"ဒါဆိုညက..."
"ဟက်...ခုချိန်မှာမင်းကငါ့အပိုင်လေ..ငါဘာပဲလုပ်လုပ်ပေါ့...မင်းကိုငါကဒီလိုနမ်းရင်တောင်မင်းမှာပြန်ခုခံပိုင်ခွင့်မရှိဘူး"ဟုပြောရင်းထွဋ်ခေါင်သည်မိုးသောက်ကိုအတင်းဖက်နမ်းလေသည်......
မိုးသောက်မှာလည်းအတင်းကိုရုန်းကာကန်ကြောက်နေလေရဲ့.....
"ဟက်...မင်းကသိပ်လွယ်တာပဲ..."
"ဘာလို့လဲ...ဘာလို့ကျွန်တော့်ကိုမှလဲ...ကျွန်တော်ဘာအပြစ်များလုပ်ခဲ့မိလို့လဲအကိုရယ်"
သူ့အားငိုကာပြောနေသည့်ပုံလေးကထွဋ်ခေါင်ရင်တွေနာစေသည်...
"မင်းဖြစ်နေလို့"
"ဟုတ်တယ်...ကျွန်တော်ဖြစ်နေလို့...ကျွန်တော်ကအရင်ဘဝကသူများအသိုက်အမြုံကိုဖျက်စီးခဲ့လို့နေမှာ......ဒါပေမဲ့အကိုသိလား...အကို့ကိုတော့ယုံခဲ့တာ...ထားမသွားဘူးလို့....ကျွန်တော့်ကိုစောင့်ရှောက်ပေးမှာလို့.....ဟား...ကျွန်တော်ကအရူးပဲ...သွက်သွက်ခါရူးနေတာ"
"ဟုတ်တယ်....မင်းကအရူး...အယ့်လိုအရူးမို့လို့လည်းငါချဥ်းကပ်ရတာလွယ်ခဲ့တာပေါ့.....မင်းအဖေနဲ့အမေရဲ့အပြစ်တွေကိုလည်းမင်းကျေအောင်ဆပ်...မင်းမိဘတွေထောင်ကထွက်တဲ့ထိမင်းကငါ့ကျွန်ပဲ....နားလည်လား"
"အင်း...ကျွန်တော်ကအကို့ကျွန်...ကျွန်တော့်အသက်နဲ့ခန္ဓာကိုအကိုပိုင်တယ်...."ထိုစကားကိုပြောသောမိုးသောက်၏မျက်လုံးတွေကအသက်မဲ့နေသလို.....
"တော်တယ်...ငါရေချိုးဖို့သွားပြင်"
"ဟုတ်"
ကုတင်ပေါ်ကနေတစ်လှမ်းချင်းဆင်းကာရေချိုးခန်းထဲသို့မြန်မြန်ပြေးဝင်လိုက်သည်။ရေချိုးခန်းတံခါးလေးပိတ်ပြီးမှမိုးသောက်စိတ်ရှိလက်ရှိငိုချပစ်လိုက်သည်။ဘာလို့လဲ...ဘာလို့ကံဆိုးခြင်းတွေကသူ့ကိုမှလဲ....
အပြင်မှထွဋ်ခေါင်မှာလည်းအပြစ်မရှိသောနံရံလေးကိုသာအပြစ်ပုံချရင်းပေါ့။
ဒီဒီထွဋ်ဝင်းတစ်ယောက်မိုးလင်းတည်းကတစ်စုံတစ်ယောက်ထံဖုန်းခေါ်ကာတစ်ခုခုလုပ်ရန်စီစဥ်နေလေရဲ့ ဖုန်းချပြီးနောက်စိုင်းနောင်၏အခန်းသို့သွားကာတံခါးခေါက်လိုက်သည်....
YOU ARE READING
💙Blur💙(Completed)
RomanceSometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug for human❤
💙Blur 12💙
Start from the beginning