2• Does my bff like my big brother?

Start from the beginning
                                    

Olivier ယောက်ဖဆိုလဲ Olivier နဲ့ရင်းနှီးတဲ့ဆက်ဆံရေးမျိုးမို့ သူတို့လို ညီအကိုချင်းတောင် မလိုအပ်ရင် စကားမပြောတဲ့ဆက်ဆံရေးကို တအံ့တသြဖြစ်တာပေါ့။

“အကြောင်းမသိတာလဲမဟုတ်ပဲ အခုမှ အထူးအဆန်းတွေလုပ်ပြမနေနဲ့”

Olivier နဲ့က အတွင်းအသိအဆင်းသိမို့ အဲဒါကိုရည်ညွှန်းပြီး Raymus ပြောလိုက်တာဖြစ်မည်။

“သိတာတော့သိတာပေါ့ ဒါပေမယ့် အခုက မင်းအဖေလဲအိမ်မှာမရှိ ကိုလတ်လဲမရှိဘူးလေ မင်းတို့ညီအကိုနှစ်ယောက်ပဲကျန်တာဆိုတော့ နည်းနည်းပိုနွေးထွေးသင့်တယ်ထင်လို့ပေါ့”

“နွေးထွေးချင်ရင် အနွေးထည်ဝတ်ပြီး စောင်ခြုံထားလိုက်မယ်ကွာ”

“မင်းက စကားအကောင်းပြောလို့ရမနေဘူး”

“အေး မင်းသောက်စကားများနေတာနဲ့ ဂိမ်းကရှုံးသွားပြီ မေဘေးရဲ့”

ဆော့လက်စဂိမ်းက ရှုံးသွားတာမို့ ဂိမ်းထဲက ပြန်ထွက်ကာ phone camera ကိုဖွင့်ကာ ကိုယ့်ကိုကိုယ်ပြန်ကြည့်ဖြစ်သွားတယ်။

"အဟက် ချောလိုက်တာကွာ"

"ဟေ ဘယ်သူလဲ"

"ငါလေ ငါပေါ့ တစ်ခြားဘယ်သူရှိရအုံးမှာလဲ"

Front camera မှာ မြင်နေရတဲ့ သူ့မျက်နှာသူ မေးငေါ့ပြလို့ဖြေလိုက်တော့ Olivier က

"သောက်ကျိုးနည်း" လို့ ထောပနာပြုတယ်။

"ချောပါတယ်ဆိုမှ ဒီဝက်ခြံက ငါ့ကို မနာလိုပြီး လာပေါက်နေပြန်ပြီ"

အောက်နှုတ်ခမ်းစွန်းက အခုမှထွက်စပြုနေတဲ့ ဝက်ခြံကြောင့် Raymus ညည်းညူမိတယ်။

"သောက်ပိုတွေလုပ်မနေနဲ့ ဝက်ခြံတစ်ဖုပေါက်တာက မင်းကိုတစ်ကျောင်းလုံးမှာ အချောဆုံးဆိုတဲ့ရာထူးကနေ ချမပစ်လိုက်နိူင်ဘူး"

"ဒါတော့ ဒါပေါ့လေ"

Raymus က တစ်ကျောင်းလုံးမှာ အချောဆုံးပဲဆိုတာတော့ သူ့ကိုယ်သူလဲသိတာပေါ့။

Raymus က omega လို့တောင် ထင်ရက်စရာမရှိလောက်အောင် ရှည်လျားတဲ့အရပ်ကိုပိုင်ဆိုင်တယ်။

That Omega is so cute and I can't help! [Completed]Where stories live. Discover now