Unicode~~
"ရားးး.....ရားးးး...ပတ်ချန်းယော မင်းနော်
ငါ့ထက်လူကောင်ကြီးတယ်ဆိုပြီး အနိုင်မကျင့်နဲ့.. ဖယ်ကွာ"
"မဖယ်ဘူးဗြောင်ဟွန်း.. ဒီတစ်ခါမင်းကိုအလျော့ပေးမယ် မထင်နဲ့နော်"
"အောင်မာ..မင်းဘယ်တုန်းက ငါ့ကိုအလျော့ပေးခဲ့ဖူးလို့လဲ အကောင်စုတ်ရဲ့"
မနက်စောစောစီးစီးကြားနေရတဲ့အသံတွေကတော့ သာယာနာပျော်ဖွယ်မရှိ။
ထိုကဲ့သို့ဆူပူသံတွေမှာလဲ ဗြောင်အိမ်မဟုတ်ရင်ပတ်အိမ်တော်မှာ အစဉ်လာမပျက်နေ့တိုင်းကြားရမြဲပင်
"ပတ်ချန်းယော...ငါစိတ်တိုနေပြီနော်အဲ့remoteကို အခုပေးလို့..ဒီနေ့လာမဲ့အပိုင်းကဇာတ်သိမ်းပိုင်းကွ၊ ငါကြည့်ရမှဖြစ်မှာ.. မင်းအိမ်မှာလဲTVရှိတာဘဲ မင်းအိမ်မှာသွားကြည့်ကွာ"
"မင်းအိမ်ကလဲ ငါ့အိမ်ဘဲ ချစ်သူချင်းကိုလာကပ်တွက္မနေနဲ့ကွာ. ဒီတစ်ပွဲပြီးရင်မင်းကြိုက်တာကြည့်"
ပတ်ချန်းယောတို့ကတော့မမှု remoteကိုင်ပြီးအရပ်အားကိုးနဲ့ အပေါ်သို့ပင်မြှောက်ထားသေး။
"ပတ်ချန်းယော!!!!!!!"
အိမ်နားမှာနားနေတဲ့ငှက်တွေအစ မီးဖိုချောင်မှာ ဟင်းချက်နေတဲ့ဗြောင်မားမားအဆူံးအကုန်အလန့်တကြားဖြစ်သွားသလိုဘဲ ပတ်ချန်းယောခမျာမှာတော့ လက်နှစ်ဖက်နဲ့နားကိုအလျင်အမြန်အုပ်လိုက်ရသည်။
ဒီလိုနဲ့ဘဲမတည့်အတူနေ၊ ကြောင်နဲ့ကြွက်နှစ်ကောင်ရဲ့ ဇာတ်လမ်းကစတင်ခဲ့တယ်ဆိုပါတော့...
____________________________________
Zawgyi
ရားးး.....ရားးးး... ပတ္ခ်န္းေယာ မင္းေနာ္
ငါ့ထက္လူေကာင္ႀကီးတယ္ဆိုၿပီး အႏိုင္မက်င့္နဲ႔.. ဖယ္ကြာ"
"မဖယ္ဘူးေျဗာင္ဟြန္း.. ဒီတစ္ခါမင္းကိုအေလ်ာ့ေပးမယ္ မထင္နဲ႔ေနာ္"
"ေအာင္မာ..မင္းဘယ္တုန္းက ငါ့ကိုအေလ်ာ့ေပးခဲ့ဖူးလို႔လဲ အေကာင္စုတ္ရဲ႕"
မနက္ေစာေစာစီးစီးၾကားေနရတဲ့အသံေတြကေတာ့ သာယာနာေပ်ာ္ဖြယ္မရွိ။
ထိုကဲ့သို႔ဆူပူသံေတြမွာလဲေျဗာင္အိမ္မဟုတ္ရင္ပတ္အိမ္ေတာ္မွာ အစဥ္လာမပ်က္ေန႔တိုင္းၾကားရၿမဲပင္
"ပတ္ခ်န္းေယာ...ငါစိတ္တိုေနၿပီေနာ္ အဲ့remoteကိုအခုေပးလို႔.. ဒီေန႔လာမဲ့အပိုင္းကဇာတ္သိမ္းပိုင္းကြ၊ ငါၾကည့္ရမွျဖစ္မွာ..မင္းအိမ္မွာလဲTVရွိတာဘဲ မင္းအိမ္မွာသြားၾကည့္ကြာ"
"မင္းအိမ္ကလဲ ငါ့အိမ္ဘဲခ်စ္သူခ်င္းကိုလာကပ္တြကၼေနနဲ႔ကြာ .ဒီတစ္ပြဲၿပီးရင္မင္းႀကိဳက္တာၾကည့္"
ပတ္ခ်န္းေယာတို႔ကေတာ့မမႈ remoteကိုင္ၿပီးအရပ္အားကိုးနဲ႔အေပၚသို႔ပင္ေျမႇာက္ထားေသး။
"ပတ္ခ်န္းေယာ!!!!!!!"
အိမ္နားမွာနားေနတဲ့ငွက္ေတြအစမီးဖိုေခ်ာင္မွာဟင္းခ်က္ေနတဲ့ေျဗာင္မားမားအဆူံး အကုန္အလန္႔တၾကားျဖစ္သြားသလိုဘဲ ပတ္ခ်န္းေယာခမ်ာမွာေတာ့ လက္ႏွစ္ဖက္နဲ႔နားကိုအလ်င္အျမန္အုပ္လိုက္ရသည္။
ဒီလိုနဲ႔ဘဲမတည့္အတူေန၊ေၾကာင္နဲ႔ႂကြက္ႏွစ္ေကာင္ရဲ႕ဇာတ္လမ္းကစတင္ခဲ့တယ္ဆိုပါေတာ့..
