စိတ်ပြသာနာများ(စိတ္ျပသာနာမ်ား)

Start from the beginning
                                    


(၂) စိတ်အားငယ်နေလို့ပါ။စိတ်အားငယ်ရတဲ့အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ချို့ယွင်းချက် အားနည်းချက်တွေကြောင့် စိတ်အားငယ်ရတာမျိုးရှိသလို...ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းအကြောင့်လည်း စိတ်အားငယ်တာမျိုးတွေရှိပါတယ်။စိတ်အားငယ်မှုတွေမှာ ဘယ်အချိန်မှာ စဖြစ်လဲဆိုတော့.. ငါ အသုံးမကျပါလား။ ငါ လုပ်နိုင်တာ ဘာမှမရှိပါလားဆိုတဲ့ အခြေအနေမှာစိတ်အားငယ်မှုတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်အချိန်ထိ ဖြစ်မလဲဆိုတော့ အဲ့တာက မသေမချင်းကို ဖြစ်မှာပါ။နောက်ပြီး ပြိုင်ဆိုင်မှုတွေကြောင့်လည်း စိတ်အားငယ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုတော့...ဘယ်သူ့နဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ပါနဲ့။ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်သွားပါ။ ဖြေးဖြေးနဲ့ မှန်မှန်လေးပဲသွားပါ။ ကိုယ်ရောက်ချင်တဲ့နေရာကို ရောက်နိုင်ပါတယ်။သူများလမ်းကြောင်းကို လိုက်ကြည့်ပြီး စိတ်အားမငယ်ပါနဲ့။ သူ့လမ်း နဲ့ ကိုယ့်လမ်းဟာ မတူညီပါဘူး။


(၃) ကိုယ့်ကိုယ်ကိုယ် မုန်းနေလို့ပါကိုယ့်ကိုယ်ကိုယ် ဘာလို့မုန်းတာလဲ လို့ ပြန်မေးကြည့်ဖူးလား။ငါ့ကိုယ်ငါ မုန်းလိုက်တာ။ နေပါဦး ဘာလို့ ငါ့ကိုယ်ငါ မုန်းရတာလဲ။အချိန်ပေးပြီး စဉ်းစားရင်း ငါ့ကိုယ်ငါ မုန်းတဲ့ အကြောင်းရင်းတွေကို တွေ့လာပါလိမ့်မယ်.အဲ့အကြောင်းအရင်းတွေကို ဖြေရှင်းနိုင်အောင်လုပ်ပါ။ ဖြေရှင်းနိုင်လာရင် ကိုယ့်ကိုယ်ကိုယ် မမုန်းတော့ပါဘူး။


(၄) ကြံ့ခိုင်ချင်လို့ပါ (စိတ် )စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆို..ခု ကျင့် ခုရတဲ့အရာမဟုတ်ပါဘူး။ ကြွက်သားတွေ ကြံ့ခိုင်ဖို့တောင် Ren တို့ နည်းလမ်းတကျနဲ့ အချိန်အကြာကြီးအပင်ပန်းခံ လေ့ကျင့်ပြီးမှ ကြံ့ခိုင်လာတာပါ။ စိတ်လည်း အဲ့လိုပါပဲ။ ကြံ့ခိုင်ဖို့ဆို လေ့ကျင့်ပေးဖို့လိုပါတယ်။Mind Discipline ပေါ့။ ကိုယ့်စိတ်ကိုယ် စည်းကမ်းချကြည့်ပါ။ ငါ...ဒီစာအုပ်တစ်အုပ်ကို ဒီနေ့ ပြီးအောင်ကိုဖတ်မယ်။ငါ...ဒီလေ့ကျင့်ခန်းကို ပြီးအောင်လုပ်မယ်။ ငါ...ဒီ လက်မှတ်ကိုရအောင်ယူမယ်။ အစရှိသဖြင့်ပေါ့။တချို့ကျ ခံစားချက်ကို ကြံ့ခိုင်ချင်ကြတယ်။ဥပမာ..ကိုယ့်အသည်းကို ကိုယ်ချစ်တဲ့သူက ခွဲသွားလည်း သိပ်ပြီးမနာကျင်တာမျိုးပေါ့။အဲ့တာမျိုးက ကျ...လူဆိုတဲ့ အမျိုးက နှလုံးသားပါတော့ ချစ်တဲ့သူက နာကျင်အောင်လုပ်ရင် နာကျင်ရမှာပဲပေါ့။ မထူးဆန်းပါဘူး။အဲ့တာကြီးကို မနာကျင်ချင်ဘူးဆိုလည်း ရှောင်မှဘဲရမယ်။ တစ်ခုတော့ရှိတာပေါ့ ခဏခဏ နာကျင်ရပါများရင်လည်းလူရဲ့ခံစားချက်က ထုံ သွားတတ်တော့ မနာကျင်တတ်တော့တာတော့ရှိတယ်။ ဆိုပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ်ထိန်းချုပ်မရတဲ့နာကျင်မှုတွေဆိုရင်တော့ လွတ်လွတ်လပ်လပ် ခံစားနာကျင်လိုက်ပါ။ နာကျင်ခြင်းဆိုတာကလည်း လူ့ဘဝရဲ့ ခံစားမှုတွေထဲက တစ်ခုပဲပေ့ါ။#REN#REAL_ENERGY_NOTE

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now