အပိုင်း (၃) - ကံကောင်းလှတဲ့ ပထမဇနီး|ကံေကာင္းလွတဲ့ ပထမဇနီး|

Comenzar desde el principio
                                    

ကျန်းပိက သူမ၏ဇာတာသည် လျှိုမေးရှန့်နှင့် သဟဇာဟမဖြစ် ဟု ခံစားမိလေ၏။ သူတို့ ကိုယ်ဝန်ရှိနေစဥ် တစ်လျှောက်လုံး သူမက လျှိုမေးရှန့်အပေါ် ရရင်ရသလို အမြတ်ထုတ်သည်။ အကျိုးဆက်အနေဖြင့် သူမ၏ အနေအထားမှာ ဝမ်နည်းစရာ ဖြစ်လာတော့၏။

သုံးနှစ်မျှ လျစ်လျူရှု ခံရပြီးနောက်တွင်တော့ လျှိုမေးရှန့်၏ ကိုယ်ဝန်က သူမကို မျှော်လင့်ချက်ရောင်ခြည်သန်းလာစေခဲ့သည်။ သူမ၏ သုံးနှစ်တာ ခိုင်ကျည်စွာ စောင့်ဆိုင်းနေခဲ့ခြင်းက ဒီကာလလေး အတွက်သာ ဖြစ်၏။ အန်းချန်ဖူ၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်အောက်တွင် အန်းကျီယန်ကို မွေးဖွားပေးခဲ့သည်။ သူ့ကို ကျန်းပိ၏ ကလေးထက် သုံးရက်စော၍ မွေးဖွားခဲ့လေ၏။ ဒါ့အပြင် လျှိုမေးရှန့်၏ ပထမဆုံးကလေးဖြစ်သောသူ့ကို အကြီးဆုံးသားအဖြစ် သတ်မှတ်နိုင်ပေသည်။ အန်းမိသားစုရှိလူတိုင်း ဤအဓိပ္ပါယ်ကို သဘောပေါက်နားလည်ကြ၏။ ထိုနေ့မှစကာ လျှိုမေးရှန့်၏ အဓိကဇနီးနေရာမှာ အမြဲ တည်တံ့နေတော့မည် ဖြစ်သည်။

ကျန်းပိမှာမူ လျှိုမေးရှန့်နှင့် ယှဥ်ပါက ကံခေလှပေသည်။ သူမက မိန်းကလေးကိုသာ မွေးဖွားပေးနိုင်ခဲ့လေပြီး အန်းခယ်ရှင်း ဟု အမည်ရပေသည်။

ထိုနေ့မှစ၍ ကျန်းပိမှာ လျှိုမေးရှန့်၏ရှေ့တွင် အမြီးတနှံ့နှံ့နဲ့ နေရရှာတော့၏။

သူမသမီးသည် သူမထံမှ လှပမှုတို့ကို အမွေရရှိထားသော်ငြား သူမ၏ တောက်ပမှုတို့မှာ အန်းကျီယန်၏ မွေးဖွားမှုကြောင့် လောင်းရိပ်မိနေတော့သည်။ အန်းချန်ဖူ၏ အာရုံတို့က သူ၏ သားအပေါ်၌သာ ရှိနေလေပြီး အန်းခယ်ရှင်း မှာမူ သူမမွေးသည့်အချိန်ကတည်းက အရေးပေးမခံရပေ။ ကျန်းပိ၏ သွန်သင်မှုအောက်တွင် သူမသည် အလွန်အကျွံ အလိုလိုက်ခံရပြီး စိတ်အပြောင်းအလဲမြန်တတ်သူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ ဒါကပင် အန်းချန်ဖူကို စိတ်ပျက်စေပြီး သူမကို ပို၍တောင်မှ လျစ်လျူရှုလာစေခဲ့သည်။

တစ်နှစ်ကြာပြီးနောက် အန်းကျီယန်၏ ညီမငယ်လေး အန်းယွီကျီးကို မွေးဖွားခဲ့သည်။

The Big Landlord(MM Translation)Donde viven las historias. Descúbrelo ahora