''သိပါပြီ ရှစ်စွမ်းရဲ့ ရှစ်စွမ်းရဲ့ချစ်တတ်မှုကြီးကိုသိသွားပါပြီလို့ ပြန်ပါတော့မယ်လို့ အဟင့်''
တစ်ဖက်မှာလည်း ဒုက္ခရောက်နေတဲ့နှစ်ယောက်ရှိတယ်။သူတို့ကတခြားမဟုတ်။ဟွားချန်နဲ့လန်ဝမ်ကျီး။
ဒုံးဝေးတာကိုမှရှယ်ဇွန်းတပ်ထားတဲ့ crushနှစ်ယောက်ကိုပိုးရတာလည်း လွယ်ကူမနေ။အခုလည်းပြန်လာလောက်မဲ့လမ်းထိပ်ကအုတ်ခုံမှာနှစ်ယောက်သားတိုင်ပင်ပြီးစောင့်နေကြတယ်။''ဒီတစ်ခါမလွဲစေနဲ့နော်''
''အင်း''
''သဘောမတူဘူးဆိုရင် တစ်ခါတည်းအကြမ်းဖက်လိုက်တော့''
''အင်း''
စိတ်ရှည်ရှည်နဲ့စောင့်ပြီးတဲ့အချိန်မှာတော့ မျှော်နေတဲ့နှစ်ယောက်ရောက်လာခဲ့တယ်။
ရှဲ့လျန် အဲ့အနီရောင်နဲ့အဖြူရောင်နှစ်ယောက်ကိုသတိထားမိတာတော်တော်ကြာနေပြီ။သူနဲ့ဝေဝူရှင်းဒီလမ်းကပြန်တိုင်း သူတို့ရှိတယ်။သူတို့ဖြတ်သွားတိုင်း အဲ့အနီရောင်နဲ့တစ်ယောက်က သီချင်းထထဆိုတယ်။
ဘာတဲ့ ''သွေးကြောထဲကစွမ်းအင်များ ကိုကိုဖန်ဆင်းပေးတာလား ကိုကိုကြောင့် ကျွန်တော့်မှာအိပ်ရေးပျက် ကိုကိုသာရက်စက်ရင် ကျွန်တော်အသက်ထွက်''ဘာကြီးမှန်းလဲမသိဘူး။ဟင် ဒီတစ်ခါသူတို့နှစ်ယောက်ဖြတ်သွားတော့ နောက်ကလိုက်လာတယ်။ဘေးကဝေဝူရှင်းကို တိုးတိုးတိတ်တိတ် သတိပေးတယ်
''ညီလေး နောက်မှာလိုက်လာတယ် လှည့်မကြည့်နဲ့ သူတို့ဘက်ကစလှုပ်ရှားတာနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်အောင်လုပ်ထား''
''ok ဟုတ်ပြီ''
ဝေဝူရှင်းကလည်းခေါင်းညိတ်ပြတယ်
''အရှေ့က အကိုကြီးတို့ ကိုကိုလေးတို့ နေပါဦးဗျ ပြောစရာလေးရှိလို့ပါဗျ''
နှစ်ယောက်သားလှည့်ကြည့်တော့ အနီရောင်နဲ့တစ်ယောက်ကမခိုးမခန့်ရီလို့ အဖြူရောင်နဲ့တစ်ယောက်ကမျက်နှာသေနဲ့။
''ဟုတ်ကဲ့ဗျ ဘာများအလိုရှိလဲဗျ''
''ဒီက ကိုကိုက လက်ရေးလှသင်တယ်ကြားတယ်ဗျ ကျွန်တော်လည်း လက်ရေးလှသင်တန်းစုံစမ်းနေတာ အတော်ဘဲဗျာ ကိုကို ကျွန်တော့်ကိုလက်ရေးလှသင်ပေးလို့ရမလား''
YOU ARE READING
Tian Guan Ci Fu Fanfictions
Fantasyလိုင်းပေါ်မှာလည်းသိတဲ့လူသိမှာပါ သိမ်းထားလို့ရအောင်ပြန်တင်ပေးတာ🙂 လိုင်းပေါ်မှာလည်းသိတဲ့လူသိမှာပါ သိမ်းထားလို့ရအောင်ပြန်တင်ပေးတာ🙂
We F**k Our Teachers
Start from the beginning