ဘယ်အရာက ဆုံစည်းစေသလဲ ....
ခပ်သင်းသင်းရေမွှေးနံ့တချို့ ကခုန်နေတဲ့
လေဟာနယ်ဟာ တိတ်ဆိတ်နေပြန်ရဲ့။
ဘယ်အရာက ဆွဲငင်နေသလဲ...
ကွေးနေတဲ့ နှုတ်ခမ်းပါးနားက
မှဲ့နက်ကလေးဟာ အဓိက ဇာတ်ကောင်ဖြစ်ပါရဲ့။
ဒီညမှာ မင်းကို သိစေချင်တာ ရှိတယ်။
လူနှစ်ယောက်ဟာ ပခုံးစွန်းတွေ
ဝင်မတိုက်မိလည်း ငြိတွယ်တတ်တယ် ဆိုတာပါပဲ။
****
သန့်စင်ခန်းရဲ့ မှန်ရှေ့မှာ ရိပေါ်ရှိနေတယ်။ အပြင်ဘက် ဘားဆီက ခပ်အေးအေးသီချင်းသံက သူရှိတဲ့ ဒီအခန်းထဲထိ ကြားနေရတယ်။ လည်ပင်းနားက စောင်းနေတဲ့ ဖဲပြားကိုပြန်ချည်ရင်း သူက မှန်ဆီကိုသာ ကြည့်နေတယ်။
လွန်ခဲ့တဲ့ မိနစ်ပိုင်းမှာ သူတစ်ယောက်ပဲရှိနေခဲ့ပေမယ့် ပွင့်ဟလာတဲ့တံခါးသံကြောင့် တစ်စုံတစ်ယောက်ဝင်လာမှန်း သိလိုက်တယ်။ ဘေးနားရောက်လာတဲ့ လူဆီက ရေမွှေးနံ့က အနည်းငယ်ပြင်းတယ်။ တကူးတကလိုက်ပြီး ကြည့်နေတာမဟုတ်ပေမယ့် အဲ့ဒီလူရဲ့ ပုံရိပ်ယောင်ကို မျက်စိရှေ့က မှန်ထဲ မြင်နေရတယ်။
အခန်းတွင်းက အဲ့ဒီလူဖွင့်ချထားတဲ့ ရေကျသံကလွဲရင် အရာရာက တိတ်ဆိတ်နေတယ်။ အချိန်တော်တော်ကြာ ပြုပြင်ပြီးပြန်ချည်ခဲ့သော်ငြား bartender ဝတ်စုံနဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လည်ပင်းက ဖဲပြားအနက်လေးကတော့ စွေစောင်းနေဆဲ။
ိမွေးကတည်းက စိတ်ရှည်သည်းခံမှုပါမလာခဲ့တဲ့ ရိပေါ်က စုပ်တစ်ချက်သပ်တယ်။အသံတိတ်ဆဲလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဘေးဘက် hand basin ဆီက ရေကျသံတိတ်သွားတယ်။ စိုစွတ်နေတဲ့ လက်တွေကို တစ်ရှူးဖြင့်သုတ်ရင်း အဲ့ဒီလူက ရိပေါ်မခေါ်ဘဲ အနားရောက်လာတယ်။
" စိတ်မရှိရင် ကူညီပေးပါရစေ "
တစိတ် အဲ့ဒီအသံက နူးညံ့နေတာမျိုးမဟုတ်ပေမယ့် သိပ်နားထောင်လို့ကောင်းတယ်။ သိပ်မဝေးတဲ့အကွာအဝေးတစ်ခုမှာ အဲ့ဒီလူရဲ့လက်တွေက ရိပေါ်ရဲ့လည်ပင်နားမှာ လှုပ်ရှားနေကြတယ်။
" ရပြီ ကောင်လေး "
ရိပေါ်ငေးကြည့်နေမိခဲ့တဲ့ မှဲ့နက်လေးနားက နှုတ်ခမ်းဖျားတွေကွေးရုံသာ ပြုံးပြလာတဲ့ အမျိုးသားဟာ တကယ်ကြည့်ကောင်းတယ်။ သွယ်လျတဲ့မေးရိုးတွေထင်းထင်းနဲ့ လင်းထိန်နေတဲ့မီးရောင်အောက်မှာ မျက်ဝန်းတွေကတော့ ခပ်ညိုညို။
" Thank you "
ရိပေါ်ရဲ့ကျေးဇူးတင်စကားကို အသိမှတ်ပြုတဲ့ အနေနဲ့ ခေါင်းငြိမ့်ပြရင်း အဲ့ဒီလူက ထွက်သွားပြီဆိုပေမယ့် အနီးအနားက လေထုမှာတော့ အဲ့ဒီလူဆီက ကျန်ခဲ့တဲ့ ရေမွှေးနံ့က ပျော်မွေ့လို့ကောင်းနေဆဲပင် ....။
VOCÊ ESTÁ LENDO
COCKTAIL ON YOUR LIPS [ COMPLETED ]
FanficIn love nothing can ever be deleted permanently 🍸
![COCKTAIL ON YOUR LIPS [ COMPLETED ]](https://img.wattpad.com/cover/248803028-64-k454407.jpg)