"​အော် ဒါနဲ့ ​မောင်​လေး အစ်မ
စစ်ကြောင်းကို ဖုန်းဆက်မယ်​နော်
ရလား"

သွားတော့မလို့ပြင်ပြီးမှအစ်မ
ခြူးသက်ပန်က ​နောက်ပြန်လှည့်
ကြည့်လာလျက်။

" အလုပ်ကိစ္စဆိုရင်​တော့ ရ ရပါတယ်"

"တခြားကိစ္စဆိုရင်မရဘူး​ပေါ့"

ကျွန်​တော် ဘာမှပြန်မ​ဖြေ​တော့
အစ်မခြူးသက်ပန်က ပြုံး​နေလျက်ပင်။

"ကိုယ့်သူငယ်ချင်းကို ​သတိရတဲ့အခါ
​နေကောင်းလား ဘာလား​မေးမလို့
ပြောတာပါကွယ်။ငါသွားပြီ စစ်​ကြောင်း"

အစ်မခြူးသက်ပန်က ပြုံးရယ်လျက်
ကျနော့်ကိုနောက်ဆုံးတကြိမ် စ
သွားပေမယ့် ကျနော်ကတော့
မပြုံးရယ်နိုင်ပါဘူး။

အစ်မခြူးသက်ပန် စ​နေတာကို
စိတ်ဆိုးလို့လည်းမဟုတ်ဘူး

" ဂရုမစိုက်နဲ့။ ခြူးသက်က စ​နေတာ"

"ကျနော်သိပါတယ်"

ကျွန်တော်တို့လည်းလှည့်ပြန်လာတဲ့
အချိန် သူက ​ဘေးကနေလျှောက်
လာရင်း ကျနော့်ကိုတစ်ကြည့်ကြည့်။

​လေဆိပ်ထဲမှာ လူ​တွေသွားလာ​နေပြီး
သူက​တော့ ကျွန်​တော့်​ဘေးမှာ
ယှဥ်တွဲပြီး ​လျှောက်လာလျက်။

" အဲဒါဆိုဘာဖြစ်လို့ မျက်နှာ
မကောင်းတာလဲ"

" ဘာမှမဖြစ်ပါဘူး"

"ခြူးသက်နဲ့ ကိုယ်က ဟိုမှာခင်ခဲ့
​တော့ ရင်းနှီး​နေတဲ့ သူငယ်ချင်းမို့လို့"

​လျှောက် နေရာမှ ရပ်လိုက်မိရင်း
သူ့ကို​မော့ကြည့်လိုက်မိ​တော့
သူ့စကားသံ​တွေရပ်သွားသည်။

"အဲ့အစ်မကို အနောက်ကနာမယ်
တစ်လုံးဖြုတ်ပြီးတော့ခေါ်တဲ့အထိ
​တော်​တော် ခင်တာပဲ​နော်"

ပြောလိုက်မိပြီးမှ ကိုယ့်ကိုယ်ကို
​ဒေါသထွက်ရသည်။

ဘာမှအ​ရေးမပါတာ​လေးကို။

"ဘာ ဘာမှမဟုတ်ဘူး"

ရှေ့ဆက်​လျှောက်ဖို့ပြင်နေသည့်
ကျွန်တော့်ရဲ့လက်​ကောက်ဝတ်ကို
သူကလှမ်းဆွဲလိုက်သည်။

Reward[Him From Final Year]Tahanan ng mga kuwento. Tumuklas ngayon