အခန်း(၁၀) [ FINAL]

Start from the beginning
                                    

​အဆုံး​၌ချင်းလန်သ​ဘောတူလိုက်​တော့သည်။
ထို​က​လေးကတော့ဘာမှမ​ပြော​ပေမယ့်ချင်းလန်စိတ်ထဲသိ​သည် ထိုက​လေးသူ့အတွက်စိတ်မ​ကောင်းဖြစ်​နေသည်ဆိုတာကို။ထိုကလေးက သူ၁၈နှစ်အရွယ်​လောက်ကတည်းကသူ့ကို ကူညီပံ့ပိုး​ပေးချင်​​နေခဲ့တာဖြစ်သည်။အရင်အချိန်​တွေကတည်းကအမြဲသူနှင့်အတူပိုက်ဆံထွက်ရှာချင်​နေခဲ့သည်၊ဒါမှညတိုင်းသူ့​ဘေးနားမှာချင်းလန်​အေး​အေး​ဆေး​ဆေးအိပ်စက်နိုင်မည်ဟူ၍။
ချင်းလန်လည်းဘာမှမလုပ်ဘဲ​အေး​ဆေးထိုင်​နေချင်
ခဲ့တာ​ပေါ့။ကံမ​ကောင်းသည်ကနေ့ခင်းဘက်မှာ​အေး​ဆေးလုပ်နိုင်တဲ့အလုပ်မှာရှိသင့်တဲ့အရည်အချင်းမျိူးသူ့မှာမရှိခဲ့သည့်အပြင်ဒီအသက်အရွယ်မှသင်ယူဖို့ဆိုတာလည်းမဖြစ်နိုင်​တော့။အခုချိန်မှာ​တော့ လီဖန်အမ်းမှာသူ့အိမ်မက်သူအ​ကောင်ထည်​ဖော်နိုင်စွမ်းရှိ​နေပြီဖြစ်၍
သူ့ရဲ့ ရှုရှု အ​နေနဲ့ ပေးနိုင်တဲ့အကူအညီမှန်သမျှဘာလို့
မ​ပေးဘဲ​နေရမှာလဲ။

လီဖန်အမ်းသူရဲ့အသက်​မွေးဝမ်း​ကျောင်းကို​
ကျောင်းမှာစတင်လုပ်ကိုင်​ဖြစ်သည်။သူ့ရဲ့​ကောင်းမွန်တဲ့
သင်ကြားပြသမှု​​တွေ​ကြောင့် ည​ကျောင်းကကျောင်းသား​တွေအတွက်ပါသင်ကြား​ပေးဖို့ဖိတ်ကြားခံခဲ့ရသည်။
တစ်​နေ့တာအတန်း​ချိန်တွေအကုန်လုံးကိုသင်ကြား​ပေးပြီး​နောက်အချိန်က ည၁၁နာရီအထိဖြစ်ဖြစ်သွားတက်သည်။သူနီးစပ်ရာဆိုင်က ဆန်ပြုတ်ပူပူ​လေးနဲ့ ​ပေါင်မုန့်​ဝင်ဝယ်လိုက်ပြီး၊ချင်းလန်အားသွားကြိုဖို့မောင်းထွက်လာခဲ့သည်၊အချိန်က​တော့ကွက်တိဘဲဖြစ်သည်။

အခုအချိန်မှာသူကဆရာတစ်​ယောက်ဖြစ်၍၊
အမြဲသပ်သပ်ရပ်နှင့်ဝတ်စုံပြည့်ဝတ်ဆင်​လေ့ရှိသည်။
လီဖန်အမ်းမှာအရပ်ရှည်၍ ​ကောင်းမွန်​သောခန္ဓာကိုယ်
အချိုးအဆစ်ရှိပြီး၊ အမြဲကား​ပေါ်က​နေဆင်းလာတိုင်း
သူရဲ့ စူးရှတဲ့အကြည့်​တွေနဲ့​ချော​မောလှတဲ့မျက်နှာ​ကိုမြင်လိုက်ရတိုင်း ကြည့်မိတဲ့မုန့်ချွမ်း​တောင်ရှက်​သွေးဖြာသွား​လေ့ရှိသည်။

"​ငါသတိထားမိလာတယ်နောက်ပိုင်းမင်းရဲ့​ရှောင်​ဖျင်အာ​လေးကအ​တော်​လေးဆွဲ​ဆောင်မှုရှိလာတယ်၊ သူအရွယ်
​ရောက်လာ​လေပိုကြည့်​ကောင်း​လေဖြစ်​နေပြီ"

You've reached the end of published parts.

⏰ Last updated: Jun 08, 2021 ⏰

Add this story to your Library to get notified about new parts!

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now