💙Blur 16💙

Mulai dari awal
                                    

"ကျစ်..မင်းကွာ...လာစမ်း..."

ဦးစိုင်​အောင်သည်စိုင်း​နောင်ကိုလက်က​နေပိုတင်းကျပ်စွာဆွဲရင်း​ခေါ်သွား​လေသည်...."ပါးမသွားရဘူး"

အသံ​တွေကလည်းတဖြည်းဖြည်းကျယ်လာသည်မို့ဦးစိုင်း​​အောင်​ပြောမရသည့်အဆုံးစိုင်း​နောင်၏ဂုတ်ပိုးကိုရိုက်ရန်ပြင်​လေသည်......

"ပါးမလုပ်နဲ့.....ကိုကို​ရေ...."

​နောင်​လေး၏ကျယ်​လောင်​သော​အော်သံကိုသူတို့​တွေကြားမှကြားပါရဲ့လား​လေ...​နောင်​လေးက​တော့ခဏတာ​လောက်အတွက်ငြိမ်သက်ကာဖခင်ဖြစ်သူ၏ပုခုံး​ပေါ်၌ပါသွား​လေသည်.....

ထွဋ်​​ခေါင်၏အခန်း​ရှေ့မှ​အော်သံ​ကြောင့်ဆက်ကနဲထကာထွက်ကြည့်​တော့​လှေကားက​နေမြင်ရတဲ့တံခါးဟာလှုပ်ခတ်သွား​လေသည်...ထို့​နောက်ခြံထဲမှကြားရတဲ့ကားစက်သံ​ကြောင့်အခန်းထဲသို့အမြန်​ပြေးဝင်ကာပြတင်း​ပေါက်က​နေလှမ်းကြည့်လိုက်သည်....ထိုအခါထွက်ခွာသွား​သောဦးစိုင်း​အောင်၏ကားကိုမြင်လိုက်တာ​ကြောင့်မိုး​သောက်ကို​ရောထွဋ်ဝင်းကိုပါနှိုးကာ​နောက်မှလိုက်ကြ​လေသည်......​နောင်​လေးကိုပါနှိုးဖို့သွားကြည့်​တော့မ​တွေ့တာ​ကြောင့်​စောနအသံဟာက​လေးငယ်ရဲ့အကူအညီ​တောင်းသံဖြစ်​နေပါလိမ့်မည်....

သူတို့သွားရာလမ်း​ကြောင်း​ပေါ်ရှိရဲစခန်းမှရဲတပ်ဖွဲ့ကိုလည်းအကူအညီ​တောင်းကာ​တော်​တော်လှမ်းလှမ်း​လောက်ကဦးစိုင်း​အောင်၏ကား​နောက်သို့လိုက်ကြ​လေသည်.......

ကား၏ဦးတည်ရာသည်အ​ဝေး​ပြေးလမ်းမသို့ဦးတည်နေ​လေသည်.....လမ်းမ​ပေါ်တက်ကာစတွင်လည်းဂိတ်​ကြေးမ​ဆောင်ပဲတိုက်ကာဆက်​မောင်းသွား​သောဦးစိုင်း​အောင် .....ပါးစပ်မှလည်း​တောက်တ​ခေါက်​ခေါက်နဲ့......

"ညီ့..အ​ဝေး​ပြေးလမ်းမ​ပေါ်ကကင်း​စောင့်တပ်ဖွဲ့ကိုပါကူဖို့​ပြောလိုက်"

"ဟုတ်ကိုကြီး"

ထွဋ်​ခေါင်​ပြောပြီးသည်နှင့်ထွဋ်ဝင်းသည်ရဲ​တွေနှင့်ဆက်သွယ်ရလွယ်​စေရန်​ပေးထား​​သောချဲ့စက်မှတစ်ဆင့်​ဘေးမှကား​တွေကိုအကူအညီလှမ်း​တောင်း​လေသည်။ထိုရဲ​တွေမှတစ်ဆင့်အ​ဝေး​ပြေးလမ်းရဲစခန်းသို့အ​ကြောင်းကြားကာရဲတပ်ဖွဲ့​စေလွှတ်​စေရသည်......

💙Blur💙(Completed)Tempat cerita menjadi hidup. Temukan sekarang