Owner Of Mole (OOM) (Complete...

By XiaoXueHua97

195K 13.8K 811

YiZhan❗Not ZhanYi❗ ကြယ်လေးရဲ့5ပုဒ်မြှောက် yizhan ficလေးပါရှင့် ဒီတခါတမူထူးခြားစွာTime travelပုံစံမျိုးလေးရေးဖ... More

Intro💜
ep1
ep2💜
ep3💜
ep4💜
ep5💜
ep6💜
ep7💜
ep8💜
ep9💜
ep10💜
ep11💜
ep12💜
ep13💜
ep14💜
ep15💜
ep16💜
ep17💜
ep18💜
ep19💜
ep20💜
ep21💜
ep22💜
ep23💜
ep24💜
ep25💜🎄☃️🎅🏻
ep27💜
ep28💜
ep29💜
ep30💜
ep31💜
ep32💜
ep33💜
ep34💜
ep35💜
ep36💜
ep37💜
ep38💜(The end)🤙
Extra- family life 💜
Extra-family life 2💜
New Fic Promotion 💜
Miss all💜😞

ep26💜

2.5K 196 11
By XiaoXueHua97

(Unicode)

မင်္ဂလာဦးညကိုချစ်ခင်စွာဖြတ်သန်းခဲ့ကြတဲ့ကြင်စဦးမောင်နံနှစ်ယောက်လုံးတင်းကြပ်စွာဖက်ပြီးအိပ်စက်တော်မူနေတာမလို့ကြားလေလေးတောင်၀င်ဖို့ဆိုတာမဖြစ်နိုင်

ဒါမဲ့လည်းချစ်ရသောကြင်ယာတော်လေးကိုညကအညစ်အကြေးတွေသန့်စင်ပေးဖို့ရာမနက်စောစောအရင်ဦးအောင်ထပြီးသန့်စင်ပေးဖို့လုပ်နေတဲ့ချစ်တက်လွန်းသောမင်းကြီးပါလေ

မထရင်ကြင်ယာတော်လေးနှဖူးကိုငြင်သာစွာတစ်ချက်နမ်းလိုက်ပြီးရေချိုးဆောင်ဘက်ထွက်သွားပြီးသူအရင်ကိုယ်လက်သန့်စင်လိုက်တယ်

ကိုယ်လက်သန့်စင်ပြီး၀တ်ရုံတော်အသစ်လဲကာ ရေချိုးဆောင်ထဲပြန်၀င်ပြီးကြင်ယာတော်လေး‌ကိုသန့်စင်ဖို့အတွက်ရေထည့်ထားသောရေဇလုံလေးတစ်ခုရယ်အ၀တ်နုနုဖြူဖြူလေးသုံးထည်ရယ်ယူလာပြီးသန့်စင်ပြီးရင်၀တ်ဖို့ရာ‌အောက်ခံအင်္ကျီအဖြူလေးရယ်ကိုကုတင်ဘေးနားမှာခဏတင်ပြီးနှစ်ခြိုက်စွာအိပ်စက်နေတဲ့ကြင်ယာတော်လေးကိုမျက်နှာလေးကစပြီးအ၀တ်လေးနဲ့သန့်စင်ပေးလိုက်တယ်

တစ်ကိုယ်လုံးသန့်စင်ပြီးတော့၀တ်စုံအသစ် လေးလဲ၀တ်ပေးကာညကသူသောင်းကျန်းထားလို့သွေးတွေရောအချစ်ရည်တွေရောပေ‌ပွနေတဲ့မွေ့ယာကြီးကိုဖယ်ဖို့ရာကြင်ယာတော်လေးမနိုးရအောင်သေချာပွေ့ပြီးသူ့ပေါင်ပေါ်တင်လိုက်တယ် လူငွေ့ရသွားလို့ထင်ပါရဲ့ရင်ခွင်ထဲကိုတအားတိုး၀င်လာတဲ့ကြင်ယာတော်လေး ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့ကြင်ယာတော်လေးကိုနမ်းပြီးရင်းနမ်းချင်နေတာမလို့ပါးလေးနှစ်ဖက်ကိုငုံ့ပြီးထပ်နမ်းလိုက်တယ် ပြီးမှလက်တစ်ဖက်တည်းနဲ့ညစ်ပတ်နေတဲ့မွေ့ယာကိုဖယ်ပြီးအောက်ချလိုက်တယ် ကြင်ယာတော်လေးနိုးမှအသစ်ခင်းခိုင်းမှာမလို့အိပ်ပျော်နေတဲ့ကြင်ယာတော်လေးကိုငုံ့ပြီးတစ်စိမ့်စိမ့်ထိုင်ကြည့်နေလိုက်တယ်

