္။"

နႏၵက တည္ၿငိမ္စြာေျပာသည္။

"အေဆြနႏၵ ေျပာတာမွန္တယ္။ သက္ေသမ႐ွိပဲ စိတ္ခံစားမႈနဲ႔ေတာ့ စြပ္စြဲလို႔မရဘူး။ ေပ်ာက္တဲ့ ပစၥည္းေတြက တန္ဖိုးႀကီးတာမဟုတ္တာမို႔ ေငြေၾကးမတတ္ႏိုင္တဲ့ သူလို႔လည္း ေကာက္ခ်က္ခ်လို႔မရဘူး ။ ေငြလိုလို႔ ခိုးတယ္ဆို တန္ဖိုးႀကီးၿပီး ျပန္ေရာင္းလို႔ရတာမ်ိဳးကိုပဲ ခိုးမွာေပါ့။"

နႏၵက ေခါင္းၿငိမ့္သည္။ ေစာယြန္းကို သည္တစ္ခါေတာ့ သူအျမင္ၾကည္သြားသည္။ ေစာယြန္းက အကိုေတာ္ကို ဆက္ဆံပုံရဲတင္းလြန္း၍သာ မ်က္စိထဲ ကန္႔လန္႔ျဖစ္ေနသာ္ျငား ေတြးေခၚႏိုင္စြမ္း႐ွိသူျဖစ္ေၾကာင္း သုံးသပ္မိသည္။ 

"ဒါျဖင့္ ေနာင္ႀကီးက ဘယ္လိုလုပ္ဖို႔
ေတြးထားလဲ။"

နႏၵက ေစာယြန္းကို ျပန္ေမးခြန္းထုတ္သည္။ 

"ခိုးရာပါ ပစၥည္းကို ႐ွာရမွာေပါ့၊ ခိုးတဲ့သူက
ခိုးၿပီးရင္ ပစၥည္းကို တစ္ေနရာမွာေတာ့ ဖြက္မွာပဲ။ ဒါမွမဟုတ္ ေဖ်ာက္ဖ်က္ပစ္တာမ်ိဳးလည္း လုပ္ႏိုင္တယ္။ ဒါေပမယ့္ အဲ့သက္ေသအစအနကို ႐ွာႏိုင္ရင္ သူခိုးကိုလည္း ေျခရာခံမိမွာပဲ။ "

သုႏၶက ထိုအခ်က္ကို လက္ခံသည္။ 

"ဒါဆို ခိုးရာပါ ပစၥည္းကို ဘယ္လို႐ွာၾကမလဲ?"

သီဟက ေမးခြန္းဆက္သည္။ 

"ဒါက  ကြၽန္ေတာ္တို႔ အားလုံး ဦးေႏွာက္ကို အလုပ္ေပးၾကရလိမ့္မယ္။ အတူတူအေျဖ႐ွာေတာ့ ပိုၿပီး ျမန္ျမန္ လက္သည္ေပၚမယ္မဟုတ္လား ?"

နႏၵက ျပဳံးသည္။ ေစာယြန္းက တကိုယ္ေကာင္းဆန္ကာ သူတစ္ေယာက္တည္း ေျဖ႐ွင္းမည့္လူမဟုတ္ေပ။ ဦးေဆာင္ႏိုင္စြမ္း၊ ေတြးေခၚႏိုင္စြမ္း႐ွိေၾကာင္း စကားအနည္းအက်ဥ္းႏွင့္ ေဖာ္ျပသြားခဲ့သည္။ မိတ္ေဆြအေပါင္းအသင္းနည္းေသာ အကိုေတာ္ သုႏၶပင္ သူ႕အား မိတ္ေဆြညီအကိုအျဖစ္ အသိအမွတ္ျပဳထားရကား ဤသို႔ေသာ ေကာင္းခ်က္မ်ားကို ျမင္ခဲ့ျခင္းေၾကာင့္ ျဖစ္ရေပမည္။ 

"ဒါေပမယ့္ ကြၽန္ေတာ္တို႔အားလုံးက အၿမဲတမ္း
ဒီလို စုေဝးၿပီး တိုင္ပင္ေနမယ္ဆိုရင္ သူခိုးက ရိပ္မိၿပီး လြတ္ေျပးသြားႏိုင္တယ္။ အခုေတာင္ သူခိုးက ရိပ္မိေနေလာက္ၿပီ။ ဒီေတာ့ ကြၽန္ေတာ္တို႔ ကိုယ့္အခန္းေဖာ္ေတြနဲ႔ပဲ အရင္ဆုံး တိုင္ပင္ၾကမယ္ေလ။ ထမင္းစားခ်ိန္တိုင္းအားလုံးက အတူစားေသာက္ၾကတာမို႔ ေနာက္ေနာင္ အဲဒီအခါမွ ကြၽန္ေတာ္တို႔ရတဲ့ သဲလြန္စေတြအေၾကာင္း ဆက္ေျပာၾကတာေပါ့။”

