Chapter 14🖤[Z]

Magsimula sa umpisa
                                    

"ရိပေါ် ကြာနေပြီ အအေးပတ်လိမ့်မယ် ထွက်ခဲ့တော့"

"အာ..အွန်းအွန်း"

‌တယောက်ထဲ ရေပန်းအောက်မှာ အတွေးများနေလိုက်တာ ကျန့်ကောရဲ့ သတိပေးသံကြားမှ သတိရလာတော့တယ်။

ဒီနေ့ ရှောင်ကျန့်နဲ့ dateဖို့ စီစဉ်ထားတယ်။
ကလေးနှစ်ယောက်‌ရမှ သူငယ်ပြန်နေရတာ နဲနဲတော့ ထူးဆန်းပေမယ့် ရင်လဲ ခုန်မိတယ်။

တကယ်တော့ ကလေးတွေကိုပြန်ခေါ်ဖို့ လုပ်ထားပေမယ့် ရှောင်ကျန့်က နောက့်နေမှဆိုလို့ ဒီနေ့ အပြင်ထွက်ဖြစ်ကြသည်။

မြစ်ကမ်းဘေးမှာ လမ်းရှောက်ရတာက တကယ်ကောင်းပါတယ်။
ဒါပေမယ့် ရိပေါ် စိတ်ထဲမှာတော့
'ငါရဲ့ အချစ်ဦးကလဲမင်းပဲ' ဆိုတာကြီးကပဲ ရောက်ရောက်နေတယ်

"ရိပေါ် ဂရုစိုက်"

ရှေ့ကိုကို မမြင်အောင် အတွေးများနေတဲ့ ကျွန်တော် ခလုပ်တိုက်ပြီးလဲကျတော့မလို့ ဖြစ်တော့ ဝင်ထိန်းပြီးပြောတယ်။

"နေမကောင်းဘူးလား မျက်နှာတွေလဲရဲနေသလိုပဲ"

"ဘာ..ဘာမှမဖြစ်ပါဘူး"

"ဟိုနားလောက်မှာထိုင်ခုံတခုရှိတယ် ခနလောက် ထိုင်ရအောင်"

"နေပါအုံး ခန
ပြောတော့ ကျွန်တော်က အချစ်ဦးဆို"

"အွန်းလေ"

"ဒါဆို ဒီလိုမြစ်ကမ်းဘေးမှာ အတွဲတွေ တလပုံတခေါင်းရှိတဲ့ ပန်ခြံထဲက အဲဒီခုံရှိမှန်းဘယ်လိုသိတာတုန်း
အဲ့နားမှာ ခုံရှိမှန်း ဘယ်လိုသိတာတုန်း
ရောက်ဖူးတယ်မို့ လား
ဒီကို ဘယ်ကောင်မနဲ့တုန်း ပြောပါအုံး"

"ရိပေါ်ရားးးး အဲ့လိုမဟုတ်ပါဘူး
ဒီတိုင်း သူငယ်ချင်းတွေနဲ့ တခေါက်လောက်ရောက်ဖူးရုံပါ"

"အော် သူငယ်ချင်းဆိုတာက
ယောက်ျားလေးလား မိန်းကလေးလား
တယောက်လား နှစ်ယောက်လား
သူငယ်ချင်းတွေနဲ့ တော်တော်ပျော်ခဲ့မှာပဲနော်
တော်ပြီ
ဗိုက်ဆာတယ်"

"အွန်း တခုခုသွားစားအောင်
ကို ဆိုင်ကောင်းကောင်းသိတယ်"

........

"ဆိုင်လေးက
အရမ်းroတာပဲနော်"

"ဟင်!!??"

"ပြောစမ်းပါအုံး ဒီလိုနေရာမျိုးကကော ဘယ်လို..."

Russian Roulette(ရပ်နား)Tahanan ng mga kuwento. Tumuklas ngayon