အချိန်တော်တော်ကြာပြီးမှရှောင်းကျန့်တစ်ယောက်ရိပေါ်ရဲ့ရင်ခွင်ထဲမှာလှုပ်စိလှုပ်စိဖြစ်လာတယ် မနက်နေရောင်ခြည်ကြောင့်ရော‌တစ်ယောက်ယောက်ကစိုက်ကြည့်ခံနေရတယ်လို့ထင်တဲ့အတွက်ကြောင့်မျက်လုံးလေးတွေဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့သူ့ကိုပြုံးပြုံးကြီးငုံ့ကြည့်နေတဲ့အရှင်

"ကို့ရဲ့ကြင်ယာတော်လေးနိုးပြီလား "

"အွန်းနိုးပြီ အရှင်ဘာလို့ကျွန်တော့်ကိုအမြဲကြည့်နေတာလဲ မပျင်းဘူးလားဟင်"

"ပျင်းစရာလားကွာ ကို့မှာဒီမျက်နှာလေးကိုကြည့်နေရတာပျင်းတယ်လို့တောင်မထင်ပါဘူး သတိရတိုင်းကိုကြည့်နေမှာ"

"ဟွန့်အရှင်ကပိုရန်ကော"

"မပိုပါဘူးကွာချစ်လွန်းလို့ငုံထားချင်တာ ဒါနဲ့နာနေသေးလား မှည့်လေးမနိုးသေးလို့ဆေးတောင်မယူခိုင်းရသေးဘူး အသံကြားပြီးအိပ်နေတာနိုးသွားမှာဆိုးလို့"

"နည်းနည်းတော့နာတယ် အရှင်ကျွန်တော်ဗိုက်ဆာပြီ"

"ကိုပြင်ခိုင်းလိုက်မယ်နော် အထိန်းတော်ကြီးအပြင်မှာရှိလား၀င်ခဲ့ပါအုံး"

"ကျွန်တော်မျိုးမင်းကြီးနဲ့ကြင်ယာတော်တို့ကိုအခစား၀င်ကြောင်းပါ "

"အထိန်းတော်ကြီးကိုယ်တော်တို့အတွက်မနက်စာပွဲတော်တည်ခင်းပေး ပြီးတော့ဆေးဌာနကိုသွားပြီးအကောင်းဆုံးအကိုက်ခဲပျောက်ဆေးဖော်စပ်ပေးပါလို့ ပြီးတော့လိမ်းဆေးရောပဲ အော်ကျန်သေးတယ်အိပ်ရာခင်းကိုလည်းအသစ်လဲပေးအုံး "

"အမိန့်တော်အတိုင်းပါမင်းကြီး"

အထိန်းတော်ကြီးလည်းပြန်ထွက်သွားတော့

"အရှင်အထိန်းတော်ကြီးကိုခုမှခေါ်တာဆိုတော့၀တ်စုံအသစ်တွေကိုအရှင်လဲပေးထားတာလား"

"ဟုတ်တာပေါ့ ကို့ရဲ့ကြင်ယာတော်အလှလေးကိုဘယ်သူမှမမြင်စေချင်ပါဘူး ဒါကြောင်ကိုပဲအကုန်လုပ်ပေးထားတာ "

"အဟိအရှင်ကကျွန်တော့်ကိုအဲ့လောက်တောင်ချစ်ပြီးအူတိုတာပဲလား"

"ချစ်တာပေါ့ ဈေးတန်းထဲမှာပြုတ်ကျပြီးကိုယ့်ရင်ခွင်ထဲကိုရောက်လာတဲ့ကောင်လေးကနှလုံးသားတစ်ခုလုံးကိုအပိုင်သိမ်းသွားတာ ကို့ရဲ့နှလုံးသားအခန်းလေးခန်းလုံးကရှောင်းကျန့်ဆိုတဲ့ဟော့ဒီကကြင်ယာတော်တစ်ယောက်တည်းအတွက်ပဲ  မှည့်လေးကရောကို့ကိုဘယ်လောက်ထိချစ်လဲ"

"ကျွန်တော်ရဲ့နှလုံးသားတစ်ခုလုံးရော ရင်ခုန်သံတွေရောကိုပါအရှင်အတွက်ပဲ ကုန်ကုန်ပြောရရင်လေကျွန်တော်အရှင့်ကိုချစ်တဲ့အချစ်ကဘာနဲ့မှတိုင်းတာလို့မရတဲ့အထိချစ်တယ် ကျွန်တော့်ကိုဈေးတန်းထဲကအန္တာရယ်တွေကြုံလာခဲ့ရင်အမြဲကာကွယ်ပေးနော် ကျွန်တော်အရှင့်ရဲ့အရှေ့မှာပဲအားနည်းသူလိုနေမှာ ဒါကြောင့်အရှင့်ရဲ့အချစ်တွေနဲ့အပြည့်အ၀ကာကွယ်ပေး"

