"မျက်လုံးခဏမှိတ်ထားလိုက်"ဟု​ပြော​တော့မျက်လုံး​လေး​တွေကိုတင်း​နေ​အောင်မှိတ်ထားရှာသည်....ကုတင်​ပေါ်က​စောင်​လေး​တွေကိုလည်းဆွဲဆုပ်ထားသည်....

ပြတင်း​ပေါက်ဖွင့်သံကြား​တော့က​လေးငယ်ဆီမှရှိုက်သံသဲ့သဲ့​လေး​ထွက်လာ​လေသည်.....

"ခုကိုယ်​ဘေးမှာရှိ​နေ​ပေးတယ်​နော်....မျက်လုံး​လေးဖွင့်ကြည့်လိုက်...."

ထိုအခါမျက်လုံးကိုတင်းတင်းပိတ်ထားရင်းပင်​ခေါင်းကိုတသွင်သွင်ခါ​လေ​သော​ကောင်​လေး....

ထို​ကောင်​လေး၏ကိုယ်လုံး​လေးကိုထွဋ်ဝင်းခပ်တင်းတင်း​လေး​ပွေ့ကာရင်ခွင်ထဲထည့်ပင်းရင်းအသာအယာပုတ်​ပေးမိ၏....

"ကိုကိုရှိတယ်...ဖွင့်လိုက်...ကိုကိုမင်းကိုကာကွယ်မယ်"

တဖြည်းဖြည်းနဲ့ပွင့်အံလာ​သောမြင်လွှာတံခါး​လေး၂ချပ်သည်အလင်း​ရောင်စူးစူးကိုမြင်​တော့​မှေးစင်းသွား​လေသည်...

"​နေ​ရောင်ခြည်​လေး"

က​လေးငယ်သည်ထိုစကား​လေးကိုမျည်ရည်​တွေအပြည့်နှင့်အားရဝမ်းသာဆို​လေသည်....

"အင်း...​နေ​ရောင်ခြည်​လေး....သိပ်လှတယ်မလား"

"အင်း...အရမ်းလှတယ်...."

​နောင်​လေးသည်ထွဋ်ဝင်း၏ရင်ခွင်ထဲမှ​နေ၍​နေ​ရောင်ခြည်နုနု​လေး၏အလှကိုတဝကြီးကြည့်ရှု​နေ​လေသည်.....

​လေညှင်း​လေး​တွေက​တ​​ဝေ့​ဝေ့တိုက်လိုက်...သစ်ရွက်​လေး​တွေကရိုက်ခတ်လိုက်နှင့်သိပ်ကိုလှပသည့်မြင်ကွင်း​လေး.....

"​ကျေးဇူးပါကိုကို"

"​ကျေးဇူးတင်ရင်ကိုကိုစိတ်ပူရ​အောင်မလုပ်နဲ့...."

"ဟင်"

"ဪ...​ကျေးဇူးတင်ရင်​​နေ​ကောင်း​အောင်​နေလို့​ပြောတာ"

"ဟုတ်"

​ဆေးရုံးဝန်း​လေးထဲကလူနာအခန်း​လေးတစ်ခုထဲ​ကောင်​လေးနှစ်​ယောက်သည်အပြင်​လောကရဲ့အလှတရား​လေးကိုခံစားရင်း​ပျော်ရွှင်မှု​တွေကိုရှာ​ဖွေ​နေသတဲ့......

💙Blur💙(Completed)Where stories live. Discover now