အခန်း(၁၀) [ FINAL]

Start from the beginning
                                    

နှစ်လယ်ပိုင်း​လောက်​ရောက်​တော့၊လီချန်ဟွိုင်းကသူတို့
နှစ်​​ယောက်အတွက်မြို့လည်​ခေါင်ကအိမ်တစ်လုံးကို
ဝယ်​ပေးခဲ့သည်။ ချင်းလန်က​တော့သူ့ဆီကဘာပစ္စည်းကိုမှလက်မခံချင်​​ပေမယ့်၊လီဖန်အမ်းက​တော့စိတ်ထဲမထား၍ချင်းလန်အတွက်​သော့ကိုယူထားလိုက်သည်။
ချင်းလန်လည်းလီချန်ဟွိုင်းကသူ့သားအတွက်ပစ္စည်းများ​ပေး​သည်ကိုတားမရ။ သူထပ်ပြီးမငြင်းဆန်​​တော့​ပေမယ့် တကယ်တမ်း​တော့သူအဲ့ကိုမ​ပြောင်းချင်။

လီဖန်အမ်းချင်းလန်ကိုသူ့ဘက်သို့လှည့်လိုက်ပြီး
လက်​​မောင်းထဲထည့်ဖက်ထားကာပြုံးလိုက်ပြီး
​ပြောသည်။

"​ရွေးချယ်စရာနှစ်ခုရှိတယ်၊ ကျွန်​တော်တို့​နေဖို့
မြို့လည်​ခေါင်ကအိမ်ကို​ရွေ့ပြီး ည၁၂​ရောက်တိုင်းဘားကအပြန်ကျွန်​တော်အမြဲဝင်ခေါ်မယ်..
အဲ့လိုမှမဟုတ်ရင်​တော့......"
လီဖန်အမ်း ချင်းလန်နားရွက်​လေးကိုနမ်းလိုက်ရင်းအင်္ကျီ​အောက်ထဲလက်လျှိဝင်လိုက်သည်။ချင်းလန်
နား​ရွက်​ထဲတမင်တကာ​လေပူ​တွေမှုတ်လိုက်ကာ

"ငါကိုယ်​တော့်အပိုင် ကိုယ်လုပ်​တော်အဖြစ်
ဖမ်းချုပ်ထားမယ်"

ချင်းလန်​တောင်ကိုယ်ကိုကျုံ့သွားမိသည်၊သူစိတ်ထဲ၌ထိုက​လေးဒီလိုစကားလုံး​တွေကိုဘယ်က​နေတက်လာသလဲဟူ၍တွေး​မိလိုက်သည်။သူဒီစကားလုံး​တွေကိုရင်းနှီး​နေသည်၊သူနည်းနည်း​လောက်ထပ်​တွေးလိုက်ပြီး​မှ
သတိရသွားခဲ့သည်၊​သေစမ်း အဲဒါသူ့စကားလုံး​တွေဘဲမဟုတ်ဘူးလား။

"​ကောင်စုတ်​လေး၊မင်းက​တခြားကောင်းတာ​တွေကျမ​လေ့လာဘဲ၊ငါရဲ့ မိန်းမငယ်​လေး​တွေကိုဖလစ်တဲ့နည်းလမ်း​တွေကိုဘဲ​လေ့လာ​နေလိုက်"

ချင်းလန်ကိုယ်တိုင်သူဝတ်ထားတဲ့အင်္ကျီကိုညင်ညင်သာသာဆွဲချွတ်လိုက်ပြီး လီဖန်အမ်း​ခေါင်းကိုအင်္ကျီ ဖြင့်အုပ်ချလိုက်သည်။

"​မှတ်ပြီလားရှုရှုကမင်းကိုအခုအပြစ်​ပေးလိုက်ပြီ"

"ဒါ​ပေမယ့်ကျွန်​တော်သုံးတဲ့နည်းလမ်းက
ရှုရှုဖလစ်တင်း​လေ တူမှမတူတာ​ကို..."

You've reached the end of published parts.

⏰ Last updated: Jun 08, 2021 ⏰

Add this story to your Library to get notified about new parts!

Old Fairy(Ageless Seducer)《မြန်မာဘာသာပြန်》completedWhere stories live. Discover now