That Omega is so cute and I c...

Bởi Its_just_Thu

521K 59.9K 4.2K

Have you ever seen a cute adorable Omega before? Well I just met one. That Omega is so cute and I can't help... Xem Thêm

Welcome to my story - Author Note
1• New transfer student
2• Does my bff like my big brother?
3• WTF! He rejected a beautiful Omega?
4•The new student is strange
5• That Omega aint easy!
6• And they finally meet!
8• Ray's Private Study Guide
9• What a coincidence!
Character Introduction
10• My ex is my Secretary
11• First Study Time
12• Sam's first love
13• A step forward
14• Getting closer
15• Memories aren't forgettable
16• God Damn! Alex is freaking Alpha!
A Guide to Omegaverse
17• Unexpected moment
18• Run Raymus Run!
19• A little hope!
20• Oh Baby Sam!
21•Not so fast Raymus🤣
22• First Encounter with Baby Sam!
23• Time for trip, Yayy!
24• Do you miss me?
25• Open your heart for me~
26• Is he ---- ?
27• Please don't lie!
28• He left me with no choice
29• Just give me a reason!
30• My heart shutters into pieces
31• Loving you is haunting me
32• Make him mine?
33• Let him go~
34• Treat you better
35• Marry me!
36• Love me, Love me, Say that you love me!
37• Love me like you do🔥
38• Bullies Brothers!
39• I love you
40•I admit I like you
41• The feeling of FA
42• Is X-Ray cp is real?
43• The feelings develop
44• What should I do if i fall in love
45•I am sure I love you
46• Am I ready for the next step?
47•My Alpha is dangerous🔥
48• What a miracle!
49• I'm in love with my son's dad
Ep 50• My Alpha knows how to make me melted
51 • I can't control anymore
52 • My Alpha, My Superman, My Hero
53• He was my mate all way long
54• Bonding time, it is
55• I need you tonight🔥
56• My life in your hand
57 • Who? My brother-in-law?
58 • Endless love
59 • Luckiest person in the world
60• Love is all you need 💛
Season 2 ???

7• He is so annoying

7.3K 1K 21
Bởi Its_just_Thu


That Omega is so cute and I can’t help Part 7

“မင်း ခုနက ဘာလုပ်လိုက်တာလဲ”

ကျောင်းသားသစ်ရဲ့မေးခွန်းကို Raymus က မထီမဲ့ပြင်ပြုလို့ ဘာမှမသိသလို မျက်နှာပေးမျိုးနဲ့ မေးခွန်းပြန်ထုတ်လိုက်တယ်။

"ငါကဘာလုပ်လို့လဲ''

ဘောလုံးမှန်ထားတာမို့ ရဲနေတဲ့ပါးပြင်ကိုကြည့်ရတာ အင်မတန်မှ အရသာရှိတာပဲ။

မှတ်ထားလိုက် ကျောင်းသားသစ်လေး၊ တလောကလုံးက စိတ်ဝင်စားတဲ့ငါ့ကို စိတ်မဝင်စားတဲ့ပုံစံမျိုးလုပ်လို့ မင်းကို ပထမဆုံးအကြိမ် ပညာပေးလိုက်တာပဲ။

"မင်းငါ့ကို ခုနက ဘောလုံးနဲ့ တမင်သတ်သတ် ကန်လိုက်တာ မဟုတ်လား''

"ဟ မင်းကို ဘောလုံးနဲ့ တမင်သတ်သတ် ကန်ရအောင် မင်းနဲ့ငါ့ကြားမှာ ဘာအကန့်ရှိလို့လဲ။ ဘောလုံးကန်တာပဲ တစ်ခါတစ်လေ လူကိုထိမိတာတော့ ရှိမှာပေါ့။ အဲ့လောက်ထိ လူကိုထိမှာ ကြောက်နေရင်လည်း ဘောလုံးလာမကန်ပဲ model showသွားလျှောက်နေလိုက်''

Raymus ရဲ့တုံ့ပြန်စကားကြောင့် သူက ရှူုးရှူးရှားရှားဖြစ်သွားပြီး မျက်နှာကြီး ပိုရဲတက်လာတယ်။

ပွယောင်းယောင်းဆံပင်နဲ့ အနက်ရောင်တောက်တောက်မျက်လုံးတွေရဲ့ အကြည့်စူးရဲရဲပုံစံကြောင့် သူက ရန်ဆောင်ချင်နေတဲ့ ကျားပေါက်စနဲ့တောင် တူနေသေးတယ်။

ရန်လိုနေတဲ့ Alex က ဒေါသတကြီးနဲ့ Raymusရဲ့ ဘောလုံးအကျီအစွန်းစကို ဆုပ်ကိုင်တယ်။

"မင်း ဘာစကားပြောတာလဲ''

"အဟက် Betaလေးက စိတ်ကြီးသားပဲ''

Raymus ထိုသို့ပြောတော့ ထိုကောင်က မနှစ်လိုဖွယ်ရာ အပြုံးမျိုးနဲ့ တုံ့ပြန်တယ်။

Raymus က သူ့ကို beta လို့ခေါ်လိုက်တာကို ငြင်းဆိုတဲ့စကားမပြောပေမယ့် သူ့ရဲ့မျက်နှာက Raymusရဲ့မျက်နှာအနီးကို ပိုပြီးတော့ တိုးကပ်လာတယ်။

မျက်နှာနှစ်ခုက အလွန်နီးကပ်သွားတဲ့အခါ ရုတ်တရတ်ကြီး Raymusရဲ့ ခန္တာကိုယ်အတွင်းပိုင်းက သွေးကြောတွေ တရိပ်ရိပ်နဲ့ လှုပ်ရှားလာသလို ခံစားလိုက်ရတယ်။

အရင်နေ့တွေတုန်းက မျက်မှန်တပ်ထားတတ်တဲ့ Alex က ဒီနေ့တော့ ဘောလုံးကန်လို့ မျက်မှန်ချွတ်ထားတယ်ထင်၊ အနီးကပ်ကြုံဆုံရတဲ့အခါ မျက်တောင်နက်နက်တွေကိုပါ Raymus  အနီးကပ်မြင်နေရတယ်။

စိတ်လှုပ်ရှားမှုနဲ့ လူတစ်ကိုယ်လုံး ပူတက်လာပြီး ဒီခံစားချက်က ဘယ်လိုမျိုးလဲဆိုတာတောင် Raymus ပြောရခက်တယ်။

Raymusအခုလိုမျိုး တစ်ခါမှစိတ်မလှုပ်ရှားဖူးဘူး။ အရင်တုန်းကလဲ ယောကျာ်းလေး၊ မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ်ဖြစ်သွားတဲ့အချိန်တွေရှိခဲ့ဖူးပေမယ့် အခုတစ်ယောက်နဲ့လို မခံစားခဲ့ရဖူးတာ အသေအချာပဲ။

စိတ်လှုပ်ရှားလွန်း၍ပဲလား မပြောတတ်၊ ထိန်းချုပ်ဆေးတွေကြောင့် သူ့ pheromones တွေကို အမြဲတမ်း ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် အခုတစ်ခေါက်တော့ သူ့ omega pheromones တချို့ အပြင်ကို ထုတ်လွှတ်မိသွားတယ်လို့ သူ့ကိုယ်သူပြန်ခံစားလိုက်ရတယ်။

"အဟက် !! ငါ့ကို Betaဆိုပြီး အထင်သေးနေတဲ့ မင်းကမှ pheromoneတွေထိန်းမနိုင်သိမ်းမရ ဖြစ်နေတာပဲ။ ဘာလဲ ငါ့ကြောင့် အရမ်းရင်ခုန်သွားလို့လား''

Alex ရဲ့စကားကြောင့် Raymus မျက်နှာထက်မှာ ရှက်ရွံ့ဟန်တွေ တရိပ်ရိပ်တက်ကုန်တော့တယ်။

ဒီ ချီးလိုကောင်နဲ့ကျမှ … ငါက ဘာဖြစ်လို့ ဒီလိုတွေဖြစ်ကုန်ရတာလဲ။

"ဟေ့ကောင် မင်းစကားပြောတာကြည့်ပြော။ငါက မင်းလိုကောင်ကို ဘာဖြစ်လို့ ရင်ခုန်ရမှာလဲ''