"ကိုကတိပေးတယ်မှည့်လေးကိုကို့အချစ်တွေနဲ့ဘယ်သူမှလာအန္တာရယ်ပေးလို့မရအောင်ကာကွယ်ပေးမယ်နော် အရမ်းချစ်တယ်မှည့်လေးရယ် ကို့ရဲ့မနက်ခင်းကိုမှည့်လေးနဲ့ပဲစတင်ပြီးနိုးထမယ် နေ့ခင်းကိုလည်းထမင်းက်ုတူတူစားမယ် ညနေဘက်ကျရင်မှည့်လေးလမ်းလျှောက်ချင်အနောက်ဥယျာဉ်ကိုပို့ပေးမယ် ညကျရင်လည်းအချစ်စကားလေးတွေပြောပြီးကောင်းကင်ကြီးကကြယ်လေးတွေလမင်းတွေကိုကြည့်မယ် အိပ်ရင်လည်းတင်းနေအောင်ဖက်ပြီးအ‌နွေးဓာတ်ပေးမယ် ကို့ရဲ့နေ့တိုင်းကိုမှည့်လေးနဲ့ပဲဖြတ်သန်းမယ် အရမ်းအရမ်းချစ်မြတ်နိုးတယ်"

"ကျွန်တော်လည်းအရှင့်ကိုမြတ်မြတ်နိုးနိုးနဲ့ချစ်တယ် အရှင်ပေးတဲ့ကတိကိုလည်းနှလုံးသားထဲထည့်ပြီးမှတ်ထားမယ်နော် အရမ်းချစ်တယ်အရှင်ရယ်"

အဲ့နေ့ကအရမ်းချစ်တက်တဲ့မင်းကြီးကသူ့ရဲ့ကြင်ယာတော်လေးကိုရင်ခွင်ထဲထည့်ပြီးကတိတွေလည်းပေးခဲ့တယ် မင်းကြီးရဲ့ရင်ခွင်ထဲက‌ကြင်ယာတော်လေးကလည်းကတိတွေပေးပြီးဘယ်လောက်ချစ်ကြောင်းစကားလေးတွေနဲ့ဖွဲ့နွဲ့ခဲ့သလိုအပြင်မှာလည်းမြင်သာအောင်ပြခဲ့ပါတယ်

နေ့ရက်တိုင်းတော့အချစ်တွေနဲ့ဖြတ်သန်းပြီးကတိသစ္စာတွေလည်းတည်မြဲခဲ့ပါတယ်  ချစ်လွန်းလှတဲ့မင်းကြီးကလည်းအမတ်ကြီးတွေနဲ့ကိုအတိုက်အခံလုပ်ပြီးရှောင်းကျန့်လေးကိုမိဖုရားခေါင်‌မြှောက်ပေးတဲ့အထိချစ်တက်ခဲ့ပါတယ် နန်းတော်ကြီးကတောင်မင်းကြီးနဲ့မိဖုရားခေါင်တို့ရဲ့အချစ်တွေကြောင့်သာယာသထက်သာယာပြီးနေ့ရက်တိုင်းပျော်ရွှင်ခဲ့ရပါတယ်

ဒါမဲ့ကံကြမ္မာမုန်တိုင်းဆိုတဲ့‌ ကျောက်နိုင်ငံကမင်းသမီးကိုကြင်ယာတော်မမြှောက်ချင်ဘဲမြှောက်လိုက်တဲ့အချိန်ကစပြီးချစ်တက်ပြီးကာကွယ်ပေးတက်တဲ့မင်းကြီးကသူ့ရဲ့ချစ်မိဖုရားခေါင်ကိုအ‌ဆောင်အယောင်တွေဖယ်ကာအအေးနန်းဆောင်ထိပို့ပြီးရှင်းပြခွင့်‌လေးတစ်ခုတောင်မပေးခဲ့ဘဲအပြစ်ပေးတဲ့ထိမုန်တိုင်းကပြင်းထန်ခဲ့ပါတယ်

