Extra-1 .(Zawgyi)

Start from the beginning
                                    

သွင့်ကိုယ်ပေါ်ကျရောက်လာသော အနွေးဓာတ်တစ်ခုကြောင့် သွင်ကျေနပ်စွာပြုံးလိုက်မိသည်။

"အချမ်းပြေသွားပြီးလားသွင်"

မောင့်ရဲ့ရင်ခွင်နွေးနွေးထဲ ကျရောက်နေသော သွင့်ခန္ဓာကိုယ်လေးဟာ နွေးနွေးထွေးထွေးရှိလို့နေသည်။ မောင့်ရဲ့အသံးတိုးတိုးလေးဟာ သွင်ရဲ့နောက်ကျောဘက်ဆီကနေ သူနားနားတွင်ထွက်ပေါ်လာသောကြောင့် ကြက်သီးမွှေးညှင်းများပင်ထနေသည်။

"အွန်း မောင့်ရဲ့ရင်ခွင်ထဲမှာ ထွေးပွေ့ပေးထားမှတော့ မနွေးပဲဘယ်ရှိပါ့မလဲ။"

အလင်းရောင်ဖျဖျအောက်တွင် သွင့်ခါးလေးကိုပိုမိုတင်းကြပ်နေအောင် Sheinဖက်ထားမိသည်။

ဓနမီးပုံးဘေးမှထထွက်လာခဲ့ရင်း ဘယ်ဆီဘယ်ဝယ်မသိ စိတ်ထွေထွေနဲ့လမ်းလျှောက်နေခဲ့မိသည်။ သူ့ပါးပြင်ပေါ်က မျက်ရည်များကို ယခုထိမသုတ် ဘေးပတ်ဝန်းကျင်ကြည့်လိုက်တော့ လမ်းလျှောက်နေတဲ့သူတစ်ယောက်မှမတွေ့ရပေ။ ကမ်းစပ်တစ်နေတင်ထိုင်ကာ လရောင်ဖျဖျအောက်တွင် လှိုင်းကြက်ခွပ်ကာရေလှိုင်းလေးများ ပြေးလွှားကာကမ်းစပ်ရှိ သဲအချို့ကိုရေထဲသို့ ဆွဲခေါ်သွားလေသည်။

ဓန၏စိတ်တို့လဲ ထိုရေလှိုင်းလေးလိုပင် ကမ်းစပ်သို့ကပ်လာသော်လည်း အချိန်တန်တော့ ပြန်လည်ထွက်ခွာသွားရမြဲပေ။ ဒါဟာကိုသွင်အပြစ်မဟုတ်ပေ။ သူ့ကိုပွင့်လင်းစွာနဲ့ ညီတစ်ယောက်လိုဆက်ဆံခဲ့သော ကိုသွင်အပေါ်ချစ်မိတဲ့အချစ်တစ်ကိုသာ အပြစ်တင်ရမည်။

ရေမျက်နာပြင်ကို တိုက်ခတ်လာသော ခပ်ကြမ်းကြမ်းလေတို့သည် အပြင်ပန်းလူကိုသာ ချမ်းအေးစေသော်လည်း ဓနစိတ်ထဲကဖြစ်ပေါ်နေသော အပူမီးတောက်ကိုငြိမ်းအေးသွားအောင်အထိတော့ မစွမ်းဆောင်နိုင်။

"သွင်အခန်းပြန်ကြရအောင်။ ဒီမှာအရမ်းအေးနေပြီ။"

တကယ်လဲသွင်ခြေဖျားလက်ဖျားများအေးစက်လို့နေသည်။ သွင်လက်အနွေးဓာတ်ရစေန်
လက်နှစ်ဖက်ကို အသာပိုက်ကာထားလိုက်သည်။ ဒါကိုအလိုက်သိလွန်းသော မောင်ကသွင်လက်နှစ်ဖက်စလုံးကိုယူကာ နွေးထွေးသွားအောင် သူ့လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ကာ လက်ချင်းပွတ်ပေးခြင်းဖြင့် အနွေးဓာတ်ပေးပြန်သည်။

မောင့်ရဲ့ကြင်ရာတော်👨‍❤️‍👨Where stories live. Discover now