ေစာယြန္း၏ စကားကို အားလုံးက သေဘာတူၾကသည္။ နႏၵက သုႏၶကို လွမ္းၾကည့္ခ်ိန္တြင္
ေစာယြန္း ႏွင့္ သုႏၶတို႔က အခ်င္းခ်င္း ေခါင္းညိတ္ကာ သေဘာတူေၾကာင္းျပေနသည္ကို ျမင္လိုက္ရသည္။

သုႏၶက ေစာယြန္းအား ျပဳံးျပေနသည္ကို
ျမင္သည့္အခါ နႏၵေကာ သီဟပါ မ်က္လုံးမ်ား ျပဴးသြားၾကသည္။ ထိုလူႏွစ္ေယာက္၏ အ႐ွိန္အဝါကား ေတာ္႐ုံမဟုတ္ေပ။ မ်က္လုံးမ်ားပင္ က်ိန္းစပ္ရကား နႏၵေကာ သီဟပါ အၾကည့္ လႊဲလိုက္ၾကသည္။

အားလုံးက ေနရာမွ အလ်ိဳလ်ိဳ ထသြားၾကၿပီး ေစာယြန္းႏွင့္ သုႏၶက စကားတေျပာေျပာႏွင့္
သူတို႔၏ အခန္းထဲသို႔ ၍ဝင္သြားၾကသည္။ နႏၵက သုႏၶကို မ်က္စိတဆုံးအထိ ေတာက္ေလွ်ာက္ ၾကည့္ေနမိသည္။ 

အကိုေတာ္ကား လအနည္းငယ္အတြင္း အျခားလူတစ္ေယာက္အျဖစ္ ေျပာင္းလဲေနၿပီျဖစ္သည္။ မဟုတ္။ အကိုေတာ္၏ မူလသ႐ုပ္မွန္ ေပၚလာခဲ့သည္။ ငယ္စဥ္က မ်က္ႏွာေတာ္ အၿမဲ ႐ႊင္ပ်ေနၿပီး ညီေတာ္၊ညီမေတာ္မ်ား ေပ်ာ္႐ႊင္ေစရန္
စေနာက္တတ္သည့္ အကိုေတာ္ သုႏၶက အ႐ြယ္ေရာက္လာခ်ိန္တြင္ တည္တံ့လာခဲ့သည္။ အရယ္အျပဳံးလည္း နည္းလာခဲ့ၿပီး သူတို႔ႏွင့္ ေတြ႕ဆုံရန္ပင္ အခ်ိန္မ႐ွိေတာ့ေပ။

ေန႔ေန႔ညည စာေပမ်ား၊ စစ္ဗ်ဴဟာမ်ားအထိ ေလ့လာဖတ္႐ႈေနရၿပီး ႏိုင္ငံေရးရာမ်ားတြင္လည္း ဖခမည္းေတာ္ကို ကူညီရျပန္သည္။ ယခုကဲ့သို႔ ေပါ့ပါးလြတ္လပ္သည့္ အသြင္မ႐ွိခဲ့ပဲ  ပင္ပန္းမႈကို ဖုံးကြယ္ထားရေသာ ေလွာင္ခ်ိဳင့္ထဲမွ ငွက္ငယ္ႏွင့္ တူေနခဲ့သည္။ ယခုတြင္မူ နံေဘးမွ ေစာယြန္းေၾကာင့္ လြတ္လပ္စြာ ပ်ံသန္းေနေခ်ၿပီ။ 
နႏၵက ေစာယြန္းအေပၚတြင္ မာေရေၾကာေရ ဆက္ဆံရန္ မသင့္ေတာ့ေၾကာင္းေတြးမိၿပီး အခန္းထဲသို႔ ဝင္သြားသည္။

Continue Reading

You'll Also Like

498K 50.4K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
142K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...
221K 18.4K 60
Start Date-1/12/2021 End Date-4/4/2022 Rebirthေလးပါ 1900ေခတ္ပိုင္းကို စိတ္ကူးယဥ္ေရးဖြဲ႔ထားတာပါ ေနရာေဒသ အသံုးအေဆာင္ အသံုးအႏႈန္းမ်ားသည္ ယဥ္ေလးရဲ႕စိတ္ကူ...
2M 339K 200
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ) Original Author - 金元宝 (jīn yuánbǎo) En...