ဟေမန္တအလွန်

By SuWei_Akii

209K 19.3K 546

စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor More

စာရေးသူ၏ အမှာစာ
အခန်း ၁ ( Z + U )
အခန်း ၂ (Z + U)
အခန်း ၃ (Z + U)
အခန်း ၄ (Z + U)
အခန်း ၅ (Z + U)
✨ Announcement ✨
🎄Christmas Special Gift🎄
အခန်း ၇ (Z + U)
အခန်း ၈ (Z + U)
အခန်း ၉ (Z+U)
အခန်း ၁၀ (Z + U)
အခန်း ၁၁ (Z+U)
အခန်း ၁၂ (Z + U)
အခန်း ၁၃ (Z + U)
အခန်း ၁၄ (Z + U)
အခန်း ၁၅ (Z + U)
အခန်း ၁၆ (Z + U)
အပိုင်း ၁၇ (Z + U)
အခန်း ၁၈ (Z + U)
အခန်း ၁၉ (Z + U)
အခန်း ၂၀ (Z + U)
အခန်း ၂၁ (Z + U)
အခန်း ၂၂ (Z + U)
အခန်း ၂၃ (Z + U)
အခန်း ၂၄ (Z + U)
အခန်း ၂၅ (Z + U)
အခန်း ၂၆ (Z + U)
အခန်း ၂၇ (Z + U)
အခန်း ၂၈ (Z + U)
အခန်း ၂၉ (Z + U)
အခန်း ၃၀ (ဇာတ်သိမ်းပိုင်း) (Z + U)
✨ စာရေးသူ၏ ကျေးဇူးတင်လွှာ ✨
မေးချင်တာလေး ရှိလို့ပါ
21ရာစုက စော‌ယွန်းလေးက ဘာဆက်ဖြစ်သွားလဲ?
ကလေးလေးတို့ ဒါလေး ဖတ်ပေးကြပါဦး
ဟိတ် ကလေးလေးတို့ !
🚨 Book Book 🚨
About Extra
Book Update
Book Order Detail
✨ Extra ✨

အခန်း ၆ (Z + U)

5.2K 626 0
By SuWei_Akii

[ UNICODE]

ထူးဆန်းစွာဖြင့် နှိုးပေးမည့်သူ မလာမှီပင်
သုန္ဓက စောစီးစွာ နိုးနေခဲ့သည်။ အသံတစ်စပင်
မထွက်စေပဲ မိမိ အိပ်ယာကို သပ်သပ်ရပ်ရပ် သိမ်းကာ မျက်နှာသစ်၊ ကိုယ်လက် သန့်စင်ရန် အောက်ထပ်သို့ ဆင်းမည်ပြင်သည်။ ထို့နောက် ဆန့်ကျင်ဘက် ကုတင်၌ အိပ်ပျော်နေဆဲ
စောယွန်းဆီသို့ အကြည့်က ခေတ္တဆိုရုံမျှ
ရောက်မိသည်။ စောယွန်းကမူ အိပ်မောကျနေဆဲပင်။ သို့သော် သုန္ဓက ချက်ချင်းပင် အကြည့်
လွှဲကာ အောက်ထပ်သို့ ဆင်းသည်။ 


သုန္ဓက ကိုယ်လက်သန့်စင် ပြီးစီး၍ အခန်းအတွင်း ပြန်ရောက်နေပြီဖြစ်သော်လည်း
စောယွန်းမှာ အိပ်ပျော်နေဆဲပင်။ ပြတင်း
အပြင်မှတဆင့် အရှေ့အရပ် ကောင်းကင်ယံ
တခွင် ဖြန့်ကြက်ထားသည့် နံနက်ရောင်နီကို
မြင်ရသည့် တခဏတွင် အိပ်ပျော်နေသော
စောယွန်းကို နှိုးရန် သတိ​ပြုမိသည်။ ထို့ကြောင့် သုန္ဓ၏ လက်များက အလိုအလျောက်
စောယွန်း၏ ပခုံးဆီသို့ ဦးတည်လိုက်သည်။ သို့သော် လက်ချောင်းများက လားရာ လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားပြီးလိုက်ပြီး 
သုန္ဓ၏ မျက်လုံးများက စောယွန်း၏
မျက်နှာပေါ်သို့ ရောက်သွားသည်။

အင်းဝရွှေပြည်တွင် သုန္ဓမြင်ဖူးသမျှ အင်းဝသူ အင်းဝသားများက ညိုညက်သည့် အသားအရေ သို့မဟုတ် ရွှေရောင်ကဲ့သို့ ဝင်းဝါသောအသားအရေရှိကြသည်။ အခြားသော မိုးညှင်း၊မိုးကောင်း၊ သန္နီ၊ သီပေါ စသည့်ဒေသများတွင် နေထိုင်သူအများစုတွင် ဖြူဝင်းသော အသားအရည်ရှိတတ်ကြပြီး  တိုင်းတပါးမှလာသည့် သံတမန်များ၊ဧည့်သည်များကမူ သွေးပင်မရှိဟု ထင်ရစေနိုင်သည်အထိ ဖြူဆွတ်ဆွတ် အသားအရည်ရှိကြသည်။

စောယွန်း၏ အသားအရည်က ဖြူလွန်းသော်ငြား သွေးလည်ပတ်မှုကောင်းပုံရပြီး ပါးမို့များ၊ နှုတ်ခမ်းများ၊ နားရွက်များနှင့် အရိုးအဆစ်များတွင် ဖျော့တော့သည့် သွေးနီရောင်ဖြင့် အရောင်ဆိုးခံထားရသည်။ မည်းနက်ကာ မထူမပါးသည့် မျက်ခုံးများကြောင့် စောယွန်းက စိတ်မကျေမနပ်ဖြစ်နေပါလျှင် အရင်ဆုံး လှုပ်ရှားတတ်သည့် မျက်ခုံးနက်များကြောင့် အကဲခတ်ရလွယ်သည်။

သုန္ဓက စောယွန်းကို ခေတ္တခဏမျှ  ကြည့်ရင်း တစ်ခုခုကို တွေးမိကာ ပြုံးသည်။
ရွှေနန်းတော်တွင် အရယ်အပြုံးမရှိ ၊ တည်တံ့စွာ နေရပြီး  ပြုံးရယ်ရမည့် အကြောင်းကလည်း ရှားပါးလွန်းလှသည်။ရာဇအိန္ဒြေပင် မထိန်းပဲ စိတ်လွတ်ကိုယ်လွတ် ရယ်မောဖို့ဆိုလျှင် ဝေးစွ။ ရှင်ဘုရင်က တစ်ကြိမ် ပြုံးရယ်လျှင် တိုင်းပြည်ကား တစ်နေ့မျှအေးချမ်းသော်ငြား မင်းသားတစ်ပါးက ရယ်မောလျှင်မူ ကျင့်ဝတ်နားမလည်ပဲ အိန္ဒြေသိက္ခာမဲ့သည်ဟု ဆိုကြသည်။
ဤ အိပ်ပျော်နေသော ဝါဂွမ်းလုံးနှင့်တူသည့် လူသားက ရက်အနည်းငယ်အတွင်းတွင် သူ့ကို အကြိမ်ရေ မမှတ်မိနိုင်သည်အထိ စိတ်လိုလက်ရ ပြုံးစေခဲ့သည်။ အပူအပင်ကင်းစွာ အိပ်နေသည့် စောယွန်း၏ ပါးပြင်ပေါ်တွင် ဆံပင်အချို့က
ဝဲကျနေသည်။ သုန္ဓ၏ လက်က တဖန် ဆံစများကို ဖယ်ပေးရန် ဆန့်တန်းလိုက်သည်။

စောယွန်း၏ ဇီဝနှိုးစက်က အလွန်အချိန်မှန်သည်။ အိပ်ယာမှ ထရမည့် အချိန်သို့ရောက်သည့်အခါ မက်လက်စ အိပ်မက်က နှုတ်ဆက်ထွက်ခွာသွားပြီး စောယွန်း၏ မျက်လုံးများက ဖြည်းဖြည်းချင်းပွင့်လာသည်။ သို့သော် မျက်လုံးကို ဖွင့်လျှင်ဖွင့်ချင်း ရှည်သွယ်သော လက်တစ်ဖက်ကို သူ၏ ပါးပြင်အနီးတွင် မြင်လိုက်ရပြီး တဆက်တည်းမှာပင် ကုတင်အနီးတွင် ထိုင်လျက် သူ့အား မမှိတ်မသုန်ကြည့်နေသည့် သုန္ဓကို မြင်သည်။

စောယွန်းက မျက်လုံးများမှေးကာ ပြောသည်။

"မောနင်း အဲ.. မင်္ဂလာ နံနက်ခင်းပါ"

စောယွန်း၏ စကားသံကို ကြားပါမှ သုန္ဓက သတိဝင်ပြီး ဆတ်ခနဲ မတ်တပ်ထကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။

"နိုးပြီလား ပီအိုက်"

စောယွန်းက သုန္ဓကို သေသေချာချာ စိုက်ကြည့်ပြီး ပြန်မေးသည်။ 

"အင်း နိုးပြီ ၊  အင်းဝပြည်ရဲ့ အရှင်မင်းသားက အိပ်ပျော်နေတဲ့လူကို ထိုင်ကြည့်ရတာ သဘောကျတယ်နဲ့တူတယ်။"

သုန္ဓက အပြစ်မရှိသော ခါးမှ အင်္ကျီစကို
နှစ်ကြိမ်၊ သုံးကြိမ်ခန့် ဆွဲချပြီး ဖြေသည်။

"သွားရည်တွေ စီးကျပြီး အိပ်ပျော်နေတာကို
ဘာကြောင့် သဘောကျရမှာလဲ။ ထဖို့ အချိန်တန်ပြီမို့ စေတနာနဲ့ နှိုးပေးမလို့ ဟန်ပြင်နေတုန်း
ပီအိုက်က နိုးလာတာပဲ။"

"သွားရည်ကျလည်း ချောတုန်းပဲ မဟုတ်လား?"

စောယွန်းက မရှက်မကြောက် မျက်နှာသေနှင့် ထိုသို့ပြောသဖြင့် သုန္ဓက ပါးစပ်အဟောင်းသားနှင့် အရှုံးပေးလိုက်ရသည်။

သုန္ဓက 'ပြောချင်ရာပြောပါတော့' ဟူသည့် အမူအရာနှင့် တစ်ဖက်သို့ လှည့်သွားသည်။
စောယွန်းက ရယ်ချင်စိတ်ကို မနည်းအောင့်အီးကာ ပြောဖြစ်အောင် ပြောလိုက်သေးသည်။

"ဘယ်သူ့ကိုမှ မပြောပါဘူး၊ စိတ်ချ။"

သုန္ဓက ရာဇအိန္ဒြေလည်း မဆယ်အားတော့ပဲ လေကဲ့သို့သော အလျင်နှင့် အောက်သို့ ပြေးဆင်းသွားသည်။ 

ထွက်သွားသော သုန္ဓ၏ ကျောပြင်ကျယ်ကို
ကြည့်ရင်း စောယွန်းက တိတ်တဆိတ် ပြုံးမိသည်။ ရုပ်ပိုင်းဆိုင်ရာအရ မိမိထက် ထွားသော်လည်း အသက်အရွယ်ရတော့ ကလေးပင်ရှိပါသေးသည်ဟုတွေးမိသည်။ ထိုကလေးကို အမြဲစနောက်ချင်သော်ငြား အသက်မပြည့်သေးမှန်း သတိရသည့်အခါတိုင်း ကျောချမ်းရစမြဲပင်။
မတော် ကလေးသူငယ်အား အလွန်ရှက်ရွံ့စေမှုနှင့် ထောင်ကျနေပေဦးမည်။  

သုန္ဓကား အောက်ထပ်ရောက်မှ အသက်ဝဝရှုနိုင်သည်။  ဘဝတွင် ပထမဆုံးအကြိမ် ခိုးကာမှ လူနှင့် ပက်ပင်းတိုးသော အဖြစ်ကဲ့သို့ သူခံစားရသည်။ စောယွန်းက သူ့အတွေးကို ကြိုသိနေပုံရပြီး ဘယ်သူ့ကိုမှ မပြောရန် ကတိပေးလိုက်သေးသည်။ သုန္ဓ၏ မျက်နှာက ရေနွေးကရားနှယ်
ပူထူလာပြီး စောယွန်းကို ယုံရန်သာ ဆုံးဖြတ်လိုက်သည်။ အခြားသူကို ပြောသည်နှင့် သစ္စာဖောက်မှုဖြင့် အကျဉ်းချထားပစ်လိုက်မည်။  
စားဖိုဆောင်ရောက်သည်နှင့် ကြိုရောက်နှင့်
နေသော နန္ဒကို တွေ့သည်။ နန္ဒက သုန္ဓကို တွေ့သည်နှင့် ပြုံးလျှက် တရိုတသေ ကြိုသည်။ သုန္ဓက နန္ဒဘေးရှိ ခုံတွင်ထိုင်သည်။ 

"အကို ၊ ညကကောင်းကောင်း အနားရပါရဲ့လား?"