"အရှင့်ကိုကျွန်တော်၀မ်းသာစရာသတင်းကောင်းလေးတွေတောင်ပြောခွင့်မရှိတော့ပါလား အော်ငါ့ကိုရှင်းပြခွင့်လေးတောင်မပေးဘဲအအေးနန်းဆောင်ကိုရက်ရက်စက်စက်ပို့သေးတာပဲ ငါပြောမဲ့သတင်းကောင်းကိုဘယ်နားထောင်ချင်ပါ့မလဲ အရှင်သိရဲ့လားကျွန်တော့်မှာအရှင်နဲ့ရတဲ့နန်းသွေးလေးလွယ်ထားရတယ်တဲ့ ကျွန်တော်သမားတော်ကြီးပြောတုန်းကဘယ်လောက်ပျော်ခဲ့ရလဲသိလား အရှင်ပဲကတိပေးခဲ့တယ်လေကျွန်တော့်ကိုအချစ်တွေနဲ့ကာကွယ်ပေးပါမယ်ဆို ခုဆိုကျွန်တော့်ကိုရောကလေးကိုရောအရှင့်ရဲ့အချစ်တွေနဲ့ကာကွယ်မပေးတော့ဘူးလားဟင် ကြင်ယာတော်ကျောက်ကိုအဲ့လောက်ထိချစ်သွားတာလားဟင် ကျွန်တော့်ကိုစွန့်ပစ်ပြီးသူ့ကိုချစ်သွားရလောက်တဲ့ထိချစ်သွားတာလား အရှင်ကတိမတည်ဘူးနော် ကျွန်တော်ကတော့အရှင့်ရဲ့ကတိကိုသေသည်အထိတည်သွားမှာပါ ကျွန်တော်အရှင့်ကိုမမုန်းဘဲထာ၀ရာချစ်မြတ်နိုးသွားမှာပါ နောက်ဆုံးအနေနဲ့ရူးမိုက်စွာတောင်းဆိုပါရစေကျွန်တော့်ကိုဒီအဆောင်ကနေမြန်မြန်လာခေါ်ပြီးအရင်အတိုင်းကာကွယ်ပေးပါ ကျွန်တော်အေးပြီး‌ဗိုက်ဆာလှပြီအရှင်ရယ် "

"မင်းတို့တွေနန်းကျမိဖုရားကိုခေါ်ထုတ်လာပြီးမင်းကြီးရှေ့မှောက်ခေါ်လာခဲ့ ဒါမင်းကြီးရဲ့အမိန့်တော်"

အပြင်ကကြားလိုက်ရတဲ့အသံကြောင့်ရှောင်းကျန့်အားမရှိတဲ့ကြားကပြုံးလိုက်မိတယ်

'ကျွန်တော့်ဆုတောင်းကိုကြားသွားတယ်ထင်တယ် အရှင်ကျွန်တော့်ကိုမရက်စက်ဘူးဆိုတာကျွန်တော်သိတာပေါ့အရှင်ရယ် '

ရဲမက်နှစ်ယောက်၀င်လာပြီးအားမရှိတဲ့သူ့ကိုမင်းကြီးရှေ့မှောက်ထိတွဲခေါ်ပြီးဒူးထောက်ခိုင်းတယ်

အရှင့်ရှေ့ရောက်တော့ခဏလေးမော့ကြည့်မိတယ် ဒါမဲ့အရှင့်ရဲ့အေးစက်တဲ့အကြည့်တွေပဲပြန်ရခဲ့တယ် အရင်ကလိုချစ်ရည်ရွမ်းနေတဲ့မျက်၀န်းလေးတွေအစားပေါ့

သူ၀မ်းနည်းနေတုန်းသူ့ရှေ့လာချပေးတဲ့ခွက်တစ်ခုကြောင့်ပိုပြီး၀မ်းနည်းလို့မျက်ရည်တွေကျလာမိပြန်တယ်

'အရှင်အခုငါ့ကိုလွှတ်ပေးတာမဟုတ်ဘဲအဆိပ်သောက်ခိုင်းနေတာပေါ့လေ အော်နောက်ဆုံးထိမိုးနတ်မင်းကြီးကကူညီမပေးဘူးဘဲ အရှင်ရယ်ရက်စက်လိုက်တာ ခုချိန်ကျွန်‌တော့်မှာအရှင်နဲ့ရတဲ့နန်းသွေးလေးရှိတယ်လို့ပြောလိုက်ရင်အဆိပ်ခွက်လေးကိုပြန်ရုတ်သိမ်းခိုင်းမလား ဟင့်အင်မပြောတော့ပါဘူးလေ အရှင်ကငါ့မှမချစ်တော့ဘဲ သား တော်လေးလားမသိသမီးတော်လေးမသိတဲ့ကလေးလေးရေမင်းရဲ့အဖေကိုခွင့်မလွှတ်ပါနဲ့ အဖေဒီအဆိပ်ခွက်ကိုသောက်ပရစေ ကလေးလေးရဲ့ခမည်းတော်ကအဖေ့ကိုမချစ်တော့တာမလို့အဖေဒီလောကမှာဆက်အသက်ရှင်ဖို့မလိုတော့ဘူးလေ ဒါကြောင့်ဒီမိုက်တဲ့အဖေ့ကိုခွင့်လွှတ်ပါ နောက်ဘ၀ဆိုတာရှိခဲ့ရင်အဖေတို့ရေစက်ပြန်ဆုံပါရစေ'

