ဂျင်းကအခိုင်အမာဆိုလာသည်မို​့ လီဆာခေါင်းညိမ့်ပြလိုက်သည် ချယ်နဲ့ရုပ်ချင်းတူသူ
ဒီမိန်းကလေးက ချယ်နဲ့ဘယ်လိုများပတ်သက်တာပါလိမ့်

Li''မေမေကြိုက်လား

J''အင်း လှလိုက်တာ မေမေ့သမီးလေးက လိမ်မာသားပဲ

L''မာမီ့ဖို့ရော

Li''မာမီ့ဖို့ မပါဘူးလေ

L''အော် အာ့လိုလား အိတ်လေးကလှသားပဲ

Li''အမြင်ရှိတယ်မလား လီလီ့ကောင်မလေးရွေးပေးလိုက်တာနော် အဲ့ဒါ

သမီးစကားကြောင်​့ လီဆာဂျင်းကိုကြည့်လိုက်တော့ ဂျင်းကမျက်ရိပ်ပြသည်

L''ဒါနဲ့ သမီးမေမေကပြောတယ် ကောင်မလေးကချောတယ်ဆို

Li''မေမေလက်ခံတယ်ပေါ့ ပြောသားပဲ ချောပါတယ်ဆို

L''မာမီ့ကိုရော မပြချင်ဘူးလား

ထိုအခါ lilyကထရယ်သည် ပြီးမှ

Li''မေမေ မာမီ့ကိုပြလိုက်ရမလား

J''ပြလိုက်လေ ဘာလို့မေမေ့ကိုလာမေးနေတာလဲ

Li''အော် ကြိုမေးထားတာ မေမေကသဝန်တိုတတ်လွန်းလို့

ရယ်မောကာပြောနေသောသမီးဖြစ်သူစကားကို ဂျင်းရောလီဆာရောမရယ်ဖြစ်ခဲ့

Li''ဒီမှာလေ မင်ချယ်ယောင်းတဲ့

တစ်ကယ်ချယ်ပဲ ဘယ်နေရာမှပြောင်းလဲမှုမရှိ အားလုံးတူညီနေတာပဲ တစ်ချိန်ထဲမှာလီဆာ လည်ပင်းကဆွဲကြိုးကိုသတိထားမိလိုက်၍

L''ဒါက မာမီသမီးကိုပေးထားတဲ့ဆွဲကြိုးလား

Li''ဟင့်အင်း ဟုတ်ပါဘူး ဒီမှာလေမာမီ့ဆွဲကြိုးက

လီလီလေးက သူ့လည်ပင်းမှဆွဲကြိုးကိုထုတ်ကာပြသည်

L''ဒါဆို သူကဆင်တူလိုက်ဝယ်ထားတာပေါ့

Li''အကုန်မတူဘူးမာမီရဲ့ ဒါကပုံထဲမှာမို့ တူတယ်ထင်တာ ကြိုးမတူဘူး

L''အင်း သမီးကိုသိပ်ချစ်တယ်ထင်တယ် ဆွဲကြိုးတောင်သမီးနဲ့တူတာ လိုက်ဝယ်ထားတော့

Li''ချစ်တယ် လီလီ့ကိုအရမ်းချစ်တာ မေမေတို့ကိုပြောပြမယ်နော် သူနဲ့လီလီကဖူးစာပါတယ်ထင်တယ်

Stay with me(season-2)[Chaelisa] CompletedWhere stories live. Discover now