"ဟုတ်တယ် ကျိုးချန် ရှောင်းကျန်ကိုငါလည်းပြောတယ် အလွန်အကျွံမလုပ်ပါနဲ့ဆို"

"ဖြစ်ရင် စိုးရိမ်ရတာ ငါပဲ"

"ဟုတ်တယ်"

"အန်တီတို့မေးရင် ငါဘယ်လိုပြန်ပြောရမလဲ ဟမ်"

"ကဲပါ အမဝမ်ချင်နဲ့ အကိုကျိုးချန်ရယ် တော်ပါတော့"

" စစ်ကျွေး မင်းအသာနေစမ်း ငါသူ့ကိုပြောနေတာ"

"ပြောချင်ရင်လည်း နောက်မှပြောတော့ ဒီမှာ ကျွန်တော်ကြားထဲက နားညည်းနေပြီ"

"ဟဲ့ နင့်ကိုဘယ်သူနေခိုင်းလို့လဲ နင့်ဘာနင်နေပြီး နားညည်းနေတာ"

"အကိုရှောင်းကျန့်ကို စိုးရိမ်လို့ပေါ့ဗျ ဓားထိသွားတယ်ဆို‌ေတာ့ လန့်သွားတာပဲ အကိုကလည်း သတိထားမှပေါ့ ကျွန်တော်သာဆို အဲ့လူကို နှစ်ချက်လောက်ဆင့်ထိုးလိုက်မှာ"

"စစ်ကျွေး မင်းကပိုနားညည်းတယ်သိလား"

"ကဲပါ တော်ကြပါတော့ ငါလည်းဘာမှဖြစ်တာမဟုတ်ဘူး"

"ဘာလို့မဖြစ်ရမှာလဲ ဒီမှာ မင်း ကန်းနေလား"

"ဟမ် ရိပေါ်"

ပြန်ရောက်လာတဲ့ရိပေါ်ကို ကျိုးချန်ကတော့
မကြည်ကြည့်နဲ့ သူတို့ကြောင့် သူ့ညီ ထိခိုက်တယ်ဆိုပြီးပေါ့

"သူ့ကိုမိသွားလား"

"ဟင့်အင်း လမ်းဖြတ်ကူးတာ လွတ်သွားတယ်"

ရှောင်းကျန့်အမေးကိုရိပေါ်ပြန်ဖြေလိုက်ပေမဲ့ မျက်လုံးက ရှောင်းကျန့်လက်ဆီမှာ

"အော် ဘာမှမဖြစ်ပါဘူး နည်းနည်းရှပ်ထိသွားရုံပါ"

ရိပေါ်စိတ်ကိုသိနေသည့်အလား ဖြေလိုက်တဲ့ရှောင်းကျန့်

"ရိပေါ် နင့်အကိုကိုသွားမကြည့်ဘူးလား"

ဝမ်ချင်မေးတော့

"အင်း သူဘယ်လိုလဲ"

"သူသတိရလာပြီ"

"ဟုတ်လား!"

ပြောပြီးပြေးထွက်သွားတဲ့ရိပေါ်

"တစ်ချိန်လုံးပြေးနေတာပဲ သူ့ကြည့်ပြီး ငါမူးတယ်"

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now