“ဒါတော့ မပြောနိုင်ဘူးလေ။ ဘာလဲomega pheromoneတွေထုတ်ပြီး ငါ့ကိုဆွဲဆောင်မလို့လား၊ မင်းပြောသလို ငါက beta ဆိုရင် မင်း pheromones တွေက င့ါအပေါ်သက်ရောက်မှုမရှိဘူးဆိုတာတော့သိတယ်မဟုတ်လား''

"မင်း အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့ မင်းကိုဆွဲဆောင်ချင်ရအောင် ငါက စောက်ရူးမို့လို့လား''

Raymusအကျီစကို ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကို ဖယ်ခွာဖို့ Raymusက တစ်ဖန် ပြန်ဆုပ်ကိုင်လိုက်တယ်။

"ဟေ့ကောင် Raymusဘယ်လိုဖြစ်တာလဲ''

တစ်ယောက်နဲ့တစ်ယောက် အကြည့်စူးစူးတွေနဲ့ ကြည့်ပြီး ထိုးကြ ကြိတ်ကြဖို့ လုပ်ခါနီးမှာပဲ Willyတို့က အနားရောက်လာတယ်။

"နောက်လိုက်လေးတွေက အချိန်ကောင်းမှ အနားရောက်လာတာကို။မင်းနဲ့ငါ နောက်မှပဲ တွေ့ကြတာပေါ့''

ထိုသို့ပြောကာ ထွက်သွားတဲ့သူကို ကြည့်ပြီး Raymusတောက်တစ်ချက် ခေါက်လိုက်တယ်။

“ရားးးး ဒီ beta ကောင်ကတော့”

Raymus ရဲ့ အော်ဟစ်ကြိမ်းမောင်းသံကို မမှုနဲ့အလား ကျောခိုင်းသွားတဲ့ Alex ဟာ လက်တစ်ဖက်ကိုတောင် မြှောက်ပြလို့ နောက်မှတွေ့မယ်ဆိုတဲ့အထာ လုပ်ပြသွားသေးတယ်။

သေချာပါတယ်၊ အနာဂတ်မှာလဲ ဒီကောင်က Raymusကို ကောင်းကောင်းလေး စိတ်ဒုက္ခပေးဦးမယ်ဆိုတာ Raymusကြိုတင်သိနေတယ်။

Xxxxxxxxxx

ဘောလုံးကွင်းမှာ Alex ဆိုတဲ့ကောင်နဲ့ ပြဿနာတက်လာတာမို့ စိတ်တိုပြီးထွက်လာတဲ့ Raymus ဟာ သူကားရပ်ထားတဲ့ နေရာကို ရောက်တဲ့အခါမှာ ပိုပြီးဒေါသထွက်စရာနဲ့ ကြုံတွေ့လိုက်ရတယ်။

အကြောင်းက တခြားကြောင့် မဟုတ်ဘူး။

သူ့ကားရှေ့မှာ ပိတ်ရပ်ထားတဲ့ ဘယ်ကကားမှန်းမသိ တဲ့ ကားတစ်စီးကြောင့်ပဲ။

ကျောင်းက Raymus အပိုင်ကျောင်း မဟုတ်ပေမယ့် Raymusဆိုတာ ကျောင်းအုပ်ကြီးထက်တောင် ပွဲကြမ်းတတ်တဲ့သူမို့ သူကားရပ်ထားတဲ့ နေရာမှာ ဘယ်သူကမှ ကားလာပိတ်ရပ်ရဲတဲ့သူ တစ်ယောက်မှမရှိဘူး။

အခုတော့ သူ့ကားရှေ့မှာ တစ်ခါမှ မမြင်ဖူးတဲ့ ကားတစ်စီးက ပိတ်ရပ်လို့နေတယ်။ ကားကို ကြည့်လိုက်တော့လဲ နောက်ဆုံးပေါ်ပြိုင်ကား တစ်စီးပဲ။ ဒီကျောင်းမှာ ဒီလိုပြိုင်ကားမျိုး စီးတဲ့သူ ရှိသေးတာလား။

"အို အို ဒီနေ့တော့ Raymusစိတ်တိုရတဲ့နေ့ပဲ။ ဘယ်လိုကောင်ကများ ငါတို့သခင်လေး Rayရဲ့ကားရှေ့မှာ လာပိတ်ရပ်ထားပါလိမ့်''

ပျော်ပျော်နေတတ်တဲ့ Willyက ဘေးကနေ ရွှတ်နောက်နောက် စကားဆိုပေမယ့် Raymus ကတော့ စိတ်တိုတဲ့ အခံရှိတာမို့ မရယ်မောနိုင်ပဲ ဒေါသသာ ထွက်နေမိတယ်။

"စောက်ရေးမပါတာကွာ။ဘယ်ကောင်ကများ ငါ့ကားရှေ့မှာ လာရပ်သွားတာလဲ''

Raymusက စိတ်တိုတိုနဲ့ အရှေ့က ပြိုင်ကားကို တစ်ခုခုလုပ်ဖို့ စဉ်းစားလိုက်ပြီး ခပ်မြန်မြန်ပဲ သူ့ကားသော့ကို ဖွင့်လိုက်ကာ ကားထဲမှာ အမြဲဆောင်ထားလေ့ရှိတဲ့ သံတုတ်ကို ဆွဲယူလိုက်တယ်။

*ငါ့ကားရှေ့မှာ လာရပ်တဲ့ ကားကို ပညာတော့ပေးရမယ် မဟုတ်လား*

အတွေးနောက်ကို လက်ကအမှီလိုက်လို့ ဘုန်းကနဲ မြည်သံနဲ့ အဲ့ဒီကားရဲ့ အရှေ့ခန်းဘောနက်စ် ပိန်ချိုင့်သွားတယ်။

"အာရိုး Raymus မင်းကတော့ ပြဿနာ ရှာပြန်ပြီ''

Olivier က ငြီးငြီးငြူငြူပြောလာတယ်။

"ငါက ပြဿနာ ရှာတာ မဟုတ်ဘူးလေ။ ဒီကောင်က ငါ့ကို ပြဿနာ ရှာအောင်လုပ်တာ''

"ကဲအခု ဘယ်လိုလုပ်မှာလဲ''

"သွားမယ်လေ''

"ဘယ်လိုသွားမှာလဲ။ဒီကားက မင်းကားရှေ့မှာ ရပ်ထားတာလေ''

"တိုက်သွားမှာပေါ့''

စက္ကန့်မခြားပြန်ဖြေလိုက်တဲ့ Raymus အဖြေကြောင့် Willy က ခေါင်းကို တဗျင်းဗျင်းနဲ့ကုတ်တယ်။

သူငယ်ချင်းသုံးယောက်ထဲမှာ Willy က သွေးအအေးဆုံးမို့ သူ့ကိုဖျောင်းဖျဖို့ကြိုးစားနေတယ်ဆိုတာ Raymus သိတယ်။ ပုံမှန်အချိန်ဆိုရင်တော့ ရပ်ထားတဲ့ကားတစ်စီးကို ဘလိုင်းကြီးဝင်တိုက်ဖို့လောက်ထိ သူစဉ်းစားမှာမဟုတ်ပေမယ့် ဒီနေ့ကတော့ မြင်သမျှကို ပတ်ရမ်းချင်နေတဲ့နေ့ပင်။

"ဟာ Ray အခုမှ ကျောင်းဖွင့်တာ နှစ်ပတ်ပဲ ရှိသေးတာနော်။ မင်းပြဿနာ မရှာပါနဲ့ကွာ''

ရန်ဖြစ်ဖို့ဆို သူနဲ့အမြဲတက်ညီလက်ညီရှိတဲ့ Olivier ကပါ သူ့စိတ်ကိုသိတာမို့ ဝင်ဖြန်ဖြေဖို့ ကြိုးစားလေတယ်။

"ငါစိတ်တွေ ကြည်မနေဘူး အိုလီ၊ မင်းတို့ ဇ မရှိရင် ဝင်မပါနဲ့ ဘေးထွက်နေ''

“မဟုတ်သေးပါဘူးဟ ငါတို့ကကြောက်လို့ပြောနေတာမဟုတ်ဘူး …”

