အပိုင်း (၂၃) - မမျှော်လင့်ထားသော|မေမွ်ာ္လင့္ထားေသာ|

Start from the beginning
                                    

နောက်ဆုံးစကားမှာ အိမ်တော်ထိန်းဆု ကို ​ရည်ရွယ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အိမ်တော်ထိန်းဆု က သူ့ရဲ့ နားထင်များကို နှိပ်နယ်လိုက်၏။ သူက ပင်ပန်းလွန်းနေသည်မို့ပြန်ပင် မဖြေနိုင်တော့ပေ။ အန်းကျီယန် ဆီသို့ နားလည်ကြောင်း အသံပြုပြီးသာ ချိုးလန် ခေါ်ဆောင်ရာနောက် လိုက်သွားလေ၏။ သူတို့ ငှားရမ်းထားသည့် အိမ်တော်ဝန်းတွင် အိမ်တော်ထိန်းဆု အတွက် အခန်းတစ်ခန်း ရှိနေပြီးသားမို့ သန့်ရှင်းရန် မလိုဘဲ နေလိုက်လို့ရပေသည်။

သူတို့နှစ်ယောက်ထွက်သွားပြီးနောက် အန်းကျီယန် က စာရင်းစာအုပ်ကို ကောက်ကိုင်လိုက်၏။ ယင်းမှာ အတော်လေး ထူထဲလှသည်။

"သခင်လေး...ဒီလို ကြမ်းတမ်းတဲ့အလုပ်မျိုးကို ဒီအစေခံကိုပဲ လုပ်ခိုင်းလိုက်ပါရှင်"

ချွန်းလန်က သူ့လက်ထဲမှ လေးလံသည့် စာရင်းစာအုပ်ကြီးကို အလျင်အမြန် ယူလိုက်ပေသည်။ သူမက အတော်လေး သန်မာလှ၏။ အန်းမိသားစုမှာကတည်းက လေးလံခက်ခဲသည့် အလုပ်များကို သူမလုပ်နိုင်သည်မဟုတ်ပါလား?

သခင်လေးမှာ အလေးချိန်ကျပြီး လုံးဝ ဝတုတ်ခြင်း မရှိတော့သည်၌ သူမ တစ်နေ့ထက် တစ်နေ့ ခံစားလာရသည်မှာ သခင်လေးသည် သူမအတွက်တော့ နူးညံ့ကျိုးပဲ့လွယ်သည့် သခင်လေးနှင့် ပိုတူလာလေသည်။ ကလေးအဆီပြင်လေးများနှင့် သူ့မျက်နှာကြောင့် သူမကတော့ သူသည် အလွန်တရာ ချစ်စဖွယ်ကောင်းလွန်းနေကြောင်း တွေးမိ၏။ ယခုအချိန်အတွင်း၌လည်း သခင်လေးမှာ ဝိတ်ကျနေဆဲပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူမအနေဖြင့် သူဝိတ်ချစရာ မလိုတော့လောက်အောင် ချောမောနေပြီ ဟု ထင်ပေသည်။ သို့သော်လည်း သူမက အစေခံတစ်ယောက်သာ ဖြစ်သည်မို့ သူမ၏အတွေးများကို အပြင်ဘက်သို့ ထုတ်ဖော်မပြောရဲပါပေ။

အန်းကျီယန် က ချွန်းလန်၏မျက်နှာထက်သို့ ကြည့်လိုက်လေသည်။ သူမ အမူအရာက မြဲမြံခိုင်မာလှချေသည်မို့ သူ့မျက်နှာထက်တွင် မသန့်စင်မှု တစွန်းတစမှ မရောယှက်ပါလေသော တောက်ပနူးညံ့သည့် အပြုံးတစ်ပွင့် ဖြစ်တည်လာ၏။ သူက အကူညီမဲ့စွာဖြင့် ရယ်လိုက်မိချေသည်။ ထိုဘဏ်စာအုပ်များအားလုံးမှာ အိမ်တော်ထိန်းဆု ယူလာခြင်း ဖြစ်ပေသည်။ ယင်းတို့မှာ အလွန်အရေးကြီးပြီး ပုံမှန်အားဖြင့် အပြင်လူများကို ထိကိုင်စေခွင့် မရှိပါချေ။ သို့သော်လည်း...သူမက ကူညီပေးချင်သည်ဆိုမှတော့ ဒါက လုံးဝကြီး မကောင်းသည်တော့ မဟုတ်ပါပေ။

The Big Landlord(MM Translation)Where stories live. Discover now