ဘယ်ဘက်လက်မှာပတ်တီးကြီးနဲ့ အကိုရှောင်းကျန့်ကို အော်ခေါ်လိုက်သည်။
"အကိုရှောင်းကျန့်!"
"ဝမ်နင် မင်းဘယ်လိုရောက်လာတာလဲ"
"ဓားထိသွားတယ်ဆိုလို့လေဗျာ"
"ငါအဆင်ပြေပါတယ်ကွာ ဖြေရတာမောလှပြီ"
"ဘာဖြစ်လို့"
"ပြောမနေနဲ့ ဝမ်နင်ရေ
ရှောင်းကျန့်က နဂိုကမှ ဆေးရုံရဲ့ အတော်ဆုံးဆရာဝန်လေ""အတော်ဆုံးဆရာဝန်က ကောင်းတာမဟုတ်ဘူးလား"
"ကောင်းတာတော့ ကောင်းတယ် မကောင်းရင်လည်း မကောင်းဘူး"
"ဟမ်"
"ကျိုးချန် တစ်ခါထဲရှင်းအောင်ပြောစမ်းပါဟယ်"
ဝမ်ချင်ကဝင်ပြောတော့
"ဒီလိုဟေ့ သူ့ကိုကြိုက်လို့ လာကုတဲ့လူနာတွေက တစ်ပုံကြီး တကယ်ဖြစ်တာတွေကော မဖြစ်တာတွေကောပေါ့ကွာ
ခုနက ကန်တင်းကိုလာတုန်း ဝမ်ချင်ကလွဲရင် ဆေးရုံက နာ့စ်တွေရော ဆရာဝန်မလေးတွေပါ အကုန်လာမေးပြီး ဆေးတွေပေးကြတာ မနည်းငြင်းလွှတ်ရတယ်""အော်"
"ဟား ဟား အကိုရှောင်းကျန့်က နာမည်ကြီးတာကိုဗျ"
"ငါ့ရုပ်က ချောနေတော့ ဘယ်တတ်နိုင်ပါ့မလဲ"
"ရွံတာ ဝေါ့"
"ဝမ်ချင် ငါစားနေတယ်"
"ဘာဖြစ်လဲ ဒါလေးပြောတာ"
"အကုန်လုံးက စိုးရိမ်ပြီးမေးနေကြပေမဲ့ တစ်ယောက်သောသူကတော့...."
ကျိုးချန်ပြောတော့ ဝမ်နင်က
"ဘယ်သူလဲ အကို?"
"ဘယ်သူရှိရမှာလဲ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ တစ်ယောက်လေ"
"ရိပေါ်လား သူကအဲ့လိုမဟုတ်ပါဘူးဗျ သူ့အကိုကြောင့်နေမှာပါ"
"အေးလေ မင်းကလည်းခုနကတည်းက ပြောနေတာ မပြီးဘူး"
"ငါက မဟုတ်လို့ပြောနေတာကြနေတာပဲ။ ခုနကတည်းက နည်းနည်းလေးတောင်မမေးဘူး"
"ငါက ဘာမှမဖြစ်ဘူးလို့ပြောလိုက်တာလေ အဲ့တော့ဘယ်မေးတော့မလဲ"
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfiction1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.