Rayနဲ့အိုလီ စကားများနေတုန်းမှာပဲ အနားကို ဆောင့်ကြွားကြွားနဲ့ တစ်ကောင်ရောက်လာတယ်။

သေချာတာကတော့ ဒီကောင့်ကို ကျောင်းမှာမမြင်ဖူးခဲ့တာ အမှန်ပဲ။ အခုနှစ်က ကျောင်းပြောင်းလာတဲ့ ကျောင်းသားအသစ်တွေများနေတာလား။

အနှီကောင်က အဲဒီ့ပြိုင်ကား ပိုင်ရှင်ဖြစ်ပုံရတယ်။ အရှေ့ပိုင်းတစ်ပိုင်း ပိန်ချုံ့နေတဲ့ သူကားကိုကြည့်ပြီး မျက်လုံးက ဒေါသရောင်တွေ တောက်လာတယ်။

"ငါ့ကားကို ဒီလိုဖြစ်အောင် လုပ်တာမင်းလား''

"အဟက် ဒါဆို ဒီအချိုးမပြေတဲ့ ကားပိုင်ရှင်က မင်းပေါ့''

"ဟေ့ကောင် ကားမှာအချိုးမပြေဘူးဆိုတာ ရှိလို့လား''

"ကားမှာ အချိုးမပြေတာ မရှိဘူးဆိုတာထက် အချိုးမပြေအောင် ရပ်ထားတာတော့ ရှိတယ်လေ''

“ကျောင်းရုံးခန်းကို ခဏပဲသွားမှာမို့ အလွယ်ရပ်ခဲ့လိုက်တာ၊ ငါရပ်ခဲ့တာ ၁၅ မိနစ်တောင်မရှိသေးဘူး။ မင်းက ဘာဖြစ်နေတာလဲ”

“ဘာဖြစ်နေတာလဲဆိုတော့ မင်းရဲ့ကားကို တစစီလုပ်ပစ်ချင်နေတာ ငါဘာကောင်လဲ မင်းသိလား”

“ဘာကောင်လဲဆိုတော့ လူလေ မဟုတ်ဘူးလား”

ပီကေ အဝါးမပျက်ပဲ မထီမဲ့မြင်ဖြေပုံက သူ့ကိုယ်သူ ပြန်မြင်နေရသလိုပဲမို့ Raymus အနည်းငယ်တော့ ရယ်ချင်စိတ်ဖြစ်မိတယ်။ အခုတလော သူနဲ့စရိုက်တူလူမျိုးတွေနဲ့သာ ဆုံနေရတော့တာပဲ။

“ငါ့နာမည် Raymus Nathaniel လို့ခေါ်တယ် ငါဘာကောင်လဲသိချင်ရင် ကျောင်းမှာစုံစမ်းကြည့်လိုက် အခုတော့ မင်းကားကို ငါမတိုက်ခင် ငါ့ကားရှေ့က ဖယ်လိုက်”

“…….”

“သြော် ခဏလေး .. မင်းကားကို အခုလိုလုပ်လိုက်တဲ့အတွက် ကျသလောက်လျော်ကြေးကို တောင်းလိုက်။ ဒီကျောင်းမှာ ဂီတဆရာ Louis ဆိုတာရှိတယ်။ သူ ရှင်းပေးလိမ့်မယ် အခုတော့ မင်းလစ်တော့…”

တစ်ဖက်က ချာတိတ် ဘာမှပြန်မပြောနိုင်ခင် သူ့ဘက်က စကားအကုန်ပြောထားလိုက်တယ်။ ကျောင်းမှာ ပြဿနာဖြစ်တာလောက်တော့ ကိုကိုကြီးတို့က လှည့်မကြည့်လောက်တာမို့ ကျောင်းက ဦးလေးတော်ကိုသာ လွှဲပေးလိုက်တယ်။ ကယ်လေးက ကျောင်းမှာ Raymus ရန်ဖြစ်တိုင်း အမြဲရှင်းပေးနေကြမို့ အခုကိစ္စကိုလဲ အဆင်ပြေအောင် ဖြေရှင်းပေးလိမ့်မယ်။

“ခင်ဗျား ဘာကောင်လဲ ကျုပ်စိတ်မဝင်စားဘူး။ ကျုပ်အတွက် ဒီကားပြင်ဖို့စရိတ်လောက်ကို သူများဆီကတောင်းဖို့လိုမနေဘူး ကျုပ်နာမည်လဲ မှတ်ထားလိုက်အုံး Benjamin Clark တဲ့”

Clark ဆိုသော family name ကြောင့် သူ့မျက်ခုံးအနည်းငယ်ပင့်တက်သွားကာ အံ့သြသွားမိခဲ့တယ်။ Clark Investment Group ဆိုတာ T နိုင်ငံမှာ မသိတဲ့သူမရှိတဲ့ Investment ကုမ္ပဏီကြီးတစ်ခုဖြစ်တာမို့ သူလဲသိပါတယ်။

ဒါပေမယ့် အဲဒီမိသားစုမှာ အခုလောက်ငယ်တဲ့ ချာတိတ်တစ်ယောက်ရှိမယ်လို့ မသိခဲ့ဘူး။

ကျောင်းတော်ကြီးမှာ သူ့လို ဇိုး တစ်ယောက် ထပ်ပေါ်လာအုံးမှာတော့ သူမြင်ယောင်မိပါသေးတယ်။

သူ့ဘာသာဘာကောင်ဖြစ်ဖြစ်တော့ Raymus ဂရုစိုက်မနေပါ၊ သူ့လမ်းမှာ ရှိမနေရင်တော့ သူနဲ့ငြိစရာမလိုဘူးလေ။

xxxxxxx

"ဟင် ... Baby မအိပ်ဘူးလား ဘယ်သွားအုံးမလို့လဲ"

ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့အမျိုးသမီးက ညုတုတုလေသံဖြင့် Nicholas ကိုလှမ်းမေးတယ်။

သူမလေသံက သူ့ကို ကုတင်ပေါ်ကနေ ဘယ်ကိုမှမသွားစေချင်ပုံပဲ။

သူ့ကြောင့် ဒီလောက်ထိ ကုတင်ပေါ်မှာမလှုပ်နိုင်အောင်ဖြစ်နေတာတောင် ထပ်ပြီးကိစ္စတွေဆက်ဖြစ်ချင်နေပုံရတဲ့ သူမကလဲ ခေသူတစ်ယောက်တော့မဟုတ်ခဲ့၊

သူမနာမည်က Shay တဲ့။ သူရည်းစားထားခဲ့တဲ့သက်တမ်းမှာ အကြာဆုံးတွဲဖြစ်နေတဲ့ ရည်းစားတစ်ယောက်ဆိုလည်းမမှားဘူး။

Nicholas ရာဇဝင်မှာ ရည်းစားတစ်ယောက်ကို ၁ လလောက်သာတွဲတတ်ပေမယ့် သူမနဲ့တွဲဖြစ်နေတာတော့ ၆ လလောက်ရှိတော့မယ်။

အဲဒါကလဲ သူမကို သူသိပ်ချစ်လွန်းနေလို့တော့မဟုတ်ပေ။

ပြောရရင် သူမက သူ့ရဲ့အကြိုက်ကို ကောင်းကောင်းသိပြီး သူ့ကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုသိတဲ့သူတစ်ယောက်မို့လို့ပြောရမှာပဲ။

dominant alpha တစ်ယောက်ဖြစ်တဲ့အလျောက် သူက တဏှာရာဂ ကင်းသူတစ်ယောက်မဟုတ်ခဲ့၊ အိပ်ရာပေါ်ကကိစ္စဆို ကျန်ညီအကိုတွေထက် သူက နည်းနည်းပိုပြီး စိတ်ပါတတ်သူလို့ပြောရင်လဲမမှားနိုင်။

ကိုကိုကြီး Thomas က အလုပ်သရဲမို့ အပျော်အပါးနဲ့ sexual interest နည်းတယ်။

ငယ်လေး Raymus ကျတော့ ကလေးတစ်ယောက်လိုနေဖို့သာ စိတ်ဝင်စားပြီး အသက် ၂၀ အရွယ်အထိ ရည်းစားတစ်ယောက်တစ်လေတောင်မထားဖူးချေ။

