မွေးတည်းကအရင်းချာသွေးရင်းဆိုလို့ဒီညီမလေးတစ်ယောက်ပဲရှိတဲ့ဘဝမှာကိုယ့်ညီမမျက်နှာကိုယ်မမှတ်နိုင်စရာမရှိတဲ့ Xiao Zhan ဟာထိုအမေးကိုမယုံနိုင်လွန်းလို့သာယောင်ယမ်းပြောမိလိုက်ရုံဖြစ်သည်။
တော်ရုံတန်ရုံတုန်လှုပ်ခဲသောယောက်ျား
နှစ်ယောက်ကိုဗျာများသွားစေနိုင်တာ Zu er ဆိုတဲ့ဝက်ပေါက်ကိုရင်ခွင်ထဲထည့်ဖက်လို့နေတဲ့ ကောင်လေးတစ်ယောက်တွဲလျက်ပါနေသောပုံလေးတစ်ပုံပင်။"အဲ့တစ်ယောက်မျက်နှာလဲ မမြင်ရဘူးနော်..."
"အင်း...ကျွန်တော်တို့က break-time ဆိုတော့
ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်ပဲ
အချိန်ရတာ...ကျွန်တော့်မှာသူ့နောက်
ပြေးလိုက်မလို့ကို ဘယ်လိုမှအချိန်မရလိုက်ဘူး...""Zu er ပြန်သွားတာ တစ်ပတ်ကျော်ကျော်ရှိနေပြီဟာ... အဲ့တုန်းက ကောတို့နှစ်ယောက်လုံး အလုပ်တွေနဲ့မအားလို့ သူ့ကိုအိမ်အောက်ကနေပဲလေယာဉ်ကွင်းကို တက္ကစီငှားပေးလိုက်တာ
မလား...ဒါဆို..."Yibo နဲ့ Xiao Zhan နှစ်ယောက်သားမှာတစ်ခုခုကိုသဘောပေါက်သွားသလိုတစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်းဆုံပြီးနောက်မှာ Yibo က
ဦးစွာတောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လေသည်။Xiao Zhan ကတော့နဂိုအနေ
ခပ်အေးအေးသမားမှန်ပေမဲ့ညီမဖြစ်သူနဲ့ပတ် သက်နေတာကျရတက်မအေးနိုင်စွာဟင်းခနဲသက်ပြင်းမောကိုချလျက်သား။"မနက်ဖြန် ကျွန်တော့်နားရက်...ကျန့်ကောလဲ အလုပ်ပိတ်နေတာပဲမလား...ဖမ်းမိလို့မိငြား
သွားစောင့်ကြည့်ရအောင်...""ထပ်လာပါ့မလား ဖက်ထုပ်လေး ရုံးနားကြီးကို..."
"ကျွန်တော်ဘယ်မှာ အလုပ်လုပ်တယ်ဆိုတာ
သူမသိဘူးလေ...အဲ့ဒါကြောင့်ဒီနေ့
ရောက်လာတာပေါ့...ကျန့်ကောကလဲ တုံးလိုက်တာ...""ဒါပေမယ့် အဲ့လိုလုပ်တာကြီးကျ အရမ်းစွက်ဖက်ရာရောက်မလားဟင်...သူလဲ
ဘာပဲပြောပြော အရွယ်ရောက်ပြီးသားသူ
တစ်ယောက်ပဲ..."Xiao Zhan စိတ်မပူတာတော့မဟုတ်ပေမယ့်
ဘယ်လိုပြောမလဲကိုယ့်ညီမကိုယုံကြည်မှုနည်းနည်းပေးကြည့်မလားလို့ပါ။ဒါပေမယ့်ဖက်ထုပ်လေးရဲ့ခါးထောက်ဘုရှိုးအရအပွားခံရတော့မှာကျိန်းသေသလောက်ရှိပြီ။
YOU ARE READING
Don't Bring My Brother Away (Completed)
Fanfictionဘဝကြီးကခါးပါသည်။ဖူးစာရှင်လို့သတ်မှတ် ထားသည့်crush ကြီးကအစ်ကိုဖြစ်သူကို သဘောကျနေတယ်လို့သိလိုက်ရတဲ့အခါဘဝ ကြီးကပို၍ခါးသွားသည်။ A/N ကြည့်ဖူးတဲ့ FMV တစ်ခုကိုမှီငြမ်းပြီးရေး ထားတာဖြစ်ပါတယ်။
Episode-(42) Z+U
Start from the beginning