မခင်ချင်တာထက် သံယောဇဉ်မတွယ်ချင်တာဆို
ပိုမှန်မည် ထင်သည်။

" ကိုယ် အပေါ်ပြန်တက်တော့မယ် ..အာ့ "

" Jungkook! ခင်များ ရရဲ့လား "

သတိလက်လွှတ်ထိုင်ရာက ထလိုက်တာမို့
ဒဏ်ရာက အောင့်ခနဲ။

သိပ်မနက်တဲ့ ဒဏ်ရာ ဆောင်းတွင်းမှာ မလို့ဘဲ
လားမသိ အနာကျက်ဖို့ ခဲယဉ်းတဲ့အပြင်
တဆစ်ဆစ်နဲ့ နာတက်သေးသည်။

" လာ ထယ့်ကို တွဲ "

မိမိ လက်ကို ဆွဲယူပြီး ရုတ်တရပ်
ခါးပေါ်တင်လိုက်တာကြောင့် လူက တောင့်ခနဲ။

" Jungkook ဘာလို့လဲ ထိတာ မကြိုက်လို့လား"

" ခါးလေးက တကယ် သေးတာဘဲ "

" ဗျာ "

ပါးစပ်က ဘာစကားတွေ ထွက်သွားမိမှန်းမသိ
မျက်လုံးပြူးလေးနဲ့ မော့ကြည့်လာတဲ့
မျက်နှာလေးကြောင့် ရင်ထဲမှာ တစ်ခုခု ခုန်နေသလို။

ခါးသိမ်သိမ်လေးက သူ့လက် တပတ်ရစ်စာထက်
တောင် သေးနေသေးသည်။

ဒီ ကိုယ်လုံးသေးသေးလေးက ဒဏ်ရာရတဲ့
နေ့က သူ့ကို ဘယ်လိုများ သယ်ခဲ့ပါလိမ့်။

" Jungkook ခဏလှဲနေနော် ထယ် ဆိုင်ပိတ်ပြီး
ပြန်လာခဲ့မယ် "

" ဟို.."

"......."

" ကိုယ့်ကို ဖုန်းခဏပေးသုံးလို့ရမလား "

" အာ ရတယ်လေ ရော့ ထယ့်ဖုန်း ခဏနေပြန်လာမယ်နော်"

ဖုန်းကို လက်ထဲ ထည့်ပေးကာ လှုပ်တုတ်လှုပ်တုတ်နဲ့ အောက်ထပ်ကို ပြေးဆင်းသွားသည်။

ပါးစပ်ကလည်း သူ့ကို ကလေးတစ်ယောက်ကို
ပွစိပွစိ နဲ့မှာသွားသေးသည်။

တကယ် Kim Taehyungက ဘယ်လို ကောင်လေးမှန်းမသိ။

ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပြီး ခေါ်လိုက်သည်။

* Hello *

" အကုန် အဆင်ပြေရဲ့လား "

* Bunny ?*

" အွန်း ငါ "

*  မင်းအခု ဘယ်မှာလဲ *

" လုံခြုံတဲ့နေရာမှာရှိတယ် ဒဏ်ရာသက်သာတာနဲ့
ငါလာခဲ့မယ် "

𝖫𝗈𝗏𝖾 𝗒𝗈𝗎 𝗂𝗇 𝖣𝖾𝖼𝖾𝗆𝖻𝖾𝗋 || 𝖳𝖺𝖾𝗄𝗈𝗈𝗄 ||Where stories live. Discover now