~ ၁ ~

915 40 3
                                    


Unicode

ဇာမဏီပုံရိပ် ပေါ်ထွန်းမှု

တာ့ရွှမ်မင်းဆက်၊ ထျန်းဝူ ၂၁နှစ်။

လရောင်လျှမ်း၍ ကြည်စင်သောညတစ်ညတွင် ကြယ်ရောင်တို့က တဖျပ်ဖျပ် တလဲ့လဲ့။ ရုတ်တရက် မိုးကြိုးတစ်စင်းက လက်ခနဲ ဒေသတစ်ခုထက်သို့ ကျရောက် ပစ်ခွင်းသွားရာ နန်းတော်၏ ခေါင်မိုးပင် အနည်းငယ် တုန်ခါသွားရသည်။ မိုးကြိုး ပစ်လိုက်ခြင်း ဖြစ်ပါသော်ငြား မိုးစက်ပေါက်တို့ကမူ တစ်စက်တစ်လေမျှ ကျလာခြင်း မရှိပေ။

နန်းတော်ထဲတွင် နက္ခတ်ဗေဒပညာရှင်အဖွဲ့ခေါင်းဆောင်က ကောင်းကင်ဘုံခန်းမထဲသို့ ပြေးဝင်သွားပြီး ထျန်းဝူဧကရာဇ်၏ ရှေ့တွင် ကြမ်းပြင်နှင့်ခေါင်းနှင့်ထိသည်ထိ ဂါဝရပြုလိုက်ချေ၏။

"အရှင်မင်းကြီး...ကောင်းကင်ရဲ့ အနောက်မြောက်အရပ်မှာ လှုပ်ရှားမှုတွေ ဖြစ်လာပါပြီ။ ဇာမဏီငှက် ရောက်ရှိလာပါပြီ အရှင်"

ထျန်းဝူဧကရာဇ် ကိုင်ဆောင်ထားသော လက်ဖက်ရည်ခွက်က အနည်းငယ် တုန်ခါလို့လာသည်။

"အနောက်မြောက်အရပ်..."

သူ့မျက်လုံးကို တစ်ဝက်မျှ မှေးကျဥ်းလိုက်ပြီး ခေါင်းဆောင်ကို ပြန်စေလိုက်သည်။

"ဒါဆိုရင်တော့...မင်အာက မကြာခင် ပြန်လာသင့်နေပြီ"

.........

ကြယ်စင်နေသည့် ကောင်းကင်ထက်မှ အခြား လျှပ်စီးက တာ့ရွှမ်၏ အနောက်မြောက်ပြည်နယ်ရှိ ဂူတစ်ခုဆီသို့ ဦးတည်သွား၏။ ယင်းလျှပ်စီးက အမျိုးသမီးအလောင်းတစ်ခုပေါ်သို့ ကျရောက်သွားကာ အလောင်းကို မြောက်တက်သွားစေသည်။

အလောင်းပုံကြီး၏ အလယ်တွင် ဖုန့်ယွီဟန်က လွတ်မြောက်ဖို့ရာအတွက် သူမလက်ကို မြှောက်လိုက်ပြီး ထထိုင်လိုက်ပေ၏။  သူမ၏ အသိစိတ်က အနည်းငယ် တုန်လှုပ်နေဆဲဖြစ်သည်။ သို့သော်ငြား ခဏအကြာ၌ သူမ လုံးဝ စိတ်ကြည်လင်သွား၏။ သူမမျက်လုံး ဖွင့်လျှင်ဖွင့်ချင်း အလောင်းတစ်ပုံတစ်ခေါင်းကို မြင်လိုက်ရတာကြောင့် လန့်ဖျပ်သွားသည်။

"သောက်ချီးပဲ!"

သူမက မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ခြေထောက်ပေါ်ရှိ ခေါင်းခွံတစ်ခုကို ဖယ်ပစ်လိုက်သည်။ထို့နောက် သူမ ပတ်ပတ်လည်ကို ကြည့်လိုက်ကာ စဥ်းစားလိုက်လေ၏။

Shen Yi Di Nu | နတ်ဆေးသမားတော် မိန်းမပျို |နတ်ဆေးသမားတော် မိန်းမပျို |Where stories live. Discover now