ရှောင်းကျန့်လည်းသူ့ရှေ့ချပေးတဲ့အဆိပ်ခွက်လေးကိုကိုင်ပြီး သူချစ်တဲ့အရှင့်ကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်စကားလေးပြောဖို့လုပ်လိုက်ပါတယ် တကယ်နောက်ဆုံးပါပဲ

"အရှင်ကျွန်တော်မျိုးအရဲစွန့်ပြီးအရှင့်ကိုနှုတ်ဆက်စကားလေးပြောပါရစေ"

"ပြောရတယ် အရှည်ကြီးတော့ငါနားမထောင်နိုင်ဘူး ငါ့ကြင်ယာတော်လေးပျင်းနေမှာဆိုးလို့"

'အော်အရှည်ကြီးမပြောနဲ့တဲ့လား ငါ့ကြင်ယာတော်လေးပျင်းနေမှာဆိုးလို့တဲ့လား ကျွန်တော့်ရင်ဘတ်ကြီးတစ်ခုလုံးနာကျင်ရပါတယ်အရှင်ရယ် '

"ဟုတ်ကဲ့ပါအရှင် တိုတိုလေးပဲပြောမှာပါ"

"ကျွန်တော်ကြင်ယာတော်ကျောက်ကိုဘယ်သောအခါကမှအဆိပ်တိုက်သတ်ဖို့မလုပ်ခဲ့ဘူးဆိုတာနောက်ဆုံးအနေနဲ့ပြောပရစေ ပြီးတော့ကျွန်‌တော်အရှင့်ကိုပေးတဲ့ကတိကိုနောက်ဆုံးအထိတည်သွားမှာပါ ကျွန်တော်အရှင့်ကိုနှလုံးသားတစ်ခုလုံးနဲ့ချစ်မြတ်နိုးပါတယ် ကျန်တာမယုံရင်နေပါစေဒါတော့ယုံပေးပါအရှင် နှုတ်ဆက်ခဲ့ပါတယ်အရှင် အရှင်ချစ်တဲ့ကြင်ယာတော်နဲ့ပျော်ရွှင်ပါစေနော် ထာ၀ရနှုတ်ဆက်ခဲ့ပါတယ်အရှင် နောက်ဘ၀တွေသာပြန်ဆုံခွင့်ရှိခဲ့ရင်ဒီလိုအနှောက်အယှက်တွေနဲ့ကင်းဝေးပြီးချစ်ခွင့်ရပါစေ"

သူပြောချင်တာပြောပြီးတာမလို့လက်ထဲကအဆိပ်ခွက်လေးကိုမော့သောက်ပလိုက်တယ်
အဆိပ်အပြင်းစားထင်ပါရဲ့ လည်ချောင်းထဲကနေအစာအိမ်ထဲရောက်ရုံရှိသေးသွေးတွေအန်ကျလာတယ်

"ဝေါ့"

သူလည်းသွေးတွေအန်ပြီးကြမ်းပြင်ပေါ်လဲကျသွားတယ်

အဲ့အချိန်တံခါးကိုအတင်းတွန်းဖွင့်ပြီး၀င်လာတဲ့မယ်တော်ကြီး ၀င်လာလာချင်းသွေးတွေနဲ့လဲနေတဲ့သူ့ကိုပွေ့လိုက်တယ်

"ကျန့်ကျန့်လေးမသေပါနဲ့ကွယ် မယ်တော်ကြီးကိုတစ်ယောက်တည်းထားခဲ့တော့မလို့လား မင်းကိုချစ်တဲ့သူတွေရှိသေးတယ်လေ ဘာလို့မသောက်နိုင်ဘူးလို့မငြင်းဘဲသောက်လိုက်ရတာလဲ မယ်တော့လာတာကိုစောင့်ရောပေါ့ကျန့်ကျန့်လေးရယ်"

"မယ် မယ်မယ်"

"အွန်းပြောလေကျန့်ကျန့်လေး မယ်မယ်နားထောင်နေတယ်"

"ကျွန်တော်ခုလို အဟွတ် စောစောသေသွားလို့ အဟွတ် ခွင့်လွှတ်ပါနော် မယ်မယ်ကိုကျွန်တော့်ရဲ့အမေလိုမျိုးချစ် အဟွတ် ချစ်ပါတယ်    နောက်ဘ၀ အဟွတ် ရှ်ိရင်ပြန်ဆုံကြ အဟွတ် မယ်နော်"

ရှောင်းကျန့်ရဲ့မယ်မယ့်ကိုကိုင်ထားတဲ့လက်လေးဟာအောက်ကငှက်မွှေးလေးတစ်ချောင်းလိုပြုတ်ကျသွားခဲ့ပြီ