သူနဲ့တော့ တခြားစီပါပဲ သူက အသက် ၂၀ အရွယ်မှာ ရည်းစား ၁၀ ယောက်လောက်ပြောင်းပြီးပြီ။

အခုလို အသက် ၂၅ အရွယ်မှာတော့ အတူအိပ်ခဲ့တဲ့ ယောကျာ်း မိန်းမပေါင်းမရေတွက်နိုင်အောင် များနေခဲ့ပြီ။

ကိုကိုကြီးက မိသားစုမျိုးရိုးဂုဏ်ကိုထိန်းတဲ့သူမို့ တွေ့ကရာလူမျိုးနဲ့မတွဲပေမယ့် Nicholas ကတော့ သူ့ဆီတိုးဝင်လာရင် မရှောင်တာများတယ်။

ဒါပေမယ့် လူကောင်းသူကောင်းလေးတွေတော့ရွေးရတာပေါ့၊ သူ့ကို နောက်ပိုင်းရှုပ်ရှုပ်ယှက်ယှက် ဇယားလာရှုပ်မယ့်သူတွေဆိုရင်တော့ သူဝေးဝေးကရှောင်တယ်။

လူတစ်ယောက်ကိုကြာကြာတွဲဖို့ဆန္ဒ သူ့မှာမရှိတာကြောင့် ကပ်ပြီးခွာမရသောသူများနဲ့တော့ သူမပက်သက်မိအောင် သတိကြီးကြီးထားရတာပေါ့။

အခုလဲသိပ်မကြာခင်အချိန်အတွင်းမှာ Shay ကို သူလမ်းခွဲရလိမ့်မယ်။

"Baby .. Shay ခေါ်နေတယ်လေကွာ စိတ်က ဘယ်ကိုရောက်နေတာလဲ"

ကုတင်စွန်းမှာထိုင်နေတဲ့ Nicholas နားသို့တိုးလာပြီး Shay က လက်ချောင်းသွယ်သွယ်တွေနဲ့ ပွတ်သပ်ချော့မြူလာတယ်။

"Baby..."

"ကိုယ် ခေါင်းကိုက်နေလို့ Shay..."

"Oh sorry Baby"

Shay ဆိုတာ အဲလိုမိန်းကလေးမျိုး။ သူ့အထာကို ကောင်းကောင်းနပ်တယ်။ သူဘယ်လိုလေသံနဲ့ ပြောလိုက်ရင် ဘယ်လိုတုံ့ပြန်မှုပေးရမယ်ဆိုတာသိတယ်။

တချို့သူနဲ့တွဲတဲ့သူတွေက သူနည်းနည်းလေး မျက်နှာသာပေးလိုက်ရင် သူတို့ကိုသူတို့အဟုတ်ကြီးထင်ကာ Nicholas ကိုချုပ်နှောင်ဖို့ကြိုးစားချင်ကြတယ်။ သူ့ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ ကြိုးစားလာကြတယ်။

နောက်ပြီး သူတို့ဖြစ်ချင်တာတွေကို သူ့ဘက်ကဖြည့်ဆည်းပေးဖို့ လောဘတက်လာတတ်ကြတယ်။

Shay ကတော့ အဲဒီလိုပုံစံမျိုးမဟုတ်ဘူး၊ သူ စိတ်မကြည်တဲ့အချိန်ဆို အနားကို ကပ်မလာတော့ပဲ သူမဘာသာနေတယ်။ သူမဆက်သွယ်ပဲ ခေါက်ထားလိုက်ရင်လဲ အလိုက်တသိနဲ့ အတင်းလိုက်မဆက်သွယ်ပဲနေပေးတယ်။ အဲဒါကြောင့်မို့လဲ သူမက သူ့ဘေးမှာ ခပ်ကြာကြာမြဲနေခဲ့တယ်ဆိုပါတော့။

သူမက သူနဲ့ ဘာသာမတူတာကလွဲရင် တခြားပစ်ချက်ကြီးကြီးမားမားမရှိတဲ့ ခပ်ချောချော omega မလေးတစ်ယောက်ပဲ။ သို့ပေမယ့် အဲဒါကိုသိသည့်တိုင် သူမကို ရေရှည်တွဲဖို့ သူ့မှာဆန္ဒရှိမနေပါ။

သူအခု ဒီမှာ မာစတာဘွဲ့ရခဲ့ပြီမို့ သိပ်မကြာခင် မိသားစုရှိတဲ့ T နိုင်ငံကိုပြန်ရတော့မယ်။ အဲဒါကြောင့် တစ်ယောက်တစ်နေရာရှိနေပေမယ့် LDRS ဆိုတာကိုမျိုးကို သူလုပ်ဖို့ဆန္ဒမရှိဘူး။

သူမကို သူနဲ့လိုက်ခဲ့ဖို့ခေါ်သွားရလောက်အောင်လဲ သူမကို အတည်တွဲလောက်သည်အထိ လေးနက်မှုမရှိပါ။ အဲဒီတော့ အားနာနာနဲ့ပဲ တာ့တာပြခဲ့ရမှာပါပဲ။

ဘယ်ပြောနိုင်မလဲ သူမရှိတဲ့ ၄နှစ်မှာ T နိုင်ငံကြီးမှာ သူတွဲဖို့ အချောအလှလေးတွေ ရှိမနေဘူးလို့၊ အဟောင်းအဟောင်းတွေနဲ့ အကြာကြီးပက်သက်ဖို့ သူ့မှာဆန္ဒမရှိ၊ ကိုယ့်နိုင်ငံကို ပြန်ပြီး ကိုယ်နဲ့မတွဲရသေးတဲ့ အလှလေးတွေနဲ့တွဲရပေအုံးမည်။

ဒီလောက်လူတကာနဲ့ပတ်တွဲနေခဲ့ပြီး ရင်ထဲမှာ အချစ်ဆိုတဲ့ခံစားချက်တစ်ခါမှမပေါ်ပေါက်ခဲ့ဘူးလားလို့မေးရင် ဟင့်အင်းလို့ပဲ သူဖြေရမှာပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သူ့ရင်ကိုလှုပ်ခတ်လာအောင် မစွမ်းဆောင်နိုင်ကြဘူး။

ပြီးတော့ သူကိုယ်တိုင်ကလဲ တစ်ခါမှ ချစ်ကြည့်ဖို့ကို မကြိုးစားချင်ခဲ့ဘူး။

အချစ်ဆိုတာ အိပ်ရာထဲမှာ ကိုယ်လက်လှုပ်ရှားရတာ ပျော်စရာကောင်းမှာမို့လို့လား။

ဘဝက လူတစ်ယောက်တည်းကိုချစ်ပြီး အဲဒီတစ်ယောက်တည်းကိုပဲ commit လုပ်ထားရမှာ သိပ်ကိုပျင်းဖို့ကောင်းလွန်းပါတယ်။

Part 8 to be continued

ဒန် တန့် ဒန် ! ကိုကိုကြီးနဲ့အိုလီလေးကိုပဲ ချစ်မနေကြပါနဲ့။ လူဆိုးကြီး ကိုလတ်ရဲ့အချစ်ရေးကိုလဲ စိတ်ဝင်စားလိုက်ကြပါအုံး။

Zawgyi below ❄️

That Omega is so cute and I can’t help Part 7

“မင္း ခုနက ဘာလုပ္လိုက္တာလဲ”

ေက်ာင္းသားသစ္ရဲ႕ေမးခြန္းကို Raymus က မထီမဲ့ျပင္ျပဳလို႔ ဘာမွမသိသလို မ်က္ႏွာေပးမ်ိဳးနဲ႕ ေမးခြန္းျပန္ထုတ္လိုက္တယ္။

"ငါကဘာလုပ္လို႔လဲ''

ေဘာလုံးမွန္ထားတာမို႔ ရဲေနတဲ့ပါးျပင္ကိုၾကည့္ရတာ အင္မတန္မွ အရသာရွိတာပဲ။

မွတ္ထားလိုက္ ေက်ာင္းသားသစ္ေလး၊ တေလာကလုံးက စိတ္ဝင္စားတဲ့ငါ့ကို စိတ္မဝင္စားတဲ့ပုံစံမ်ိဳးလုပ္လို႔ မင္းကို ပထမဆုံးအႀကိမ္ ပညာေပးလိုက္တာပဲ။