"အင်း ၊ အားလုံး အဆင်ပြေပါတယ် ညီငယ်။"

သုန္ဓစကားကြားမှ နန္ဒက စိတ်ချသွားသည့်ဟန်ပြသည်။ ထို့နောက် စကားဆက်သည်။ 

"အကို့ အခန်းဖော်က အနှောက်အယှက်ပေးမှာ  စိုးရိမ်လို့ပါ"

နန္ဒက ရေနွေးကြမ်းခွက်ကို သုန္ဓဘက်ကို ချပေးရင်းပြောသည်။ 

"ညီငယ် ၊ ပီအိုက်အပေါ် အမြင်မစောင်းပါနဲ့။ သူက မကြားဝံ့မနာသာ စကားပြောတတ်ပေမယ့် စိတ်ကောင်းရှိသူတစ်ယောက်ပါ။ အကို့အပေါ်လည်း ရိုင်းပြတာမျိုးမရှိသည်မို့ စိတ်ချပါ
ညီငယ်။ "

"ဟုတ်ကဲ့ပါ အကို"

ရက်ပိုင်းသာ သိကျွမ်းသေးသော်လည်း
အကိုတော်က သူစိမ်းဘက်မှ ကာပြောသောကြောင့် နန္ဒက သိပ်တော့ မကျေနပ်ပေ။
စောယွန်းဆိုသည်မှာလည်း စတွေ့ထဲက သုန္ဓ၏ အနားတွင်သာ ကပ်နေသည်မို့ သုန္ဓအပေါ်တွင် ယမကောင်းသည့် အကြံအစည်တစ်ခုခုရှိနေမည်ကို သူစိုးရိမ်မိသည်။ ထိုစဥ် လှေကားပေါ်မှဆင်းကာ စားဖိုဆောင်ဆီ လာနေသော စောယွန်းကို မြင်လိုက်သဖြင့် နန္ဒက 'လာပြန်ပြီ' ဟူသော
အကြည့်ဖြင့် စိုက်ကြည့်နေပြန်သည်။

စောယွန်းက စားဖိုဆောင်ရောက်သည်နှင့် နံနက်စာ စားနေသည့် သုန္ဓကို တွေ့သည်။ သို့သော် မထင်ထားသည်က ဘေးကပ်ရပ်တွင် ထိုင်နေသူက နန္ဒပင်။ စောယွန်းသတိထားမိသည်။ မိမိလှေကားပေါ်မှ ဆင်းလာသည့်အချိန်ထဲက နန္ဒက  ခပ်စိမ်းစိမ်းကြည့်နေပြန်သည်ဖြစ်သည်။ 

စောယွန်းလည်း  အနေခက်လှသော်ငြား
ဖော်ရွေစွာ ပြုံးပြသည်။ စောယွန်း၏ လက်နက်က သူ၏ အပြုံးဟုဆိုရမည်။ ကွေးညွတ်တက်သွားသည့် မျက်လုံးများ နှင့် နှုတ်ခမ်းများက
ရေအေးတစ်ပုံးနှယ် တစ်ဖက်လူ၏ ဒေါသ၊မောဟ၊လောဘ စသည့် မီးမျိုးမျိုးကို စက္ကန့်ပိုင်းအတွင်း ငြိမ်းစေနိုင်သည်။ နန္ဒက မထင်မှတ်ထားသည့် တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားပြီး မျက်နှာကို တစ်ဖက်လွှဲလိုက်သည်။ 

စောယွန်းက သူ၏ မူပိုင် လက်နက်ကို မချပဲ ဆက်လက်ကိုင်ထားပြီး သုန္ဓ၏ တခြားဘက်တွင် လွတ်နေသော ခုံတွင် ဝင်ထိုင်သည်။ ထို့နောက် ပြင်ဆင်ပေးထားသော အစားအသောက်တို့ကို စားသည်။ 

သုန္ဓက စောယွန်းနှင့် နန္ဒတို့နှစ်ယောက်ကို သတိထားမိသောကြောင့်   သတိထားမိပြီး မဆိုစလောက်သာ ပြုံးသည်။  အားလုံး နံနက်စာ စားပြီးသည်နှင့် စာသင်ဆောင်သို့ သွားရောက်ကြသည်။ 

စာသင်ဆောင်တွင် ဆရာကြီးက သင်ကြားပေး
မည့် ပညာရပ်များအကြောင်းကို ရှင်းပြသည်။ စောယွန်းသည် နားထောင်ရင်းမှ အဠာရသ ၁၈ရပ်ကို စိတ်ဝင်စားလာသည်။ ထိုပညာရပ်များကို အရင်က စာအုပ်များထဲတွင်သာ အကြမ်းဖျင်း ဖတ်ဖူးသော်ငြား ယခုလို လက်တွေ့ သင်ယူရမည်ဖြစ်သောကြောင့် စိတ်လှုပ်ရှားမိသည်။

အဠာရသ ၁၈ရပ်။ ။ အဠာရသ ၁၈ရပ်ဟူသည် ရှေးက ယောက်ျားတို့  သင်ယူလေ့လာ၍ တတ်မြောက်သင့်သော ပညာရပ် ၁၈ မျိုးဖြစ်သည်။ သို့သော် ဤအဌာရသ ၁၈ ရပ်ကား မူလအဌာရသ ၁၈ ရပ်ကို ကိုးကားထားရုံမျှဖြစ်ပြီ ဆရာကြီးက ဆန်းသစ်ထားသည့် သင်ရိုးဖြစ်သည့်အပြင် ခေတ်မီသည်ဟုဆိုရမည်။ 

ဘာသာရပ် ၁၈ မျိုးလုံးအား တစ်နှစ်တည်းနှင့် လေ့လာသင်ယူ၍ မရသဖြင့် ၁၈ မျိုးလုံး၏ အခြေခံကိုသာ သင်ယူရသည်။ နှစ်လတစ်ကြိမ် လဆန်း ၁ ရက်၊ ၂ ရက်နေ့တွင် စာမေးပွဲ ဖြေဆိုရမည်ဖြစ်ပြီး  လပြည့်နေ့တွင် စာမေးပွဲရလဒ်ကို သိရသည်။ ပထမဆုံးသော လဆန်းစာမေးပွဲ၌ ဘာသာရပ် ၁၈ ခုတွင် အများဆုံး ၁၄ ဘာသာမှ အနည်းဆုံး ၁၀ဘာသာတွင် ထူးချွန်စွာ ဖြေဆိုနိုင်ပါက ထူးချွန်ကျောင်းသားအဖြစ်သတ်မှတ်ခံရပြီး ဆုချီးမြှင့်ခံရမည်ဖြစ်သည်။ ထိုကျောင်းသားက မိမိနှစ်သက်ရာ ဘာသာရပ်များကို အနည်းဆုံး ၄ ဘာသာမှ စ၍ ရွေးချယ်သင်ယူနိုင်သည်။ တစ်နည်းဆိုရလျှင် မိမိကြိုက်နှစ်သက်သော ဘာသာရပ်ကို အာရုံစိုက်၍ သင်ယူနိုင်ပြီး အခြေခံထက် ပိုမို အဆင့်မြင့်သော အသိပညာ အတတ်ပညာကို ရမည်ဖြစ်သည်။

စောယွန်းက အလွန်စိတ်လှုပ်ရှားနေမိပြီး သင်ခန်းစာများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ၂၁ ရာစုက အတွေးအခေါ်များနှင့် ယခုအတွေးအခေါ်များကို နှိုင်းယှဉ်ကာ စောယွန်း၏ စိတ်ဝင်စားမှက ပိုမို မြင့်မားလာခဲ့သည်။ စာသင်ချိန်ပြီးသည့်တိုင် ပေစာများ၊ စာအုပ်များထားသည့် စာဖတ်ခန်းထဲတွင် အချိန်ကုန်နေခဲ့သည်။ ကံကောင်းသည်မှာ စာများက အတော်ပင် ဝိုင်းစက်ညီညာနေသဖြင့် စောယွန်းအဖို့ ၂၁ ရာစုတွင် ကျောက်စာများကို ဖတ်ရသည်ထက် ပိုမို လွယ်ကူနေခဲ့သည်။  

အထူးသဖြင့် သူ မည်သည့် ခေတ်ကာလအပိုင်းအခြားကို ရောက်နေသနည်းဟူသော မေးခွန်းကို အဖြေရှာနေခြင်းဖြစ်သည်။ 

မှောင်ရီပျိုးလာသဖြင့် အခန်းထဲတွင် ကျန်နေသေးသည့် အလင်းရောင်က ဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ထိုအခါမှ စောယွန်းက လက်လျော့လိုက်ပြီး တံခါးကို ဖွင့်သည့်အချိန်တွင် မီးအိမ်တစ်လုံးကို ကိုင်ထားသည့် သုန္ဓနှင့် ပက်ပင်းတိုးသည်။ 

"ပီအိုက် ? ညမှောင်ပြီပ။ စာဖတ်ခန်းထဲမှာ အချိန်အတော်ကြာနေတာနဲ့ ကျွန်ုပ်လာမေးရတာပဲ။"

စောယွန်းက ဆံထိုးတစ်ချောင်းကို ဆံပင်တွင် ထိုးထားပြီး တစ်ဝက်စည်း တစ်ဝက်ချထားသည်။ မျက်နှာက သုန်မှုန်နေသဖြင့် သုန္ဓက ထပ်မေးသည်။

"ဘာဖြစ်လို့လဲ ပီအိုက်? တစ်ခုခုကို ရှာနေတာလား ?"

"ဪ.. ဟို ၊ ဇောတိသတ္ထ ( ဗေဒင် )နဲ့ ပတ်သတ်တာလေး ဖတ်ချင်လို့။"

"ရှာမတွေ့လို့လား ?"

