"ခြူးသက်"
သူ့သူငယ်ချင်းကိုဆက်မပြောဖို့
အကြည့်နဲ့တားနေတဲ့သူကို
အသာပြုံးပြလိုက်လျက် ကျနော်
အဆင်ပြေတယ်ဆိုတာ သိစေလိုက်သည်။" ကျေးဇူးတင်ပါတယ် အစ်မ
ဂရုစိုက်ပြီးသွားပါ "" စစ်ကြောင်းကိုမင်းလက်ထဲမှာ စိတ်ချလက်ချထားခဲ့ပြီနော်။သူစိတ်ဆင်း
ရဲအောင် ထပ်ပြီးလုပ်လို့ကတော့
တို့ကပြန်ရင် တစ်ခါထဲအပြီးခေါ်
သွားလိုက်မှာ။ပြီးရင်မြန်မာပြည်ကို
ပေးပြန်မလာတော့ဘူး"" အဲ့ဒီလိုကိစ္စမျိုး ဘယ်တော့မှရှိမှာ
မဟုတ်လို့ အစ်မသာဂရုစိုက်ပြီးတော့
ပြန်ပါ။ ပြီးတော့မြန်မာပြည်ပြန်
ရောက်တိုင်း မန်းလေးလာလည်ဖို့
လဲခေါ်ပါတယ်။ကိုစစ်ကြောင်း
သူငယ်ချင်းကကျွန်တော့်သူငယ်ချင်းပဲမို့"" ဟုတ်ပါပြီ စိတ်ကလေးကလည်း
ထားတတ်လိုက်တာ။စစ်ကြောင်းက
အဲ့တာကြောင့် ချစ်တာ ထင်တယ်နော်"ကျနော်တို့နှစ်ယောက်ကို ကြည့်ပြီး
တော့ ပြုံးကာပြောလိုက်သည့်
အစ်မခြူးသက်ပန်အစ်မခြူးသက်ပန်က ပြုံးနေ
လျက်ပင် ကျနော်တို့ကြားမှာ
ပေါ့ပေါ့ပါးပါး အခြေအနေမျိုးဖြစ်သွား
သည်။တကယ်ပဲဒီအစ်မက စကားပြော
ကောင်းပြီး ခင်မင်တတ်တယ်လို့
ပြောရမှာပဲ။သူ့အပေါ်မှာသာ စိတ်မရှိနေဘူး
ဆိုရင် ကျနော်ဒီအစ်မကို ခင်မိမှာပါ။" သွားတော့ ခြူးသက်"
"အေးပါဟယ် နင်ကလည်း မမြင်
ချင်တာနဲ့ပဲ အတင်းနှင်နေတယ်"အစ်မခြူးသက်ပန်က ကိုင်ထားသည့်
သူ့ luggageကို ဆွဲလိုက်သည်။" အစ်မသွားပြီးနော် မောင်လေး။
စစ်ကြောင်း ငါသွားပြီ""ဂရုစိုက်ပြီးသွား"
သူက သူ့သူငယ်ချင်းကို လိုရင်းပဲ
ပြောပြီး နှုတ်ဆက်လိုက်ပေမယ့်သူ
တို့နှစ်ယောက်ကြားက ခင်မင်မှုကို
ကျနော်တွေ့လိုက်ရသည်။အစ်မခြူးသက်ပန်ကလည်း ကိုစစ်ကြောင်းကိုအသာပြန်ပြုံးပြလျက်သာ လက်ပြ
လိုက်သည်။
Chapter-47
ابدأ من البداية