အရည်​ကလည်းရှည်​သည့်​အပြင်​ အဆီအပိုအလိုမရှိ ပိန်​ပိန်​ပါးပါး ခန္ဓာကိုယ်​ကလည်း တစ်​မျိုး​လေးကြည့်​​ကောင်း​နေပြန်​သည်​...

ထိုသို့​​ချော​မောပြည့်​စုံမှုနဲ့ပြည့်​စုံတဲ့လူငယ်​​လေးက သူ့ကိုချစ်​တယ်​တဲ့...
သူ့ကိုလိုက်​​နေတာလည်း ဒီ​နေ့နဲ့ဆို3လပြည့်​ပြီ....
သူ့ကို ဂရုတစ်​စိုက်​ရှိလွန်းလှသလို သူ့မျက်​နှာတစ်​ချက်​​တောင်​အညိုးမခံတဲ့လူမျိုး...
အသက်​က သူ့ထက်​8နှစ်​ငယ်​​ပေမဲ့ သူ့အတွက်​ဆို လူကြီးတစ်​​ယောက်​လို စိတ်​ပူ​ပေးတတ်​တဲ့ လူငယ်​​လေး...

သို​ပေမဲ့ ထိုလူငယ်​​လေးရဲ့ဂရုစိုက်​မှု​တွေရတိုင်း သူတစ်​​ယောက်​​ယောက်​ကို ​သတိရမိသည်​....
အဲ့ဒီလူကိုမုန်းလို့ဆိုပြီး လမ်းခွဲခဲ့တာလည်းသူဘဲ...
နောက်​ဆုံးမှာ လွမ်းပြီးနာကျရင်​ရတာလည်း သူပါဘဲ....
သူဆိုတဲ့အ​တွေး​လေးနဲ့တင်​ ခုထိရင်​ဘတ်​က​အောင့်​တက်​​နေတုန်း....

နာကျင်​ရတယ်​...ချစ်​ပါရက်​နဲ့ မချစ်​ဘူးလို့ ကိုယ့်​ကိုကိုယ်​လိမ်​​နေရတာဟာ...အရမ်းကိုနာကျင်​ရတယ်​...။

"ကျန့်​​ကော ဘာဖြစ်​လို့လဲ မျက်​နှာလည်းမ​ကောင်းဘူး ​​တစ်​ခုခုဖြစ်​လို့လား"

ပြောလည်း​ပြော နဖူး​ပေါ်ကျ​ရောက်​လာသည့်​လက်​အစုံ ​​ကြောင့်​ ​သူတစ်စုံ​တစ်​​ယောက်​ကို သတိရမိသွားပြန်​ပြီ....

"ကိုယ်​လည်းမပူပါဘူး ​ခေါင်းကိုက်​လို့များလားဟင်​ ကျွန်​​တော်​နှိပ်​​ပေးရမလား"

"​ကောဘာမှမဖြစ်​ပါဘူးကွာ ဒီအတိုင်း​လေးအလုပ်​အ​ကြောင်း​တွေးမိသွားလို့"

ထိုသို့​ပြော​တော့မှ ကျား​ဝေကထိုင်​ခုံ​ပေါ်ပြန်​ထိုင်​လိုက်​ပြီး.....

"ကျန့်​​ကောကလည်း ပိတ်​ရက်​မှာအလုပ်​အ​ကြောင်း​တွေးမ​နေပါနဲ့ ​ခေါင်းကိုက်​တာဘဲအဖတ်​တင်​တယ်​ စိတ်​လွတ်​ကိုယ်​လွတ်​သာ​နေ ဟုတ်​ပြီလား"

ကျား​ဝေစကားအဆုံး ​ရှောင်​ကျန့်​​​နွေး​ထွေးစွာပြုံးလိုက်​မိသည်​။

💚next chance💚(complete)Where stories live. Discover now