"မင္းငါ့ကို ခုနက ေဘာလုံးနဲ႕ တမင္သတ္သတ္ ကန္လိုက္တာ မဟုတ္လား''

"ဟ မင္းကို ေဘာလုံးနဲ႕ တမင္သတ္သတ္ ကန္ရေအာင္ မင္းနဲ႕ငါ့ၾကားမွာ ဘာအကန႔္ရွိလို႔လဲ။ ေဘာလုံးကန္တာပဲ တစ္ခါတစ္ေလ လူကိုထိမိတာေတာ့ ရွိမွာေပါ့။ အဲ့ေလာက္ထိ လူကိုထိမွာ ေၾကာက္ေနရင္လည္း ေဘာလုံးလာမကန္ပဲ model showသြားေလွ်ာက္ေနလိုက္''

Raymus ရဲ႕တုံ႕ျပန္စကားေၾကာင့္ သူက ရႉုးရႉးရွားရွားျဖစ္သြားၿပီး မ်က္ႏွာႀကီး ပိုရဲတက္လာတယ္။

ပြေယာင္းေယာင္းဆံပင္နဲ႕ အနက္ေရာင္ေတာက္ေတာက္မ်က္လုံးေတြရဲ႕ အၾကည့္စူးရဲရဲပုံစံေၾကာင့္ သူက ရန္ေဆာင္ခ်င္ေနတဲ့ က်ားေပါက္စနဲ႕ေတာင္ တူေနေသးတယ္။

ရန္လိုေနတဲ့ Alex က ေဒါသတႀကီးနဲ႕ Raymusရဲ႕ ေဘာလုံးအက်ီအစြန္းစကို ဆုပ္ကိုင္တယ္။

"မင္း ဘာစကားေျပာတာလဲ''

"အဟက္ Betaေလးက စိတ္ႀကီးသားပဲ''

Raymus ထိုသို႔ေျပာေတာ့ ထိုေကာင္က မႏွစ္လိုဖြယ္ရာ အၿပဳံးမ်ိဳးနဲ႕ တုံ႕ျပန္တယ္။

Raymus က သူ႕ကို beta လို႔ေခၚလိုက္တာကို ျငင္းဆိုတဲ့စကားမေျပာေပမယ့္ သူ႕ရဲ႕မ်က္ႏွာက Raymusရဲ႕မ်က္ႏွာအနီးကို ပိုၿပီးေတာ့ တိုးကပ္လာတယ္။

မ်က္ႏွာႏွစ္ခုက အလြန္နီးကပ္သြားတဲ့အခါ ႐ုတ္တရတ္ႀကီး Raymusရဲ႕ ခႏၲာကိုယ္အတြင္းပိုင္းက ေသြးေၾကာေတြ တရိပ္ရိပ္နဲ႕ လႈပ္ရွားလာသလို ခံစားလိုက္ရတယ္။

အရင္ေန႕ေတြတုန္းက မ်က္မွန္တပ္ထားတတ္တဲ့ Alex က ဒီေန႕ေတာ့ ေဘာလုံးကန္လို႔ မ်က္မွန္ခြၽတ္ထားတယ္ထင္၊ အနီးကပ္ႀကဳံဆုံရတဲ့အခါ မ်က္ေတာင္နက္နက္ေတြကိုပါ Raymus  အနီးကပ္ျမင္ေနရတယ္။

စိတ္လႈပ္ရွားမႈနဲ႕ လူတစ္ကိုယ္လုံး ပူတက္လာၿပီး ဒီခံစားခ်က္က ဘယ္လိုမ်ိဳးလဲဆိုတာေတာင္ Raymus ေျပာရခက္တယ္။

Raymusအခုလိုမ်ိဳး တစ္ခါမွစိတ္မလႈပ္ရွားဖူးဘူး။ အရင္တုန္းကလဲ ေယာက်ာ္းေလး၊ မိန္းကေလးေတြနဲ႕ နီးနီးကပ္ကပ္ျဖစ္သြားတဲ့အခ်ိန္ေတြရွိခဲ့ဖူးေပမယ့္ အခုတစ္ေယာက္နဲ႕လို မခံစားခဲ့ရဖူးတာ အေသအခ်ာပဲ။

စိတ္လႈပ္ရွားလြန္း၍ပဲလား မေျပာတတ္၊ ထိန္းခ်ဳပ္ေဆးေတြေၾကာင့္ သူ႕ pheromones ေတြကို အၿမဲတမ္း ထိန္းခ်ဳပ္ထားနိုင္ခဲ့ေပမယ့္ အခုတစ္ေခါက္ေတာ့ သူ႕ omega pheromones တခ်ိဳ႕ အျပင္ကို ထုတ္လႊတ္မိသြားတယ္လို႔ သူ႕ကိုယ္သူျပန္ခံစားလိုက္ရတယ္။

"အဟက္ !! ငါ့ကို Betaဆိုၿပီး အထင္ေသးေနတဲ့ မင္းကမွ pheromoneေတြထိန္းမနိုင္သိမ္းမရ ျဖစ္ေနတာပဲ။ ဘာလဲ ငါ့ေၾကာင့္ အရမ္းရင္ခုန္သြားလို႔လား''

Alex ရဲ႕စကားေၾကာင့္ Raymus မ်က္ႏွာထက္မွာ ရွက္႐ြံ႕ဟန္ေတြ တရိပ္ရိပ္တက္ကုန္ေတာ့တယ္။

ဒီ ခ်ီးလိုေကာင္နဲ႕က်မွ … ငါက ဘာျဖစ္လို႔ ဒီလိုေတြျဖစ္ကုန္ရတာလဲ။

"ေဟ့ေကာင္ မင္းစကားေျပာတာၾကည့္ေျပာ။ငါက မင္းလိုေကာင္ကို ဘာျဖစ္လို႔ ရင္ခုန္ရမွာလဲ''

“ဒါေတာ့ မေျပာနိုင္ဘူးေလ။ ဘာလဲomega pheromoneေတြထုတ္ၿပီး ငါ့ကိုဆြဲေဆာင္မလို႔လား၊ မင္းေျပာသလို ငါက beta ဆိုရင္ မင္း pheromones ေတြက င့ါအေပၚသက္ေရာက္မႈမရွိဘူးဆိုတာေတာ့သိတယ္မဟုတ္လား''

"မင္း အဓိပၸာယ္ မရွိတာေတြ ေျပာမေနနဲ႕ မင္းကိုဆြဲေဆာင္ခ်င္ရေအာင္ ငါက ေစာက္႐ူးမို႔လို႔လား''

Raymusအက်ီစကို ဆုပ္ကိုင္ထားတဲ့ သူ႕ရဲ႕လက္ကို ဖယ္ခြာဖို႔ Raymusက တစ္ဖန္ ျပန္ဆုပ္ကိုင္လိုက္တယ္။

"ေဟ့ေကာင္ Raymusဘယ္လိုျဖစ္တာလဲ''

တစ္ေယာက္နဲ႕တစ္ေယာက္ အၾကည့္စူးစူးေတြနဲ႕ ၾကည့္ၿပီး ထိုးၾက ႀကိတ္ၾကဖို႔ လုပ္ခါနီးမွာပဲ Willyတို႔က အနားေရာက္လာတယ္။

"ေနာက္လိုက္ေလးေတြက အခ်ိန္ေကာင္းမွ အနားေရာက္လာတာကို။မင္းနဲ႕ငါ ေနာက္မွပဲ ေတြ႕ၾကတာေပါ့''

ထိုသို႔ေျပာကာ ထြက္သြားတဲ့သူကို ၾကည့္ၿပီး Raymusေတာက္တစ္ခ်က္ ေခါက္လိုက္တယ္။

“ရားးးး ဒီ beta ေကာင္ကေတာ့”

Raymus ရဲ႕ ေအာ္ဟစ္ႀကိမ္းေမာင္းသံကို မမႈနဲ႕အလား ေက်ာခိုင္းသြားတဲ့ Alex ဟာ လက္တစ္ဖက္ကိုေတာင္ ျမႇောက္ျပလို႔ ေနာက္မွေတြ႕မယ္ဆိုတဲ့အထာ လုပ္ျပသြားေသးတယ္။