"အဟင့် ကျန့်ကျန့်လေးရယ် မယ်မယ်‌လည်းသားလေးကိုအရမ်းချစ်ပါတယ် မပူနဲ့မယ်မယ်လည်းမင်းနောက်လိုက်ခဲ့မယ် နောက်ဘ၀ကျပြန်ဆုံကြမယ်‌နော် ဒါမဲ့မယ်မယ်လုပ်စရာလေးတစ်ခုရှိ‌သေးတယ် ပြီးရင်တန်းလိုက်ခဲ့မယ်နော်"

တော့တဲ့ရှောင်းကျန့်ကိုကြမ်းပြင်လေးပေါ်သေချာ‌ချပေးပြီးမတ်တပ်ရပ်ကာသူ့သားဖြစ်သူရဲ့ပါးကိုအားနဲ့ရိုက်ချပလိုက်တယ်

"နင်အရမ်းချစ်လှပါတယ်ဆိုတာဒါလား ရှင်းပြချက်လေးတစ်ခုတောင်မပေးဘဲအအေးနန်းဆောင်ကိုပို့တာနဲ့တင်မလုံလောက်လို့အဆိပ်ပါတိုက်သတ်တယ် ဟား ဟား ဘာလဲဟိုအယုတ်တမာမကိုအရမ်းတွေချစ်သွားတယ်ပေါ့လေဟုတ်လား အေးနင့်ကိုဘာတွေနဲ့ပြုစားထားတယ်တော့မသိဘူး နင်သိအောင်တော့ငါတစ်ခုပြောခဲ့မယ် နင်အရမ်းချစ်ရတဲ့ရှောင်းကျန့်မှာနန်းသွေးလွယ်ထားရတယ်ဆိုတာသိရဲ့လား သိမှာလည်းမဟုတ်ဘူးလေအချစ်မွှန်နေတာကို ခုတော့နင်အရမ်းချစ်တဲ့ရှောင်းကျန့်ရောလောကထဲကိုမရောက်လိုက်ရတဲ့‌နင့်သွေးသားလေးနင့်လက်နဲ့သတ်လိုက်ရလို့ပျော်တယ်မလား အေးငါတော့မပျော်နိုင်ဘူး"

ငါကတော့မကောင်းတဲ့သူတွေရှိတဲ့နေရာမှာတစ်ခဏလေးတောင်မနေနိုင်ဘူး ငါလည်းရှောင်းကျန့်နဲ့ငါ့မြေးတော်နောက်လိုက်သွားမယ်  ဟိုဘက်ကပြုံးနေတဲ့‌ကြင်ယာတော်ကျောက်ဆိုတဲ့အယုတ်တမာမနင့်ကိုငါကျိန်စာတိုက်ခဲ့မယ် သေခါနီးသူရဲ့ကျိန်စာကထိရောက်မှာပါ နင်ကသူများရဲ့အချစ်ရေးကိုဖြိုခွဲခဲ့တာမလို့ဘ၀ဆက်တိုင်းမယားငယ်ဘ၀နဲ့နေရပါစေဘယ်တော့မှချစ်ခြင်းကိုမပိုင်ဆိုင်ရပါစေနဲ့လို့ကျိန်ခဲ့တယ် ခုတော့နင်ဘယ်လိုရထားတဲ့အချစ်လဲတော့မသိဘူး အဲ့အချစ်နဲ့တော့ခဏတာပျော်ရွှင်ရမှာပါ ဟား ဟားး"

မယ်တော်ကြီးလည်းဟားတိုက်ကာသူအမြဲဆောင်ထားတဲ့ဓားလေးနဲ့နှလုံးတည့်တည့်ကိုထိုးစိုက်ပလိုက်တယ် ပါးစပ်ကနေသွေးတွေအန်ထွက်ပြီးရှောင်းကျန့်ရဲ့ဘေးလဲကျသွားတော့တယ်

"အဟွတ် မယ်မယ်ကတိတည်တယ်နော် အဟွတ်မယ်မယ်လည်းကျန့်ကျန့်လေးနဲ့မြေးတော်နောက်လိုက်ခဲ့ပြီ"

"ဟား ဟားး သေ‌အကုန်လုံးသေကောင်းတယ် အရမ်းကောင်းတယ် အရှင်ကိုလည်းနောက်ဆုံးအနေနဲ့အရှင်ချစ်တဲ့သူတွေကိုမြင်ခွင့်ပေးလိုက်မယ် ပြီးရင်တော့အရင်လိုကျွန်မကိုဆက်ချစ်ပေါ့ ဟား ဟား"

