မတည့်အတူနေ - ၁၇

Start from the beginning
                                    

နောက်ဆုံး တံခါးလေးအား ဆွဲဖွင့်ပြီး ဆေးပိုက်များစွာနဲ့
အတူ တစ်ကိုယ်လုံး ပတ်တီးအဖွေးသားနဲ့ မေ့မြောနေတဲ့ ကောင်လေး အနား ပိုတိုးသွားမိသည်။

သူ့ကြောင့်...ဒါတွေ အားလုံး သူ့အပြစ်တွေကြောင့်ချည်း..
Jieun တုန်းကလဲ သူ့အမှားကြောင့်...အခု...အခု...
သူချစ်တဲ့ Jungkook လဲ သူ့ကြောင့်ပဲတဲ့လား...

သူပစ်မထားခဲ့သင့်ဘူး...ပိုပြီး ဂရုစိုက်ခဲ့ရမှာကို Jieun ကိစ္စ သူ့ကိုယ်သူအပြစ်တင်စိတ်နဲ့ Jungkook အား ရှောင်ဖယ်ခဲ့သည်။

ဆေးပိုက်တွေနဲ့ လက်လေးအား ဆုတ်ကိုင်ပြီး သူ့နဖူးမှာ ထိကပ်ထားရင်း Seokjin အသံတိတ် ရှိုက်ငိုသည်။

"တောင်းပန်ပါတယ်...ငါကတောင်းပန်တာမို့ ကျေးဇူးပြုပြီး ငါ့အနားပြန်လာပေးလို့မရဘူးလား"

သူဘယ်လောက်ပဲခေါ်ခေါ် ဆေးရုံကုတင်ထက်က Coma ဖြစ်နေတဲ့ Jungkook ကတော့ တုပ်တုပ်မျှတောင်မလှုပ်ခဲ့.....

မင်းသာမရှိရင် ငါရူးသွားနိုင်တယ် Jungkook....

===============================

နိုးထလာချင်း ဝိုးတဝါး မြင်လိုက်ရတာက မျက်နှာကျက်အဖြူ...

ခေါင်းလေးဘယ်ညာရမ်းရင်း မျက်လုံးကစားမိတော့ ဝင်ထွက်နေကျအခန်းလေးဖြစ်တာကြောင့် သူ ဆေးရုံ
ရောက်နေတယ်ဆိုတာ သိလိုက်ရသည်။

ဟုတ်သားပဲ..သူ car accident ဖြစ်ခဲ့တာပဲ..

တွေးနေတုန်း တံခါးဖွင့်သံကြားတာကြောင့် ကြည့်လိုက်
မိတော့ duty coat နဲ့အတူ လက်ထဲက စာရွက်
တစ်ခုကိုကိုင်လာတဲ့ Seokjin ဖြစ်နေ၏။

ကုတင်ဘေးနားရပ်နေပေမယ့်လဲ Seokjin လက်ထဲက စာရွက်ကိုပဲ အာရုံရောက်နေတာကြောင့် သူ့ကိုသတိထားမိသေးပုံမပေါ်...

Seokjin စာရွက်ဆီ အာရုံရောက်နေရင်း တစ်ယောက်
ယောက်ကြည့်နေသလို ခံစားရတာကြောင့် ကြည့်လိုက်
မိတော့ Seokjin မျက်လုံးတွေပြူးကျယ်လာပြီး လက်ထဲက စာရွက်လေးပင် အောက်ပြုတ်ကျသွား
သည်အထိ....

ဘယ်လောက်ပဲဟန်ဆောင်ဟန်ဆောင် မျက်ဝန်းတွေထဲမှာ မျက်ရည်ကြည်လေးတွေ ခိုတွဲနေ၏။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now