"ဆရာ သေချာပေါက်ကယ်ပေးပါ"

"ငါလုပ်လို့မရဘူး ငါကအထွေထွေကု နှလုံးကုဆရာဝန်မှရမယ် ရှောင်းကျန့်ဘယ်မှာလဲ!"

"ကျွန်မ သွားခေါ်လိုက်မယ်"
.............

"ရှောင်းကျန့်!  ရှောင်းကျန့်!"

ဝမ်ချင်နဲ့ ရှောင်းကျန့်နဲ့က ငယ်ငယ်ကတည်းက မောင်နှမလိုရင်းနှီးတဲ့ သူငယ်ချင်းတွေမို့ နာမည်ပဲခေါ်ကြတယ်။

"စစ်ကျွေး! ရှောင်းကျန့်ကိုတွေ့သေးလား"

"အကိုလား အဝတ်လဲခန်းမှာထင်တယ် ဘာဖြစ်လို့လဲ အမ"

"လူနာဟေ့ လူနာ အရေးကြီးတယ် အခုမခွဲရင်သေတော့မှာ"

"လူနာဘယ်မှာလဲ"

" ရှောင်းကျန့်! အရေးပေါ်ခန်းမှာ"

စကားဆုံးသည်နှင့်ပြေးသွားသော ရှောင်းကျန့်နောက် ဝမ်ချင်လိုက်လာခဲ့သည်။ နောက်က
စစ်ကျွေးကလည်းလိုက်လာသဖြင့်..

"ဟဲ့ နင်ဘာလိုက်လုပ်တာ"

"ဗဟုသုတရအောင်ပါ အမရဲ့ အကိုရှောင်းက ဒီလောက်တော်တာ ကျွန်‌ေတာ်ကူနိုင်တာရှိရင် ကူလို့ရတာပေါ့"

"အာ့ဆိုလည်း လာ! သွားမယ်"

"ကျိုးချန်!"

"ရှောင်းကျန့်! မင်းခွဲခန်းဝင်ဖို့ပြင်တော့ လူနာသွေးထွက်လွန်နေလို့ ခွဲခန်းပို့မယ်"

"ကောင်းပြီ"
.............

မနက်မိုးလင်း

ရိပေါ်မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တော့
သူ့ဘေးက အဖြူရောင်အရိပ်လေးက
သူ့ကိုကြည့်နေမှန်းသိနေသော် ဝါးတားတားမို့ ဘယ်သူမှန်းမသိ နောက်တစ်ဖြည်းဖြည်း
မြင်လာမှ ဆရာဝန်တစ်ယောက်မှန်းသိတော့သည်။

"နိုးပြီလား ကောင်လေး"

"......."

"ဒဏ်ရာက သိပ်မနက်ဘူး ရှပ်ထိသွားတာဆိုတော့ စိုးရိမ်စရာမရှိဘူး သန်ဘက်ခါဆို

ဆင်းချင်ရင်ဆင်းလို့ရပြီ"

"..........."

"မင်းအဆင်ပြေရဲ့လား ဟေ့! ကောင်လေးရေ~"

အသက်နှင့်လဲ၍ (Completed)Dove le storie prendono vita. Scoprilo ora