အစိမ်းဘဒိုနှင့်အရှင့်သားဝိညာဉ်လဲခံလိုက်ရသောအခါ-1

Start from the beginning
                                    

ချီရုန်ကိုဝေးဝေးတစ်ချက်ဆောင့်ကန်ပြီးဟွားချန်ကညစာချက်နေတဲ့ရှဲ့လျန်ဆီလျှောက်သွားတယ်။အနောက်နေခါးကိုသိုင်းဖက် ပခုံးပေါ်မေးတင်ပြီး ရှဲ့လျန်ချက်နေတဲ့ဟင်းကိုတစ်ချက်ကြည့်ကာ

''ရေနည်းနည်းထည့် ကိုကို အရမ်းပျစ်နေတယ် မဟုတ်ရင်ခဲလို့မစားလိုက်ရဘဲဖြစ်သွားမယ်''

''အင်းအင်း ဒါနဲ့ စန်းလန် ငါပူဇော်စားပွဲပေါ်မှာအမွှေးအိုးအလွတ်တင်ထားတယ် စန်းလန်မှာနံ့သာခဲဖြစ်ဖြစ်ရှိရင် ထည့်ထားပေးပါလား စိတ်အာရုံကြည်လင်စေတဲအမွှေးခဲရှိရင်ပိုကောင်းတာပေါ့''

''ဟုတ် စန်းလန်ထည့်လိုက်မယ်နော် ကိုကို ဟင်းတူးတော့မယ် အဲ့လောက်ဆိုအတော်ဘဲ အိုးချလိုက်တော့''

ညဘက်

ရှဲ့လျန်ချက်ကျွေးတဲ့ဟင်းကိုမတရားသဖြင့်အကျွေးခံပြီးနောက်မှာတော့ ချီရုန်တစ်ယောက်ပူဇော်စားပွဲဘေးမှာကူဇစ်နဲ့လှဲအိပ်နေတယ်။လူက အိပ်ပျော်တော့မယ်ဆိုရင် ဗိုက်ထဲကမကောင်းဆိုးဝါးဟင်းတွေကရွထလာပြန်တော့ညလယ်ကြီးချွေးပျံနေတယ်။တစ်ချက်တစ်ချက်နာသလိုလို အောင့်သလို ဟော အခုဘဲအန်ထွက်တော့မလို ဝမ်းလျှောတော့မလို ဒီပျက်ရှင်ဝင်ချင်သလိုလို ဖြစ်ပြီးနောက်မှာတော့ အသိစိတ်ရေးရေးဘဲ ကျန်တော့တဲ့အချိန် ပူဇော်စားပွဲပေါ်တင်ထားတဲ့အမွှေးအိုးဆီကအမွှေးနံ့သင်းသင်းကိုအာရုံစိုက်ရှူပြီးမှ ရှောရှောရှူရှူအိပ်ပျော်တော့တယ်…
:
:
:
:
:

လို့ထင်လား 🙂

ဟိုအတွဲကအခုထိမအိပ်သေး။တိုးတိုးတိုးတိုးနဲ့ကြားတစ်ချက်မကြားတစ်ချက် အသံတွေကအိပ်ပျော်အောင်ကြိုးစားနေတဲ့သူ့ဆီလွင့်လာတယ်

''စန်းလန် တိုးတိုး ကူဇစ်နိုးသွားမယ် ချီရုန်လည်းရှိနေတယ် ဝွန်း မဆိုးနဲ့ကွာ''

''အဲ့ကောင်ဘာကြောက်ရမှာတုန်း လာစမ်းပါ ကိုကိုရာ စန်းလန်အေးလို့ပါဆို''

''အသက်ရှူကြပ်နေပြီလို့ ဖြေးဖြေးဖက်ပါ စန်းလန်ကလည်း ကိုကိုဖက်ထားပေးမယ် အိပ်တော့နော် ''

''အိပ်ချင်သေးဘူး ကိုကိုနဲ့ကချားမယ်လေ ကချားမယ်လို့''

''မင်းတို့ကောင်တွေ စွဇယားကိုရှုပ်တယ် မပြီးနိုင်ဘူး အခုထိမအိပ်ဘဲသေမလိုရှင်မလိုဖြစ်နေတာလား''လို့ထအော်ချင်ပေမဲ့ကူဇစ်လေးနိုးမှာဆိုးတာနဲ့ ချီရုန်တစ်ယောက်ကြိတ်မှိတ်ပြီးအိပ်လိုက်တယ်။ဒင်းတို့တွေ ဟင်းဟင်း ကူဇစ်ကြောင့်မို့ကွာ ဟင်း!!''

Tian Guan Ci Fu FanfictionsWhere stories live. Discover now