Ph ကို ယူကာ Ph နံပါတ် တစ်ခုကို ဆက်လိုက်ရင်း

"လော့ရန်ကို သွား..လွန်ခဲ့တဲ့ ငါးနှစ်က Wang Yibo ဘာဖြစ်ခဲ့လဲ ဆိုတာ အကုန်လုံး သိချင်တယ်"

မင်းဘယ်လောက်ဖုံးကွယ်ပါစေ။ ကိုယ်ရအောင် ဖော်ထုတ်မှာ Yibo။

........

"ပါးပါး နေမကောင်းဘူးလား"

သူ့နဖူးကို လက်သေးသေးလေးနဲ့ လာစမ်းသည့် Lin Chi ကြောင့် Yibo က ပြုံးကာ ခေါင်းရမ်းပြရင်း

"ပါးပါး ဘာမှ မဖြစ်ပါဘူး သမီးရယ်"

"ပါးပါး မနက်ထဲက မျက်နှာမကောင်းဘူး..စိတ်ညစ်စရာ ရှိလို့လားဟင်"

"မရှိပါဘူး ကွာ"

Lin Chi မူကြိုရှေ့ ရောက်နေပြီ ဖြစ်သောကြောင့် Yiboက ကားကို ရပ်လိုက်ပြီး...

"Lin Chi ...ပါးပါး ပြောတာ မှတ်မိတယ်မလား..ပါးပါး စကားနားထောင်ရမယ်နော်"

"ဟုတ်"

"Lin Chi လေးက လိမ္မာလိုက်တာ"

Yiboက Lin Chiပါးလေးကို ဖွဖွနမ်းကာ ပြောတော့ Lin Chi က သူ့ပါးကို ရွှတ်ခနဲ ပြန်နမ်းပြီး..

"ပါးပါး ဒီနေ့ အလုပ်မှာ အဆင်ပြေပါစေ "

"ဟုတ်ပါပြီဗျာ..ကဲ..မူကြိုမှာ ဆရာမ စကားနားထောင်ပြီး စာသေချာ လုပ်နော် "

"ဟုတ်.."

"ဒါဆို ပါးပါး သွားပြီ..ညနေ မှတွေ့မယ် နော်"

"တာ့တာ့ ပါးပါး"

ပါးပါးကို တာ့တာ့ပြပြီး Lin Chi မူကြိုထဲ ဝင်မည်အလုပ်..

"Lin Chi"

"ဦးဦး Zhan"

မမြင်ဘူးသည့် လူကြောင့်ထင်သည်။ မူကြိုဆရာမ Lin Chi ကို ဆွဲထားကာ..

"Lin Chi. .သမီး ဒီဦးဦးနဲ့ သိလို့လား"

"ဟုတ်..သိပါတယ်"

Xiaozhan က သူတို့ဆီ လျှောက်လာပြီး

"ကျွန်တော် က Lin Chi ရဲ့ ဦးလေးပါ..ကျွန်တော် ဒီနေ့ Lin Chi ကို ခဏ ခေါ်သွားလို့ ရမလား"

"ရှင်..အဲ့ဒါတော့ မရပါဘူးရှင့်..Lin Chi ပါးပါးမဟုတ်ပဲ တခြားတစ်ယောက် နဲ့ ကလေးကို ထည့်ပေးဖို့က"

Where is my Daddy?? (Completed)Where stories live. Discover now