ကျန်ချန်သည် စက်ဘီးအား အုတ်တံတိုင်းမှာ
ကပ်၍မှီလိုက်၏။
"ဘာဖြစ်တာလဲ။"

"ငါ...."
ကုဖေးက ခဏမျှ တုံ့ဆိုင်းသွားသည်။
"ငါ...မင်းကို လမ်းလယ်ခေါင်မှာ ငိုလိမ့်မယ်
လို့မထင်ခဲ့ဘူး။"

ကျန်ချန်ရယ်လိုက်၏။ကုဖေးသည်သူများရဲ့အနေခက်မှုအားဖျောက်ပေးရာတွင် အတော်အရည်အချင်းရှိ၏။မျက်လုံးများပွတ်သပ်၍
ကျန်ချန်မေးလိုက်တယ်။
"ငါ့မျက်လုံး အရမ်းရဲနေတာလား။"

"အင်း,အရမ်းရဲနေတုန်းပဲ။ မင်း ငါ့ကိုဒီမှာပဲ
စောင့်ချင်လား။ငါ မင်းလိုသမျှပစ္စည်းတွေ
ယူလာပေးမယ်။ပြီးတော့ လီယန်ကဆိုင်ထဲ
မှာပဲရှိသေးတယ်။ မင်းသိတယ်မလား..."

"ဘာမှမဖြစ်ဘူး။"
ကျန်ချန်သည်လွယ်အိတ်ဘေးအိတ်ထဲမှ
မျက်မှန်ဘူးကိုယူပြီး နေကာမျက်မှန်အား
ထုတ်၍တပ်လိုက်၏။
"ငါ့မှာ နေကာမျက်မှန်ပါတယ်။"

ကုဖေးက သူ့ကို ကြည့်လာသည်။
"မင်း..."

"အရမ်းကြည့်ကောင်းတယ်မလား။"
ကျန်ချန်သည် ဘေးချင်းကပ်ရပ်အခန်းမှ
ရပ်ကွက်ဆေးခန်းရဲ့ပြတင်းပေါက်မှန်ဆီ
လှမ်းကြည့်၏။
"အင်း,ငါလည်း မှန်ရှေ့က ဖြတ်လျှောက်တဲ့
အချိန်တိုင်း ၊ငါ့ကိုယ်ငါအရမ်းကြည့်ကောင်း
လို့အမြဲတမ်းအံ့ဩ​ရတယ်။"

"ဟုတ်တယ်။"
ကုဖေးက ခေါင်းညိတ်သည်။
"မင်းက အရမ်းကြည့်ကောင်းတယ်။။"

သူတို့နှစ်ယောက်ဆိုင်ထဲသို့ အတူယှဉ်ပြီး ဝင်
လာသည့်အခါ လီယန်သည်အစားအသောက်
စင်တန်းနှစ်တန်းကြားမှာရပ်​နေပြီးကုမြောင်ရဲ့စကိတ်မှာ သူ့ ခြေထောက်အောက်မှာရှိသည်။
သူကစကိတ်ကိုစီးပြီး အရှေ့တိုးဖို့အခက်တွေ့
နေပုံပေါက်သည်။ကုမြောင်ကလက်နှစ်ဖက်ကို
ပိုက်ကာမျက်နှာသေနှင့်ကောင်တာအားမှီပြီး
လီယန်ကိုကြည့်နေ၏။

သူမသည်သူတို့ဝင်လာတာမြင်လျှင်ကျန်ချန်
အနားသို့ပြေးလာပြီး ကျန်ချန်ရဲ့မျက်နှာပေါ်ရှိနေကာမျက်မှန်ကိုစိတ်ဝင်တစားကြည့်လာ
သည်။

ကုဖေးကလီယန်အားကြည့်ပြီးပြောလိုက်၏။
"မင်း တော်တော်ပျင်းနေတာထင်တယ်။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]حيث تعيش القصص. اكتشف الآن