"ရိပေါ်! အလောင်းတစ်လောင်းတွေ့လို့တဲ့"

"ဘယ်နားမှာ"

"အကိုရှီးချန်သေနတ်ထိတဲ့ နေရာနဲ့ ခပ်ဝေးဝေးတစ်နေရာမှာတဲ့"

ဝမ်နင်လာပြောပြီးတဲ့နောက် နှစ်ယောက်လုံး စခန်းကထွက်လာခဲ့သည်။
.............

"ရှောင်းကျန့်ရေ မင်းထမင်းစားဖို့စိတ်ကူးရှိလား"

"အမ် အဲ အချိန်ကဒီလောက်ဖြစ်သွားပြီလား ဆောရီး ကျိုးချန် မင်းရောစားပြီးပြီလား"

"မင်းကိုစောင့်နေတာ မပြီးသေးဘူး"

"အေး ခဏ ငါတစ်ယောက်ကြည့်ပြီးရင် လာခဲ့မယ် သွားနှင့်"

"အေးပါကွာ"

ရှောင်းကျန့်နဲ့ ကျိုးချန်က တစ်ဝမ်းကွဲညီအကိုတွေပါ။ ကျောင်းကတည်းက တစ်ပူးပူးတစ်တွဲတွဲနဲ့။ နှစ်ယောက်လုံး ဆေးမေဂျာယူပြီး တက္ကသိုလ်တက်ပြီး အလုပ်ရတဲ့အထိ ကျိုးချန် နဲ့ရှောင်းကျန့်က ရင်းနှီးဆဲ။ သူများတွေအားကျရတဲ့ညီအစ်ကို ဆက်ဆံရေးပေါ့။
အလုပ်မရှိတာကိုမကြိုက်တဲ့ ရှောင်းကျန့်က အလုပ်များတဲ့ အရေးပေါ်ဌာနကို တမင်ရွေးလုပ်သည်။ ကျိုးချန်ကလည်းသူနဲ့အတူ အရေးပေါ်ဌာနမှာပဲ။

လူနာကြည့်ပြီး ကန်တင်းကိုထွက်လာခဲ့တယ်။
သွားနေရင်း

*ဟိုကောင်လေး အစ်ကိုကို အခြေအနေသွား
ကြည့်ရဦးမှာပဲ*

တွေးရင်းနဲ့ အထူးလူနာဆောင်ဘက် သွားလိုက်သည်။

ကန်တင်းမှာစောင့်နေတဲ့ ကျိုးချန်ကတော့ မေတ္တာပို့နေလောက်ပြီ။

လူနာဝမ်ရှီးချန် အခန်းနံပါတ်xxx ကိုတွေ့ပြီ။
တံခါးဖွင့်လိုက်တော့ သူ့ကိုကျောပေးထားတဲ့လူတစ်ယောက် ဂုတ်မှာ တက်တူးလား ဘာလား
မြွေပုံထင်တယ်။

"ဟေ့! ခင်ဗျား ဘယ်သူလဲ"

သူမေးလိုက်တော့ အဲ့လူက ရပ်နေဆဲပေ။

"ဟေ့ ကျွန်တော်မေးတာကြားလား"

"........."

"ဒါက အထူးလူနာဆောင်ခန်း အပြင်လူဝင်ခွင့်
မရှိဘူး"

‌ေနာက်ကိုလှည့်ကြည့်လာတဲ့   
ထိုလူလက်ထဲမှာ ချွန်ထက်တဲ့အရာတစ်ခုကိုင်ထားသလို ဦးထုပ်အနက်ကို ခပ်အုပ်အုပ်ဆောင်းထာပြီး အကျင်္ ီကလည်းအနက် နဲ့ လူမိုက်လိုလိုဘာလိုလို

အသက်နှင့်လဲ၍ (Completed)Where stories live. Discover now