4•The new student is strange

Start from the beginning
                                    

အထိုးခံနေရတဲ့ကျောင်းသားကို Raymus မသိပေမယ့် alpha တစ်ယောက်ဆိုတာကိုတော့ မျက်မှန်းတန်းမိနေတာမို့ သိနေခဲ့တယ်။

သူတို့အနားမှာတော့ ကြောက်လန့်ဟန်နဲ့ ရပ်နေတဲ့ omega ကျောင်းသူလေးတစ်ယောက်။ ဘာလို့ omega မှန်းတန်းသိသလဲဆိုရင် သူမဆီက ထွက်လာတဲ့ pheromone ရနံ့တွေက ဒီဘက်အထိတောင် ရနေလို့ပဲ။

ဒီလောက်ထိအနံ့တွေမထိန်းချုပ်နိုင်ပုံထောက်ရင် သူမ heat ဝင်နေတာပဲဖြစ်ရမယ်ထင်တယ်။

“ဟေ့ဟေ့ ရပ်လိုက်ကြစမ်း ဒါကျောင်းနော် မင်းတို့ရန်ဖြစ်ရမယ့်လမ်းဘေးက နေရာမဟုတ်ဘူး”

ဆရာတစ်ယောက်အသံက ဟိန်းထွက်လာတော့မှ ကျောင်းသားသစ်က သူထိုးနေတာကို ရပ်လိုက်တယ်။

“ဘယ်လိုဖြစ်ကြတာလဲ”

“ဆရာ ကျွန်တော်လွန်တာမဟုတ်ဘူး သူက heat ဝင်နေတဲ့ omega လေးကို ဆွဲလားရမ်းလားလုပ်နေလို့”

အထိုးခံရတဲ့ကျောင်းသားကဘာမှမပြောသေးခင် ကျောင်းသားသစ်က ဆရာ့ကိုဦးအောင် တိုင်တန်းနေတာတွေ့ရတယ်။

“မဟုတ်ဘူးဆရာ .. ကျွန်တော်က..”

“ခဏလေး မင်းမပြောနဲ့ .. heat ဝင်နေတဲ့ကျောင်းသူက ဒီကမိန်းကလေးလား၊ ကျောင်းသူ .. Alex ပြောတာဟုတ်သလား မင်းဖြေပါ”

“ဟုတ်…ဟုတ်ပါတယ်ဆရာ”

“ဘယ်လိုပဲဖြစ်ဖြစ် အမြင်မတော်တာတွေ့ရင်တောင် ပြေပြေလည်လည်ပြောသင့်တယ် Alex ဒါက ကျောင်းပတ်ဝန်းကျင်ဖြစ်တဲ့အတွက် သွေးထွက်သံယိုရန်ဖြစ်တာမျိုးကို ဆရာတို့အားမပေးဘူး။ နောက် ဒီကကျောင်းသူလေးကလဲ heat cycle အချိန်ဆိုရင် ကျောင်းကိုမလာသင့်ဘူး။ လာမယ်ဆိုရင်လဲ ထိန်းချုပ်ဆေး ကြိုသုံးထားသင့်တယ်။ မဟုတ်ရင် မဖြစ်သင့်တာတွေဖြစ်သွားရင် သမီးအတွက် မကောင်းဘူးလေ”

“ဟုတ်…ဟုတ်ကဲ့ပါဆရာ .. သမီးလဲ cycle ဝင်မယ့်ရက်မဟုတ်သေးလို့ အမှုမဲ့အမှတ်မဲ့ဖြစ်သွားမိတာပါ။ အခုပဲ အိမ်ပြန်မလို့လုပ်နေတုန်း အခုလိုဖြစ်သွားတာပါ။ တောင်းပန်ပါတယ် ဒီက ကျောင်းသားကိုရော”

သူမက အသံတုန်တုန်ဖြင့်ရှင်းပြကာ ကျောင်းသားသစ်ကိုပါ တောင်းပန်နေလိုက်သေးတယ်။ သူမက omega ဆန်စွာနဲ့ပဲ အင်အားနည်းတဲ့အသွင်သဏ္ဍာန်အပြည့်ပဲ။ သူကိုယ်တိုင်လဲ omega ဖြစ်တာမို့ နှိမ်ချပြီးပြောဆိုချင်တဲ့စိတ်မရှိပေမယ့် သူမက တကယ်ကိုအင်အားနည်းတဲ့ပုံစံဆိုတာ သိသာလွန်းနေတယ်လေ။

That Omega is so cute and I can't help! [Completed]Where stories live. Discover now