စောယွန်းက သက်ပြင်းငွေ့ငွေ့ချလိုက်ပြီး ပြန်ဖြေသည်။

"အင်း။ ဘယ်လိုရှာရမလဲ မသိလို့ နောင့်စိုင်းကို မေးပြီး နောက်နေ့မှ ထပ်လာမလို့ လုပ်နေတာ။"

"ပီအိုက်က ဗေဒင်လက္ခဏာ ဝါသနာပါလို့လား။"

"အဲဒီလို မဟုတ်ပေမယ့်၊ သိချင်တာလေးရှိလို့ အသုံးဝင်မလားလို့ပါ။"

"ဪ ၊ နောက်နေ့မှ ကျွန်ုပ်နဲ့ အတူရှာကြတာပေါ့။ ခုတော့ ပီအိုက် ရေချိုးပြီး နားပါဦး"

စောယွန်းက ခေါင်းညိတ်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ တကယ်ပဲ လူကို စောင့်ကြည့်နေသလားပဲ။ ရေချိုးတာပါလိုက်ပြောနေတယ်။"

စောယွန်းက ခပ်တိုးတိုး ရေရွတ်သည်။

"ပီအိုက်က နောင့်စိုင်း အနားကို အမြဲကပ်နေသပလေ ။ ကျွန်ုပ်က သန့်မှကြိုက်သည်မို့
ပြောရတာပ။ "

စောယွန်းက သုန္ဓကို မျက်စောင်းထိုးသည်။
စောယွန်းစိတ်ထဲတွင် သုန္ဓကို လက်ထဲမှ ပေစာထုပ်နှင့် မျက်နှာတည့်တည့် ပေါက်ချင်နေသော်ငြား မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင်ပင် ချောမောနေသည့် သူ၏ မျက်နှာကြောင့် သည်းခံရပေဦးမည်။ ထို့နောက် တစ်ကိုယ်တည်း ပွစိပွစိ ရေရွတ်ကာ ထိုအဆောင်မှထွက်လာခဲ့သည်။   

စာသင်နှစ်အတွက် ပထမ အပတ်တွင်တော့
စောယွန်း အတွက် အဆင်ပြေခဲ့သည်။ ကျမ်းများကို လေ့လာရသည်မှာ အနည်းငယ်ခက်ခဲသော်လည်း စိတ်ဝင်စားဖို့ကောင်းသည်။ ဆရာကြီး၏ သင်ပြမှုအပြင် မိမိ သိချင်သည်များရှိပါကလည်း ပေစာများကို ရှာဖွေ ဖတ်ရှုသေးသည်။ ထို့ပြင် သုန္ဓနှင့်လည်း ဆက်ဆံမှုက တဖြေးဖြေး  နေသားကျလာသည်။ ဘာလုပ်လုပ် အတူသွားအတူလာဖြင့် အမြဲအတူရှိဖြစ်သည်။ စောယွန်း မသိတာများဆိုလျှင်လည်း သုန္ဓကို မေးဖြစ်သည်။ တခါတရံ သုန္ဓမေးလာသည်များကိုလည်း ဖြေပေးရင်း နှစ်ယောက်က ပိုမို ရင်းနှီးလာသည်။

ယနေ့လည်း ​ထုံးစံအတိုင်း မနက်အိပ်ရာနိုးသည်
နှင့် လိုအပ်သည်များ ပြင်ဆင်ကာ အဆောင်မှ ထွက်လာခဲ့သည်။ သို့သော် ယနေ့အတွက်က စာသင်ဆောင်သို့ မသွားရပဲ လေ့ကျင့်ရေးကွင်းသို့ သွားရသည်။ စောယွန်းက လမ်းလျှောက်နေရင်း သူ၏ လက်များကို ခေတ္တစိုက်ကြည့်မိသည်။ နေရောင်အောက်မို့ထင် လက်ချောင်းသွယ်သွယ်တို့က တလက်လက်တောက်နေသလို။ ထို့နောက် စိတ်ကို လျှော့ကာ အတတ်နိုင်ဆုံး ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။ သုန္ဓက ဘေးမှ စောယွန်း၏ အမူအရာများကို အကဲခတ်နေသည်။

ယနေ့ကား ကိုယ်ခံပညာရပ်များကို စတင်သင်ကြားရမည့်နေ့ဖြစ်သည်။ သို့သော် ဆရာကြီးမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သောကြောင့် ကိုယ်ခံပညာသင်ပေးမည့်သူများက သပ်သပ်ရှိသည်။ အသက်၃၀ ဝန်းကျင်ခန့်ရှိ ထောင်ထောင်မောင်းမောင်း ရှမ်းအမျိုးသား အချို့က ကိုယ်ခံပညာရပ်များကို သင်ကြားပေးမည်ဖြစ်သည်။ 

စောယွန်းက ထိုသူများကို ကြည့်ကာ သုန္ဓဘက်သို့ တီးတိုးပြောသည်။ 

"၀ါး….အတော်ထွားကြတာပဲ။ "

ဘေးက သုန္ဓက ရယ်ချင်စိတ်ကို အောင့်အီးရင်း အရှေ့ကိုသာ ကြည့်နေသည်။ 

သစ်သားကို အချောသတ်ထားသော ခပ်ရှည်ရှည် တုတ်များဖြင့် ဦးစွာ လေ့ကျင့်ရသည်။ စောယွန်းက အတတ်နိုင်ဆုံး ကြိုးစားကာ လေ့ကျင့်သည်။ သို့သော် ကိုယ်နေဟန်ထားက သိပ်မမှန်။ တုတ်ကို အားဖြင့် ဆုပ်ကိုင်ထားမိခြင်းကြောင့် လက်ချောင်းများက နီရဲနေကာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာများပင် ဖြစ်နေသည်။ 

"ကောင်လေး၊ တုတ်ကို သည်လိုကိုင်။"

ထိုသူက ပြောပြရင်း စောယွန်း၏ လက်အပေါ်မှ သူ၏လက်ကို အုပ်ကာ တုတ်ကိုကိုင်ပြသည်။ 

"ဟုတ်ကဲ့ ဆရာ။"

"အဲဒီလို မဟုတ် ၊ သည်လို။ "

စောယွန်းကို အားမရသည့်ဟန် ထိုသူက အနေအထားကို ပြင်ပေးရင်း ပြောသည်။ အမှန်တွင် စောယွန်းမှာ တုတ်ကို ဆက်မကိုင်နိုင်တော့ပေ။ လက်များက တုန်ယင်နေပြီး အားဖြင့် ဆုပ်ကိုင်ထားသောကြောင့် လက်အံသေနေကာ  အကွေးအဆန့်ပင် မရချင်တော့သလို ဖြစ်နေသည်။

"ကျွန်ုပ်ပြပေးလိုက်ပါ့မယ်။"

ရုတ်တရက် သုန္ဓ အသံကြားလိုက်ရသောကြောင့် စောယွန်းမှာ ကယ်တင်ရှင်အား တွေ့လိုက်ရသလို မျက်လုံးများမှာ အရောင်လက်သွားသည်။ 

"ကောင်းပြီ။ "

ဆရာက သုန္ဓ၏ ဟန်အနေအထားကြောင့် အခြေခံပိုင်နိုင်သူဟု ယူဆကာ လှည့်ထွက်သွားသည်။ စောယွန်းက ထိုအခါမှ သက်ပျင်းချကာ လက်များကို ကြည့်မိသည်။ စောယွန်းတွေးဖူးခဲ့သည်က စုတ်တံကိုင်သော လက်သည် ဓားကိုင်ရန်အကြောင်းမရှိဟူ၍။  သို့သော် မတတ်နိုင်ပေ။ ရောမရောက်လျှင် ရောမလို ကျင့်ရမည် မဟုတ်ပေလား။ အသက်ရှင်ရေးအတွက် အခြေအနေ
နှင့် လိုက်လျောညီထွေစွာ နေဖို့လိုအပ်သည်။

သုန္ဓက ဆရာကို အကဲခတ်ပြီးနောက် စောယွန်းအနားသို့ တိုးကာ ပြောသည်။

"ပီအိုက် ခဏနားလိုက်ပါ။ ဆရာ့ကို ကျွန်ုပ်ကြည့်ထားပေးမယ်။"

စောယွန်းက မထင်ရသော်ငြား စိတ်ဓာတ်မာကြောသူဖြစ်သည်။ သူက ခေါင်းကို ခါယမ်းသည်။

"မနားသေးဘူး နောင့်စိုင်း၊ ပီအိုက် ဘာမှမဖြစ်ပါဘူး။ ယောက်ျားပဲ ဒီလောက်တော့ ခံနိုင်ပါတယ်။"

စောယွန်းက ထိုသို့ ပြောသော်လည်း စောယွန်း၏ လက်များက အဆင်မပြေသည်ကို သုန္ဓသိသည်။ သို့သော် တားလည်း ရမည့်သူမဟုတ်သောယကြောင့် သုန္ဓက အတင်းမတားတော့ပေ။

ညနေစောင်းအထိ စောယွန်း တစ်ယောက်တည်း ဆက်လေ့ကျင့်​ဖြစ်​သည်။ အားလုံးက အဆောင်ပြန်ကြသည်မို့ ကွင်းထဲတွင် လူသူ ရှင်းလင်းနေသည်။ စောယွန်းလည်း ခြေကုန်လက်ပမ်းကျကာ ကြမ်းပြင်တွင်ပင် ထိုင်ချမိသည်။ ပါးစပ်ကို ဟကာ လေကို အငမ်းမရရှုရင်း အသက်ရှုနှုန်းကို ထိန်းသည်။ ထို့နောက် မိမိ လက်များဆီသို့
အကြည့်ရောက်မိသည်။ လက်တစ်ခုလုံး နီရဲနေကာ သွေစအချို့က အထင်းသားပင်။

သည်ခေတ်သည်ခါတွင် ကိုယ့်ကိုယ်ကိုယ်
ကာကွယ်ရန်တော့ တတ်ထားမှဖြစ်မည်။ အရေးအကြောင်းဆိုလျှင် မည်သူမှ မိမိကို မကယ်နိုင်သည်မို့။ ကိုယ်ခံပညာ အခြေခံမျှ တတ်ကျွမ်းလျှင်ပင် မတတ်ကျွမ်းသူထက် မိမိကိုယ်ကို
ကာကွယ်နိုင်သဖြင့် စောယွန်းက စိတ်ဓာတ်ပြတ်သားစွာ မခိုမကပ်ပဲ သင်ယူရန်ဆုံးဖြတ်မိခြင်းဖြစ်သည်။ ခဏမျှ အနားယူပြီးသည်နှင့် စောယွန်းက ဘေးတွင် ချထားသည့် တုတ်ကို ကိုင်ကာ ထမည်ပြင်သည်။

ထိုစဥ် စောယွန်း၏ လက်ထဲမှ တုတ်ကို
လက်တစ်စုံက ဆွဲယူသွားသည်။ မည်သူဖြစ်ကြောင်း သိသည်မို့ မော့မကြည့်ပဲ စောယွန်းက ပြောသည်။ 

"ပြန်ပေးပါ နောင့်စိုင်း။ နည်းနည်းလောက် လေ့ကျင့်ပြီးရင် နားမှာပါ။"

ပြောရင်း လက်ကလည်း သုန္ဓဆီမှ တုတ်ကို လှမ်းယူသည်။ သုန္ဓက တုတ်ကို မြှောက်ထားလိုက်ပြီး စောယွန်း ကို ငုံ့ကြည့်ကာ ပြောသည်။ 

"ဒီနေ့အတွက်က လုံလောက်ပြီ ပီအိုက်။
ကိုယ့်လက်ကိုယ်လည်း ပြန်ကြည့်ဦး။ နောက်နေ့တွေ ဖြေးဖြေးချင်း လေ့ကျင့်လည်းရပါတယ်။ ကျွန်ုပ်သင်ပေးပါ့မယ်။ "

စောယွန်းက တစ်ချက် သက်ပျင်းချရင်း တစ်ဖက်ကို လှည့်သွားသည်။ သုန္ဓက တုတ်ကို နေရာတကျ ပြန်ထားလိုက်ပြီး စောယွန်း၏ ပခုံးကို အသာကိုင်ကာ ပြောသည်။

"အဆောင်ပြန်ရအောင် ပီအိုက်။"

"အင်း။ "

စောယွန်းက အဆောင်ပြန်ရောက်သည်နှင့် ခဏနားကာ ရေချိုးပြီးနောက် အခန်းထဲ ဝင်လာသည်။ စောယွန်း အဝတ်လဲပြီးသည်အထိ စောင့်ပြီးသည်နှင့် သုန္ဓက စကားဆိုသည်။

"ပီအိုက် ၊  ခဏ  ။"

သုန္ဓက ကုတင်ပေါ်တွင် ထိုင်ရင်း ဘေးက လွတ်နေသောနေရာကို ပုတ်ပြရင်းပြောသည်။
စောယွန်းက ကုတင်ရှိရာကို လျှောက်လာပြီး
သုန္ဓ၏ ဘေးတွင် ထိုင်သည်။ 

" လက်ပေးပါ။"

