နာရီတစ်ကြည့်ကြည့်နဲ့ စောင့်နေတုန်း
ခြံတံခါး ပွင့်လာပြီး ကားတစ်စီးမောင်း
ထွက်လာသည်။ကိုစစ်​ကြောင်း မောင်းတဲ့ကားပင်။

စိတ်တွေလှုပ်ရှားလာပြီး ကျွန်တော်
အနားအမြန်သွားမလို့ပဲရှိသေးသည်
ကိုစစ်​ကြောင်းက ခြံတံခါးအပြင်ကိုရောက်တာနဲ့ ကားမှန်ကိုတင်လိုက်ပြီး ခြံရှေ့
ကနေ မောင်းထွက်သွားလေပြီ။

"ကိုကို"

အနောက်ကနေ ရပ်ကြည့်ရင်း အသံတိတ်
ခေါ်နေရင်းသာ ကျန်ခဲ့ရတော့သည်။
သူ ကျွန်တော့်ကိုမတွေ့တာလား
မမြင်ချင် ယောင်ဆောင်သွားတာလား။

သူအလုပ်သွားဖို့ အရေးကြီးနေလို့
ဖြစ်မှာပါလေ။သူကအခု သူ့ဖေဖေ
ရဲ့လက်အောက်မှာ အလုပ်ဝင်လုပ်နေ
ပြီ။သူပြန်ရောက်ထဲက တွေ့နိုင်ဖို့
ကျွန်တော် အကြိမ်ကြိမ်အခါခါ ကြိုးစား
နေပင်မဲ့ မအောင်မြင်ခဲ့။သူ့အလုပ်ထိ
တော့ ကျွန်တော်တစ်ခါမှလိုက်ပြီး
မနှောင့်ယှက်ခဲ့ပါ။

ကိုစစ်​ကြောင်းအလုပ်သွားရင် ကားပြောင်း
စီးသွားတယ်။သူက BMWစီးနေပေ
မဲ့ကျွန်တော်က အခုထိကျွန်တော့်ရဲ့
scoopyလေးကို မလဲနိုင်သေးဘူး။

ဒီအတိုင်းဆို သူ့ကို ဖေဖေနဲ့မေမေ
ဆီကနေ တောင်းဖို့ ကျွန်တော်အလုပ်
တွေအများကြီး ကြိုးစားရအုံးမှာပဲ။

ကျွန်တော်လည်း အလုပ်သွားဖို့နောက်
ကျနေပြီ။ဒီနေ့လည်း သူနဲ့စကားမ
ပြောရပဲ ဒီအတိုင်းပြန်ရအုံးမှာလား။

သက်ပြင်းတွေချမိရင်း ဆိုင်ကယ်ရပ်
ထားတဲ့ဆီပြန်သွားမလို့လုပ်နေတုန်း
ခြံတံခါးအထဲကနေ ကျွန်တော်ကြောက်
တဲ့ခြံစောင့်ဦးလေးကြီးက ကျွန်တော့်
ကိုကြည့်နေကြအတိုင်း ဒီကောင်လေး
ဘာလာလုပ်ပြန်ပြီလဲ ဆိုသည့်ပုံစံနှင့်
ရပ်ကြည့်နေလေသည်။အရင်ကဆို
ထွက်ပြေးနေကြပေမဲ့ ဒီတစ်ခါတော့
စိတ်ကအဆင်မပြေနေတာမို့ ခပ်တည်
တည်နှင့်ပင်အေးအေးဆေးဆေး လှည့်
ထွက်လာခဲ့လိုက်သည်။သူပြန်ရောက်
နေတာမို့ မကြောက်တော့တာလည်း
ပါတယ်။မကြောက်ပါဘူး ဘယ်သူ့မှ။

_______________________________

"ကိုစစ် လာမှာပါ ကလေးရယ်။ခဏလေး
ထိုင်နေပါအုံး ရပ်စောင့်နေတာ မမောဘူးလား"

Reward[Him From Final Year]Where stories live. Discover now