ေသခ်ာပါတယ္၊ အနာဂတ္မွာလဲ ဒီေကာင္က Raymusကို ေကာင္းေကာင္းေလး စိတ္ဒုကၡေပးဦးမယ္ဆိုတာ Raymusႀကိဳတင္သိေနတယ္။

Xxxxxxxxxx

ေဘာလုံးကြင္းမွာ Alex ဆိုတဲ့ေကာင္နဲ႕ ျပႆနာတက္လာတာမို႔ စိတ္တိုၿပီးထြက္လာတဲ့ Raymus ဟာ သူကားရပ္ထားတဲ့ ေနရာကို ေရာက္တဲ့အခါမွာ ပိုၿပီးေဒါသထြက္စရာနဲ႕ ႀကဳံေတြ႕လိုက္ရတယ္။

အေၾကာင္းက တျခားေၾကာင့္ မဟုတ္ဘူး။

သူ႕ကားေရွ႕မွာ ပိတ္ရပ္ထားတဲ့ ဘယ္ကကားမွန္းမသိ တဲ့ ကားတစ္စီးေၾကာင့္ပဲ။

ေက်ာင္းက Raymus အပိုင္ေက်ာင္း မဟုတ္ေပမယ့္ Raymusဆိုတာ ေက်ာင္းအုပ္ႀကီးထက္ေတာင္ ပြဲၾကမ္းတတ္တဲ့သူမို႔ သူကားရပ္ထားတဲ့ ေနရာမွာ ဘယ္သူကမွ ကားလာပိတ္ရပ္ရဲတဲ့သူ တစ္ေယာက္မွမရွိဘူး။

အခုေတာ့ သူ႕ကားေရွ႕မွာ တစ္ခါမွ မျမင္ဖူးတဲ့ ကားတစ္စီးက ပိတ္ရပ္လို႔ေနတယ္။ ကားကို ၾကည့္လိုက္ေတာ့လဲ ေနာက္ဆုံးေပၚၿပိဳင္ကား တစ္စီးပဲ။ ဒီေက်ာင္းမွာ ဒီလိုၿပိဳင္ကားမ်ိဳး စီးတဲ့သူ ရွိေသးတာလား။

"အို အို ဒီေန႕ေတာ့ Raymusစိတ္တိုရတဲ့ေန႕ပဲ။ ဘယ္လိုေကာင္ကမ်ား ငါတို႔သခင္ေလး Rayရဲ႕ကားေရွ႕မွာ လာပိတ္ရပ္ထားပါလိမ့္''

ေပ်ာ္ေပ်ာ္ေနတတ္တဲ့ Willyက ေဘးကေန ႐ႊတ္ေနာက္ေနာက္ စကားဆိုေပမယ့္ Raymus ကေတာ့ စိတ္တိုတဲ့ အခံရွိတာမို႔ မရယ္ေမာနိုင္ပဲ ေဒါသသာ ထြက္ေနမိတယ္။

"ေစာက္ေရးမပါတာကြာ။ဘယ္ေကာင္ကမ်ား ငါ့ကားေရွ႕မွာ လာရပ္သြားတာလဲ''

Raymusက စိတ္တိုတိုနဲ႕ အေရွ႕က ၿပိဳင္ကားကို တစ္ခုခုလုပ္ဖို႔ စဥ္းစားလိုက္ၿပီး ခပ္ျမန္ျမန္ပဲ သူ႕ကားေသာ့ကို ဖြင့္လိုက္ကာ ကားထဲမွာ အၿမဲေဆာင္ထားေလ့ရွိတဲ့ သံတုတ္ကို ဆြဲယူလိုက္တယ္။

*ငါ့ကားေရွ႕မွာ လာရပ္တဲ့ ကားကို ပညာေတာ့ေပးရမယ္ မဟုတ္လား*

အေတြးေနာက္ကို လက္ကအမွီလိုက္လို႔ ဘုန္းကနဲ ျမည္သံနဲ႕ အဲ့ဒီကားရဲ႕ အေရွ႕ခန္းေဘာနက္စ္ ပိန္ခ်ိဳင့္သြားတယ္။

"အာရိုး Raymus မင္းကေတာ့ ျပႆနာ ရွာျပန္ၿပီ''

Olivier က ၿငီးၿငီးျငဴျငဴေျပာလာတယ္။

"ငါက ျပႆနာ ရွာတာ မဟုတ္ဘူးေလ။ ဒီေကာင္က ငါ့ကို ျပႆနာ ရွာေအာင္လုပ္တာ''

"ကဲအခု ဘယ္လိုလုပ္မွာလဲ''

"သြားမယ္ေလ''

"ဘယ္လိုသြားမွာလဲ။ဒီကားက မင္းကားေရွ႕မွာ ရပ္ထားတာေလ''

"တိုက္သြားမွာေပါ့''

စကၠန႔္မျခားျပန္ေျဖလိုက္တဲ့ Raymus အေျဖေၾကာင့္ Willy က ေခါင္းကို တဗ်င္းဗ်င္းနဲ႕ကုတ္တယ္။

သူငယ္ခ်င္းသုံးေယာက္ထဲမွာ Willy က ေသြးအေအးဆုံးမို႔ သူ႕ကိုေဖ်ာင္းဖ်ဖိဳ႕ႀကိဳးစားေနတယ္ဆိုတာ Raymus သိတယ္။ ပုံမွန္အခ်ိန္ဆိုရင္ေတာ့ ရပ္ထားတဲ့ကားတစ္စီးကို ဘလိုင္းႀကီးဝင္တိုက္ဖို႔ေလာက္ထိ သူစဥ္းစားမွာမဟုတ္ေပမယ့္ ဒီေန႕ကေတာ့ ျမင္သမွ်ကို ပတ္ရမ္းခ်င္ေနတဲ့ေန႕ပင္။

"ဟာ Ray အခုမွ ေက်ာင္းဖြင့္တာ ႏွစ္ပတ္ပဲ ရွိေသးတာေနာ္။ မင္းျပႆနာ မရွာပါနဲ႕ကြာ''

ရန္ျဖစ္ဖို႔ဆို သူနဲ႕အၿမဲတက္ညီလက္ညီရွိတဲ့ Olivier ကပါ သူ႕စိတ္ကိုသိတာမို႔ ဝင္ျဖန္ေျဖဖို႔ ႀကိဳးစားေလတယ္။

"ငါစိတ္ေတြ ၾကည္မေနဘူး အိုလီ၊ မင္းတို႔ ဇ မရွိရင္ ဝင္မပါနဲ႕ ေဘးထြက္ေန''

“မဟုတ္ေသးပါဘူးဟ ငါတို႔ကေၾကာက္လို႔ေျပာေနတာမဟုတ္ဘူး …”

Rayနဲ႕အိုလီ စကားမ်ားေနတုန္းမွာပဲ အနားကို ေဆာင့္ႂကြားႂကြားနဲ႕ တစ္ေကာင္ေရာက္လာတယ္။

ေသခ်ာတာကေတာ့ ဒီေကာင့္ကို ေက်ာင္းမွာမျမင္ဖူးခဲ့တာ အမွန္ပဲ။ အခုႏွစ္က ေက်ာင္းေျပာင္းလာတဲ့ ေက်ာင္းသားအသစ္ေတြမ်ားေနတာလား။

အႏွီေကာင္က အဲဒီ့ၿပိဳင္ကား ပိုင္ရွင္ျဖစ္ပုံရတယ္။ အေရွ႕ပိုင္းတစ္ပိုင္း ပိန္ခ်ဳံ႕ေနတဲ့ သူကားကိုၾကည့္ၿပီး မ်က္လုံးက ေဒါသေရာင္ေတြ ေတာက္လာတယ္။

"ငါ့ကားကို ဒီလိုျဖစ္ေအာင္ လုပ္တာမင္းလား''

"အဟက္ ဒါဆို ဒီအခ်ိဳးမေျပတဲ့ ကားပိုင္ရွင္က မင္းေပါ့''

"ေဟ့ေကာင္ ကားမွာအခ်ိဳးမေျပဘူးဆိုတာ ရွိလို႔လား''