လက်ပေးရအောင် ပီအိုက်က ခွေးလားဟု
စနောက်ချင်သော်ငြား စကားပြောရန်ပင်
အားမရှိသဖြင့် အသာတကြည် လက်ပေးမိသည်။

သုန္ဓက စောယွန်း၏ လက်များကို အသာအယာကိုင်ထားရင်း ဆေးထည့်ပေးသည်။ သုန္ဓ၏ အာရုံက မပြန်လွှင့်ပဲ စောယွန်း၏ လက်ပေါ်က ပွန်းပဲ့ရာမ်ားတွင်သာရှိသည်။ စောယွန်းကမူ
သုန္ဓ၏ မျက်နှာကိုသာ စိုက်ကြည့်နေမိသည်။

ပထမဆုံး စတွေ့စဉ်ကတည်းက သုန္ဓကို စိတ်ဝင်စားမိခဲ့သည်။ အစပိုင်းကမူ မိမိက Gay ဖြစ်နေသဖြင့် စိတ်ဝင်စားခြင်းမျိုးမဟုတ်ပဲ
ဤလူသား၏ စိတ်ကို စိတ်ဝင်စားခဲ့မိခြင်းဖြစ်သည်။ စောယွန်းက တခြားလူ၏ အတွေးကို အတိအကျ မဖတ်နိုင်သည့်တိုင် အရိပ်အမြွက်ပင် သိတတ်သည့်လူဖြစ်သည်။ အခြားလူများ၏ စိတ်အခြေအနေကို အကဲခတ်ကာ ပေါင်းသင်းဆက်ဆံလာဖူးသူမို့ ဤသို့ အကဲခတ်ကောင်းသူဖြစ်လာခဲ့ခြင်းမှာ မဆန်းပေ။ 

သုန္ဓကား မိမိ၏ ပျော်ရွှင်မှုကို ချိုးနှိမ်ကာ အခြားလူကို ငဲ့တတ်သည့်လူဖြစ်ဟန်တူသည်။
စောယွန်း၏ ဘဝတွင် ထိုသို့သောလူကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ရွှေဇွန်း၊ရွှေလင်ဗန်းနှင့် ပွဲတော်တည်ခဲ့သော မင်းသားတစ်ပါး ဖြစ်သော်ငြား  ကိုယ်တိုင်ငါးဖမ်း၍ အခြားလူ၏ ဒဏ်ရာကို ဆေးထည့်ပေးတတ်သူဖြစ်သည်။ အကယ်၍ တစ်နေ့ သူ့အား ချစ်မြတ်နိုးမိပါလျှင် မည်သူက စောယွန်းကို နားလည်ပေးပါမည်နည်း ?

စောယွန်းက အနည်းငယ် လှောင်ပြုံးပြုံးမိသည်။ ချစ်မြတ်နိုးသည်တဲ့လား။ 

သုန္ဓက ဆေးထည့်နေရင်းမှ စောယွန်းကို လှမ်းကြည့်တာ ပြောသည်။ 

"ပီအိုက်က တကယ်ထူးဆန်းတဲ့လူပဲ။ ဒဏ်ရာကို ဆေးထည့်ခံရတာတောင် ပြုံးနေသေးတယ်။"

သုန္ဓ စကားကြောင့် စောယွန်း ထပ်ပြုံးမိသည်။ 

"ဒါဆို နာတယ်ဆိုပြီး အော်ငိုလိုက်ရမလား?"

စောယွန်းစကားကြားတော့ သုန္ဓက မျက်ခုံးတစ်ချက်ပင့်ကာ စကားလမ်းလွှဲသည်။

"မနက်ဖြန်ကျရင် ပီအိုက် တစ်ယောက်တည်း
မလေ့ကျင့်သင့်ဘူး။ တစ်ရက်လောက် ခိုကပ်နေသင့်တယ်။ သဘက်ခါကျရင် ကျွန်ုပ်သင်ပေးပါ့မယ်။"

စောယွန်းက ပြုံးသည်။

"နောင့်စိုင်းဆီက ခိုကပ်ဖို့ တိုက်တွန်းတဲ့စကားကြားရတာ တစ်မျိုးပဲ။ ဒါပေမယ့် သဘောတူတယ် ! နောက်ပြီး ကျေးဇူးတင်ပါတယ်ဗျား။"

ကျေးဇူးတင်စကားကြားသည့်အခါ သုန္ဓ၏ မျက်နှာက တည်သွားသည်။ 

ဆေးများကို သိမ်းဆည်းနေသည့် သုန္ဓကို
ကြည့်ကာ စောယွန်းက ဆိုသည်။

"နားကြရအောင်၊ ပီအိုက် တကယ်ပင်ပန်းနေပြီ။"

"ပီအိုက်။! "

"အင်း။"

"ဘာလို့  အပြင်းအထန်လေ့ကျင့် နေရတာလဲ။
ပီအိုက်ပဲ လက်တွေကို တန်ဖိုးထားသပဆို။"

စောယွန်းပြုံးမိသည်။ ဒီကလေး သူ့အကြောင်းအတော်သတိထားမိမည်ဟု မထင်မိပေ။ 

"အရာရာကို သူများကို အားကိုးလို့ မရဘူး
နောင့်စိုင်း။ ကျွမ်းကျွမ်းကျင်ကျင် မဟုတ်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်တော့
တတ်ထားရမယ်လေ။ ပီအိုက်က ခွန်းအားသုံးရတာတွေမှာ သူများထက် အတတ်နှေးလို့
ပိုလေ့ကျင့်မိရုံပါ။ နောက်ပြီး နောင့်စိုင်းက
ပီအိုက်အနားမယ် တချိန်လုံးအနားရှိပေးနိုင်တာမှ မဟုတ်ပဲ။ "

"......"

စောယွန်းက အိပ်ယာပေါ်တွင် မေးထောက်ကာ စကားမပြောသည့် သုန္ဓကို စနောက်သည်။

"ဘာဖြစ်လို့လဲ။ နောင့်စိုင်းကိုသာ အားကိုးနေရရင်တော့လား၊ သူဌေးသားတစ်ယောက်က ကိုယ်ခံပညာသင်ရတာ ပင်ပန်းလွန်းလို့ အိမ်ရှေ့စံကို သူ့ကိုယ်ရံတော်လုပ်ခိုင်းဖို့ ငှားတယ်ဆိုပြီး သမိုင်းမှာ ကျော်မကောင်းကြားမကောင်း ဖြစ်နေပါဦးမယ်။ မြန်မာ့သမိုင်းတင် အားမရပဲ ကမ္ဘာပါကျော် သွားမှဖြင့်။ အမလေးလေး။"

သုန္ဓထံမှ ရုတ်တရက် ရယ်သံထွက်လာသည်။ စောယွန်းကလည်း သူ၏ မကောင်းတကောင်း ဟာသက အလုပ်ဖြစ်သွားသဖြင့် ကြိတ်ပြုံးမိသည်။  သုန္ဓ၏ ရယ်မောနေသည့် မျက်နှာပေါ်တွင် မီးအရောင်က ထင်ဟပ်နေသည်။ သုန္ဓက
အရယ်မရပ်ပဲ ပါးစပ်ကို လက်ဖြင့် အုပ်ကာ မျက်လုံးများ မဖွင့်နိုင်သည်အထိ ရယ်နေဆဲဖြစ်သည်။

ပြတင်းတွင် အခန်းတွင်း ရနံ့မွှေးစေရန် ချိတ်ထားသည့် နံ့သာဆီမှ နံ့သာရနံ့က တစ်ခန်းလုံးတွင် သင်းပျံ့နေသည်။ မီးအရောင်ကြောင့် သုန္ဓ၏ အရိပ်က စောယွန်း၏ ကိုယ်ပေါ်တွင် ကျနေသည်။ စောယွန်းက သူ့ကိုယ်သူ ငုံ့ကြည့်မိချိန်တွင် သုန္ဓ၏ အရိပ်ကို မြင်တွေ့ရသည်။ အရိပ်သည်ပင် စောယွန်း၏ နှလုံးသားကို အေးချမ်းနေစေသည်။

"ဒါပေမယ့်၊ ကျွန်ုပ် အနားမှာရှိနေသရွေ့ ပီအိုက်ကို ကျွန်ုပ်က အကာအကွယ်ပေးရမှာပ။ မိတ်ဆွေဆိုတာ ဒီလိုပဲမဟုတ်လား ?"

စောယွန်းက မငြင်းပဲ ပြုံးလျက် ခေါင်းသာ ညိတ်ပြသည်။

ထိုနေ့ညက ဖြစ်သည်။

သုန္ဓကို ကာကွယ်ပေးချင်မိသည့် စိတ်များ
ဝင်လာခဲ့သည်။ ကာကွယ်ပေးလိုစိတ်ဟူသည် တစ်ဖက်လူ၏ အင်အားနှင့် မသက်ဆိုင်ပေ။ ထိုလူ၏ စိတ်ကို မထိခိုက်စေရန် ကာကွယ်ပေးခြင်းသည်လည်း ကာကွယ်ပေးမှုတစ်မျိုးဖြစ်သည်။ မိမိ၏ ဉာဏ်ဖြင့် ထိုလူ အန္တရာယ်မကျစေရန် စောင့်ရှောက်ခြင်းသည်လည်း ကာကွယ်မှုပင် ဖြစ်သည်။ တစ်စုံတစ်ရာ ပြန်ရလိုခြင်းကမူ
စောယွန်း၏ နှလုံးသားထဲ၌ မမွေးဖွားလာခဲ့ပေ။

ဤသည်ကို ချစ်မေတ္တာဟု စောယွန်း နားလည်လက်ခံသည်။


[ZAWGYI]

ထူးဆန္းစြာျဖင့္ ႏိႈးေပးမည့္သူ မလာမွီပင္
သုႏၶက ေစာစီးစြာ ႏိုးေနခဲ့သည္။ အသံတစ္စပင္
မထြက္ေစပဲ မိမိ အိပ္ယာကို သပ္သပ္ရပ္ရပ္ သိမ္းကာ မ်က္ႏွာသစ္၊ ကိုယ္လက္ သန္႔စင္ရန္ ေအာက္ထပ္သို႔ ဆင္းမည္ျပင္သည္။ ထို႔ေနာက္ ဆန္႔က်င္ဘက္ ကုတင္၌ အိပ္ေပ်ာ္ေနဆဲ
ေစာယြန္းဆီသို႔ အၾကည့္က ေခတၱဆို႐ုံမွ်
ေရာက္မိသည္။ ေစာယြန္းကမူ အိပ္ေမာက်ေနဆဲပင္။ သို႔ေသာ္ သုႏၶက ခ်က္ခ်င္းပင္ အၾကည့္
လႊဲကာ ေအာက္ထပ္သို႔ ဆင္းသည္။ 

သုႏၶက ကိုယ္လက္သန္႔စင္ ၿပီးစီး၍ အခန္းအတြင္း ျပန္ေရာက္ေနၿပီျဖစ္ေသာ္လည္း
ေစာယြန္းမွာ အိပ္ေပ်ာ္ေနဆဲပင္။ ျပတင္း
အျပင္မွတဆင့္ အေ႐ွ႕အရပ္ ေကာင္းကင္ယံ
တခြင္ ျဖန္႔ၾကက္ထားသည့္ နံနက္ေရာင္နီကို
ျမင္ရသည့္ တခဏတြင္ အိပ္ေပ်ာ္ေနေသာ
ေစာယြန္းကို ႏိႈးရန္ သတိ​ျပဳမိသည္။ ထို႔ေၾကာင့္ သုႏၶ၏ လက္မ်ားက အလိုအေလ်ာက္
ေစာယြန္း၏ ပခုံးဆီသို႔ ဦးတည္လိုက္သည္။ သို႔ေသာ္ လက္ေခ်ာင္းမ်ားက လားရာ လမ္းတစ္ဝက္မွာတင္ ရပ္တန္႔သြားၿပီးလိုက္ၿပီး 
သုႏၶ၏ မ်က္လုံးမ်ားက ေစာယြန္း၏
မ်က္ႏွာေပၚသို႔ ေရာက္သြားသည္။

