ကျွန်တော့်အသက်၂၀စွန်းစွန်းမှာပေါ့...သူနဲ့
မထင်မှတ်ဘဲတွေ့ဆုံခဲ့တယ်။ထိုနေ့ကဆောင်းဦးရာသီရဲ့နွေးထွေးမှုလေးနဲ့အတူ မေပယ်ရွက်တို့ကလမ်းမထက်မှာပြန့်ကျဲနေလေရဲ့။ပင်လယ်ကမ်းခြေမြို့လေးမို့ မနက်ခင်းဟာတိတ်တိတ်ဆိတ်ဆိတ်။
ကျန်းမာရေးလိုက်စားတဲ့ အကိုဖြစ်သူနဲ့အတူ
ထိုမနက်လည်းချွေးတရွှဲရွှဲနဲ့ပြေးလွှားနေခဲ့တယ်။
"အင့်!"
ပစ်လဲခါနီးအခြေအနေမှာ မြင်ဖူးနေကျdramaတွေထဲကအတိုင်း ဖမ်းဆုပ်ပေးမယ့်လက်တစ်စုံကိုပထမဆုံးအကြိမ်တမ်းတမိလေတယ်။
သို့သော်...ကံမကောင်းအကြောင်းမလှစွာဖြင့်
ယိုင်နဲ့စွာမြေပြင်ထက်၌နေရာယူပြီးလေပြီ။
"အဆင်ပြေလား?!"
သိပ်လည်းမနူးညံ့သလို သိပ်လည်းမခက်ထန်တဲ့အေးစက်စက်လေသံတစ်ခုကဆောင်းဦးရဲ့ပထမနေ့မှာ ကိုးလို့ကန့်လန့်နိုင်စွာနားတစ်လျှောက်ဖြတ်သန်းသွားလေတယ်။
"အင်း..."
ထုံးစံအတိုင်း...ဘာမှမဖြစ်သလိုဟန်ဆောင်ရင်း
အင်းတစ်လုံးသာပြောလိုက်မိသည်။
တကယ်တော့နာကျင်မှုကြောင့် အော်ဟစ်ငြီးတွားချင်စိတ်တို့ကအပြည့်။သန်မာအောင်နေထိုင်ရမယ်လို့ဘယ်သူကမှပြောမထားပေမယ့် အချို့သော
အခြေအနေအကြောင်းတရားတွေက ပြောင်းလဲစေခဲ့တယ်လေ။ဒါဟာဘဝပေးကံပဲပေါ့။
"Jimin na...ဘာဖြစ်တာလဲ?"
အပြေးအလွှားလာထူတဲ့hyungကိုလည်း
ကျွန်တော်သတိမမူမိပါ။အပေါ်နှုတ်ခမ်းခပ်ပါးပါးနဲ့နှာခေါင်းအနည်းငယ်ပွတဲ့ ထိုသူရဲ့မျက်နှာကိုသာ
ငေးကြည့်နေမိသည်။ယောကျ်ားတစ်ယောက်က
ထိုမျှအထိခန့်ညားသတဲ့လား။အေးစက်စက်မျက်ဝန်းတစ်စုံနဲ့အကြည့်ချင်းဆုံမိတဲ့အခိုက်
ကျွန်တော်တစ်စုံတစ်ခုကိုသဘောပေါက်သွားခဲ့တယ်။ထိုလူသားကကျွန်တော့်အတွက်မွေးဖွားလာတာမဟုတ်ဘူးတဲ့လေ။
"ရ...ရတယ် hyung"
နာကျင်မှုကိုအံကြိတ်ပြီးကောင်းမွန်စွာရပ်တည်နိုင်ချိန်မှာတော့ ထိုလူသားကမြင်ကွင်းထဲမှာအစက်မှုန်လေးသမျှသာကျန်ရှိတော့သည်။
Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
🌻<kan>🌻
KAMU SEDANG MEMBACA
Dear Someone
Fiksi Penggemarပထမအကြိမ်တိုက်မိကတည်းကဒီလူဟာကျွန်တော့်နှလုံးသားကိုခိုးယူသွားပုံရတယ်....။ ဟန်ဆောင်မကောင်းတဲ့ကျွန်တော့်ကြောင့် ဒီလူရိပ်မိမှာကိုလဲကြောက်ရပြန်ပါသေးတယ်.....။ ကျွန်တော့်အချစ်ကစိတ်ကြီးတယ်....။ ဒါပေမဲ့ချစ်ဖို့ကောင်းတဲ့ယုန်သွားလေးတွေနဲ့....။
