အပိုင်း (၃) - ကံကောင်းလှတဲ့ ပထမဇနီး|ကံေကာင္းလွတဲ့ ပထမဇနီး|

Start from the beginning
                                    

ဖန်ကျန်းပင်၏ မီးဖွားမှုက သူမကို စိတ်ပျက်စေခဲ့သည်။ သူမက အန်းချန်ဖူအတွက် မိန်းကလေးငယ်လေး မွေးဖွားပေးခဲ့ပြီး အန်းအိမ်တော်၏ အကြီးဆုံးမမလေး အန်းချောင် ဖြစ်ပေသည်။ အန်းမိသားစု ရှိ လူအများအပြား တွေးလိုက်မိသည်က သူမသည် ကိုယ်လုပ်တော်၏ သမီး ဆိုသည်ထက် မပို ဟူ၍။

အဆုံးတွင်တော့ သားတစ်ယောက် ရဖို့အရေး အမျှော်လင့်ကြီး မျှော်လင့်ထားသော အန်းချန်ဖူ မှာ သူလိုချင်တာ ဖြစ်မလာသောကြောင့် စိတ်ပျက်သွားတော့သည်။ ဖန်ကျန်းပင်၏ ဘဝသည်လည်း ရိုလာကိုစတာ စီးနေသကဲ့သို့ ကောင်းကင်ဘုံကနေ ငရဲပြည်သို့ ပြန်ပြုတ်ကျသွား၏။ လူအများ၏ မျက်မြင်ရှေ့၌ သူမသည် နိမ့်ကျလှသည့် ကိုယ်လုပ်တော်အဖြစ်သို့ ပြန်ရောက်သွားသည်။ သူမ ကိုယ်ဝန်ရှိနေချိန် မြင့်မြတ်တော်ဝင်သလို ပြုမူနေကတည်းက သူမဟာ လူတော်တော်များများကို ဆန့်ကျင်သွားမိပြီး ဖြစ်သည်။ သူမ အရေးပေးမခံတော့သည့်အခါတွင်တော့ အန်းအိမ်တော်၏လူများက သူမကို နည်းနည်းမှ မနှစ်သက်ကြတော့ပေ။

နှစ်နှစ်ကြာပြီးနောက် အန်းချန်ဖူက တတိယဇနီး ကျန်းပိကို လက်ထပ်ခဲ့သည်။

ကျန်းပိမှာ လှပသည့် ရုပ်အဆင်း ရှိသော်ငြား သူမ၏ စိတ်ထားမှာမူ အနည်းငယ်လှည့်ဖြားတတ်ပြီး အဆိပ်ပြင်းပေသည်။ အန်းချန်ဖူက လျှိုမေးရှန့်ကို သုံးနှစ်တိုင် အရေးမပေးခဲ့ကြောင်း သူမသိရချိန်မှာတော့ လျှိုမေးရှန့်ရှေ့ အပေါ်ယံတွင် စာနာသနားဟန် ပြုမူလေ၏။ တကယ့်တကယ်မှာတော့ သူမက အပြုံးလေးတစ်ပွင့်ကို အမြဲလိုလို ချိတ်ဆွဲထားတတ်ပြီး သူမ၏ စကားလုံးများ၌ ချွန်မြမြဓားသွားကို သိုဝှက်ထားတတ်သည်။

ကျန်းပိ၏ အနေအထားမှာလည်း ဖန်ကျန်းပင်နှင့် အတူတူပင်ဖြစ်သည်။အန်းမိသားစုသို့ ဝင်လာပြီး မကြာမီမှာပင် သူမ၌ကိုယ်ဝန်ရှိလာတော့၏။ သို့သော် သူမ ကံမကောင်းလှပေ။ သူမနှင့်တစ်ချိန်တည်းလိုလို ကိုယ်ဝန်ရှိလာသူမှာ တရားဝင်ဇနီးကြီး လျှိုမေးရှန့်ပင် ဖြစ်သည်။ ထို့ကြောင့် အန်းချန်ဖူက သူတို့နှစ်ယောက်လုံးကို သာတူညီမျှ အရေးပေးလေ၏။

The Big Landlord(MM Translation)Where stories live. Discover now