အင္းဝေ႐ႊျပည္တြင္ သုႏၶျမင္ဖူးသမွ် အင္းဝသူ အင္းဝသားမ်ားက ညိဳညက္သည့္ အသားအေရ သို႔မဟုတ္ ေ႐ႊေရာင္ကဲ့သို႔ ဝင္းဝါေသာအသားအေရ႐ွိၾကသည္။ အျခားေသာ မိုးညႇင္း၊မိုးေကာင္း၊ သႏၷီ၊ သီေပါ စသည့္ေဒသမ်ားတြင္ ေနထိုင္သူအမ်ားစုတြင္ ျဖဴဝင္းေသာ အသားအရည္႐ွိတတ္ၾကၿပီး  တိုင္းတပါးမွလာသည့္ သံတမန္မ်ား၊ဧည့္သည္မ်ားကမူ ေသြးပင္မ႐ွိဟု ထင္ရေစႏိုင္သည္အထိ ျဖဴဆြတ္ဆြတ္ အသားအရည္႐ွိၾကသည္။

ေစာယြန္း၏ အသားအရည္က ျဖဴလြန္းေသာ္ျငား ေသြးလည္ပတ္မႈေကာင္းပုံရၿပီး ပါးမို႔မ်ား၊ ႏႈတ္ခမ္းမ်ား၊ နား႐ြက္မ်ားႏွင့္ အ႐ိုးအဆစ္မ်ားတြင္ ေဖ်ာ့ေတာ့သည့္ ေသြးနီေရာင္ျဖင့္ အေရာင္ဆိုးခံထားရသည္။ မည္းနက္ကာ မထူမပါးသည့္ မ်က္ခုံးမ်ားေၾကာင့္ ေစာယြန္းက စိတ္မေက်မနပ္ျဖစ္ေနပါလွ်င္ အရင္ဆုံး လႈပ္႐ွားတတ္သည့္ မ်က္ခုံးနက္မ်ားေၾကာင့္ အကဲခတ္ရလြယ္သည္။

သုႏၶက ေစာယြန္းကို ေခတၱခဏမွ်  ၾကည့္ရင္း တစ္ခုခုကို ေတြးမိကာ ျပဳံးသည္။
ေ႐ႊနန္းေတာ္တြင္ အရယ္အျပဳံးမ႐ွိ ၊ တည္တံ့စြာ ေနရၿပီး  ျပဳံးရယ္ရမည့္ အေၾကာင္းကလည္း ႐ွားပါးလြန္းလွသည္။ရာဇအိေႁႏၵပင္ မထိန္းပဲ စိတ္လြတ္ကိုယ္လြတ္ ရယ္ေမာဖို႔ဆိုလွ်င္ ေဝးစြ။ ႐ွင္ဘုရင္က တစ္ႀကိမ္ ျပဳံးရယ္လွ်င္ တိုင္းျပည္ကား တစ္ေန႔မွ်ေအးခ်မ္းေသာ္ျငား မင္းသားတစ္ပါးက ရယ္ေမာလွ်င္မူ က်င့္ဝတ္နားမလည္ပဲ အိေႁႏၵသိကၡာမဲ့သည္ဟု ဆိုၾကသည္။
ဤ အိပ္ေပ်ာ္ေနေသာ ဝါဂြမ္းလုံးႏွင့္တူသည့္ လူသားက ရက္အနည္းငယ္အတြင္းတြင္ သူ႕ကို အႀကိမ္ေရ မမွတ္မိႏိုင္သည္အထိ စိတ္လိုလက္ရ ျပဳံးေစခဲ့သည္။ အပူအပင္ကင္းစြာ အိပ္ေနသည့္ ေစာယြန္း၏ ပါးျပင္ေပၚတြင္ ဆံပင္အခ်ိဳ႕က
ဝဲက်ေနသည္။ သုႏၶ၏ လက္က တဖန္ ဆံစမ်ားကို ဖယ္ေပးရန္ ဆန္႔တန္းလိုက္သည္။

ေစာယြန္း၏ ဇီဝႏိႈးစက္က အလြန္အခ်ိန္မွန္သည္။ အိပ္ယာမွ ထရမည့္ အခ်ိန္သို႔ေရာက္သည့္အခါ မက္လက္စ အိပ္မက္က ႏႈတ္ဆက္ထြက္ခြာသြားၿပီး ေစာယြန္း၏ မ်က္လုံးမ်ားက ျဖည္းျဖည္းခ်င္းပြင့္လာသည္။ သို႔ေသာ္ မ်က္လုံးကို ဖြင့္လွ်င္ဖြင့္ခ်င္း ႐ွည္သြယ္ေသာ လက္တစ္ဖက္ကို သူ၏ ပါးျပင္အနီးတြင္ ျမင္လိုက္ရၿပီး တဆက္တည္းမွာပင္ ကုတင္အနီးတြင္ ထိုင္လ်က္ သူ႕အား မမွိတ္မသုန္ၾကည့္ေနသည့္ သုႏၶကို ျမင္သည္။

ေစာယြန္းက မ်က္လုံးမ်ားေမွးကာ ေျပာသည္။

"ေမာနင္း အဲ.. မဂၤလာ နံနက္ခင္းပါ"

ေစာယြန္း၏ စကားသံကို ၾကားပါမွ သုႏၶက သတိဝင္ၿပီး ဆတ္ခနဲ မတ္တပ္ထကာ အေနာက္သို႔ ေျခလွမ္းအနည္းငယ္ ဆုတ္သည္။

"ႏိုးၿပီလား ပီအိုက္"

ေစာယြန္းက သုႏၶကို ေသေသခ်ာခ်ာ စိုက္ၾကည့္ၿပီး ျပန္ေမးသည္။ 

"အင္း ႏိုးၿပီ ၊  အင္းဝျပည္ရဲ႕ အ႐ွင္မင္းသားက အိပ္ေပ်ာ္ေနတဲ့လူကို ထိုင္ၾကည့္ရတာ သေဘာက်တယ္နဲ႔တူတယ္။"

သုႏၶက အျပစ္မ႐ွိေသာ ခါးမွ အက်ႌစကို
ႏွစ္ႀကိမ္၊ သုံးႀကိမ္ခန္႔ ဆြဲခ်ၿပီး ေျဖသည္။

"သြားရည္ေတြ စီးက်ၿပီး အိပ္ေပ်ာ္ေနတာကို
ဘာေၾကာင့္ သေဘာက်ရမွာလဲ။ ထဖို႔ အခ်ိန္တန္ၿပီမို႔ ေစတနာနဲ႔ ႏိႈးေပးမလို႔ ဟန္ျပင္ေနတုန္း
ပီအိုက္က ႏိုးလာတာပဲ။"

"သြားရည္က်လည္း ေခ်ာတုန္းပဲ မဟုတ္လား?"

ေစာယြန္းက မ႐ွက္မေၾကာက္ မ်က္ႏွာေသႏွင့္ ထိုသို႔ေျပာသျဖင့္ သုႏၶက ပါးစပ္အေဟာင္းသားႏွင့္ အ႐ႈံးေပးလိုက္ရသည္။

သုႏၶက 'ေျပာခ်င္ရာေျပာပါေတာ့' ဟူသည့္ အမူအရာႏွင့္ တစ္ဖက္သို႔ လွည့္သြားသည္။
ေစာယြန္းက ရယ္ခ်င္စိတ္ကို မနည္းေအာင့္အီးကာ ေျပာျဖစ္ေအာင္ ေျပာလိုက္ေသးသည္။

"ဘယ္သူ႕ကိုမွ မေျပာပါဘူး၊ စိတ္ခ်။"

သုႏၶက ရာဇအိေႁႏၵလည္း မဆယ္အားေတာ့ပဲ ေလကဲ့သို႔ေသာ အလ်င္ႏွင့္ ေအာက္သို႔ ေျပးဆင္းသြားသည္။ 

ထြက္သြားေသာ သုႏၶ၏ ေက်ာျပင္က်ယ္ကို
ၾကည့္ရင္း ေစာယြန္းက တိတ္တဆိတ္ ျပဳံးမိသည္။ ႐ုပ္ပိုင္းဆိုင္ရာအရ မိမိထက္ ထြားေသာ္လည္း အသက္အ႐ြယ္ရေတာ့ ကေလးပင္႐ွိပါေသးသည္ဟုေတြးမိသည္။ ထိုကေလးကို အၿမဲစေနာက္ခ်င္ေသာ္ျငား အသက္မျပည့္ေသးမွန္း သတိရသည့္အခါတိုင္း ေက်ာခ်မ္းရစၿမဲပင္။
မေတာ္ ကေလးသူငယ္အား အလြန္႐ွက္႐ြံ႕ေစမႈႏွင့္ ေထာင္က်ေနေပဦးမည္။  

သုႏၶကား ေအာက္ထပ္ေရာက္မွ အသက္ဝဝ႐ႈႏိုင္သည္။  ဘဝတြင္ ပထမဆုံးအႀကိမ္ ခိုးကာမွ လူႏွင့္ ပက္ပင္းတိုးေသာ အျဖစ္ကဲ့သို႔ သူခံစားရသည္။ ေစာယြန္းက သူ႕အေတြးကို ႀကိဳသိေနပုံရၿပီး ဘယ္သူ႕ကိုမွ မေျပာရန္ ကတိေပးလိုက္ေသးသည္။ သုႏၶ၏ မ်က္ႏွာက ေရေႏြးကရားႏွယ္
ပူထူလာၿပီး ေစာယြန္းကို ယုံရန္သာ ဆုံးျဖတ္လိုက္သည္။ အျခားသူကို ေျပာသည္ႏွင့္ သစၥာေဖာက္မႈျဖင့္ အက်ဥ္းခ်ထားပစ္လိုက္မည္။  
စားဖိုေဆာင္ေရာက္သည္ႏွင့္ ႀကိဳေရာက္ႏွင့္
ေနေသာ နႏၵကို ေတြ႕သည္။ နႏၵက သုႏၶကို ေတြ႕သည္ႏွင့္ ျပဳံးလွ်က္ တ႐ိုတေသ ႀကိဳသည္။ သုႏၶက နႏၵေဘး႐ွိ ခုံတြင္ထိုင္သည္။ 

"အကို ၊ ညကေကာင္းေကာင္း အနားရပါရဲ႕လား?"

