We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

Unicode-1

7.8K 492 8
                                        

အမှောင်ထုမကွဲသေး‌သည့် အရုဏ်တက်ဝေလီဝေလင်းအချိန် ။ မြူငွေ့ရည်တို့က ပတ်၀န်းကျင်ကို ရစ်သိုင်းကာ ကဆုန်ပေါက် ဆော့ကစားနေသည် ။ နွေဦးအစရဲ့ မနက်ခင်းက ချမ်းငွေ့ငွေ့ ...။

ဥဩသံရှည်ဆွဲလို့ တဂျုံးဂျုံးအော်မြည်ကာ မြူငွေ့တွေကိုခွင်းပြီး Luoyangသို့ ဦးတည်ခုတ်မောင်းလာသော ရထားတစ်စင်း။ ကျန်ခဲ့သည့် မီးခိုးငွေ့ဖြူဖြူနှင့်နှင်းမြူတို့ လေထုထဲတွင်ပေါင်းစည်းသွားသည့် မြင်ကွင်းကို ရထားပြတင်းပေါက်မှ သူမျက်စိတစ်ဆုံးလိုက်ကြည့်နေရင်း အိတ်ကပ်ထဲက ဆေးပေါ့လိပ်ကိုယူကာ မီးညှိလိုက်သည် ။

နှုတ်ခမ်းနားမှာ တေ့လိုက်ပြီး ခပ်ပြင်းပြင်းရှိုက်သည်။
မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ လွင့်မျောရာကို တမေ့တမောလိုက်ကြည့်မိပြန်သည်။ ပျံ့လွင့်နေတဲ့ အခိုးအငွေ့တွေပမာ သူ့ဘ၀ကိုလည်းလွင့်မျောပစ်လိုက်ချင်သည်။
အရာရာနဲ့ဝေးရာ ...အထူးသဖြင့် သစ္စာမဲ့သူတွေနဲ့ဝေးရာ ...။

"" တောင်းပန်ပါတယ် ရှောင်းကျန့် ... ငါသူ့ကို တကယ်ချစ်မိသွားတာမို့ နားလည်ပေးပါ ""

အနှစ်နှစ်အလလချစ်ခဲ့ဖူးတဲ့ သူရဲ့စကားသံက နားထဲတွင်ပဲ့တင်ထပ်လျက်... ။ ‌ဆေးပေါ့လိပ်ကို အားပါးတရရှူရှိုက်ရင်း အသက်မပါစွာရယ်လိုက်သည်။
တရားကျဖို့ကောင်းလိုက်တာ ...!
တောင်းပန်စကားတစ်ခွန်းနဲ့ နှစ်ချီနေတဲ့ သံ‌ယောဇဉ်ကြိုးကို ဖြတ်လို့ အခြားသူနဲ့ငြိတွယ်ချင်သည့် မိန်းမတစ်ယောက်ကို သူကရောဘာလို့ဆွဲထားရမှာလဲ ။ မနေချင်မှတော့ သွားလေရော့ ။ သူက ပြတ်နိုင်မှတော့ ကိုယ်ကနှစ်ဆဖြတ်ပေးနိုင်သည်။ ချစ်သည်မုန်းသည်ဆိုတာထက် ကိုယ့်အပေါ်သူလုပ်ရက်လေခြင်းဟူ‌သော နာကျည်းချက်တို့သာ ကျန်ခဲ့သည် ။ ကိုယ့်ကို သနားသလိုကြည့်လာမည့် ဘေးလူတစ်ချို့ရဲ့မေတ္တာကိုလည်းမခံယူလို ။ ထိုပတ်၀န်းကျင်ကို ခြေမချချင်လောက်အောင် စိတ်ပျက်မိသည်မို့ မွေးရပ်မြေကို စွန့်ကာ တစ်နယ်တစ်ကျေးသို့ ဝါသနာပါရာအလုပ်နဲ့လွင့်လာခဲ့သည် ။

အတွေးစတို့ပြတ်တောက်သွားတော့ သောက်လက်စဆေးလိပ်ပင် ငုတ်တိုပဲကျန်တော့သည် ။ မီးစမပြယ်သေးသောဆေးလိပ်တိုကို လုံးချေပြီး လွှင့်ပစ်လိုက်သည် ။ ကျောပိုးအိတ်ကို ပေါင်ပေါ်တင်ပြီး ဘေးနံရံကိုမှီကာ တစ်ညလုံးအနားမရသော မျက်လုံးတို့ကို ခဏမှိတ်လို့အနားယူခွင့်ပြုသည် ။မရပ်မနားသွားနေသော ရထားထဲမှာလူက ဟိုယိမ်းသည်ယိမ်း ။ ခရီးသည်တစ်ချို့ရဲ့ စကားပြောသံက နား၀မှာတစွန်းတစ... ။

Return From Luoyang (Completed)Stories to obsess over. Discover now