2• Does my bff like my big brother?

Start from the beginning
                                    

ကိုကိုကြီးနဲ့ ကိုကိုလတ်လို ၆ ပေ ၃ လက်မလောက်မမြင့်ပေမယ့် ၆ ပေဆိုတဲ့အရပ်က omega တွေထဲမှာဆိုရင်တော့ အတော်လေးအရပ်ရှည်တယ်လို့ပြောရမှာပဲ။

ရုပ်ရည်ကိုကြည့်ရင်ရော၊ ညီအကိုတွေထဲမှာတောင် သူက အချောဆုံးလို့ပြောရမယ်။

ဆေးဆိုးထားတာမဟုတ်ပဲ မွေးရာပါ မီးဖိုးဖျော့ဖျော့ဖြစ်နေတဲ့ ဆံပင်တွေက လိုက်အတုခိုးပြီးဆိုးရင်တောင် Raymus ဆံပင်တွေ လှနေမှာမဟုတ်။

အမေက လူမျိုးခြားဖြစ်တာကြောင့် အမေ့ဆီက အမွေအဖြစ် သူက မျက်ဝန်းပြာပြာလေးကို လက်ဆင့်ကမ်းရရှိခဲ့တယ်။

အဲဒီမျက်ဝန်းပြာတွေရဲ့အကြည့်စူးစူးက alpha တွေအတွက် ကျရှုံးခန်းလို့ ညွှန်းဆိုကြတယ်။

အဲဒီလိုတွေ ကြွေပြခြင်းခံရတာတောင် Raymus ကနည်းနည်းလေးမှ ရင်မခုန်ဘူး။ အဲဒီစကားတွေက Raymus ကို အခန်းထဲအတင်းပစ်သွင်း သူတို့အောက်ကိုလှဲသိပ်နိုင်ဖို့အတွက် တန်ဆာဆင်ထားတဲ့ တဏှာဆန်တဲ့ စကားလုံးတွေလို့ပဲ Raymus က သတ်မှတ်တယ်။

ဘယ် alpha ကများ omega တစ်ယောက်ကို မြတ်မြတ်နိုးနိုးတန်ဖိုးထားပြီး ဆက်ဆံခဲ့လို့လဲ။

သူ့ပတ်ဝန်းကျင်မှာရှိတဲ့ alpha မှန်သမျှက omega တွေကို အိမ်တွင်းပုန်းခိုင်းပြီး ကလေးမွေးခိုင်းမယ်၊ အိမ်အလုပ်တွေလုပ်ခိုင်းပြီး လွတ်လပ်တဲ့ဘဝဆိုတာမျိုးကို သေသည်အထိ မပိုင်ဆိုင်သွားနိုင်အောင် လုပ်ကြမယ်၊ အဲဒီလိုလူမျိုးတွေပဲ။

အိမ်ကအကိုတွေရော ဘာထူးလဲ၊ dominant alpha တွေပီပီ တွဲသမျှ omega တွေကို တန်ဖိုးမထားပဲ အပျော်သဘောသတ်မှတ်ထားကြတဲ့သူတွေ။

ကိုကိုကြီးကတော့ နည်းနည်းတော်သေးတယ်လို့ ပြောလို့ရတယ်။ ကိုကိုကြီးက ကိုလတ်လို တစ်ယောက်ပြီးတစ်ယောက် ပြောင်းတွဲတာမျိုးမဟုတ်ပဲ နည်းနည်းတည်တည်ငြိမ်ငြိမ်ရှိသည်။

ဒါပေမယ့် အခုချိန်ထိတော့ အိမ်ထောင်ပြုဖို့ကိုကိုကြီးက စဉ်းစားပုံမရသေး၊ ကိုယ်တွေမိသားစုအသိုင်းအဝိုင်းရဲ့ဂုဏ်ရှိန်ကကြီးလို့ တော်ရုံမိသားစုက omega နဲ့ လက်မထပ်ချင်ဘူးလို့ ကြွေးကြော်ထားတဲ့ ကိုကိုကြီးက အခုချိန်ထိ life partner ကို ချေးများနေဆဲပင်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now