"အဆင်သင့်ပဲလားStar"
"ဟုတ်"
မေးသူနှင့်ဖြေသူတို့အပေးအယူတည့်ပြီးသည့်နောက်စိုင်းနောင်၏အခန်းတံခါးလေးကိုဖွင့်လိုက်သည်....
အခန်းတံခါးလေးဖွင့်လိုက်တော့ကုတင်ပေါ်မှာထိုင်၍စာအုပ်လေးဖတ်နေသောကောင်လေးကဆီးကြိုနေလေသည်.....
"စိုင်း"
"ဟင်...Rain..."
မိုးသောက်ခေါ်တော့အံ့သြကြီးစွာနှင့်ပြန်ထူးလေသောကောင်လေး...သူငယ်ချင်းနှစ်ယောက်နှစ်ရှည်လများစွာဝေးကွာလာရသည့်နှယ်ပြေးဖက်ရန်ပြင်ကြလေသည်....မိုးသောက်ကတော့စိုင်းရှိရာဆီသို့ပြေးဝင်လာပေမယ့်စိုင်းနောင်လေးကတော့ကုတင်ပေါ်ကခြေချလိုက်သည်နှင့်ပင်ခြေကျင်းဝတ်ကိုခေတ်ထားသောသံကြိုးတွေ၏ဆွဲထားခြင်းကိုခံရလေသည်.....
စိုင်းနောင်သည်သူ့ခြေထောက်ကိုကြည့်လိုက်မိုးသောက်ကိုကြည့်လိုက်နှင့်အားနာရှက်ရွံ့ဟန်မချိပြုံးလေးပြုံးပြလေသည်....ထိုအပြုံးလေးဟာနာကျင်မှုအပြည့်နှင့်ပေါ့......
"စိုင်းရယ်..."
မိုးသောက်ကပင်စိုင်းဆီရောက်အောင်သွားကာစိုင်း၏ကိုယ်လုံးလေးကိုထွေးပွေ့လိုက်သည်......
"ငါတောင်းပန်ပါတယ်စိုင်းရယ်...မင်းလိုအပ်နေချိန်အနားမရှိပေးနိုင်ခဲ့ဘူး...."
"မဟုတ်တာ...မဟုတ်တာပဲRainရယ်..."
ကောင်ငယ်လေးနှစ်ယောက်ဟာတစ်ယောက်နှင့်တစ်ယောက်နှစ်သိမ့်ဟန်ကြင်နာမှုအပြည့်နှင့်ထွေးပွေ့ထားကြလေသည်......
"ကဲတော်ကြပါတော့ဗျာ.. ကျွန်တော်မျိုးကိုလည်းသတိရကြပါဦး"
ထွဋ်ခေါင်၏အသံကြားမှသာပြုံးစိစိလေးတွေနှင့်လူချင်းခွာကြလေသည်.....
"ကိုကိုကြီးကလည်း..."
"ကိုကိုကြီးကစတာပါကွာ...ကိုကိုကြီးကလေးလေးထမင်းစားပြီးပြီလား"
"အင်းပြီးပြီ...ဒီနေ့ကန်စွန်းရွက်ကြော်နဲ့စားတယ်..."
"ဟုတ်လားကောင်းတယ်ကွာ..."
YOU ARE READING
💙Blur💙(Completed)
RomanceSometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug for human❤
💙Blur 19💙
Start from the beginning