"အင္း ၊ အားလုံး အဆင္ေျပပါတယ္ ညီငယ္။"

သုႏၶစကားၾကားမွ နႏၵက စိတ္ခ်သြားသည့္ဟန္ျပသည္။ ထို႔ေနာက္ စကားဆက္သည္။ 

"အကို႔ အခန္းေဖာ္က အေႏွာက္အယွက္ေပးမွာ  စိုးရိမ္လို႔ပါ"

နႏၵက ေရေႏြးၾကမ္းခြက္ကို သုႏၶဘက္ကို ခ်ေပးရင္းေျပာသည္။ 

"ညီငယ္ ၊ ပီအိုက္အေပၚ အျမင္မေစာင္းပါနဲ႔။ သူက မၾကားဝံ့မနာသာ စကားေျပာတတ္ေပမယ့္ စိတ္ေကာင္း႐ွိသူတစ္ေယာက္ပါ။ အကို႔အေပၚလည္း ႐ိုင္းျပတာမ်ိဳးမ႐ွိသည္မို႔ စိတ္ခ်ပါ
ညီငယ္။ "

"ဟုတ္ကဲ့ပါ အကို"

ရက္ပိုင္းသာ သိကြၽမ္းေသးေသာ္လည္း
အကိုေတာ္က သူစိမ္းဘက္မွ ကာေျပာေသာေၾကာင့္ နႏၵက သိပ္ေတာ့ မေက်နပ္ေပ။
ေစာယြန္းဆိုသည္မွာလည္း စေတြ႕ထဲက သုႏၶ၏ အနားတြင္သာ ကပ္ေနသည္မို႔ သုႏၶအေပၚတြင္ ယမေကာင္းသည့္ အၾကံအစည္တစ္ခုခု႐ွိေနမည္ကို သူစိုးရိမ္မိသည္။ ထိုစဥ္ ေလွကားေပၚမွဆင္းကာ စားဖိုေဆာင္ဆီ လာေနေသာ ေစာယြန္းကို ျမင္လိုက္သျဖင့္ နႏၵက 'လာျပန္ၿပီ' ဟူေသာ
အၾကည့္ျဖင့္ စိုက္ၾကည့္ေနျပန္သည္။

ေစာယြန္းက စားဖိုေဆာင္ေရာက္သည္ႏွင့္ နံနက္စာ စားေနသည့္ သုႏၶကို ေတြ႕သည္။ သို႔ေသာ္ မထင္ထားသည္က ေဘးကပ္ရပ္တြင္ ထိုင္ေနသူက နႏၵပင္။ ေစာယြန္းသတိထားမိသည္။ မိမိေလွကားေပၚမွ ဆင္းလာသည့္အခ်ိန္ထဲက နႏၵက  ခပ္စိမ္းစိမ္းၾကည့္ေနျပန္သည္ျဖစ္သည္။ 

ေစာယြန္းလည္း  အေနခက္လွေသာ္ျငား
ေဖာ္ေ႐ြစြာ ျပဳံးျပသည္။ ေစာယြန္း၏ လက္နက္က သူ၏ အျပဳံးဟုဆိုရမည္။ ေကြးၫြတ္တက္သြားသည့္ မ်က္လုံးမ်ား ႏွင့္ ႏႈတ္ခမ္းမ်ားက
ေရေအးတစ္ပုံးႏွယ္ တစ္ဖက္လူ၏ ေဒါသ၊ေမာဟ၊ေလာဘ စသည့္ မီးမ်ိဳးမ်ိဳးကို စကၠန္႔ပိုင္းအတြင္း ၿငိမ္းေစႏိုင္သည္။ နႏၵက မထင္မွတ္ထားသည့္ တုံ႔ျပန္မႈေၾကာင့္ အံ့အားသင့္သြားၿပီး မ်က္ႏွာကို တစ္ဖက္လႊဲလိုက္သည္။ 

ေစာယြန္းက သူ၏ မူပိုင္ လက္နက္ကို မခ်ပဲ ဆက္လက္ကိုင္ထားၿပီး သုႏၶ၏ တျခားဘက္တြင္ လြတ္ေနေသာ ခုံတြင္ ဝင္ထိုင္သည္။ ထို႔ေနာက္ ျပင္ဆင္ေပးထားေသာ အစားအေသာက္တို႔ကို စားသည္။ 

သုႏၶက ေစာယြန္းႏွင့္ နႏၵတို႔ႏွစ္ေယာက္ကို သတိထားမိေသာေၾကာင့္   သတိထားမိၿပီး မဆိုစေလာက္သာ ျပဳံးသည္။  အားလုံး နံနက္စာ စားၿပီးသည္ႏွင့္ စာသင္ေဆာင္သို႔ သြားေရာက္ၾကသည္။ 

စာသင္ေဆာင္တြင္ ဆရာႀကီးက သင္ၾကားေပး
မည့္ ပညာရပ္မ်ားအေၾကာင္းကို ႐ွင္းျပသည္။ ေစာယြန္းသည္ နားေထာင္ရင္းမွ အဠာရသ ၁၈ရပ္ကို စိတ္ဝင္စားလာသည္။ ထိုပညာရပ္မ်ားကို အရင္က စာအုပ္မ်ားထဲတြင္သာ အၾကမ္းဖ်င္း ဖတ္ဖူးေသာ္ျငား ယခုလို လက္ေတြ႕ သင္ယူရမည္ျဖစ္ေသာေၾကာင့္ စိတ္လႈပ္႐ွားမိသည္။

အဠာရသ ၁၈ရပ္။ ။ အဠာရသ ၁၈ရပ္ဟူသည္ ေ႐ွးက ေယာက်္ားတို႔  သင္ယူေလ့လာ၍ တတ္ေျမာက္သင့္ေသာ ပညာရပ္ ၁၈ မ်ိဳးျဖစ္သည္။ သို႔ေသာ္ ဤအဌာရသ ၁၈ ရပ္ကား မူလအဌာရသ ၁၈ ရပ္ကို ကိုးကားထား႐ုံမွ်ျဖစ္ၿပီ ဆရာႀကီးက ဆန္းသစ္ထားသည့္ သင္႐ိုးျဖစ္သည့္အျပင္ ေခတ္မီသည္ဟုဆိုရမည္။ 

ဘာသာရပ္ ၁၈ မ်ိဳးလုံးအား တစ္ႏွစ္တည္းႏွင့္ ေလ့လာသင္ယူ၍ မရသျဖင့္ ၁၈ မ်ိဳးလုံး၏ အေျခခံကိုသာ သင္ယူရသည္။ ႏွစ္လတစ္ႀကိမ္ လဆန္း ၁ ရက္၊ ၂ ရက္ေန႔တြင္ စာေမးပြဲ ေျဖဆိုရမည္ျဖစ္ၿပီး  လျပည့္ေန႔တြင္ စာေမးပြဲရလဒ္ကို သိရသည္။ ပထမဆုံးေသာ လဆန္းစာေမးပြဲ၌ ဘာသာရပ္ ၁၈ ခုတြင္ အမ်ားဆုံး ၁၄ ဘာသာမွ အနည္းဆုံး ၁၀ဘာသာတြင္ ထူးခြၽန္စြာ ေျဖဆိုႏိုင္ပါက ထူးခြၽန္ေက်ာင္းသားအျဖစ္သတ္မွတ္ခံရၿပီး ဆုခ်ီးျမႇင့္ခံရမည္ျဖစ္သည္။ ထိုေက်ာင္းသားက မိမိႏွစ္သက္ရာ ဘာသာရပ္မ်ားကို အနည္းဆုံး ၄ ဘာသာမွ စ၍ ေ႐ြးခ်ယ္သင္ယူႏိုင္သည္။ တစ္နည္းဆိုရလွ်င္ မိမိႀကိဳက္ႏွစ္သက္ေသာ ဘာသာရပ္ကို အာ႐ုံစိုက္၍ သင္ယူႏိုင္ၿပီး အေျခခံထက္ ပိုမို အဆင့္ျမင့္ေသာ အသိပညာ အတတ္ပညာကို ရမည္ျဖစ္သည္။

ေစာယြန္းက အလြန္စိတ္လႈပ္႐ွားေနမိၿပီး သင္ခန္းစာမ်ားကို စိတ္ဝင္တစား နားေထာင္ေနခဲ့သည္။ ၂၁ ရာစုက အေတြးအေခၚမ်ားႏွင့္ ယခုအေတြးအေခၚမ်ားကို ႏိႈင္းယွဥ္ကာ ေစာယြန္း၏ စိတ္ဝင္စားမွက ပိုမို ျမင့္မားလာခဲ့သည္။ စာသင္ခ်ိန္ၿပီးသည့္တိုင္ ေပစာမ်ား၊ စာအုပ္မ်ားထားသည့္ စာဖတ္ခန္းထဲတြင္ အခ်ိန္ကုန္ေနခဲ့သည္။ ကံေကာင္းသည္မွာ စာမ်ားက အေတာ္ပင္ ဝိုင္းစက္ညီညာေနသျဖင့္ ေစာယြန္းအဖို႔ ၂၁ ရာစုတြင္ ေက်ာက္စာမ်ားကို ဖတ္ရသည္ထက္ ပိုမို လြယ္ကူေနခဲ့သည္။  

အထူးသျဖင့္ သူ မည္သည့္ ေခတ္ကာလအပိုင္းအျခားကို ေရာက္ေနသနည္းဟူေသာ ေမးခြန္းကို အေျဖ႐ွာေနျခင္းျဖစ္သည္။ 

ေမွာင္ရီပ်ိဳးလာသျဖင့္ အခန္းထဲတြင္ က်န္ေနေသးသည့္ အလင္းေရာင္က ျဖည္းျဖည္းေပ်ာက္ကြယ္သြားသည္။ ထိုအခါမွ ေစာယြန္းက လက္ေလ်ာ့လိုက္ၿပီး တံခါးကို ဖြင့္သည့္အခ်ိန္တြင္ မီးအိမ္တစ္လုံးကို ကိုင္ထားသည့္ သုႏၶႏွင့္ ပက္ပင္းတိုးသည္။ 

"ပီအိုက္ ? ညေမွာင္ၿပီပ။ စာဖတ္ခန္းထဲမွာ အခ်ိန္အေတာ္ၾကာေနတာနဲ႔ ကြၽႏ္ုပ္လာေမးရတာပဲ။"

ေစာယြန္းက ဆံထိုးတစ္ေခ်ာင္းကို ဆံပင္တြင္ ထိုးထားၿပီး တစ္ဝက္စည္း တစ္ဝက္ခ်ထားသည္။ မ်က္ႏွာက သုန္မႈန္ေနသျဖင့္ သုႏၶက ထပ္ေမးသည္။

"ဘာျဖစ္လို႔လဲ ပီအိုက္? တစ္ခုခုကို ႐ွာေနတာလား ?"

"ဪ.. ဟို ၊ ေဇာတိသတၳ ( ေဗဒင္ )နဲ႔ ပတ္သတ္တာေလး ဖတ္ခ်င္လို႔။"

"႐ွာမေတြ႕လို႔လား ?"

ေစာယြန္းက သက္ျပင္းေငြ႕ေငြ႕ခ်လိုက္ၿပီး ျပန္ေျဖသည္။

"အင္း။ ဘယ္လို႐ွာရမလဲ မသိလို႔ ေနာင့္စိုင္းကို ေမးၿပီး ေနာက္ေန႔မွ ထပ္လာမလို႔ လုပ္ေနတာ။"

"ပီအိုက္က ေဗဒင္လကၡဏာ ဝါသနာပါလို႔လား။"

"အဲဒီလို မဟုတ္ေပမယ့္၊ သိခ်င္တာေလး႐ွိလို႔ အသုံးဝင္မလားလို႔ပါ။"

"ဪ ၊ ေနာက္ေန႔မွ ကြၽႏ္ုပ္နဲ႔ အတူ႐ွာၾကတာေပါ့။ ခုေတာ့ ပီအိုက္ ေရခ်ိဳးၿပီး နားပါဦး"

ေစာယြန္းက ေခါင္းညိတ္သည္။

"ဟုတ္ပါၿပီ ဟုတ္ပါၿပီ။ တကယ္ပဲ လူကို ေစာင့္ၾကည့္ေနသလားပဲ။ ေရခ်ိဳးတာပါလိုက္ေျပာေနတယ္။"

ေစာယြန္းက ခပ္တိုးတိုး ေရ႐ြတ္သည္။

"ပီအိုက္က ေနာင့္စိုင္း အနားကို အၿမဲကပ္ေနသပေလ ။ ကြၽႏ္ုပ္က သန္႔မွႀကိဳက္သည္မို႔
ေျပာရတာပ။ "

ေစာယြန္းက သုႏၶကို မ်က္ေစာင္းထိုးသည္။
ေစာယြန္းစိတ္ထဲတြင္ သုႏၶကို လက္ထဲမွ ေပစာထုပ္ႏွင့္ မ်က္ႏွာတည့္တည့္ ေပါက္ခ်င္ေနေသာ္ျငား မွိန္ေဖ်ာ့ေဖ်ာ့ မီးေရာင္ေအာက္တြင္ပင္ ေခ်ာေမာေနသည့္ သူ၏ မ်က္ႏွာေၾကာင့္ သည္းခံရေပဦးမည္။ ထို႔ေနာက္ တစ္ကိုယ္တည္း ပြစိပြစိ ေရ႐ြတ္ကာ ထိုအေဆာင္မွထြက္လာခဲ့သည္။   

