"အကို.."

"​တောင်းပန်ပါတယ်...ထပ်ခါထပ်ခါနာကျင်​စေ​ခဲ့လို့....ကိုယ့်မှာအ​ကြောင်းရှိလို့ပါ"

"ဘာအ​ကြောင်းလဲအကို"

"အင်း...."

ထွဋ်​ခေါင်၏အင်းဆို​သောအသံ​ကြောင့်မိုး​သောက်ပြုံးလိုက်မိပါရဲ့...ဒီအမူးသမားကြီးသည်မူး​နေတာ​တောင်​ပြောသင့်တာနဲ့မ​ပြောသင့်တာခွဲခြားသိ​သေးသည်မို့.....

"ဘာအ​ကြောင်းပဲဖြစ်ဖြစ်ပါအကို...အကို့မှာခိုင်လုံတဲ့အ​ကြောင်းပြချက်ရှိမယ်လို့ကျွန်​တော်ယုံတယ်​နော်....အချိန်တန်ရင်​ပြောပြမယ်မလား"

"အင်း..."

ထိုအင်းသည်​ဖြေသံ​တော့မဟုတ်...အိပ်​မောကျသွားလို့ထွက်လာ​သောအသံ...မိုး​သောက်အားသူ့ရင်ဘတ်​ပေါ်တွင်​​မှောက်ယက်​လေးတင်ကာအိပ်​မောကျသွား​သောထွဋ်​ခေါင်....ထိုညကသူ့​မေးဖျား​လေး​​​ပေါ်သို့အနမ်း​နွေး​နွေး​လေးတစ်ခုရလိုက်တာကို​တော့သူမသိလိုက်ပါ....

အချိန်အားဖြင့်ညလယ်၃နာရီ..ထွဋ်​ခေါင်မှာမိုး​သောက်​လေးကိုဖက်လို့အိပ်​မောကျ​နေသလိုမိုး​သောက်​လေးမှာလည်းထွဋ်​ခေါင်ရင်ခွင်ထဲ၍အိပ်​မောကျ​နေလေရဲ့....အိပ်မ​ပျော်နိုင်သူက​တော့စိုင်း​နောင်....​ခေါင်း​အုံးလေးနဲ့ဖက်လုံး​လေးကိုပိုက်လို့ထွဋ်ဝင်းရဲ့အခန်းသို့သွား​လေရဲ့.......

အခန်းတံခါး​ခေါက်လိုက်​တော့ထွဋ်ဝင်းမှာအိပ်မှုံစုတ်ဖွားနှင့်တံခါးလာဖွင့်​လေရဲ့.....

"​နောင်​လေး...ဘာလာလုပ်တာလဲ"

"​နောင်အိပ်မ​ပျော်လို့...ဒဏ်ရာကနာ​နေလို့...."

"ဟုတ်လား...လာ​လေ..အထဲဝင်"

"ဟုတ်"

အထဲဝင်ခွင့်ရ​တော့​ခေါင်းအုံး​လေး​တွေပိုက်လို့ကုတင်​ပေါ်သို့တန်းမတ်​နေ​အောင်သွား​လေရဲ့.....

"​ပြော​လေ...ဘယ်နားကနာ​နေ​သေးတာလဲ"

"​ပေါင်​တွေပူ​နေတုန်းပဲ..."

"ဟုတ်လား..ကိုကို့ကိုပြကြည့်..​ဆေးထက်လူး​ပေးမယ်​လေ..."

"ဒီမှာ..."

💙Blur💙(Completed)Where stories live. Discover now