NO WAY 🐉❤💙🐼
Part-1
ကံကြမ္မာတစ်ခုလား? တမင်လုပ်ယူဖန်တီးခြင်းတွေလား?
ဘယ်သူမှ မသိတဲ့အဖြေတွေကို
သေချာပေါက်ဖြေဖို့ ဖြေစရာမှမလိုတာ
အရှိတိုင်း လက်ခံရုံပေါ့.......
🌃🌃🌃
New Yorkမြို့လယ်ခေါင်ရဲ့ ညဟာ
ယခင်နေ့တွေထက် ပို၍ပင် စည်ကားနေတော့တယ် အချိန်က(၁၁)နာရီဝန်းကျင်လောက်ပေမယ့် လူအများစုကတော့ အချိန်တွေကို မေ့ပြီး
သူတို့ရဲ့ နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတယ်
ဟုတ်ပါတယ်...
ဒါMerry Christmasကို ကျင်းပနေကြတာပါ
အိမ်တိုင်းလိုလိုပင် များစွာသောလက်ဆောင်ပစ္စည်းတွေ ချိတ်ဆွဲထားတဲ့ ခရစ်စမတ်သစ်ပင်လေးတွေ ဆန်တာဖိုးဖိုးအရုပ်တွေရယ် ဆန်တာဖိုးဖိုးအင်္ကျီတွေဝတ်ဆင်ထားတဲ့
ခပ်နောက်နောက်လူတစ်ချို့ရယ်
လက်ဆောင်ဘူးတွေနဲ့ လူတွေကို မျိုးစုံအောင်ဆွဲဆောင်နေတဲ့ ဆိုင်တစ်ချို့ရယ်ကြောင့် နှင်းဖွဲဖွဲလေးတွေနဲ့အလှဆင်ထားတဲ့ ညက ကြည်နူးစရာတွေပြည့်နှက်နေတော့တယ်
အခုလိုနှစ်သစ်ကူးအချိန်မှာတော့ ချစ်ရသောမိသားစု ချစ်ရသောသူနဲ့သာ ဘယ်သူမဆို ပျော်နေချင်ကြတယ်မလား
ဒါပေမယ့်....ကံကြမ္မာ......
ကြောက်စရာကောင်းသလို ဆန်းကြယ်တဲ့....ကံကြမ္မာ
မြို့လယ်ခေါင်ရဲ့ စည်ကားမှုနဲ့ ဆန့်ကျင်စွာ တသီးတခြားတည်ရှိနေတဲ့ မြို့စွန်က ခြံဝန်းကျယ်ထဲရှိ ခမ်းနားလွန်းတဲ့အိမ်ကြီးထဲတွင်တော့.....
'အမလေး....ကျမသားလေး...အမလေး....
အမေလို့ခေါ်သံတောင် ကြားခွင့်မပေးဘူး
ကံကြမ္မာရယ် ရက်စက်လိုက်တာ...'
'မိန်းမရယ်...စိတ်ထိန်းပါဦး ဒီလိုနဲ့ မင်းပါမူးလဲနေမယ်'
ကံကြမ္မာက ဘယ်တုန်းကမှ ပြည့်စုံမှုကို မပေးဘူးမလား
ငွေကြေး၊စည်းစိမ်၊နွေးထွေးမှု၊အချစ် အားလုံးပြည့်စုံနေတဲ့ Kwon မိသားစုကိုလည်း
လိုအပ်ချက်တွေ ပေးထားခဲ့တာပဲမလား
အဲဒီ့လိုအပ်ချက်က...
သုံးလသားပဲရှိသေးတဲ့ Kwonမျိုးနွယ်ရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ သားလေးကို
ဆုံးရှုံးလိုက်ရခြင်းပင်
ရောဂါရယ်လို့ သေချာပင်မသိလိုက်ရဘဲ ကျန်းမာနေတဲ့ကလေးက ရုတ်တရက်နှလုံးခုန်ရပ်သွားတာပင်
YOU ARE READING
NO WAY
FanfictionKwon Jiyong မင်းရဲ့လက်ကိုတွဲဖို့ ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီး ငါ့နှလုံးသားထဲမှာ မင်းကရှင်သန်နေတော့တာ ငါကဘယ်သူဖြစ်ဖြစ် နှလုံးသားက မပြောင်းလဲတာမို့ မင်းကိုပဲချစ်တာ.... Lee Seungri ကျတော်အချစ်ကို မယုံကြည်ဘူး နာကျင်တာကို မုန်းလွန်းလို့ နာကျင်စေတဲ့ အချစ်က...