‌ကြင်ယာတော်ကျောက်ဆိုတဲ့စကားအဆုံးပုံမှန်ပြန်ဖြစ်သွားတဲ့၀မ်မင်းကြီး

ဒါမဲ့သူပုံမှန်ပြန်ဖြစ်တဲ့အချိန်အရာ‌အားလုံးကနောက်ကျသွားခဲ့ပြီ သူချစ်တဲ့မယ်မယ်ရော သူအသက်တမျှချစ်မြတ်နိုးရဲ့ရှောင်းကျန့်ရောသွေးအိုင်ထဲမှာသေသွားခဲ့ပြီ

အဲ့တော့မှဒူးထောက်ကြသွားပြီး ငိုချင်းချတော့တယ်

"အားးး မယ်မယ်မသေပါနဲ့ မှည့် မှည့်လေးမသေပါနဲ့အုံး ဘာလို့ကို့ကိုတစ်ယောက်တည်းထားခဲ့ကြတာလဲ မှည့်လေးပြောတော့ကို့ကိုတစ်သက်လုံးချစ်သွားမယ်ဆိုဘာ ဘာလို့ခုလိုတစ်ယောက်တည်းထားခဲ့ရတာလဲ မဟုတ်ဘူးမယ်မယ်တို့မသေသေးဘူးမလား ကိုယ်တော်က်ိုမနောက်ကြနဲ့ "

"အော်အရှင်ရယ်ခက်ရန်ကောသေပါပြီဆို မသေဘူးလုပ်နေတယ် ကျမတစ်ခုပြောအုံးမယ်နော် ခုသေတာမယ်တော်ကြီးနဲ့ရှောင်းကျန့်နှစ်ယောက်တည်းမဟုတ်ဘူး သုံးယောက်သေတာ ရှောင်းကျန့်ရဲ့ဗိုက်ထဲကကလေးလေးရောသေတာနော် နှစ်ယောက်တည်းထင်နေမှာဆိုးလို့စေတနာနဲ့ပြောပြတာ ဟ ဟား"

"မင်းတော်တော်ရက်စက်တာပဲ အပြစ်မရှိတဲ့ကလေးရောပါသတ်ရက်တယ် ပြီးတော့ငါ့ရဲ့မယ်တော်ရော ငါအရမ်းချစ်ရတဲ့ငါ့ရဲ့မိဖုရားခေါင်ကိုရော မင်းတော်တော်လူစိတ်မရှိတာပဲ"

"အိုးအရှင်ကလည်း ကျွန်မကအရှင့်အချစ်ကိုရချင်ရုံသက်သက်ပါ ဒါမဲ့နော်ကျွန်မမယ်တော်ကြီးကိုမသတ်ဘူး သူ့ဟာသူ့ဓားနဲ့ထိုးသေတာ ကျမသတ်တာရှောင်းကျန့်ပဲ ဒါကလည်းကျွန်မအရှင့်အချစ်ကိုရဖို့လုပ်တာပါ ကျွန်မမမှားဘူးအရှင်"

"အေးမင်းမမှားဘူး ငါကိုယ်တော်မှားတာ မင်းကိုကြင်ယာတော်မြှောက်မိတဲ့ငါမှားတာ မယ်တော်တားခဲ့တုန်းကမလုပ်ခဲ့ရမှာ အေးခုတော့ငါချစ်ရတဲ့သူတွေကငါ့ကိုထားခဲ့ကြပြီ မင်းကျေနပ်တယ်မလား မင်းရဲ့မဟုတ်တဲ့အတတ်တွေကြောင့်ငါရဲ့အချစ်ကိုရခဲ့ပြီမလား အေးအဲ့အချစ်ကလည်းအချစ်စစ်မဟုတ်ဘူး ငါချစ်တာရှောင်းကျန့်တစ်ယောက်တည်း ငါရှောင်းကျန့်ကိုပေးခဲ့တဲ့ကတိကိုတည်မယ် ငါ့သူ့ကိုဘယ်ဘ၀ပဲရောက်ရောက်ငါ့အချစ်တွေနဲ့ကာကွယ်ပေးသွားမယ် "

ရိပေါ်လည်းအသက်မရှိ‌‌တော့ဘဲအေးစက်နေတဲ့ရှောင်းကျန့်ကိုရင်ခွင်ထဲကိုထည့်လိုက်ပြီး

"ကိုမှည့်လေးကိုအရမ်းချစ်တယ် ဒီဘ၀မှာမှည့်လေးကိုကာကွယ်ပေးမယ်ဆိုတဲ့ကတိ‌ကိုဖျက်ခဲ့မိပြီ ဒါကြောင့်ကိုနောက်ဘ၀တွေထိလိုက်ပြီးကတိတည်ပါ့မယ် အရမ်းချစ်တယ်ကို့ရဲ့မှည့်လေး ကိုလည်းမှည့်လေးမရှိတဲ့ဘ၀မှာဆက်မနေနိုင်တော့ဘူး ဒါကြောင့်ကိုလည်းမှည့်လေးနဲ့ကလေးလေးနောက်လိုက်ပရစေ"