"ကားမွာ အခ်ိဳးမေျပတာ မရွိဘူးဆိုတာထက္ အခ်ိဳးမေျပေအာင္ ရပ္ထားတာေတာ့ ရွိတယ္ေလ''

“ေက်ာင္း႐ုံးခန္းကို ခဏပဲသြားမွာမို႔ အလြယ္ရပ္ခဲ့လိုက္တာ၊ ငါရပ္ခဲ့တာ ၁၅ မိနစ္ေတာင္မရွိေသးဘူး။ မင္းက ဘာျဖစ္ေနတာလဲ”

“ဘာျဖစ္ေနတာလဲဆိုေတာ့ မင္းရဲ႕ကားကို တစစီလုပ္ပစ္ခ်င္ေနတာ ငါဘာေကာင္လဲ မင္းသိလား”

“ဘာေကာင္လဲဆိုေတာ့ လူေလ မဟုတ္ဘူးလား”

ပီေက အဝါးမပ်က္ပဲ မထီမဲ့ျမင္ေျဖပုံက သူ႕ကိုယ္သူ ျပန္ျမင္ေနရသလိုပဲမို႔ Raymus အနည္းငယ္ေတာ့ ရယ္ခ်င္စိတ္ျဖစ္မိတယ္။ အခုတေလာ သူနဲ႕စရိုက္တူလူမ်ိဳးေတြနဲ႕သာ ဆုံေနရေတာ့တာပဲ။

“ငါ့နာမည္ Raymus Nathaniel လို႔ေခၚတယ္ ငါဘာေကာင္လဲသိခ်င္ရင္ ေက်ာင္းမွာစုံစမ္းၾကည့္လိုက္ အခုေတာ့ မင္းကားကို ငါမတိုက္ခင္ ငါ့ကားေရွ႕က ဖယ္လိုက္”

“…….”

“ေၾသာ္ ခဏေလး .. မင္းကားကို အခုလိုလုပ္လိုက္တဲ့အတြက္ က်သေလာက္ေလ်ာ္ေၾကးကို ေတာင္းလိုက္။ ဒီေက်ာင္းမွာ ဂီတဆရာ Louis ဆိုတာရွိတယ္။ သူ ရွင္းေပးလိမ့္မယ္ အခုေတာ့ မင္းလစ္ေတာ့…”

တစ္ဖက္က ခ်ာတိတ္ ဘာမွျပန္မေျပာနိုင္ခင္ သူ႕ဘက္က စကားအကုန္ေျပာထားလိုက္တယ္။ ေက်ာင္းမွာ ျပႆနာျဖစ္တာေလာက္ေတာ့ ကိုကိုႀကီးတို႔က လွည့္မၾကည့္ေလာက္တာမို႔ ေက်ာင္းက ဦးေလးေတာ္ကိုသာ လႊဲေပးလိုက္တယ္။ ကယ္ေလးက ေက်ာင္းမွာ Raymus ရန္ျဖစ္တိုင္း အၿမဲရွင္းေပးေနၾကမို႔ အခုကိစၥကိုလဲ အဆင္ေျပေအာင္ ေျဖရွင္းေပးလိမ့္မယ္။

“ခင္ဗ်ား ဘာေကာင္လဲ က်ဳပ္စိတ္မဝင္စားဘူး။ က်ဳပ္အတြက္ ဒီကားျပင္ဖို႔စရိတ္ေလာက္ကို သူမ်ားဆီကေတာင္းဖို႔လိုမေနဘူး က်ဳပ္နာမည္လဲ မွတ္ထားလိုက္အုံး Benjamin Clark တဲ့”

Clark ဆိုေသာ family name ေၾကာင့္ သူ႕မ်က္ခုံးအနည္းငယ္ပင့္တက္သြားကာ အံ့ၾသသြားမိခဲ့တယ္။ Clark Investment Group ဆိုတာ T နိုင္ငံမွာ မသိတဲ့သူမရွိတဲ့ Investment ကုမၸဏီႀကီးတစ္ခုျဖစ္တာမို႔ သူလဲသိပါတယ္။

ဒါေပမယ့္ အဲဒီမိသားစုမွာ အခုေလာက္ငယ္တဲ့ ခ်ာတိတ္တစ္ေယာက္ရွိမယ္လို႔ မသိခဲ့ဘူး။

ေက်ာင္းေတာ္ႀကီးမွာ သူ႕လို ဇိုး တစ္ေယာက္ ထပ္ေပၚလာအုံးမွာေတာ့ သူျမင္ေယာင္မိပါေသးတယ္။

သူ႕ဘာသာဘာေကာင္ျဖစ္ျဖစ္ေတာ့ Raymus ဂ႐ုစိုက္မေနပါ၊ သူ႕လမ္းမွာ ရွိမေနရင္ေတာ့ သူနဲ႕ၿငိစရာမလိုဘူးေလ။

xxxxxxx

"ဟင္ ... Baby မအိပ္ဘူးလား ဘယ္သြားအုံးမလို႔လဲ"

ကုတင္ေပၚမွာ လွဲေလ်ာင္းေနတဲ့အမ်ိဳးသမီးက ၫုတုတုေလသံျဖင့္ Nicholas ကိုလွမ္းေမးတယ္။

သူမေလသံက သူ႕ကို ကုတင္ေပၚကေန ဘယ္ကိုမွမသြားေစခ်င္ပုံပဲ။

သူ႕ေၾကာင့္ ဒီေလာက္ထိ ကုတင္ေပၚမွာမလႈပ္နိုင္ေအာင္ျဖစ္ေနတာေတာင္ ထပ္ၿပီးကိစၥေတြဆက္ျဖစ္ခ်င္ေနပုံရတဲ့ သူမကလဲ ေခသူတစ္ေယာက္ေတာ့မဟုတ္ခဲ့၊

သူမနာမည္က Shay တဲ့။ သူရည္းစားထားခဲ့တဲ့သက္တမ္းမွာ အၾကာဆုံးတြဲျဖစ္ေနတဲ့ ရည္းစားတစ္ေယာက္ဆိုလည္းမမွားဘူး။

Nicholas ရာဇဝင္မွာ ရည္းစားတစ္ေယာက္ကို ၁ လေလာက္သာတြဲတတ္ေပမယ့္ သူမနဲ႕တြဲျဖစ္ေနတာေတာ့ ၆ လေလာက္ရွိေတာ့မယ္။

အဲဒါကလဲ သူမကို သူသိပ္ခ်စ္လြန္းေနလို႔ေတာ့မဟုတ္ေပ။

ေျပာရရင္ သူမက သူ႕ရဲ႕အႀကိဳက္ကို ေကာင္းေကာင္းသိၿပီး သူ႕ကိုဘယ္လိုဆြဲေဆာင္ရမလဲဆိုတဲ့ နည္းလမ္းေတြကိုသိတဲ့သူတစ္ေယာက္မို႔လို႔ေျပာရမွာပဲ။

dominant alpha တစ္ေယာက္ျဖစ္တဲ့အေလ်ာက္ သူက တဏွာရာဂ ကင္းသူတစ္ေယာက္မဟုတ္ခဲ့၊ အိပ္ရာေပၚကကိစၥဆို က်န္ညီအကိုေတြထက္ သူက နည္းနည္းပိုၿပီး စိတ္ပါတတ္သူလို႔ေျပာရင္လဲမမွားနိုင္။

ကိုကိုႀကီး Thomas က အလုပ္သရဲမို႔ အေပ်ာ္အပါးနဲ႕ sexual interest နည္းတယ္။

ငယ္ေလး Raymus က်ေတာ့ ကေလးတစ္ေယာက္လိုေနဖို႔သာ စိတ္ဝင္စားၿပီး အသက္ ၂၀ အ႐ြယ္အထိ ရည္းစားတစ္ေယာက္တစ္ေလေတာင္မထားဖူးေခ်။

သူနဲ႕ေတာ့ တျခားစီပါပဲ သူက အသက္ ၂၀ အ႐ြယ္မွာ ရည္းစား ၁၀ ေယာက္ေလာက္ေျပာင္းၿပီးၿပီ။

အခုလို အသက္ ၂၅ အ႐ြယ္မွာေတာ့ အတူအိပ္ခဲ့တဲ့ ေယာက်ာ္း မိန္းမေပါင္းမေရတြက္နိုင္ေအာင္ မ်ားေနခဲ့ၿပီ။

