အိပ်​ရာ​ပေါ်မှာထိုင်​ကာလက်​နှစ်​ဖက်​ကိုသူ့ဆီကမ်းထားတဲ့​ပေါက်​စကို​ဆွေ့ခနဲ​ကောက်​​ပွေ့ပြီး​ရေချိုးခန်းထဲဝင်​လာခဲ့သည်​။

မျက်​နှာသစ်​၊သွားတိုက်​ပြီး​ပေါက်​စကိုအင်္ကျီပါလဲ​ပေးကာ​မနက်​စာစားရန်​​ခေါ်လာခဲ့လိုက်​သည်​။

အသင့်​ပြင်​ထားပြီဖြစ်​​သောထမင်းဝိုင်းမှာဝင်​ထိုင်​လိုက်​ပြီး​နောက်​Han​လေးကိုလည်းသူ့​ဘေးမှာထိုင်​ခိုင်းထားသည်​။

ပြင်​ထားတဲ့မနက်​စာကိုလှမ်းကြည့်​လိုက်​​တော့ပုဇွန်​ဆန်​ပြုတ်​...သူကြိုက်​မှန်းသိလို့ပြင်​​ပေးထားတာဖြစ်​မည်​။

သူကအားရပါးရစား​နေ​သော်​လည်းHan​လေးကမစားပဲထိုင်​​နေသည်​။

"စား​လေHan​လေး..ဘာလို့လဲမကြိုက်​လို့လား"

"သားကပုဇွန်​နဲ့မတည့်​ဘူး"

"အာ...ကိုကိုမသိလိုက်​ဘူးတခြားဟာပြင်​​ပေးခိုင်းလိုက်​မယ်​​နော်​"

"ဟုတ်​"

ပုဇွန်​နဲ့မတည့်​သည့်​က​လေးငယ်​အတွက်​​ပေါင်​မုန့်​ယိုစုတ်​သာအမြန်​လုပ်​ခိုင်းလိုက်​ရသည်​။

မနက်​စာစားပြီး​တော့မ​နေ့ကလိုပင်​ခြံထဲမှာစက်​ဘီးပတ်​စီးကြသည်​။

အစပိုင်းနှစ်​ရက်​က​ကျောင်းပိတ်​ရက်​ဖြစ်​​ပေမဲ့​နောက်​ရက်​​တွေ​တော့သူ​ကျောင်းသွားရသည်​။

မနက်​သူ​ကျောင်းသွားရင်​ခြံ​ရှေ့ထိလိုက်​ပို့တတ်​ပြီး​​ကျောင်းပြန်​လာရင်​လည်းခြံ​ရှေ့မှာထိုင်​​စောင့်​​နေတတ်​တဲ့က​လေးငယ်​ဟာသူ့အ​ပေါ်အရမ်းတွယ်​တာ​နေပြီထင်​သည်​။

Daddyနဲ့ဦး​လေးKimခရီးထွက်​ရသည့်​တစ်​ပတ်​အ​တောအတွင်းသူနှင့်​Han​လေးက​တော့အ​တော်​ကိုရင်းနှီးသွားသည်​။

မကြာခင်​Daddyတို့ပြန်​လာ​တော့မည်​ဖြစ်​တာ​ကြောင့်​Han​လေးကိုပြန်​မလွှတ်​ပဲ​ခေါ်ထားချင်​​ပေမဲ့သူ့အ​ဖေဆီပြန်​ထည့်​​ပေးလိုက်​ရ​တော့မည်​ဖြစ်​တာ​ကြောင့့်သူဝမ်းနည်း​နေမိသည်​။

Daffodils[Completed]Wo Geschichten leben. Entdecke jetzt