သူကကျွန်တော့်ကို တွေ့သွားတာနဲ့
စိတ်ညစ်သွားတဲ့ပုံပင်။

သူ့ရှေ့ကိုထပ်ပေါ်မလာနဲ့လို့ ပြောထားတာကျွန်တော့် စကားနားထောင်ခဲ့ပါတယ်။

တစ်ရက်နှစ်ရက်ပေါ့။

"ဘာကိစ္စလဲ ညီလေး။ကြိုပြီး
ဖုန်းဆက်ထားလား"

ကိုစစ်​ကြောင်းဘေးနားမှာ ထိုင်နေတဲ့
အစ်ကိုထဲကတစ်ယောက်ကပဲ ဆိုင်ထဲကို
ချောင်းနေတဲ့ ကျွန်တော့်ကို စကားလှမ်း
ပြောပေးသည်။

"မဟုတ်ပါဘူးကိုစစ်​ကြောင်းနဲ့ လိုက်လာတာ"

"အော် စစ်ကြောင်းညီလေးလား။လာလေ
အထဲ ဝင်ထိုင်ပြီးစောင့်"

ဆိုင်ထဲအမြန်ဝင်ပြီးကိုစစ်​ကြောင်း ဘေးမှာ
ကပ်ထိုင်လိုက်ပေမဲ့ သူက ကျွန်တော့်
ကိုနည်းနည်း လေးမှ ဂရုမစိုက်ပဲဖုန်းကို
ကြည့်နေလျက်သာ။

"ကိုကို"

ဘေးကသူတွေ မကြားအောင် အနား
ကပ်ပြီးတီးတိုးခေါ်လိုက်တော့မှ သူက
စိတ်ညစ်နေသလိုနဲ့ ကျွန်တော့်ကို
ငုံ့ကြည့်လာသည်။

"မင်း ဘာလိုက်လုပ်ပြန်ပြီလဲ"

"ဘာဖြစ်လို့လဲ လိုက်လို့မရဘူးလား"

"ငါဒီမှာ ရှိနေတာ ဘယ်လိုသိလဲ"

"ကိုကို ဘယ်သွားသွား ကျွန်တော့်ဆီ
သတင်းက အချိန်ပြည့်ရောက်နေမှာပဲ"

ဘေးမှာ တစ်ခြားသူတွေ ရှိနေတာမို့
ကျွန်တော့်ကို ဘာမှမပြောချင်တော့
သည့်ပုံနှင့်သူက မျက်နှာလွှဲလိုက်သည်။

ကျွန်တော်လည်း စိတ်ကပူနေသည်မို့
သူ့အနား ကပ်ထိုင်နေသည်ကိုတော့
မခွာမိ။ဘယ်လိုပြောပြီးတားရမလည်း
ဆိုတာကိုလည်း စဉ်းစားလို့မရ သူ
ဝါသနာပါတာကိုမတားချင်ပေမဲ့ စိုးရိမ်
နေမိသည်လေ။

ကျွန်တော် စကားစမလို့လုပ်နေတုန်းမှာပဲ
ဆိုင်ထဲဝင်လာတဲ့ အစ်ကိုတစ်ယောက်က။

"စစ်ကြောင်း မင်းအထဲအရင်ဝင်နှင့်။
ငါဖုန်းပြောစရာလေးရှိလို့ ခဏပဲ"

ဖုန်းပြောနေရင်းနဲ့ အဲ့အစ်ကိုကဆိုင်ထဲဝင်
လာပြီး ကိုကို့ကိုစကားလှမ်းပြောကာ
အပေါ်ထပ်ကို တက်သွားသည်။

Reward[Him From Final Year]Where stories live. Discover now