စာသင္ႏွစ္အတြက္ ပထမ အပတ္တြင္ေတာ့
ေစာယြန္း အတြက္ အဆင္ေျပခဲ့သည္။ က်မ္းမ်ားကို ေလ့လာရသည္မွာ အနည္းငယ္ခက္ခဲေသာ္လည္း စိတ္ဝင္စားဖို႔ေကာင္းသည္။ ဆရာႀကီး၏ သင္ျပမႈအျပင္ မိမိ သိခ်င္သည္မ်ား႐ွိပါကလည္း ေပစာမ်ားကို ႐ွာေဖြ ဖတ္႐ႈေသးသည္။ ထို႔ျပင္ သုႏၶႏွင့္လည္း ဆက္ဆံမႈက တေျဖးေျဖး  ေနသားက်လာသည္။ ဘာလုပ္လုပ္ အတူသြားအတူလာျဖင့္ အၿမဲအတူ႐ွိျဖစ္သည္။ ေစာယြန္း မသိတာမ်ားဆိုလွ်င္လည္း သုႏၶကို ေမးျဖစ္သည္။ တခါတရံ သုႏၶေမးလာသည္မ်ားကိုလည္း ေျဖေပးရင္း ႏွစ္ေယာက္က ပိုမို ရင္းႏွီးလာသည္။

ယေန႔လည္း ​ထုံးစံအတိုင္း မနက္အိပ္ရာႏိုးသည္
ႏွင့္ လိုအပ္သည္မ်ား ျပင္ဆင္ကာ အေဆာင္မွ ထြက္လာခဲ့သည္။ သို႔ေသာ္ ယေန႔အတြက္က စာသင္ေဆာင္သို႔ မသြားရပဲ ေလ့က်င့္ေရးကြင္းသို႔ သြားရသည္။ ေစာယြန္းက လမ္းေလွ်ာက္ေနရင္း သူ၏ လက္မ်ားကို ေခတၱစိုက္ၾကည့္မိသည္။ ေနေရာင္ေအာက္မို႔ထင္ လက္ေခ်ာင္းသြယ္သြယ္တို႔က တလက္လက္ေတာက္ေနသလို။ ထို႔ေနာက္ စိတ္ကို ေလွ်ာ့ကာ အတတ္ႏိုင္ဆုံး ႀကိဳးစားရန္ ဆုံးျဖတ္လိုက္သည္။ သုႏၶက ေဘးမွ ေစာယြန္း၏ အမူအရာမ်ားကို အကဲခတ္ေနသည္။

ယေန႔ကား ကိုယ္ခံပညာရပ္မ်ားကို စတင္သင္ၾကားရမည့္ေန႔ျဖစ္သည္။ သို႔ေသာ္ ဆရာႀကီးမွာ အသက္အ႐ြယ္ႀကီးရင့္ေနၿပီျဖစ္ေသာေၾကာင့္ ကိုယ္ခံပညာသင္ေပးမည့္သူမ်ားက သပ္သပ္႐ွိသည္။ အသက္၃၀ ဝန္းက်င္ခန္႔႐ွိ ေထာင္ေထာင္ေမာင္းေမာင္း ႐ွမ္းအမ်ိဳးသား အခ်ိဳ႕က ကိုယ္ခံပညာရပ္မ်ားကို သင္ၾကားေပးမည္ျဖစ္သည္။ 

ေစာယြန္းက ထိုသူမ်ားကို ၾကည့္ကာ သုႏၶဘက္သို႔ တီးတိုးေျပာသည္။ 

"၀ါး….အေတာ္ထြားၾကတာပဲ။ "

ေဘးက သုႏၶက ရယ္ခ်င္စိတ္ကို ေအာင့္အီးရင္း အေ႐ွ႕ကိုသာ ၾကည့္ေနသည္။ 

သစ္သားကို အေခ်ာသတ္ထားေသာ ခပ္႐ွည္႐ွည္ တုတ္မ်ားျဖင့္ ဦးစြာ ေလ့က်င့္ရသည္။ ေစာယြန္းက အတတ္ႏိုင္ဆုံး ႀကိဳးစားကာ ေလ့က်င့္သည္။ သို႔ေသာ္ ကိုယ္ေနဟန္ထားက သိပ္မမွန္။ တုတ္ကို အားျဖင့္ ဆုပ္ကိုင္ထားမိျခင္းေၾကာင့္ လက္ေခ်ာင္းမ်ားက နီရဲေနကာ အနည္းငယ္ ပြန္းပဲ့ဒဏ္ရာမ်ားပင္ ျဖစ္ေနသည္။ 

"ေကာင္ေလး၊ တုတ္ကို သည္လိုကိုင္။"

ထိုသူက ေျပာျပရင္း ေစာယြန္း၏ လက္အေပၚမွ သူ၏လက္ကို အုပ္ကာ တုတ္ကိုကိုင္ျပသည္။ 

"ဟုတ္ကဲ့ ဆရာ။"

"အဲဒီလို မဟုတ္ ၊ သည္လို။ "

ေစာယြန္းကို အားမရသည့္ဟန္ ထိုသူက အေနအထားကို ျပင္ေပးရင္း ေျပာသည္။ အမွန္တြင္ ေစာယြန္းမွာ တုတ္ကို ဆက္မကိုင္ႏိုင္ေတာ့ေပ။ လက္မ်ားက တုန္ယင္ေနၿပီး အားျဖင့္ ဆုပ္ကိုင္ထားေသာေၾကာင့္ လက္အံေသေနကာ  အေကြးအဆန္႔ပင္ မရခ်င္ေတာ့သလို ျဖစ္ေနသည္။

"ကြၽႏ္ုပ္ျပေပးလိုက္ပါ့မယ္။"

႐ုတ္တရက္ သုႏၶ အသံၾကားလိုက္ရေသာေၾကာင့္ ေစာယြန္းမွာ ကယ္တင္႐ွင္အား ေတြ႕လိုက္ရသလို မ်က္လုံးမ်ားမွာ အေရာင္လက္သြားသည္။ 

"ေကာင္းၿပီ။ "

ဆရာက သုႏၶ၏ ဟန္အေနအထားေၾကာင့္ အေျခခံပိုင္ႏိုင္သူဟု ယူဆကာ လွည့္ထြက္သြားသည္။ ေစာယြန္းက ထိုအခါမွ သက္ပ်င္းခ်ကာ လက္မ်ားကို ၾကည့္မိသည္။ ေစာယြန္းေတြးဖူးခဲ့သည္က စုတ္တံကိုင္ေသာ လက္သည္ ဓားကိုင္ရန္အေၾကာင္းမ႐ွိဟူ၍။  သို႔ေသာ္ မတတ္ႏိုင္ေပ။ ေရာမေရာက္လွ်င္ ေရာမလို က်င့္ရမည္ မဟုတ္ေပလား။ အသက္႐ွင္ေရးအတြက္ အေျခအေန
ႏွင့္ လိုက္ေလ်ာညီေထြစြာ ေနဖို႔လိုအပ္သည္။

သုႏၶက ဆရာကို အကဲခတ္ၿပီးေနာက္ ေစာယြန္းအနားသို႔ တိုးကာ ေျပာသည္။

"ပီအိုက္ ခဏနားလိုက္ပါ။ ဆရာ့ကို ကြၽႏ္ုပ္ၾကည့္ထားေပးမယ္။"

ေစာယြန္းက မထင္ရေသာ္ျငား စိတ္ဓာတ္မာေၾကာသူျဖစ္သည္။ သူက ေခါင္းကို ခါယမ္းသည္။

"မနားေသးဘူး ေနာင့္စိုင္း၊ ပီအိုက္ ဘာမွမျဖစ္ပါဘူး။ ေယာက်္ားပဲ ဒီေလာက္ေတာ့ ခံႏိုင္ပါတယ္။"

ေစာယြန္းက ထိုသို႔ ေျပာေသာ္လည္း ေစာယြန္း၏ လက္မ်ားက အဆင္မေျပသည္ကို သုႏၶသိသည္။ သို႔ေသာ္ တားလည္း ရမည့္သူမဟုတ္ေသာယေၾကာင့္ သုႏၶက အတင္းမတားေတာ့ေပ။

ညေနေစာင္းအထိ ေစာယြန္း တစ္ေယာက္တည္း ဆက္ေလ့က်င့္​ျဖစ္​သည္။ အားလုံးက အေဆာင္ျပန္ၾကသည္မို႔ ကြင္းထဲတြင္ လူသူ ႐ွင္းလင္းေနသည္။ ေစာယြန္းလည္း ေျခကုန္လက္ပမ္းက်ကာ ၾကမ္းျပင္တြင္ပင္ ထိုင္ခ်မိသည္။ ပါးစပ္ကို ဟကာ ေလကို အငမ္းမရ႐ႈရင္း အသက္႐ႈႏႈန္းကို ထိန္းသည္။ ထို႔ေနာက္ မိမိ လက္မ်ားဆီသို႔
အၾကည့္ေရာက္မိသည္။ လက္တစ္ခုလုံး နီရဲေနကာ ေသြစအခ်ိဳ႕က အထင္းသားပင္။

သည္ေခတ္သည္ခါတြင္ ကိုယ့္ကိုယ္ကိုယ္
ကာကြယ္ရန္ေတာ့ တတ္ထားမွျဖစ္မည္။ အေရးအေၾကာင္းဆိုလွ်င္ မည္သူမွ မိမိကို မကယ္ႏိုင္သည္မို႔။ ကိုယ္ခံပညာ အေျခခံမွ် တတ္ကြၽမ္းလွ်င္ပင္ မတတ္ကြၽမ္းသူထက္ မိမိကိုယ္ကို
ကာကြယ္ႏိုင္သျဖင့္ ေစာယြန္းက စိတ္ဓာတ္ျပတ္သားစြာ မခိုမကပ္ပဲ သင္ယူရန္ဆုံးျဖတ္မိျခင္းျဖစ္သည္။ ခဏမွ် အနားယူၿပီးသည္ႏွင့္ ေစာယြန္းက ေဘးတြင္ ခ်ထားသည့္ တုတ္ကို ကိုင္ကာ ထမည္ျပင္သည္။

ထိုစဥ္ ေစာယြန္း၏ လက္ထဲမွ တုတ္ကို
လက္တစ္စုံက ဆြဲယူသြားသည္။ မည္သူျဖစ္ေၾကာင္း သိသည္မို႔ ေမာ့မၾကည့္ပဲ ေစာယြန္းက ေျပာသည္။ 

"ျပန္ေပးပါ ေနာင့္စိုင္း။ နည္းနည္းေလာက္ ေလ့က်င့္ၿပီးရင္ နားမွာပါ။"

ေျပာရင္း လက္ကလည္း သုႏၶဆီမွ တုတ္ကို လွမ္းယူသည္။ သုႏၶက တုတ္ကို ေျမႇာက္ထားလိုက္ၿပီး ေစာယြန္း ကို ငုံ႔ၾကည့္ကာ ေျပာသည္။ 

"ဒီေန႔အတြက္က လုံေလာက္ၿပီ ပီအိုက္။
ကိုယ့္လက္ကိုယ္လည္း ျပန္ၾကည့္ဦး။ ေနာက္ေန႔ေတြ ေျဖးေျဖးခ်င္း ေလ့က်င့္လည္းရပါတယ္။ ကြၽႏ္ုပ္သင္ေပးပါ့မယ္။ "

ေစာယြန္းက တစ္ခ်က္ သက္ပ်င္းခ်ရင္း တစ္ဖက္ကို လွည့္သြားသည္။ သုႏၶက တုတ္ကို ေနရာတက် ျပန္ထားလိုက္ၿပီး ေစာယြန္း၏ ပခုံးကို အသာကိုင္ကာ ေျပာသည္။

"အေဆာင္ျပန္ရေအာင္ ပီအိုက္။"

"အင္း။ "

ေစာယြန္းက အေဆာင္ျပန္ေရာက္သည္ႏွင့္ ခဏနားကာ ေရခ်ိဳးၿပီးေနာက္ အခန္းထဲ ဝင္လာသည္။ ေစာယြန္း အဝတ္လဲၿပီးသည္အထိ ေစာင့္ၿပီးသည္ႏွင့္ သုႏၶက စကားဆိုသည္။