ရိပေါ်နောက်ဆုံးအနေနဲ့မှည့်လေးရဲ့အေးစက်စက်နှဖူးလေးကိုအနမ်းပေးလိုက်ပြီးသူ့၀တ်ရုံထဲကဓားကိုထုတ်ပြီးသူ့မယ်တော်အတိုင်းနှလုံးတည့်တည့်ကိုထိုးထည့်ပလိုက်တယ်

နောက်ဆုံးအနေနဲ့နှုတ်ဆက်ပါစေဆိုပြီးလွှတ်ပေးမိတဲ့ကြင်ယာတော်ကျောက်ကတော့မင်းကြီးရဲ့မထင်မှတ်တဲ့လုပ်ရပ်ကြောင့်မတ်တပ်ကြီးကြောင်ငေးနေတယ် ပြီးမှသတိ၀င်လာပြီး

"အားးးး ငါစီစဉ်တာဒီလိုမျိုးမဟုတ်ဘူးလေ အားး"

နောက်ဆုံးကြတော့လည်းမချစ်တာကိုအတင်းလုပ်ယူမိတဲ့ကြင်ယာတော်ကျောက်လည်းအရူးလုံးလုံးဖြစ်ကာသေပွဲ၀င်ခဲ့ရတော့တယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"အားး ရိပေါ်မလုပ်နဲ့ အား~~~~ ရိပေါ်!!"

အတိတ်ဆီကိုအလည်ရောက်သွားတဲ့ရှောင်းကျန့်တစ်ယောက်ထိတ်လန့်ချင်းနဲ့အတူမျက်ရည်တွေကြပြီးအသံတွေပါပြန်ရလာခဲ့တယ်

💜🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁💜

နန်းတွင်းအလည်သွားတာဒီအပိုင်းတင်ပြီးပါပြီ  နောက်အပိုင်းတွေ၀တ္ထုဆီပြန်ရောက်သွားပါပြီ ကြယ်လေးလေဒီအလယ်ပိုင်းလောက်ကိုရေးတော့ကိုယ်တိုင်ပါ၀င်ခံစားမိပြီးမျက်ရည်တွေကျပြီးရေးခဲ့ရတယ် ဒါဒါလေးတို့လည်း၀င်ခံစားကြည့်ကြနော်
Love you all readers 💜😘

(Zawgyi)











































"ဝေါ့"




"မယ် မယ်မယ်"


"ကျွန်တော်ခုလို အဟွတ် စောစောသေသွားလို့ အဟွတ် ခွင့်လွှတ်ပါနော် မယ်မယ်ကိုကျွန်တော့်ရဲ့အမေလိုမျိုးချစ် အဟွတ် ချစ်ပါတယ်    နောက်ဘ၀ အဟွတ် ရှိရင်ပြန်ဆုံကြ အဟွတ် မယ်နော်"












"အားးး မယ်မယ်မသေပါနဲ့ မှည့် မှည့်လေးမသေပါနဲ့အုံး ဘာလို့ကို့ကိုတစ်ယောက်တည်းထားခဲ့ကြတာလဲ မှည့်လေးပြောတော့ကို့ကိုတစ်သက်လုံးချစ်သွားမယ်ဆိုဘာ ဘာလို့ခုလိုတစ်ယောက်တည်းထားခဲ့ရတာလဲ မဟုတ်ဘူးမယ်မယ်တို့မသေသေးဘူးမလား ကိုယ်တော်ကိုမနောက်ကြနဲ့ "











~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~



💜🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁💜

Love you all readers 💜😘

Continue Reading

You'll Also Like

294K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
110K 9.3K 54
yg: ငါဘယ်ရောက်နေတာလဲ။ပြီးတော့....ငါ..ငါကဘယ်သူလဲ။ v: အားလုံးမောင့်အပြစ်တွေပါအချစ်ရယ်။အချစ်ရဲ့နောက်ကိုလိုက်ပြီးမောင်တောင်းပန်ပါမှာမလို့ မောင့်အနားကနောက...
72.3K 5.3K 34
ဘယ်တော့မှနိုးမလာတဲ့အိပ်စက်ခြင်းကမင်းနဲ့မတန်တာမို့စောစောစီးစီးမအိပ်လိုက်ပါနဲ့ဦး ပေါင်းစည်းခြင်းတံတားပေါ်မှာမောင်မရှိသေးဘူးလေ မောင်နဲ့အတူသွားဖို့နိုးလာ...
96.1K 8.3K 27
ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction(Supernatural) [Read the tags and make sure you're ready]