ကိုကိုႀကီးက မိသားစုမ်ိဳးရိုးဂုဏ္ကိုထိန္းတဲ့သူမို႔ ေတြ႕ကရာလူမ်ိဳးနဲ႕မတြဲေပမယ့္ Nicholas ကေတာ့ သူ႕ဆီတိုးဝင္လာရင္ မေရွာင္တာမ်ားတယ္။

ဒါေပမယ့္ လူေကာင္းသူေကာင္းေလးေတြေတာ့ေ႐ြးရတာေပါ့၊ သူ႕ကို ေနာက္ပိုင္းရႈပ္ရႈပ္ယွက္ယွက္ ဇယားလာရႈပ္မယ့္သူေတြဆိုရင္ေတာ့ သူေဝးေဝးကေရွာင္တယ္။

လူတစ္ေယာက္ကိုၾကာၾကာတြဲဖို႔ဆႏၵ သူ႕မွာမရွိတာေၾကာင့္ ကပ္ၿပီးခြာမရေသာသူမ်ားနဲ႕ေတာ့ သူမပက္သက္မိေအာင္ သတိႀကီးႀကီးထားရတာေပါ့။

အခုလဲသိပ္မၾကာခင္အခ်ိန္အတြင္းမွာ Shay ကို သူလမ္းခြဲရလိမ့္မယ္။

"Baby .. Shay ေခၚေနတယ္ေလကြာ စိတ္က ဘယ္ကိုေရာက္ေနတာလဲ"

ကုတင္စြန္းမွာထိုင္ေနတဲ့ Nicholas နားသို႔တိုးလာၿပီး Shay က လက္ေခ်ာင္းသြယ္သြယ္ေတြနဲ႕ ပြတ္သပ္ေခ်ာ့ျမဴလာတယ္။

"Baby..."

"ကိုယ္ ေခါင္းကိုက္ေနလို႔ Shay..."

"Oh sorry Baby"

Shay ဆိုတာ အဲလိုမိန္းကေလးမ်ိဳး။ သူ႕အထာကို ေကာင္းေကာင္းနပ္တယ္။ သူဘယ္လိုေလသံနဲ႕ ေျပာလိုက္ရင္ ဘယ္လိုတုံ႕ျပန္မႈေပးရမယ္ဆိုတာသိတယ္။

တခ်ိဳ႕သူနဲ႕တြဲတဲ့သူေတြက သူနည္းနည္းေလး မ်က္ႏွာသာေပးလိုက္ရင္ သူတို႔ကိုသူတို႔အဟုတ္ႀကီးထင္ကာ Nicholas ကိုခ်ဳပ္ေႏွာင္ဖို႔ႀကိဳးစားခ်င္ၾကတယ္။ သူ႕ကိစၥေတြကို ဝင္စြက္ဖက္ဖို႔ ႀကိဳးစားလာၾကတယ္။

ေနာက္ၿပီး သူတို႔ျဖစ္ခ်င္တာေတြကို သူ႕ဘက္ကျဖည့္ဆည္းေပးဖို႔ ေလာဘတက္လာတတ္ၾကတယ္။

Shay ကေတာ့ အဲဒီလိုပုံစံမ်ိဳးမဟုတ္ဘူး၊ သူ စိတ္မၾကည္တဲ့အခ်ိန္ဆို အနားကို ကပ္မလာေတာ့ပဲ သူမဘာသာေနတယ္။ သူမဆက္သြယ္ပဲ ေခါက္ထားလိုက္ရင္လဲ အလိုက္တသိနဲ႕ အတင္းလိုက္မဆက္သြယ္ပဲေနေပးတယ္။ အဲဒါေၾကာင့္မို႔လဲ သူမက သူ႕ေဘးမွာ ခပ္ၾကာၾကာၿမဲေနခဲ့တယ္ဆိုပါေတာ့။

သူမက သူနဲ႕ ဘာသာမတူတာကလြဲရင္ တျခားပစ္ခ်က္ႀကီးႀကီးမားမားမရွိတဲ့ ခပ္ေခ်ာေခ်ာ omega မေလးတစ္ေယာက္ပဲ။ သို႔ေပမယ့္ အဲဒါကိုသိသည့္တိုင္ သူမကို ေရရွည္တြဲဖို႔ သူ႕မွာဆႏၵရွိမေနပါ။

သူအခု ဒီမွာ မာစတာဘြဲ႕ရခဲ့ၿပီမို႔ သိပ္မၾကာခင္ မိသားစုရွိတဲ့ T နိုင္ငံကိုျပန္ရေတာ့မယ္။ အဲဒါေၾကာင့္ တစ္ေယာက္တစ္ေနရာရွိေနေပမယ့္ LDRS ဆိုတာကိုမ်ိဳးကို သူလုပ္ဖို႔ဆႏၵမရွိဘူး။

သူမကို သူနဲ႕လိုက္ခဲ့ဖို႔ေခၚသြားရေလာက္ေအာင္လဲ သူမကို အတည္တြဲေလာက္သည္အထိ ေလးနက္မႈမရွိပါ။ အဲဒီေတာ့ အားနာနာနဲ႕ပဲ တာ့တာျပခဲ့ရမွာပါပဲ။

ဘယ္ေျပာနိုင္မလဲ သူမရွိတဲ့ ၄ႏွစ္မွာ T နိုင္ငံႀကီးမွာ သူတြဲဖို႔ အေခ်ာအလွေလးေတြ ရွိမေနဘူးလို႔၊ အေဟာင္းအေဟာင္းေတြနဲ႕ အၾကာႀကီးပက္သက္ဖို႔ သူ႕မွာဆႏၵမရွိ၊ ကိုယ့္နိုင္ငံကို ျပန္ၿပီး ကိုယ္နဲ႕မတြဲရေသးတဲ့ အလွေလးေတြနဲ႕တြဲရေပအုံးမည္။

ဒီေလာက္လူတကာနဲ႕ပတ္တြဲေနခဲ့ၿပီး ရင္ထဲမွာ အခ်စ္ဆိုတဲ့ခံစားခ်က္တစ္ခါမွမေပၚေပါက္ခဲ့ဘူးလားလို႔ေမးရင္ ဟင့္အင္းလို႔ပဲ သူေျဖရမွာပဲ။ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ သူ႕ရင္ကိုလႈပ္ခတ္လာေအာင္ မစြမ္းေဆာင္နိုင္ၾကဘူး။

ၿပီးေတာ့ သူကိုယ္တိုင္ကလဲ တစ္ခါမွ ခ်စ္ၾကည့္ဖို႔ကို မႀကိဳးစားခ်င္ခဲ့ဘူး။

အခ်စ္ဆိုတာ အိပ္ရာထဲမွာ ကိုယ္လက္လႈပ္ရွားရတာ ေပ်ာ္စရာေကာင္းမွာမို႔လို႔လား။

ဘဝက လူတစ္ေယာက္တည္းကိုခ်စ္ၿပီး အဲဒီတစ္ေယာက္တည္းကိုပဲ commit လုပ္ထားရမွာ သိပ္ကိုပ်င္းဖို႔ေကာင္းလြန္းပါတယ္။

Part 8 to be continued

ဒန္ တန႔္ ဒန္ ! ကိုကိုႀကီးနဲ႕အိုလီေလးကိုပဲ ခ်စ္မေနၾကပါနဲ႕။ လူဆိုးႀကီး ကိုလတ္ရဲ႕အခ်စ္ေရးကိုလဲ စိတ္ဝင္စားလိုက္ၾကပါအုံး။

Đọc tiếp

Bạn Cũng Sẽ Thích

269K 17.1K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
574K 57K 86
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
8.6K 1.4K 7
"လမိုက်ညဆို ရွာမြောက်ဘက်က တောင်နား ယောင်လို့တောင် မသွားမိစေနဲ့" "မိစ္ဆာက လူကို ဖမ်းစားတယ်လို့ ပြောကြတာပဲ" သည်လို ပြောစမှတ်ပြုကြတဲ့ ကိုမိုရီ ရွာလေးရဲ့...
675K 40.4K 104
story - yaoi Omege and Alpha