"ပီအိုက္ ၊  ခဏ  ။"

သုႏၶက ကုတင္ေပၚတြင္ ထိုင္ရင္း ေဘးက လြတ္ေနေသာေနရာကို ပုတ္ျပရင္းေျပာသည္။
ေစာယြန္းက ကုတင္႐ွိရာကို ေလွ်ာက္လာၿပီး
သုႏၶ၏ ေဘးတြင္ ထိုင္သည္။ 

" လက္ေပးပါ။"

လက္ေပးရေအာင္ ပီအိုက္က ေခြးလားဟု
စေနာက္ခ်င္ေသာ္ျငား စကားေျပာရန္ပင္
အားမ႐ွိသျဖင့္ အသာတၾကည္ လက္ေပးမိသည္။

သုႏၶက ေစာယြန္း၏ လက္မ်ားကို အသာအယာကိုင္ထားရင္း ေဆးထည့္ေပးသည္။ သုႏၶ၏ အာ႐ုံက မျပန္လႊင့္ပဲ ေစာယြန္း၏ လက္ေပၚက ပြန္းပဲ့ရာမ္ားတြင္သာ႐ွိသည္။ ေစာယြန္းကမူ
သုႏၶ၏ မ်က္ႏွာကိုသာ စိုက္ၾကည့္ေနမိသည္။

ပထမဆုံး စေတြ႕စဥ္ကတည္းက သုႏၶကို စိတ္ဝင္စားမိခဲ့သည္။ အစပိုင္းကမူ မိမိက Gay ျဖစ္ေနသျဖင့္ စိတ္ဝင္စားျခင္းမ်ိဳးမဟုတ္ပဲ
ဤလူသား၏ စိတ္ကို စိတ္ဝင္စားခဲ့မိျခင္းျဖစ္သည္။ ေစာယြန္းက တျခားလူ၏ အေတြးကို အတိအက် မဖတ္ႏိုင္သည့္တိုင္ အရိပ္အႁမြက္ပင္ သိတတ္သည့္လူျဖစ္သည္။ အျခားလူမ်ား၏ စိတ္အေျခအေနကို အကဲခတ္ကာ ေပါင္းသင္းဆက္ဆံလာဖူးသူမို႔ ဤသို႔ အကဲခတ္ေကာင္းသူျဖစ္လာခဲ့ျခင္းမွာ မဆန္းေပ။ 

သုႏၶကား မိမိ၏ ေပ်ာ္႐ႊင္မႈကို ခ်ိဳးႏွိမ္ကာ အျခားလူကို ငဲ့တတ္သည့္လူျဖစ္ဟန္တူသည္။
ေစာယြန္း၏ ဘဝတြင္ ထိုသို႔ေသာလူကို ပထမဆုံးအႀကိမ္ ေတြ႕ဖူးျခင္းျဖစ္သည္။ ေ႐ႊဇြန္း၊ေ႐ႊလင္ဗန္းႏွင့္ ပြဲေတာ္တည္ခဲ့ေသာ မင္းသားတစ္ပါး ျဖစ္ေသာ္ျငား  ကိုယ္တိုင္ငါးဖမ္း၍ အျခားလူ၏ ဒဏ္ရာကို ေဆးထည့္ေပးတတ္သူျဖစ္သည္။ အကယ္၍ တစ္ေန႔ သူ႕အား ခ်စ္ျမတ္ႏိုးမိပါလွ်င္ မည္သူက ေစာယြန္းကို နားလည္ေပးပါမည္နည္း ?

ေစာယြန္းက အနည္းငယ္ ေလွာင္ျပဳံးျပဳံးမိသည္။ ခ်စ္ျမတ္ႏိုးသည္တဲ့လား။ 

သုႏၶက ေဆးထည့္ေနရင္းမွ ေစာယြန္းကို လွမ္းၾကည့္တာ ေျပာသည္။ 

"ပီအိုက္က တကယ္ထူးဆန္းတဲ့လူပဲ။ ဒဏ္ရာကို ေဆးထည့္ခံရတာေတာင္ ျပဳံးေနေသးတယ္။"

သုႏၶ စကားေၾကာင့္ ေစာယြန္း ထပ္ျပဳံးမိသည္။ 

"ဒါဆို နာတယ္ဆိုၿပီး ေအာ္ငိုလိုက္ရမလား?"

ေစာယြန္းစကားၾကားေတာ့ သုႏၶက မ်က္ခုံးတစ္ခ်က္ပင့္ကာ စကားလမ္းလႊဲသည္။

"မနက္ျဖန္က်ရင္ ပီအိုက္ တစ္ေယာက္တည္း
မေလ့က်င့္သင့္ဘူး။ တစ္ရက္ေလာက္ ခိုကပ္ေနသင့္တယ္။ သဘက္ခါက်ရင္ ကြၽႏ္ုပ္သင္ေပးပါ့မယ္။"

ေစာယြန္းက ျပဳံးသည္။

"ေနာင့္စိုင္းဆီက ခိုကပ္ဖို႔ တိုက္တြန္းတဲ့စကားၾကားရတာ တစ္မ်ိဳးပဲ။ ဒါေပမယ့္ သေဘာတူတယ္ ! ေနာက္ၿပီး ေက်းဇူးတင္ပါတယ္ဗ်ား။"

ေက်းဇူးတင္စကားၾကားသည့္အခါ သုႏၶ၏ မ်က္ႏွာက တည္သြားသည္။ 

ေဆးမ်ားကို သိမ္းဆည္းေနသည့္ သုႏၶကို
ၾကည့္ကာ ေစာယြန္းက ဆိုသည္။

"နားၾကရေအာင္၊ ပီအိုက္ တကယ္ပင္ပန္းေနၿပီ။"

"ပီအိုက္။! "

"အင္း။"

"ဘာလို႔  အျပင္းအထန္ေလ့က်င့္ ေနရတာလဲ။
ပီအိုက္ပဲ လက္ေတြကို တန္ဖိုးထားသပဆို။"

ေစာယြန္းျပဳံးမိသည္။ ဒီကေလး သူ႕အေၾကာင္းအေတာ္သတိထားမိမည္ဟု မထင္မိေပ။ 

"အရာရာကို သူမ်ားကို အားကိုးလို႔ မရဘူး
ေနာင့္စိုင္း။ ကြၽမ္းကြၽမ္းက်င္က်င္ မဟုတ္ေတာင္ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို႔အတြက္ေတာ့
တတ္ထားရမယ္ေလ။ ပီအိုက္က ခြန္းအားသုံးရတာေတြမွာ သူမ်ားထက္ အတတ္ေႏွးလို႔
ပိုေလ့က်င့္မိ႐ုံပါ။ ေနာက္ၿပီး ေနာင့္စိုင္းက
ပီအိုက္အနားမယ္ တခ်ိန္လုံးအနား႐ွိေပးႏိုင္တာမွ မဟုတ္ပဲ။ "

"......"

ေစာယြန္းက အိပ္ယာေပၚတြင္ ေမးေထာက္ကာ စကားမေျပာသည့္ သုႏၶကို စေနာက္သည္။

"ဘာျဖစ္လို႔လဲ။ ေနာင့္စိုင္းကိုသာ အားကိုးေနရရင္ေတာ့လား၊ သူေဌးသားတစ္ေယာက္က ကိုယ္ခံပညာသင္ရတာ ပင္ပန္းလြန္းလို႔ အိမ္ေ႐ွ႕စံကို သူ႕ကိုယ္ရံေတာ္လုပ္ခိုင္းဖို႔ ငွားတယ္ဆိုၿပီး သမိုင္းမွာ ေက်ာ္မေကာင္းၾကားမေကာင္း ျဖစ္ေနပါဦးမယ္။ ျမန္မာ့သမိုင္းတင္ အားမရပဲ ကမ႓ာပါေက်ာ္ သြားမွျဖင့္။ အမေလးေလး။"

သုႏၶထံမွ ႐ုတ္တရက္ ရယ္သံထြက္လာသည္။ ေစာယြန္းကလည္း သူ၏ မေကာင္းတေကာင္း ဟာသက အလုပ္ျဖစ္သြားသျဖင့္ ႀကိတ္ျပဳံးမိသည္။  သုႏၶ၏ ရယ္ေမာေနသည့္ မ်က္ႏွာေပၚတြင္ မီးအေရာင္က ထင္ဟပ္ေနသည္။ သုႏၶက
အရယ္မရပ္ပဲ ပါးစပ္ကို လက္ျဖင့္ အုပ္ကာ မ်က္လုံးမ်ား မဖြင့္ႏိုင္သည္အထိ ရယ္ေနဆဲျဖစ္သည္။

ျပတင္းတြင္ အခန္းတြင္း ရနံ႔ေမႊးေစရန္ ခ်ိတ္ထားသည့္ နံ႔သာဆီမွ နံ႔သာရနံ႔က တစ္ခန္းလုံးတြင္ သင္းပ်ံ႕ေနသည္။ မီးအေရာင္ေၾကာင့္ သုႏၶ၏ အရိပ္က ေစာယြန္း၏ ကိုယ္ေပၚတြင္ က်ေနသည္။ ေစာယြန္းက သူ႕ကိုယ္သူ ငုံ႔ၾကည့္မိခ်ိန္တြင္ သုႏၶ၏ အရိပ္ကို ျမင္ေတြ႕ရသည္။ အရိပ္သည္ပင္ ေစာယြန္း၏ ႏွလုံးသားကို ေအးခ်မ္းေနေစသည္။

"ဒါေပမယ့္၊ ကြၽႏ္ုပ္ အနားမွာ႐ွိေနသေ႐ြ႕ ပီအိုက္ကို ကြၽႏ္ုပ္က အကာအကြယ္ေပးရမွာပ။ မိတ္ေဆြဆိုတာ ဒီလိုပဲမဟုတ္လား ?"

ေစာယြန္းက မျငင္းပဲ ျပဳံးလ်က္ ေခါင္းသာ ညိတ္ျပသည္။

ထိုေန႔ညက ျဖစ္သည္။

သုႏၶကို ကာကြယ္ေပးခ်င္မိသည့္ စိတ္မ်ား
ဝင္လာခဲ့သည္။ ကာကြယ္ေပးလိုစိတ္ဟူသည္ တစ္ဖက္လူ၏ အင္အားႏွင့္ မသက္ဆိုင္ေပ။ ထိုလူ၏ စိတ္ကို မထိခိုက္ေစရန္ ကာကြယ္ေပးျခင္းသည္လည္း ကာကြယ္ေပးမႈတစ္မ်ိဳးျဖစ္သည္။ မိမိ၏ ဉာဏ္ျဖင့္ ထိုလူ အႏၲရာယ္မက်ေစရန္ ေစာင့္ေ႐ွာက္ျခင္းသည္လည္း ကာကြယ္မႈပင္ ျဖစ္သည္။ တစ္စုံတစ္ရာ ျပန္ရလိုျခင္းကမူ
ေစာယြန္း၏ ႏွလုံးသားထဲ၌ မေမြးဖြားလာခဲ့ေပ။

ဤသည္ကို ခ်စ္ေမတၱာဟု ေစာယြန္း နားလည္လက္ခံသည္။

Continue Reading

You'll Also Like

164K 19K 105
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
21.1K 869 14
ဂျွန်​ယောင်းအတွက် ရှီ​​အော့ ကအိမ်​မွေး​ခွေးက​လေးတစ်​ကောင်ပဲ ဒါ​ပေမယ့် ကိုက်ရင်​တော့ ဒဏ်ရာပြင်းမယ် fanfic မဟုတ်ပါ koreanအ​ခြေပြု fic တစ်ပုဒ်သာဖြစ်သည်...
498K 50.3K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
142K 16.4K 39
Story Name - Lights In My Nightmares Written by choyee6 Own Creation I own the photo please do not use without my permission Start date - 30 Aug 202...