"သား"
"ဟင်?"
"သြော်..ဒီပန်းလေးက တကယ်ပွင့်နေတာပဲ"
ရိပေါ် သူ့အမေကို အမေလို့ခေါ်တဲ့ အကြိမ်အရေအတွက်က ခြောက်လအတွင်းမှာ ခြောက်ကြိမ်မပြည့်ဘူး။ ပျမ်းမျှတွက်ကြည့်ရင် တစ်လကိုတစ်ခါတောင် မခေါ်ခဲ့တဲ့ သဘောပေါ့။
"ရှောင်းကျန့် ပေးလိုက်တဲ့ပန်းပင်လေးပေါ့"
သူ့အမေနှုတ်က ရှောင်းကျန့်နာမည်ထွက်လာတာမို့ ဝမ်ရိပေါ်အထူးအဆန်းတော့ ဖြစ်မိတယ်။ ဒီနေ့မှ ဘာကြောင့်စိတ်လိုလက်ရ စကားတွေလာပြောနေပါလိမ့်လို့ သူတွေးနေခဲ့တာ...
"အင်း.."
"ထူးဆန်းလိုက်တာ"
ဝမ်ရိပေါ် မျက်မှောင်ကျုံ့မိသွားတယ်။
"ဘာဖြစ်လို့လဲ?"
"မြို့ပေါ်မှာ မြင်နေကျပန်းမျိုးမဟုတ်လို့ပါ.. သူက ဘယ်ကရလာပါလိမ့်"
"သူ့ဖေဖေရဲ့ညီမကပေးတယ်လို့ ပြောတာပဲ"
"သြော်"
အရွက်ရှည်ရှည်လေးတွေကို ကိုင်ကြည့်ပြီး
ပွင့်ဖတ်နုနုလေးတွေကိုပါ ကိုင်ကြည့်ပြန်တယ်။"သူတို့အဓိပ္ပါယ်ကို သိလား.. ရိပေါ်?"
"သေချာပေါက်မသိဘူးပေါ့~~"
ဆက်ပြောတော့မဲ့စကားတွေ ရပ်သွားပြီး ရိပေါ်ကျောက်ရုပ်တစ်ခုလို တောင့်သွားတယ်။ ဆံပင်တိုတိုတွေကို ပွတ်သပ်ပေးလာတဲ့ လက်ဖဝါးတွေကိုခံစားမိတာကြောင့်...
ထူးဆန်းတယ်။
ဘဝမှာ တစ်ကြိမ်တစ်ခါတောင် မခံစားဖူးတာသေချာတဲ့ အထိအတွေ့မျိုး။"အရာရာကို အသစ်ကပြန်စချင်တယ်တဲ့"
"......."
"အမေ့ရဲ့ မိုးမျှော်ပန်းလေး...မင်း ပွင့်လာမဲ့အချိန်ကို စောင့်နေမယ်နော်"
မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ ပြုံးပြနေတာကို ရိပေါ်အကြာကြီးစိုက်ကြည့်နေမိတယ်။ မျက်လုံးထောင့်မှာ အရေးအကြောင်းလေးအနည်းငယ်ပေါ်နေတာကလွဲရင် ရိပေါ်အမေက အရမ်းလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်နေတုန်းပဲ။
သူ့အမြင်အာရုံမှာ ဒီ့်ထက်ပိုငယ်ရွယ်တဲ့
မာနနဲ့တည်တင်းနေတဲ့
နာကျင်မှုတွေကို မျိုသိပ်ထားတဲ့
သူ့ကို ခပ်စိမ်းစိမ်းကြည့်နေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ပုံစံက တဖြည်းဖြည်းပုံရိပ်ထင်လာတယ်။
YOU ARE READING
Crazy Something (Completed)
Fanfiction▶just pieces of pain◀ (Wang Yibo * Xiao Zhan)
Ending
Start from the beginning